< Tiuteronomi 28 >

1 A tenei ake, ki te ata whakarongo koe ki te reo o Ihowa, o tou Atua, ki te mau ki te mahi i ana whakahau katoa e whakahau atu nei ahau i tenei ra ki a koe, na ka whakanui a Ihowa, tou Atua, i a koe ki runga ake i nga iwi katoa o te whenua:
သင်​တို့​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​ကို​နာ​ခံ​၍ ယ​နေ့​ငါ​ဆင့်​ဆို သ​မျှ​သော​ပညတ်​ရှိ​သ​မျှ​တို့​ကို​တစ်​သ​ဝေ မ​တိမ်း​စောင့်​ထိန်း​လျှင် ကိုယ်​တော်​သည်​သင်​တို့ အား​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​ထက် ချီး​မြှောက်​တော်​မူ​မည်။-
2 A ka tae mai enei manaaki katoa ki a koe, ka hopu i a koe, ki te whakarongo koe ki te reo o Ihowa, o tou Atua.
သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​ကို​နာ​ခံ​လျှင်​ကိုယ်​တော်​သည် အောက်​ပါ​ကောင်း​ချီး​မင်္ဂ​လာ​အ​ပေါင်း​တို့ ကို သင်​တို့​အား​ခံ​စား​စေ​တော်​မူ​မည်။
3 Ka manaakitia koe i roto i te pa, ka manaakitia hoki koe i te mara.
``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​၏​မြို့​များ​နှင့် လယ်​ယာ​များ​ကို​ကောင်း​ချီး​ပေး​တော်​မူ​မည်။
4 Ka manaakitia nga hua o tou kopu, me nga hua o tou oneone, me nga hua o au kararehe, nga uri o au kau, me nga kuao o au hipi.
``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​တွင်​သား​သ​မီး မြောက်​မြား​စွာ​ထွန်း​ကား​စေ​ရန်​လည်း​ကောင်း၊ အ​သီး​အ​နှံ​ပေါ​များ​စေ​ရန်​လည်း​ကောင်း၊ သိုး နွား​မြောက်​မြား​စွာ​တိုး​ပွား​စေ​ရန်​လည်း ကောင်း​ကောင်း​ချီး​ပေး​တော်​မူ​မည်။
5 Ka manaakitia tau kete me tau pokepokenga paraoa.
``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​၏​ကောက်​ပဲ သီး​နှံ၊ ၎င်း​မှ​ရ​သော​အ​စား​အ​စာ​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​မည်။
6 Ka manaakitia koe ina haere mai, ka manaakitia hoki ina haere atu.
``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ပြု​လေ​သ​မျှ တို့​ကို​ကောင်း​ချီး​ပေး​တော်​မူ​မည်။
7 Ka meinga e Ihowa ou hoariri e whakatika ana ki a koe kia tukitukia i tou aroaro: kotahi ano te ara e puta mai ai ratou ki a koe, a e whitu nga ara e rere atu ai ratou i tou aroaro.
``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​တိုက်​ခိုက် သော​ရန်​သူ​များ​ကို​နှိမ်​နင်း​တော်​မူ​လိမ့်​မည်။ သူ​တို့​သည်​တစ်​လမ်း​တည်း​ဖြင့်​လာ​ရောက် တိုက်​ခိုက်​သော်​လည်း လမ်း​အ​သွယ်​သွယ်​ဖြင့် ထွက်​ပြေး​ရ​လိမ့်​မည်။
8 Ka whakahau a Ihowa i te manaaki mou, mo ou whare taonga, mo nga mea katoa hoki e toro atu ai tou ringa; a ka manaaki ia i a koe ki te whenua ka homai nei e Ihowa, e tou Atua, ki a koe.
``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​တို့​၏​လုပ်​ငန်း​ကို​ကောင်း​ချီး​ပေး​၍ သင်​တို့​၏​ကျီ​များ​ကို​စ​ပါး​နှင့်​ပြည့်​စေ တော်​မူ​မည်။ ကိုယ်​တော်​သည်​မိ​မိ​ပေး​သ​နား တော်​မူ​မည့်​ပြည်​တွင် သင်​တို့​အား​ကောင်း​ချီး ပေး​တော်​မူ​မည်။
9 Ka whakatuturutia koe e Ihowa hei iwi tapu mana, ka peratia me tana i oati ai ki a koe; ki te mau koe ki nga whakahau a Ihowa, a tou Atua, ki te haere i ana huarahi.
``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ၏​အ​မိန့်​ကို​နာ​ခံ​၍ ပ​ညတ်​ရှိ​သ​မျှ​ကို​စောင့် ထိန်း​လျှင် က​တိ​တော်​အ​တိုင်း​သင်​တို့​အား ကိုယ်​တော်​၏​လူ​မျိုး​တော်​ဖြစ်​စေ​မည်။-
10 A ka kite nga iwi katoa o te whenua kua huaina iho te ingoa o Ihowa ki a koe; a ka wehi i a koe.
၁၀ထို​အ​ခါ​သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ရွေး ချယ်​သော​လူ​မျိုး​တော်​ဖြစ်​ကြောင်း​ကို ကမ္ဘာ ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​က​သိ​မြင်​သ​ဖြင့် သင်​တို့​ကို​ကြောက်​ရွံ့​ကြ​လိမ့်​မည်။-
11 A ka whakanui rawa a Ihowa i te pai mou, ka whai hua hoki tou kopu, ka whai hua au kararehe, ka whai hua tou oneone, i te whenua i oati ai a Ihowa ki ou matua kia hoatu ki a koe.
၁၁ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ပေး​မည်​ဟု ဘိုး​ဘေး​တို့​အား​က​တိ​ထား​တော်​မူ​သော ပြည်​တွင် သင်​တို့​၌​သား​သ​မီး၊ သိုး​နွား၊ တိ​ရစ္ဆာန် မြောက်​မြား​စွာ​ရ​ရှိ​စေ​တော်​မူ​လိမ့်​မည်။ အ​သီး​အ​နှံ​ပေါ​များ​စေ​တော်​မူ​လိမ့်​မည်။-
12 Ka whakatuwheratia e Ihowa ki a koe tana taonga pai, te rangi hei homai i te ua ki tou whenua i tona po ano, hei manaaki hoki i nga mahi katoa a tou ringa: a ka tuku moni atu koe ki nga iwi maha, e kore ano koe e tango i te moni tarewa.
