< Tiuteronomi 21 >
1 E kitea te tangata i whakamatea ki te whenua i homai e Ihowa, e tou Atua, hei kainga mou, e takoto ana i te parae, a kahore e mohiotia na wai i patu:
၁သင်၏ဘုရားသခင် ထာဝရဘုရား အပိုင်ပေး တော်မူသောပြည်တွင်၊ လွတ်လပ်သောအရပ်၌ လူအသေ ကောင်ရှိသည်ကို တွေ့၍၊ အဘယ်သူသတ်သည်ကို မသိ လျင်၊
2 Na me puta mai ou kaumatua me ou kaiwhakawa, ka whanganga atu ki nga pa i tetahi taha o te tupapaku, i tetahi taha:
၂သင်၌ အသက်ကြီးသူ၊ တရားသူကြီးတို့သည် ထွက်၍၊ ပတ်ဝန်းကျင်မြို့ရွာများတိုင်အောင် တိုင်းထွာ ရကြမည်။
3 Na ko te pa e tata ana ki te tupapaku, me tiki e nga kaumatua o taua pa tetahi kuao kau, hei te uha, hei te mea kahore ano i whakamahia, kahore nei i to ioka:
၃အသေကောင်နှင့် အနီးဆုံးသောမြို့၌ အသက် ကြီးသူတို့သည် ထမ်းဘိုးတင်ခြင်း၊ စေခိုင်းခြင်းကို မပြုဘူး သေးသော နွားသငယ်ကို ယူ၍၊
4 Me kawe ano hoki e nga kaumatua o taua pa te kuao kau ki raro, ki tetahi awaawa wai, kahore nei i ngakia, i whakatokia ranei, ka whawhati ai i te kaki o te kau ki reira, ki te awaawa:
၄လယ်မလုပ်မျိုးစေ့ မကြဲနိုင်အောင် ရေမပြတ် သော ချောင်းသို့ ဆောင်သွား၍၊ ထိုချောင်း၌ နွား လည်ပင်းကို ဖြတ်ပြီးမှ၊
5 Na ka whakatata nga tohunga, nga tama a Riwai; ko ratou hoki ta Ihowa, ta tou Atua, i whiriwhiri ai hei minita ki a ia, hei manaaki ano hoki i runga i te ingoa o Ihowa; a ma ratou te kupu mo nga tautohe katoa, mo nga patu katoa:
၅သင်၏ဘုရားသခင် ထာဝရဘုရား အမှုတော်ကို ဆောင်ရွက်စေခြင်းငှာ၎င်း၊ ထာဝရဘုရား အခွင့်နှင့် ကောင်းကြီးပေးစေခြင်းငှာ၎င်း ရွေးချယ်တော် မူသော လေဝိသား ယဇ်ပုရောဟိတ်တို့သည် ချဉ်း၍ တရားတွေ့ခြင်းအမှု၊ ရိုက်ပုတ်ခြင်းအမှု ရှိသမျှတို့ကို စီရင်ဆုံးဖြတ်ရကြမည်။
6 Na me horoi e nga kaumatua katoa o taua pa, e tata ana ki te tupapaku, o ratou ringa ki runga ki te kuao kau i whatiia nei te kaki ki te awaawa:
၆အသေကောင်နှင့် အနီးဆုံးသောမြို့သား အသက်ကြီးသူ အပေါင်းတို့သည်၊ ထိုချောင်း၌ လည်ပင်း ဖြတ်ပြီးသော နွားမအပေါ်မှာ မိမိတို့လက်ကို ဆေးလျက်၊
7 Na ka korero ratou, ka mea, Kihai i whakahekea tenei toto e o matou ringa, kihai ano o matou kanohi i kite.
၇ငါတို့လက်သည် ဤအသွေးကို မသွန်း၊ ငါတို့ မျက်စိသည် မမြင်။
8 Kia maria ki tou iwi ki a Iharaira, e Ihowa, i hokona nei e koe, kaua ano hoki e whakairia he toto harakore ki runga ki tau iwi, ki a Iharaira. Na ka whai whakamarie ratou mo aua toto.
