< Tiuteronomi 25 >

1 Ki te mea he tautohe ta etahi, a ka haere mai kia whakawakia, a ka whakawakia e nga kaiwhakariterite; me whakatika e ratou ta te tika, me whakahe ta te he;
``အ​ကယ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​နှစ်​ဦး သည်​ရုံး​တွင် တ​ရား​ဆိုင်​ကြ​ရာ​၌​တစ်​ဦး​သည် အ​ပြစ်​မ​ရှိ၊ အ​ခြား​တစ်​ဦး​သည်​အ​ပြစ်​ရှိ သည်​ဟူ​၍​စီ​ရင်​သော​အ​ခါ၊-
2 A, ki te meinga te tangata kino kia whiua, na me mea ia e te kaiwhakariterite kia takoto, kia whiua ki mua i tona aroaro, kia rite ki tona kino te maha o nga whiu.
အ​ပြစ်​ရှိ​သော​သူ​သည်​ကြိမ်​ဒဏ်​ခံ​ထိုက်​လျှင် သူ့​အား​မှောက်​စေ​ပြီး​ကြိမ်​ဒဏ်​ပေး​ရ​မည်။ ထို သူ​ကူး​လွန်​သော​အ​ပြစ်​ကြီး​ငယ်​အ​လိုက် ကြိမ်​ဒဏ်​အ​ချက်​ကို​သတ်​မှတ်​ရ​မည်။-
3 Kia wha tekau ana whakapanga ki a ia, kaua e maha ake: he mea hoki, ki te tuhene, a ka maha atu i enei nga whakapanga, na ka iti tou teina ki tau titiro.
သို့​သော်​လည်း​ကြိမ်​ဒဏ်​အ​ချက်​လေး​ဆယ် ထက်​မ​ပို​စေ​ရ။ ထို​ထက်​ပို​လျှင်​သူ့​အား လူ​ပုံ​လယ်​၌​အ​ရှက်​ခွဲ​ရာ​ရောက်​မည်။
4 Kaua e whakamokatia te kau ina takahia e ia te witi.
``စ​ပါး​နယ်​နေ​သော​နွား​ကို​ပါး​ချုပ်​တပ်​၍ မ​ထား​ရ။
5 Ki te noho tahi te taina me te tuakana, a ka mate tetahi o raua, a kahore ana tama, kaua te wahine a te tangata i mate e marenatia ki waho, ki te tangata ke; me haere tona autane ki a ia, ka tango ai i a ia hei wahine mana, me mea ki a ia nga mea e tika ana ma te autane.
``ညီ​အစ်​ကို​နှစ်​ဦး​တို့​သည်​အ​တူ​တူ​နေ​ထိုင် ၍ တစ်​ဦး​သည်​သား​မ​ကျန်​ရစ်​ဘဲ​သေ​ဆုံး​ခဲ့ လျှင် သူ​၏​ဇနီး​မု​ဆိုး​မ​သည်​သူ​စိမ်း​ယောကျာ်း တစ်​ဦး​ဦး​နှင့်​မ​စုံ​ဖက်​စေ​ရ။ သေ​ဆုံး​သူ​၏ ညီ​က ထို​မိန်း​မ​ကို​မယား​အ​ဖြစ်​သိမ်း​ပိုက် ရ​မည်။-
6 A, ka whanau tana matamua, ko ia hei whakarerenga iho mo te ingoa o tona tuakana, teina ranei, i mate nei, a ka kore tona ingoa e horoia atu i roto i a Iharaira.
ဣ​သ​ရေ​လ​လူ​မျိုး​တွင်​သေ​ဆုံး​သူ​၏​မိ​သား​စု မျိုး​ဆက်​မ​ပျောက်​စေ​ရန် ထို​မိန်း​မ​၌​ဖွား​မြင် သော​သား​ဦး​သည်​သေ​သူ​၏​တ​ရား​ဝင်​သား ဖြစ်​စေ​ရ​မည်။-
7 Ki te kahore taua tangata e pai ki te tango i tona auwahine, katahi ka haere tona auwahine ki te kuwaha, ki nga kaumatua, a ka mea, E kore toku autane e pai ki te whakatupu ingoa mo tona tuakana, teina ranei, i roto i a Iharaira, e kore e meatia e ia nga mea e tika ana ma toku autane.