၁၂ကိုယ်​တော်​ရှင်​သည်​မိုး​ကောင်း​ကင်​ကို​ဖွင့်​၍ ရာ​သီ​အ​လိုက်​မိုး​ကို​ရွာ​စေ​လျက်​သင်​လုပ် ဆောင်​သ​မျှ​ကို​အောင်​မြင်​စေ​တော်​မူ​သ​ဖြင့် သင်​တို့​သည်​နိုင်​ငံ​များ​စွာ​တို့​အား​ချေး​ငှား ရ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​သည်​မည်​သည့် နိုင်​ငံ​ထံ​မှ​ချေး​ယူ​ရန်​လို​မည်​မ​ဟုတ်။-
13 A ka meinga koe e Ihowa hei upoko, e kore hoki e waiho hei hiku; ki runga anake koe, a kahore ki raro; ki te whakarongo koe ki nga whakahau a Ihowa, a tou Atua, e whakahau atu nei ahau i tenei ra ki a koe, a ka puritia e koe, ka mahia;
၁၃သင်​တို့​အား​ငါ​ယ​နေ့​ဆင့်​ဆို​သော​ပ​ညတ် များ​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​စောင့်​ထိန်း လျှင် သင်​တို့​သည်​နိုင်ငံ​များ​၏​နောက်​လိုက်​မ​ဖြစ် ဘဲ​ခေါင်း​ဆောင်​နေ​ရာ​၌​နေ​ရ​လိမ့်​မည်။ သင် တို့​သည်​စီး​ပွား​မ​ကျ​ဆင်း​ဘဲ အ​စဉ်​အ​မြဲ တိုး​တက်​လိမ့်​မည်။-
14 Ki te kore e peka atu i tetahi o nga kupu e whakahau nei ahau i tenei ra ki a koe, ki matau ranei, ki maui ranei, whai ai ki nga atua ke, mahi ai ki a ratou.
၁၄ထို့​ကြောင့်​သင်​တို့​သည်​ဤ​ပ​ညတ်​များ​ကို တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​စောင့်​ထိန်း​ရ​မည်။ အ​ခြား​သော​ဘု​ရား​များ​ကို​လည်း​မ​ကိုး ကွယ်​မ​ဆည်း​ကပ်​ရ။
15 Engari ki te kore koe e whakarongo ki te reo o Ihowa, o tou Atua, e mau hoki ki te mahi i ana whakahau katoa, i ana tikanga, e whakahau atu nei ahau i tenei ra ki a koe; na ka tae mai ki a koe, ka hopu i a koe, enei kanga katoa.
၁၅``ယ​နေ့​သင်​တို့​အား​ငါ​ဆင့်​ဆို​သော​ထာ​ဝ​ရ ဘု​ရား​၏ ပ​ညတ်​တော်​ရှိ​သ​မျှ​တို့​ကို​တစ်​သ​ဝေ မ​တိမ်း​မ​လိုက်​နာ​မ​စောင့်​ထိန်း​လျှင် သင်​တို့ အ​ပေါ်​၌​အောက်​ပါ​အ​မင်္ဂ​လာ​များ​သက် ရောက်​စေ​တော်​မူ​မည်။
16 Ka kanga koe i te pa, ka kanga koe i te mara.
၁၆``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​၏​မြို့​များ​နှင့် လယ်​များ​ကို​ကျိန်​စာ​သင့်​စေ​တော်​မူ​မည်။
17 Ka kanga tau kete me tau pokepokenga paraoa.
၁၇``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​၏​ကောက်​ပဲ​သီး​နှံ နှင့် ၎င်း​မှ​ရ​သော​အ​စား​အ​စာ​တို့​ကို​ကျိန်​စာ သင့်​စေ​တော်​မူ​မည်။
18 Ka kanga te hua o tou kopu, me te hua o tou oneone, te uri o au kau, me nga kuao o au hipi.
၁၈``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​တွင်​သား​သ​မီး အ​နည်း​ငယ်​မျှ​သာ​ထွန်း​ကား​စေ​ရန်​လည်း ကောင်း၊ သင်​တို့​၏​ကောက်​ပဲ​သီး​နှံ​ကို​ညံ့​ဖျင်း စေ​ရန်​လည်း​ကောင်း၊ သိုး​နွား​အ​နည်း​ငယ်​မျှ ကို​သာ​ရ​ရှိ​စေ​ရန်​လည်း​ကောင်း သင်​တို့​အား ကျိန်​စာ​သင့်​စေ​တော်​မူ​မည်။
19 Ka kanga koe i tou haerenga mai, ka kanga hoki koe i tou haerenga atu.
၁၉``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ပြု​လေ​သ​မျှ ကို​ကျိန်​စာ​သင့်​စေ​တော်​မူ​မည်။-
20 Ka tukua e Ihowa ki a koe te kanga, te tuatea me te whakatupehupehu, ki nga mea katoa e toro atu ai tou ringa ki te mahi, kia ngaro ra ano koe, kia hohoro ra ano te mate atu; mo te kino o au mahi, i whakarere nei koe i ahau.
၂၀``သင်​တို့​သည်​ဒု​စ​ရိုက်​ကို​ပြု​၍ ထာ​ဝ​ရ ဘု​ရား​ကို​စွန့်​ပယ်​လျှင် သင်​တို့​ဆောင်​ရွက် သ​မျှ​တို့​၏​အ​ကျိုး​ဆက်​များ​မှာ​ပျက်​စီး ဆုံး​ရှုံး​ခြင်း၊ သော​က​ဗျာ​ပါ​ဒ​နှင့်​ဆင်း​ရဲ ဒုက္ခ​များ​ဖြစ်​လိမ့်​မည်။ သို့​ဖြစ်​၍​သင်​တို့​သည် လျင်​မြန်​စွာ​သေ​ကြေ​ပျက်​စီး​ရ​လိမ့်​မည်။-
21 Ka meinga e Ihowa te mate uruta kia piri tonu ki a koe, kia whakapotoa atu ra ano koe e ia i runga i te whenua e haere atu na koe ki reira ki te tango.