၈အိုထာဝရဘုရား၊ ရွေးတော်မူသော ကိုယ်တော် ၏လူ ဣသရေလအမျိုးကို သနားတော်မူပါ။ မသေထိုက် သောသူကို သတ်သောအပြစ်သည် ကိုယ်တော်၏လူ ဣသရေလအမျိုးအပေါ်သို့ ရောက်စေတော်မမူပါနှင့်ဟု မြွက်ဆိုရကြမည်။ သို့ပြုလျှင် အသက်ကို သတ်သော အပြစ်လွတ်လိမ့်မည်။
9 Penei ka whakakorea te toto harakore i roto i a koe, ina mea koe i te mea e tika ana ki ta Ihowa titiro.
၉ထိုသို့ သင်သည် ထာဝရဘုရားရှေ့တော်၌ ကောင်းသောအမှုကို ပြုသောအခါ၊ မသေထိုက်သော သူ၏ အသွေးကို ပယ်ရှင်းရလိမ့်မည်။
10 Ka haere koe ki te whawhai ki ou hoariri, a ka homai ratou e Ihowa, e tou Atua, ki ou ringa, a ka whakaraua ratou e koe hei whakarau;
၁၀သင်သည် ရန်သူတို့ကို စစ်တိုက်သွား၍ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို သင့်လက်၌ အပ်တော်မူသဖြင့်၊ သင်သည် ဘမ်းယူသောအခါ၊
11 A ka kite koe i tetahi wahine ataahua i roto i nga whakarau, a ka hiahia koe ki a ia, ka mea ki te tango i a ia hei wahine mau;
၁၁ဘမ်းယူသောသူတို့တွင် အဆင်းလှသော မိန်းမ ကို မြင်၍ စုံဘက်ခြင်းငှာ အလိုရှိလျှင်၊
12 Na me kawe ia e koe ki tou whare; a me heu e ia tona matenga, ka whakapai i ona maikuku;
၁၂သင့်အိမ်သို့ သူ့ကိုခေါ်သွား၍၊ သူသည် ဦးဆံရိတ်ခြင်း၊ လက်သည်းလှီးဖြတ်ခြင်းကို ပြုလျက်၊
13 Na me whakarere e ia te kakahu o tona whakaraunga, a ka noho ki tou whare, ka tangi ki tona papa, ki tona whaea, kia kotahi tino marama; a muri iho ka haere atu koe ki a ia, a ka meinga hei tahu ki a ia, ko ia hoki hei wahine mau.
၁၃ဘမ်းယူရာအဝတ်ကို ချွတ်ပယ်၍ တလပတ်လုံး မိဘတို့ကို မြည်တမ်းလျက် သင့်အိမ်၌ နေပြီးသောနောက်၊ သင်သည် သူနှင့်စုံဘက်၍ သူသည် သင်၏မယား ဖြစ်မည်။
14 A, ki te kahore koe whakaahuareka ki a ia, me tuku atu ia e koe ki tana wahi e pai ai, kaua rawa e hokona ki te moni, kaua hoki e waiho hei mea pononga; he mea hoki kua whakaititia nei ia e koe.
၁၄နောက်တဖန် သူ့ကို မချစ်လျှင်၊ သူ့အလိုအ လျောက်သွားသောအခွင့်ကို ပေးရမည်။ သူ့ကိုရှုတ်ချ သောကြောင့် ငွေနှင့်မရောင်းရ၊ ကျွန်အရာ၌ မထားရ။
15 Ki te tokorua nga wahine a tetahi tangata, kotahi e arohaina ana, kotahi e kinongia ana, a kua whanau he tamariki mana i te mea e arohaina ana, i te mea hoki e kinongia ana; a na te mea e kinongia ana te tama matamua:
၁၅လင်ချစ်သော မယား၊ မုန်းသော မယားနှစ် ယောက်တို့သည် သားကိုဘွား၍၊ အဦးဘွားသော သားသည် မုန်းသောမယား၏ သားဖြစ်လျှင်၊
16 A, ka tae ki te ra e whakarerea iho ai e ia ana mea ma ana tamariki, e kore e ahei kia meinga hei matamua te tama a te mea e arohaina ana, ara hei kauaemua mo te tino matamua, mo te tama e te wahine e kinongia ana:
၁၆ထိုသူသည် မိမိအမွေဥစ္စာကို ဝေသောအခါ၊ မုန်းသောမယား၏ သားဦးကို နှိမ့်ချ၍ ချစ်သောမယား၏ သားကို သားဦးအရာ၌ မချီးမြှောက်ရ။
17 Engari me whakaae ia ki te tama a te mea e kinongia ana, ko ia te matamua, me hoatu ki a ia nga wahi e rua o ana mea katoa: no te mea ko ia te timatanga o tona kaha; mena nga tikanga o te matamua.