အ​ကယ်​၍​ညီ​သည်​သေ​ဆုံး​သူ​အစ်​ကို​၏ ဇ​နီး​နှင့်​မ​စုံ​ဖက်​လို​လျှင် မိန်း​မ​သည်​မြို့ အ​ကြီး​အ​ကဲ​တို့​ထံ​သို့​သွား​၍`ကျွန်​မ​မတ် ဖြစ်​သူ​သည်​ဣ​သ​ရေ​လ​လူ​မျိုး​တွင် အစ်​ကို ၏​မိသား​စု​မျိုး​ဆက်​ကျန်​ရစ်​ရန်​ဆောင်​ရွက် ရ​မည့်​ဝတ္တ​ရား​ပျက်​ကွက်​ပါ​သည်' ဟု​လျှောက် ဆို​ရ​မည်။-
8 Katahi ka karangatia ia e nga kaumatua o tona pa, a ka korero ratou ki a ia; a, ki te u tonu tana, a ka mea ia, E kore ahau e pai ki te tango i a ia;
ထို​အ​ခါ​မြို့​အ​ကြီး​အ​ကဲ​တို့​က ထို​မိန်း​မ ၏​မတ်​ကို​ခေါ်​၍​မေး​မြန်း​ရ​မည်။ သူ​က​ထို မိန်း​မ​နှင့်​မ​စုံ​ဖက်​လို​ပါ​ဟူ​၍​ငြင်း​ဆန် နေ​သေး​လျှင်၊-
9 Katahi ka whakatata tona auwahine ki a ia i te tirohanga a nga kaumatua, a ka unu i tona hu i tona waewae, ka tuwha hoki ki tona mata, a ka korero ake, ka mea, Kia peneitia te tangata e kore e hanga i te whare o tona tuakana, teina ranei.
သူ့​မ​ရီး​သည်​မြို့​အ​ကြီး​အ​ကဲ​တို့​ရှေ့​တွင် ထို သူ​၏​ဖိ​နပ်​တစ်​ဖက်​ကို​ချွတ်​၍​သူ့​မျက်​နှာ ကို​တံ​တွေး​ထွေး​လျက်`အစ်​ကို​၏​မျိုး​ဆက်​ကို မ​ပွား​စေ​လို​သူ​အား ဤ​သို့​ပြု​သင့်​သည်' ဟု ဆို​ရ​မည်။-
10 A ka huaina tona ingoa i roto i a Iharaira, Ko te whare o te tangata i unuhia nei tona hu.
၁၀ဣ​သ​ရေ​လ​လူ​မျိုး​တွင် ထို​သူ​၏​မိ​သား​စု ကို`ဖိ​နပ်​အ​ချွတ်​ခံ​ရ​သူ​၏​မိ​သား​စု' ဟူ​၍ ခေါ်​တွင်​စေ​ရ​မည်။
11 Ki te whawhai etahi tangata ki a raua, a ka whakatata te wahine a tetahi ki te whakaora i tana tahu i te tangata e patu ana i a ia, a ka totoro tona ringa, ka mau hoki ki ona wahi ngaro;
၁၁``အ​ကယ်​၍​လူ​နှစ်​ဦး​ခိုက်​ရန်​ဖြစ်​နေ​စဉ် တစ် ဦး​၏​မ​ယား​သည် မိ​မိ​၏​လင်​ယောကျာ်း​ဘက် မှ​ကူ​ညီ​၍ အ​ခြား​ယောကျာ်း​၏​တန်​ဆာ​ကို ကိုင်​ဆွဲ​လျှင်၊-