၂၁သင်​တို့​တွင်​ကပ်​ရောဂါ​တစ်​မျိုး​နောက်​တစ်​မျိုး ကျ​ရောက်​သ​ဖြင့် သင်​တို့​ဝင်​ရောက်​သိမ်း​ယူ မည့်​ပြည်​၌​တစ်​ယောက်​မ​ကျန်​သေ​ကြေ ပျက်​စီး​ရ​လိမ့်​မည်။-
22 Ka whiua koe e Ihowa ki te kohi, ki te kirika, ki te mumura, ki te toronga nui, ki te hoari, ki te tauraki, te hopurupuru; a ka whai ena i a koe a ngaro noa koe.
၂၂ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​တွင်​ကူး​စက် တတ်​သော​ဖော​ရောင်​၍​ဖျား​သော​ရော​ဂါ များ​ကျ​ရောက်​စေ​လိမ့်​မည်။ မိုး​ခေါင်​ခြင်း၊ လေ​ပူ​တိုက်​ခတ်​ခြင်း​ဒဏ်​တို့​ကြောင့်​သင် တို့​၏​အ​သီး​အ​နှံ​များ​လည်း​ပျက်​စီး ရ​လိမ့်​မည်။ သင်​တို့​သေ​ကြေ​ပျက်​စီး​သည့် တိုင်​အောင် ဤ​ဘေး​ဒုက္ခ​များ​နှင့်​တွေ့​ကြုံ ရ​လိမ့်​မည်။-
23 A ka whakaparahi tou rangi i runga i tou mahunga, ka whakarino hoki te whenua i raro i a koe.
၂၃မိုး​မ​ရွာ​သ​ဖြင့်​သင်​တို့​၏​မြေ​သည်​သံ ကဲ့​သို့​မာ​ကျော​လာ​လိမ့်​မည်။-
24 Ka homai e Ihowa hei ua mo tou whenua te puehu me te nehu: ka rere iho taua mea i te rangi ki runga ki a koe, kia ngaro ra ano koe.
၂၄ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ရွာ​စေ​မည့်​အ​စား ဖုံ​မုန်​တိုင်း၊ သဲ​မုန်​တိုင်း​များ​ကျ​ရောက်​စေ သ​ဖြင့်​သင်​တို့​သည်​သေ​ကြေ​ပျက်​စီး​ကုန် ကြ​လိမ့်​မည်။
25 Ka mea a Ihowa kia patua koe ki te aroaro o ou hoariri: kotahi ano te ara e haere atu ai koe ki a ia, a e whitu nga ara e rere ai koe i tona aroaro: a ka makamakaia haeretia koe i waenganui o nga rangatiratanga katoa o te whenua.
၂၅``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ရန်​သူ များ​အား​အောင်​ပွဲ​ခံ​စေ​မည်။ သင်​တို့​သည် ရန်​သူ​အား​လမ်း​တစ်​လမ်း​တည်း​ဖြင့်​တိုက် ခိုက်​ကြ​လျက် စစ်​ရှုံး​သ​ဖြင့်​လမ်း​အ​သွယ် သွယ်​ဖြင့်​ထွက်​ပြေး​ရ​ကြ​လိမ့်​မည်။-
26 A ka ai tou tinana mate hei kai ma nga manu katoa o te rangi, ma nga karaehe hoki o te whenua, a kahore he tangata hei whakawehi atu i a ratou.
၂၆သင်​တို့​သေ​ဆုံး​သော​အ​ခါ​ငှက်​များ​နှင့် သား​ရဲ​တိ​ရစ္ဆာန်​တို့​က သင်​တို့​၏​အ​သား ကို​စား​ကြ​လိမ့်​မည်။ ထို​ငှက်​နှင့်​သား​ရဲ တိ​ရစ္ဆာန်​များ​ကို​မောင်း​နှင်​မည့်​သူ​ရှိ​လိမ့် မည်​မ​ဟုတ်။-
27 Ka patu a Ihowa i a koe ki te tuwhenua o Ihipa, ki nga pukupuku, ki te papaka, ki te waihakihaki hoki, e kore nei koe e taea te rongoa.
၂၇အီ​ဂျစ်​အ​မျိုး​သား​တို့​ကဲ့​သို့ သင်​တို့​၌​အ​နာ စိမ်း​ရော​ဂါ​စွဲ​စေ​တော်​မူ​မည်။ သင်​တို့​၏​ကိုယ် ပေါ်​တွင်​အ​နာ​ပေါက်​စေ​တော်​မူ​မည်။ သင်​တို့ တွင်​ဆေး​ကု​၍​မ​ရ​သော​ဝဲ​ခြောက်​နာ၊ ယား နာ​များ​စွဲ​ကပ်​လိမ့်​မည်။-
28 Ka patu a Ihowa i a koe ki te porangi, ki te matapo, ki te ngakau pohehe:
၂၈သင်​တို့​တွင်​စိတ်​ဖောက်​ပြန်​ခြင်း၊ မျက်​စိ​ကွယ် ခြင်း၊ တွေ​ဝေ​ခြင်း​စ​သည့်​အ​ဖြစ်​ဆိုး​များ နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်။-
29 A ka whawha koe i te tino awatea, ka pera me te tangata matapo e whawha nei i roto i te pouri, a e kore e whiwhi i ou huarahi: a ka waiho koe hei tukinotanga kautanga, hei murunga i nga ra katoa, a kahore he kaiwhakaora mou.