၁၇မုန်းသောမယား၏ သားသည် သားဦးဖြစ်သည် ဟု ဝန်ခံ၍၊ နှစ်ဆသော အမွေဥစ္စာကို သူ့အားပေးရမည်။ အကြောင်းမူကား၊ ထိုသားသည် အဘ၏ ခွန်အားအစဦး ဖြစ်၏။ သားဦးအရိပ်အရာနှင့် ဆိုင်ပေ၏။
18 Ki te mea he whakakeke, he whakatoi, te tama a tetahi tangata, a kahore e rongo ki te reo o tona papa, ki te reo ranei o tona whaea, a ahakoa ka whiua e raua, kahore e rongo ki a raua:
၁၈အဘ၌ ဆိုးသောသား၊ ခက်ထန်သောသဘော ရှိ၍ မိဘစကားကို နားမထောင်သောသား၊ မိဘတို့ ဆုံးမသော်လည်း ဆုံးမခြင်းကို မခံသောသားရှိလျှင်၊
19 Na me mau tona papa raua ko tona whaea ki a ia, ka kawe i a ia ki nga kaumatua o tona pa, ki te kuwaha o tona wahi;
၁၉မိဘတို့သည် ထိုသားကို ဆွဲကိုင်၍၊ မြို့၌ အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့ ဆောင်ခဲ့ပြီးလျှင်၊
20 A ka mea ki nga kaumatua o tona pa, Ko tenei tama a maua he whakakeke, he whakatoi, a e kore e rongo ki o maua reo; he tangata haututu, he poro haurangi.
၂၀အကျွန်ုပ်တို့သားသည် ဆိုးသောသူ၊ ခက်ထန် သောသဘောရှိ၍ အကျွန်ုပ်တို့စကားကို နားမထောင် သောသူ ဖြစ်ပါ၏။ စားကြူးသောသူ၊ သောက်ကြူးသော သူ ဖြစ်ပါ၏ဟု မြို့၌ အသက်ကြီးသူတို့အား လျှောက်ဆို ရမည်။
21 Katahi nga tangata katoa o tona pa ka aki i a ia ki te kohatu, kia mate; a ka whakakorea atu e koe te kino i roto i a koe, a ka rongo a Iharaira katoa, ka wehi.
၂၁မြို့သားယောက်ျားအပေါင်းတို့သည် ထိုသားကို ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ ထိုသို့ သင်တို့ တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားသဖြင့်၊ ဣသရေလအမျိုး သားအပေါင်းတို့သည် ထိုသိတင်းကို ကြား၍ ကြောက်ရွံ့ ခြင်း ရှိကြလိမ့်မည်။
22 Ki te mea ano he hara to te tangata e tika ai te mate mona, a ka whakamatea, a ka taronatia e koe ki runga ki te rakau:
၂၂သေထိုက်သော အပြစ်ရှိသောသူကို သစ်တိုင်၌ ဆွဲ၍သတ်လျှင်၊
23 Kaua e waiho tona tinana i runga i te rakau i te po, engari me tino tanu i taua rangi ano; he mea kainga hoki na te Atua te tangata i taronatia; kei poke tou oneone, e hoatu nei e Ihowa, e tou Atua, ki a koe hei kainga tupu.
၂၃အသေကောင်ကို သစ်တိုင်၌ တညဉ့်လုံးမထား ရ။ ထိုနေ့ခြင်းတွင် မြေ၌ ဆက်ဆက်မြှုပ်ရမည်။ သစ်တိုင်၌ ဆွဲထားခြင်းကို ခံရသောသူသည် ကျိန်ခြင်းကို ခံရသော သူဖြစ်၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဘို့ ပေးတော်မူသော ပြည်သည် မညစ် ညူးစေမည် အကြောင်း ထိုသို့ပြုရမည်။