12 Me tapahi atu e koe tona ringa, kaua e tohu tou kanohi.
၁၂ထို​မိန်း​မ​၏​လက်​ကို ဖြတ်​ပစ်​ရ​မည်။ သူ့​ကို မ​သ​နား​မ​ညှာ​တာ​ရ။-
13 Kaua e waiho i roto i tau kete nga kohatu pauna e kore e taurite, te mea nui, te mea iti.
၁၃``သင်​တို့​သည်​အ​လေး၊ တင်း​တောင်း​တို့​ဖြင့် ခြင်​တွယ်​သော​အ​ခါ မ​မှန်​မ​ကန်​မ​ခြင် တွယ်​ရ။-
14 Kaua e waiho i roto i tou whare nga mehua e kore e taurite, te mea nui, te mea iti.
၁၄
15 Hei te mea rite tonu, hei te mea tika, tau kohatu pauna; hei te mea rite tonu, hei te mea tika, tau mehua: kia roa ai ou ra ki te whenua e homai nei e Ihowa, e tou Atua, ki a koe.
၁၅သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည်​တွင် သင်​တို့ အ​သက်​ရှည်​စွာ​နေ​ထိုင်​နိုင်​ရန်​မှန်​ကန် တိ​ကျ​သော အ​လေး၊ တင်း၊ တောင်း​များ​ကို အ​သုံး​ပြု​ကြ​လော့။-
16 He mea whakarihariha hoki ki a Ihowa, ki tou Atua, te hunga katoa e pena ana, te hunga katoa e he ana te mahi.
၁၆ထာ​ဝ​ရ​ဘု​ရား​သည် လိမ်​လည်​လှည့်​ဖြား သော​သူ​များ​ကို​ရွံ​ရှာ​တော်​မူ​၏။
17 Kia mahara ki ta Amareke i mea ai ki a koe i te ara, i to koutou putanga mai i Ihipa;
၁၇``အီ​ဂျစ်​ပြည်​မှ​သင်​တို့​ထွက်​လာ​စဉ်​က သင် တို့​အား​အာ​မ​လက်​အ​မျိုး​သား​တို့​မည်​ကဲ့ သို့​ရန်​မူ​ခဲ့​ပုံ​ကို​သ​တိ​ရ​ကြ​လော့။-
18 Ki tona tutakitanga ki a koe ki te ara, a patua iho tou hiku e ia, nga mea ngoikore katoa i muri i a koe, i a koe e hemo ana, e ngenge ana; a kihai ia i wehi ki te Atua.
၁၈သူ​တို့​သည်​ဘု​ရား​သ​ခင်​ကို​မ​ကြောက်​ရွံ့ သ​ဖြင့် သင်​တို့​အား​ကုန်​၍​မော​ပန်း​လျက်​ရှိ ကြ​စဉ် သင်​တို့​နောက်​မှ​လိုက်​၍​တိုက်​ခိုက်​ကြ ၏။ နောက်​ကျန်​နေ​သူ​အား​လုံး​ကို​လည်း လုပ် ကြံ​သတ်​ဖြတ်​ခဲ့​ကြ​၏။-
19 Mo reira e meinga koe e Ihowa, e tou Atua, kia okioki i ou hoariri katoa a tawhio noa, ki te whenua e homai nei e Ihowa, e tou Atua, ki a koe kia nohoia hei kainga tupu, me ukui rawa atu te maharatanga ki a Amareke i raro i te rangi; kei warewar e rawa koe.
၁၉သို့​ဖြစ်​၍​သင်​တို့​သည်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ပေး​သ​နား​တော်​မူ​မည့်​ပြည်​သို့​ရောက်​၍ ပတ်​ဝန်း​ကျင်​ရန်​သူ​တို့​၏​တိုက်​ခိုက်​မှု​မှ​ကင်း လွတ်​ပြီး​အေး​ချမ်း​စွာ​နေ​ထိုင်​ရ​သော​အ​ခါ အာ​မ​လက်​အ​မျိုး​သား​တို့​ကို​တစ်​ယောက် မ​ကျန်​သုတ်​သင်​ပစ်​ရန်​မ​မေ့​ကြ​နှင့်။

< Tiuteronomi 25 >