၂၉နေ့​ခင်း​ကြောင်​တောင်​၌​ပင်​လျှင်​စမ်း​တ​ဝါး ဝါး​သွား​ရ​သော​မျက်​မ​မြင်​ကဲ့​သို့ သင်​တို့ သည်​လမ်း​ကို​ရှာ​မ​တွေ့​ဖြစ်​လိမ့်​မည်။ လုပ် ဆောင်​သ​မျှ​တို့​၌​အောင်​မြင်​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​သည်​သူ​တစ်​ပါး​၏​နှိပ်​စက်​ခြင်း၊ လု ယူ​ခြင်း​ကို​အ​မြဲ​ခံ​ရ​လျက်​မည်​သူ​က​မျှ သင်​တို့​အား​ကယ်​မည်​မ​ဟုတ်။
30 Ka taumau koe i te wahine, a he tangata ke mana ia e moe: ka mahi koe i te whare, a e kore koe e noho ki roto: ka whakato koe i te mara waina, a e kore koe e kai i ona hua.
၃၀``သင်​နှင့်​လက်​ထပ်​ရန်​စေ့​စပ်​ထား​သော​မိန်း​မ ကို အ​ခြား​သူ​တစ်​ယောက်​က​မ​ယား​အ​ဖြစ် ပေါင်း​သင်း​လိမ့်​မည်။ သင်​သည်​အိမ်​ကို​ဆောက် သော်​လည်း​ထို​အိမ်​တွင်​မ​နေ​ရ။ စပျစ်​ဥ​ယျာဉ် ကို​စိုက်​သော်​လည်း​အ​သီး​ကို​မ​စား​ရ။-
31 Ka patua tau kau i mua i ou kanohi, a e kore koe e kai i tetahi wahi ona: ko tau kaihe ka pahuatia atu i tou aroaro, e kore e whakahokia ki a koe: ko au hipi ka hoatu ma ou hoariri, a kahore ou tangata hei whakaora i a koe.
၃၁သင်​၏​နွား​ကို​သင့်​မျက်​စိ​ရှေ့​တွင်​သတ်​သော် လည်း သင်​သည်​အ​သား​ကို​မ​စား​ရ။ သင်​၏ မြည်း​များ​ခိုး​ယူ​သွား​သည်​ကို​မျက်စိ​ဖြင့် မြင်​ရ​သော်​လည်း မြည်း​များ​ကို​ပြန်​မ​ရ။ သင်​၏​သိုး​များ​ရန်​သူ့​လက်​သို့​ကျ​ရောက် လိမ့်​မည်။ သို့​ရာ​တွင်​သင့်​အား​ကူ​ညီ​မည့် သူ​ရှိ​လိမ့်​မည်​မ​ဟုတ်။-
32 Ko au tama me au tamahine ka hoatu ki te iwi ke, a ka matawaia ou kanohi i te tirohanga ki a ratou, a pau noa te ra: kahore hoki he kaha i tou ringa.
၃၂သင်​၏​မျက်​မှောက်​တွင်​သင်​၏​သား​သမီး များ​ကို လူ​မျိုး​ခြား​သား​တို့​က​ကျွန် အ​ဖြစ်​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ကြ​လိမ့် မည်။ နေ့​စဉ်​သင်​သည်​သား​သ​မီး​များ ပြန်​ရောက်​လာ​နိုး​နိုး​ဖြင့်​မျှော်​သော်​လည်း မျက်စိ​ညောင်း​ရုံ​သာ​ရှိ​မည်။-
33 Ko nga hua o tou oneone me tou uauatanga katoa, ka kainga e tetahi iwi kihai nei i mohiotia e koe; a hei tukinotanga kautanga koe, hei kurunga i nga ra katoa:
၃၃သင်​တို့​ပင်​ပန်း​ကြီး​စွာ​စိုက်​ပျိုး​ရ​သော အ​သီး​အ​နှံ​အား​လုံး​ကို အ​ခြား​တစ်​နိုင်​ငံ သား​တို့​က​သိမ်း​ယူ​လိမ့်​မည်။ သင်​တို့​သည် ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​ကို​အ​မြဲ​ခံ​ရ​ရုံ​မှ တစ်​ပါး မည်​သည့်​အ​ကျိုး​အ​မြတ်​ကို​မျှ ခံ​စား​ရ​လိမ့်​မည်​မ​ဟုတ်။-
34 A ka haurangi koe i te kitenga a ou kanohi e kite ai koe.
၃၄သင်​တို့​ခံ​ရ​သော​ဆင်း​ရဲ​ဒုက္ခ​ကြောင့်​သင် တို့​ရူး​သွပ်​ကြ​လိမ့်​မည်။-
35 Ka patu a Ihowa i a koe, i nga turi, i nga waewae, ki te tuwhenua kino e kore e taea te rongoa, i te kapu o tou waewae, a tae noa ki tou tumuaki.
၃၅သင်​တို့​၏​ခြေ​ထောက်​များ​တွင်​နာ​ကျင်​၍ မ​ပျောက်​နိုင်​သော​အနာ​များ​ပေါက်​လိမ့်​မည်။ သင်​၏​တစ်​ကိုယ်​လုံး​တွင်​အ​နာ​စိမ်း​များ ပေါက်​လိမ့်​မည်။
36 Ka whakaheke atu a Ihowa i a koe, i tou kingi hoki e meatia e koe hei kingi mou, ki te iwi kihai nei koe i mohio, koutou ko ou matua; a ka mahi koe i reira ki nga atua ke, ki te rakau, ki te kohatu.
၃၆``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​နှင့်​သင်​တို့ ၏​ဘု​ရင်​ကို သင်​တို့​နှင့်​သင်​တို့​၏​ဘိုး​ဘေး များ​မ​ရောက်​ဘူး​သော​နိုင်​ငံ​ရပ်​ခြား​သို့ ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​စေ​တော်​မူ​လိမ့်​မည်။ သင်​တို့​သည်​ထို​ပြည်​တွင်​သစ်​သား​နှင့် ကျောက်​နှင့်​ထု​လုပ်​သော​ဘုရား​များ​ကို ကိုး​ကွယ်​ကြ​လိမ့်​မည်။-
37 A ka waiho koe hei miharotanga, hei whakatauki, hei taunu i roto i nga iwi katoa e kawea atu ai koe e Ihowa ki reira.
၃၇သင်​တို့​ကို​အပြည်​ပြည်​သို့​ကွဲ​လွင့်​စေ​တော် မူ​သော​အ​ခါ ယင်း​ပြည်​သား​တို့​သည်​သင် တို့​၏​အ​ဖြစ်​ကို​မြင်​၍​ထိတ်​လန့်​ကြ​လိမ့် မည်။ သင်​တို့​အား​ပြောင်​လှောင်​သ​ရော်​ကဲ့​ရဲ့ ရှုတ်​ချ​ကြ​လိမ့်​မည်။
38 He nui te purapura e kawea atu e koe ki te mara, a he iti tau e kohikohi mai ai; ka pau hoki i te mawhitiwhiti.
၃၈``သင်​တို့​သည်​မျိုး​စေ့​များ​စွာ​ကြဲ​သော် လည်း​ထွက်​လာ​သော အ​သီး​အ​နှံ​များ​ကို ကျိုင်း​ကောင်​များ​ကိုက်​စား​သော​ကြောင့် အ​နည်း​ငယ်​မျှ​သာ​ရိတ်​သိမ်း​ရ​လိမ့်​မည်။-
39 Ka whakatokia e koe, ka mahia nga mara waina, ko te waina ia e kore e inumia e koe, e kore ano e whakiia nga hua; ka kainga hoki e te huhu.
၃၉သင်​တို့​သည်​စ​ပျစ်​ဥ​ယျာဉ်​များ​စိုက်​ပျိုး ပြု​စု​သော်​လည်း စ​ပျစ်​နွယ်​များ​ကို​ပိုး​ကိုက် သ​ဖြင့်​စပျစ်​သီး​ကို​မ​စား​ရ။ စ​ပျစ်​ရည်​ကို လည်း​မ​သောက်​ရ။-
40 Ka whai oriwa koe puta noa i ou rohe katoa, ko te hinu ia e kore e whakawahia e koe; no te mea ka horo nga hua o au oriwa.
၄၀သင်​တို့​နေ​ထိုင်​ရာ​ပြည်​တွင်​သံ​လွင်​ပင်​များ အ​နှံ့​အ​ပြား​ပေါက်​လျက်​ရှိ​မည်​ဖြစ်​သော် လည်း အ​သီး​များ​ကြွေ​ကျ​ကုန်​သ​ဖြင့်​သင် တို့​သည်​သံ​လွင်​သီး​ကို​မ​ရ​နိုင်။-
41 Ka whanau he tama mau, he tamahine, otiia e kore e waiho mau; ka riro hoki ratou ki te herehere.
၄၁သင်​တို့​တွင်​သား​သ​မီး​များ​ပေါက်​ဖွား​မည် ဖြစ်​သော်​လည်း ရန်​သူ​က​သူ​တို့​ကို​သုံ့​ပန်း အ​ဖြစ်​ဖမ်း​ဆီး​သွား​မည်​ဖြစ်​သော​ကြောင့် သင်​တို့​သည်​သား​မဲ့​သ​မီး​မဲ့​ဖြစ်​လိမ့်​မည်။-
42 Ko au rakau katoa me nga hua o tou oneone ka pau i te mawhitiwhiti.
၄၂သင်​တို့​၏​သစ်ပင်​နှင့်​ကောက်ပဲ​သီးနှံ​ရှိ​သ​မျှ တို့​သည် ပိုး​ကျ​၍​ပျက်​စီး​ကုန်​လိမ့်​မည်။
43 Ko te manene i roto i a koe ka kaka ake ki runga i a koe, ki runga noa atu; ko koe ia ka heke iho ki raro, a ki raro noa iho.
၄၃``သင်​တို့​ပြည်​တွင်​နေ​ထိုင်​သော​လူ​မျိုး​ခြား သား​တို့​သည် ဂုဏ်​အ​သ​ရေ​တိုး​မြင့်​သည်​ထက် တိုး​မြင့်​၍ သင်​တို့​မှာ​မူ​ကား​ဂုဏ်​အ​သ​ရေ ကျ​ဆင်း​လာ​လိမ့်​မည်။-
44 Ko ia hei homai i te moni tarewa ki a koe, ko koe ia e kore e hoatu i te mea tarewa ki a ia: ko ia hei pane, ko koe hei hiku.
၄၄သူ​တို့​သည်​သင်​တို့​အား​ငွေ​ချေး​နိုင်​ကြ​မည် ဖြစ်​သော်​လည်း သင်​တို့​၌​မူ​ကား​သူ​တို့​အား ချေး​နိုင်​စွမ်း​ရှိ​မည်​မ​ဟုတ်။ သူ​တို့​သည်​သင် တို့​၏​ခေါင်း​ဆောင်​များ​ဖြစ်​၍ သင်​တို့​သည် သူ​တို့​၏​တပည့်​များ​ဖြစ်​ကြ​လိမ့်​မည်။
45 A ka tae enei kanga ki a koe, ka whai i a koe, ka hopu ano i a koe, kia huna ra ano koe; mou kihai i whakarongo ki te reo o Ihowa, o tou Atua, kihai i mau ki ana whakahau, ki ana tikanga i whakahaua e ia ki a koe;
၄၅``သင်​တို့​တွင်​ဤ​ဘေး​ဒဏ်​များ​ကျ​ရောက် လိမ့်​မည်။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​အမိန့်​တော်​ကို​မ​နာ​ခံ၊ ကိုယ်​တော် ၏​ပ​ညတ်​တော်​များ​ကို​မ​စောင့်​ထိန်း​လျှင် သင်​တို့​သေ​ကြေ​ပျက်​စီး​သည့်​တိုင်​အောင် ဤ​ကဲ့​သို့​သော​ဘေး​ဒဏ်​များ​နှင့်​တွေ့​ကြုံ ရ​လိမ့်​မည်။-
46 A ka piri ena ki a koe hei tohu, hei miharotanga, ki ou uri ano hoki a ake ake:
၄၆ထို​ဘေး​ဒဏ်​အ​ပေါင်း​ကျ​ရောက်​လာ​လျှင် ယင်း တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တရား​စီ​ရင်​တော် မူ​ချက်​ဖြစ်​ကြောင်း သင်​နှင့်​သင်​၏​အ​ဆက် အ​နွယ်​များ​အ​စဉ်​အ​မြဲ​မှတ်​သား​ထား ရ​မည်။-
47 Mou kihai i mahi ki a Ihowa, ki tou Atua, i runga i te koa, me te ngakau hari mo te huanga o nga mea katoa:
၄၇ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကောင်း ချီး​မင်္ဂ​လာ​အ​မျိုး​မျိုး​ကို​ချ​ပေး​သော်​လည်း သင်​တို့​သည်​ကိုယ်​တော်​၏​အ​မှု​တော်​ကို ဝမ်း​မြောက်​ရွှင်​လန်း​စွာ​မ​ဆောင်​ရွက်​ကြ။-
48 Koia ka mahi koe ki ou hoariri, e tukua mai e Ihowa ki a koe, i runga i te matekai, i te matewai me te kakahukore, me te kore hoki o nga mea katoa: a ka hoatu e ia he ioka rino ki tou kaki a ngaro noa koe i a ia.
၄၈သို့​ဖြစ်​၍​သင်​တို့​ကို​တိုက်​ခိုက်​ရန် ထာ​ဝ​ရ ဘု​ရား​စေ​လွှတ်​သော​ရန်​သူ​၏​အ​မှု​ကို​သင် တို့​ထမ်း​ရ​လိမ့်​မည်။ သင်​တို့​သည်​စား​ရေး၊ သောက်​ရေး၊ ဝတ်​ရေး​မှ​စ​၍​အ​ရာ​ရာ​၌​ချို့ တဲ့​လျက်​ရှိ​ကြ​လိမ့်​မည်။ သင်​တို့​သေ​ကြေ ပျက်​စီး​သည့်​တိုင်​အောင် ရန်​သူ​များ​သည် သင်​တို့​အား​ညှင်း​ဆဲ​နှိပ်​စက်​လိမ့်​မည်။-
49 Ka hapainga mai e Ihowa ki a koe he iwi no tawhiti, no te pito o te whenua, ano he ekara e rere ana; he iwi e kore e mohiotia e koe tona reo;
၄၉ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​တိုက်​ခိုက် စေ​ရန် သင်​တို့​နှင့်​ဘာ​သာ​စ​ကား​ချင်း​မ​တူ သော​ကမ္ဘာ​တစ်​စွန်း​မှ လူ​မျိုး​တစ်​မျိုး​ကို​ခေါ် ဆောင်​ခဲ့​တော်​မူ​လိမ့်​မည်။ ထို​သူ​တို့​သည် လင်း​ယုန်​ထိုး​သုတ်​သ​ကဲ့​သို့ သင်​တို့​ကို တိုက်​ခိုက်​လိမ့်​မည်။-
50 He iwi mata hinana, e kore e whakapai ki te kanohi o te koroheke, e kore hoki e tohu i te taitamariki:
၅၀သင်​တို့​အား​ကြီး​ငယ်​မ​ဟူ​မည်​သူ့​ကို​မျှ သ​နား​ညှာ​တာ​လိမ့်​မည်​မ​ဟုတ်။-
51 A ka kainga e ia nga hua o au kararehe, te hua hoki o tou oneone, a huna noatia koe: a e kore e toe i a ia he witi mau, he waina, he hinu ranei, nga uri ranei o au kau, me nga kuao o au hipi, a meinga ra ano koe e ia kia ngaro.
၅၁သူ​တို့​သည်​သင်​တို့​၏​အ​စား​အ​စာ​ဖြစ် သော​သိုး​နွား​များ​နှင့် အ​သီး​အ​နှံ​များ​ကို စား​သုံး​ကြ​သ​ဖြင့်​သင်​တို့​သည်​အ​စာ​ငတ် ၍​သေ​ကြေ​ပျက်​စီး​ကြ​လိမ့်​မည်။ သင်​တို့​၏ စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ သိုး​နွား​တို့ ကို​အ​ကုန်​စား​သုံး​လိုက်​ကြ​သ​ဖြင့် သင် တို့​အ​စာ​ငတ်​၍​သေ​ရ​ကြ​လိမ့်​မည်။-
52 A ka whakapaea koe e ia i roto i ou kuwaha katoa, e whenuku noa ou taiepa teitei, kaha hoki, i whakamanamana ai koe, a puta noa i tou whenua: a ka whakapae ia i a koe i roto i ou kuwaha katoa, puta noa i tou whenua, i homai nei e Ihowa, e tou At ua, ki a koe.
၅၂သူ​တို့​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည်​တွင်​မြို့ ရှိ​သ​မျှ​ကို​တိုက်​ခိုက်​သ​ဖြင့် သင်​တို့​လုံ​ခြုံ ပြီ​ဟု​စိတ်​ချ​ရ​သော​မြင့်​မား​ခိုင်​ခံ့​သည့် မြို့​ရိုး​တို့​သည်​ပြို​ကျ​ကုန်​လိမ့်​မည်။
53 A ka kai koe i te hua o tou kopu, i te kikokiko o au tama, o au tamahine, e homai e Ihowa, e tou Atua, ki a koe; i te whakapaenga, i te kopaninga hoki, e kopania ai koe e ou hoariri:
၅၃``ရန်​သူ​တို့​သည် သင်​တို့​၏​မြို့​များ​ကို​ဝိုင်း​၍ တပ်​ချ​ထား​သော​အ​ခါ သင်​တို့​သည်​ဆာ​လောင် ငတ်​မွတ်​လှ​သ​ဖြင့် သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား​တော်​မူ​သော​သား သ​မီး​များ​၏​အ​သား​ကို​ပင်​လျှင်​စား​ကြ လိမ့်​မည်။-
54 Ko te tangata whakatarapi i roto i a koutou, whakaahu noa iho, ka he tona kanohi ki tona teina, ki te wahine hoki o tona uma, a ki te morehu o ana tamariki e toe ana ki a ia:
၅၄ယင်း​သို့​မြို့​ကို​ရန်​သူ​ပိုင်​ထား​စဉ်​ဆာ​လောင် ငတ်​မွတ်​သော​သူ​သည် ယဉ်​ကျေး​သော​သူ​ပင် ဖြစ်​လင့်​က​စား မိ​မိ​သား​သ​မီး​၏​အ​သား ကို​စား​လိမ့်​မည်။ သူ​သည်​မိ​မိ​ညီ​အစ်​ကို၊ ချစ် သော​ဇ​နီး၊ ကျန်​သော​သား​သ​မီး​တို့​အား ထို​အ​သား​ကို​ဝေ​မျှ​၍​စား​မည်​မ​ဟုတ်။-
55 E kore ai e hoatu e ia ki tetahi o ratou tetahi wahi o te kikokiko o ana tamariki, e kainga e ia, no te mea kahore he mea e toe ana ki a ia; i te whakapaenga, i te kopaninga, e kopania ai koe e ou hoariri i roto i ou kuwaha katoa.
၅၅
56 Ko te wahine whakatarapi i roto i a koutou, whakaahu noa iho, e kore nei e whakamatau atu ki te whakatu i te kapu o tona waewae ki te whenua, i te whakatarapi hoki, i te whakaahu, ka kino tona kanohi ki te tane o tona uma, ki tana tama, ki tana tamahine hoki;
၅၆ယဉ်​ကျေး​သိမ်​မွေ့​၍​ဥစ္စာ​ပစ္စည်း​ကြွယ်​ဝ​သ​ဖြင့် မြေ​ကို​ခြေ​နှင့်​မ​နင်း​ဘူး​သော​အ​မျိုး​သ​မီး သည်​ပင် မြို့​ကို​ရန်​သူ​များ​ဝိုင်း​၍​အ​စား​အ​စာ ပြတ်​လပ်​သော​အ​ခါ မိ​မိ​မွေး​စ​က​လေး​၏ အသား​နှင့်​အ​ချင်း​ကို​လျှို့​ဝှက်​စွာ​စား​ကြ လိမ့်​မည်။ ထို​က​လေး​၏​အ​သား​နှင့်​အ​ချင်း ကို မိ​မိ​ချစ်​သော​ခင်​ပွန်း​နှင့်​သား​သ​မီး တို့​အား​ဝေ​မျှ​၍​စား​မည်​မ​ဟုတ်၊
57 Ki tana potiki hoki e puta mai i waenganui o ona waewae, ki ana tamariki hoki e whanau i roto i a ia; ka kainga pukutia hoki e ia i te kore o nga mea katoa: i te whakapaenga, i te kopaninga, e kopania ai koe e ou hoariri i roto i ou kuwaha.
၅၇
58 Ki te kahore koe e mahara kia mahia nga kupu katoa o tenei ture e tuhituhia nei ki tenei pukapuka, kia wehi koe i tenei ingoa whai kororia, ingoa whakamataku, i a IHOWA, I TOU ATUA;
၅၈``သင်​တို့​သည်​ဤ​ကျမ်း​တွင်​ရေး​ထား​သော ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​အား​လုံး ကို တစ်​သ​ဝေ​မ​တိမ်း​မ​လိုက်​နာ​လျှင်​သော် လည်း​ကောင်း၊ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​အံ့​သြ​ကြောက်​မက်​ဖွယ်​ကောင်း သော​နာ​မ​တော်​ကို မ​ရို​သေ​ကြ​လျှင်​သော် လည်း​ကောင်း၊-
59 Na ka meinga e Ihowa ou whiunga kia miharotia, me nga whiunga o ou uri, he whiunga nunui, kawenga roa hoki, me nga mate ngau kino, kawenga roa hoki.
၅၉ကိုယ်​တော်​သည်​သင်​တို့​နှင့်​သင်​တို့​၏​အ​ဆက် အ​နွယ်​တို့​၌ ကု​သ​၍​မ​ရ​နိုင်​သော​ရော​ဂါ ဆိုး​များ​နှင့်​ကြောက်​မက်​ဖွယ်​ကောင်း​သော ကပ်​ရော​ဂါ​များ​ကျ​ရောက်​စေ​တော်​မူ​မည်။-
60 A ka whakapangia ano e ia ki a koe nga mate katoa o Ihipa, i wehi ra koe; a ka piri ki a koe.
၆၀အီ​ဂျစ်​ပြည်​တွင်​သင်​တို့​တွေ့​ကြုံ​ခဲ့​ရ​သော ကြောက်​မက်​ဖွယ်​ရော​ဂါ​ဆိုး​များ​ကို သင်​တို့ ၌​တစ်​ဖန်​ကျ​ရောက်​စေ​တော်​မူ​သ​ဖြင့် သင်​တို့​နာ​လန်​ထူ​နိုင်​လိမ့်​မည်​မ​ဟုတ်။-
61 Me nga mate katoa me nga whiu katoa, kahore nei i tuhituhia ki te pukapuka o tenei ture, ka whakapangia e Ihowa ki a koe, a huna noatia koe.
၆၁ထာ​ဝ​ရ​ဘု​ရား​၏​ပညတ်​များ​နှင့်​သြ​ဝါ​ဒ များ​ပါ​ရှိ​သော ဤ​ကျမ်း​တွင်​ဖော်​ပြ​ခြင်း မ​ရှိ​သည့်​အ​ခြား​ရောဂါ​နှင့်​ကပ်​ရော​ဂါ အ​မျိုး​မျိုး​ကို​လည်း သင်​တို့​အ​ပေါ်​သို့​ကျ ရောက်​စေ​တော်​မူ​သ​ဖြင့်​သင်​တို့​သေ​ကြေ ပျက်​စီး​ရ​လိမ့်​မည်။-
62 A ka mahue iho koutou he hunga torutoru, koutou i rite nei ki nga whetu o te rangi te tini; no te mea kihai koe i whakarongo ki te reo o Ihowa, o tou Atua.
၆၂သင်​တို့​သည်​မိုး​ကောင်း​ကင်​ရှိ​ကြယ်​များ ကဲ့​သို့ အ​ရေ​အ​တွက်​များ​ပြား​ကြ​သော် လည်း ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​ကို​မ​နာ​ခံ​သော​ကြောင့် လူ နည်း​စု​မျှ​လောက်​သာ​အ​သက်​ရှင်​၍​ကြွင်း ကျန်​လိမ့်​မည်။-
63 Na ka rite ki te koa o Ihowa i tana whakawhiwhinga i a koutou ki te pai, i tana whakanuinga hoki i a koutou; ka pena ano hoki te koa o Ihowa ki te mea i a koutou kia ngaro, ki te huna rawa atu i a koutou; a ka hutia atu koutou i te whenua e haer e atu nei koutou ki reira ki te tango.
၆၃ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကြီး​ပွား တိုး​တက်​စေ​ရာ​၌​လည်း​ကောင်း၊ လူ​ဦး​ရေ တိုး​ပွား​များ​ပြား​စေ​ရာ​၌​လည်း​ကောင်း၊ နှစ်​သက်​အား​ရ​တော်​မူ​သည့်​နည်း​တူ​သင် တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ရာ​၌​လည်း ကောင်း၊ အ​ကျိုး​နည်း​ဆုံး​ရှုံး​စေ​ရာ​၌ လည်း​ကောင်း နှစ်​သက်​အား​ရ​တော်​မူ​လိမ့် မည်။ သင်​တို့​ဝင်​ရောက်​သိမ်း​ယူ​မည့်​ပြည်​မှ သင်​တို့​အား​ထုတ်​ပယ်​တော်​မူ​လိမ့်​မည်။
64 A ka whakamararatia koe e Ihowa ki waenga i nga iwi katoa, i tetahi pito o te whenua tae noa atu ki tetahi pito o te whenua; a ka mahi koe i reira ki nga atua ke, kahore nei koe i mohio, koutou tahi ko ou matua, ki te rakau, ki te kohatu.
၆၄``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ကမ္ဘာ​တစ် စွန်း​မှ​တစ်​စွန်း​တိုင်​အောင် လူ​မျိုး​အ​ပေါင်း​တို့ ထဲ​သို့​ပျံ့​နှံ့​ကွဲ​လွင့်​စေ​တော်​မူ​လိမ့်​မည်။ ထို အ​ခါ​သင်​တို့​နှင့်​သင်​တို့​ဘိုး​ဘေး​တို့​မ​ကိုး ကွယ်​ဘူး​သော​သစ်​သား၊ သံ​တို့​ဖြင့်​ထု​လုပ် သည့်​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကြ လိမ့်​မည်။-
65 A e kore e ta tou manawa i roto i ena iwi, kahore hoki he okiokinga mo te kapu o tou waewae; engari ka homai e Ihowa ki a koe i reira he manawa hehe, he kanohi haumaruru, me te ngakau tuatea:
၆၅သင်​တို့​သည်​ရောက်​ရှိ​သော​နေ​ရာ​တွင်​ငြိမ်း ချမ်း​မှု​ကို​မ​ရ​ရှိ​နိုင်။ အ​တည်​တ​ကျ​နေ ထိုင်​ရာ​အ​ရပ်​မ​ရှိ။​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ပူ​ပင်​သော​က​ရောက်​စေ​တော် မူ​မည်။ မျှော်​လင့်​ရာ​မဲ့​ပြီး​စိတ်​ပျက်​အား လျော့​စေ​တော်​မူ​မည်။-
66 A ka tarewa noa tou ora i tou aroaro; ka wehi koe i te po, i te ao, a kahore he tuturutanga mo tou ora;
၆၆သင်​တို့​သည်​အ​သက်​ဘေး​နှင့်​အ​စဉ်​တွေ့ ကြုံ​နေ​ရ​မည်။ နေ့​ည​မ​ပြတ်​ကြောက်​ရွံ့ ထိတ်​လန့်​၍​သေ​ဘေး​နှင့်​အ​စဉ်​ရင်​ဆိုင် လျက်​နေ​ရ​မည်။-
67 I te ata ka mea koe, Aue, te ahiahi noa! a i te ahiahi ka mea koe, Aue, te awatea noa! i te pawera hoki o tou ngakau e pawera ai koe, i te kitenga hoki a ou kanohi e kite ai koe.
၆၇သင်​တို့​တွေ့​မြင်​နေ​ရ​သ​မျှ​တို့​ကြောင့် စိတ်​တုန်​လှုပ်​ချောက်​ချား​လျက်​ရှိ​လိမ့်​မည်။ နံ​နက်​တိုင်း​သင်​တို့​သည်​ည​အ​ချိန်​ရောက် ပါ​စေ​ဟူ​၍​လည်း​ကောင်း၊ ည​နေ​တိုင်း​၌ လည်း​နံနက်​အ​ချိန်​ရောက်​ပါ​စေ​ဟူ​၍ လည်း​ကောင်း​တမ်း​တ​ကြ​လိမ့်​မည်။-
68 A ka whakahoki a Ihowa i a koe ki Ihipa i runga kaipuke, na te huarahi i korero ra ahau ki a koe, E kore koe e kite i reira a muri ake nei: a ka hoko koutou i a koutou i reira ki o koutou hoariri hei pononga tane, hei pononga wahine, a kahore he tangata hei hoko.
၆၈ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား အီ​ဂျစ် ပြည်​သို့​နောက်​တစ်​ဖန်​မ​ပြန်​စေ​ရ​ဟု​မိန့် တော်​မူ​ခဲ့​သော်​လည်း သင်္ဘော​များ​ဖြင့်​သင် တို့​ကို​ထို​ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​တော် မူ​လိမ့်​မည်။ ထို​ပြည်​တွင်​သင်​တို့​ကိုယ်​ကို ရန်​သူ​များ​ထံ​၌​ကျွန်​အ​ဖြစ်​ရောင်း​သော် လည်း သင်​တို့​ကို​ဝယ်​ယူ​မည့်​သူ​ရှိ​လိမ့်​မည် မ​ဟုတ်'' ဟု​ဆင့်​ဆို​လေ​၏။

< Tiuteronomi 28 >