< Raniera 5 >

1 I tukua ha hakari nui e Kingi Perehatara ma etahi o ana ariki, kotahi te mano, a inu waina ana ia i te aroaro o te mano.
တစ်​ည​သ​၌​ဗေ​လ​ရှာ​ဇာ​မင်း​သည်​ည​စာ စား​ပွဲ​ကြီး​သို့​မှူး​မတ်​တစ်​ထောင်​ကို​ဖိတ် ကြား​ပြီး​လျှင် သူ​တို့​နှင့်​အ​တူ​စ​ပျစ်​ရည် သောက်​တော်​မူ​သည်။-
2 I te mea e inu waina ana a Perehatara, ka whakahau ia kia kawea mai nga oko, nga mea koura, nga mea hiriwa, i tangohia e tona papa, e Nepukaneha, i roto i te temepara i Hiruharama; hei mea inu ma te kingi, ma ana rangatira, ma ana wahine, ma ana wahine hoahoa.
ယင်း​သို့​သောက်​လျက်​နေ​စဉ်​ယေ​ရု​ရှ​လင် မြို့​ဗိ​မာန်​တော်​မှ​ခ​မည်း​တော်​နေ​ဗု​ခဒ် နေ​ဇာ​မင်း​သိမ်း​ယူ​ခဲ့​သည့် ရွှေ​ဖ​လား၊ ငွေ ဖ​လား​များ​ကို​ရှေ့​တော်​သို့​ဆောင်​ယူ​ခဲ့​ရန် မိန့်​တော်​မူ​၏။ မိ​မိ​နှင့်​တ​ကွ​မှူး​မတ်​များ၊ မိ​ဖု​ရား​များ​နှင့်​မောင်း​မ​မိ​ဿံ​များ​စ​ပျစ် ရည်​သောက်​ရန်​ထို​ဖ​လား​များ​ကို​ယူ​ခဲ့​ရန် အ​မိန့်​ပေး​၏။-
3 Katahi ka kawea mai e ratou nga oko koura i tangohia i roto i te temepara o te whare o te Atua i Hiruharama; a inu ana ki aua mea te kingi, ana ariki, ana wahine, me ana wahine hoahoa.
ချက်​ချင်း​ပင်​ရွှေ​ဖ​လား​များ​ရောက်​ရှိ​လာ သော​အ​ခါ သူ​တို့​သည်​ထို​ဖ​လား​တို့​ဖြင့် သောက်​လျက်၊-
4 Inu waina ana ratou, whakamoemiti ana ki nga atua, ki nga mea koura, hiriwa, parahi, rino, rakau, kohatu.
ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ သစ်​သား၊ ကျောက်​နှင့် ပြု​လုပ်​သော​ဘု​ရား​တို့​ကို​ထော​မ​နာ​ပြု ကြ​၏။
5 I taua haora ka puta mai nga maihao o tetahi ringa tangata, kei te tuhituhi ki te ritenga ake o te turanga rama, ki te paninga i te taha o te whare o te kingi: a ka kite te kingi i te wahi o te ringa nana te tuhituhi.
ထို​အ​ခါ​လူ​၏​လက်​တစ်​ဖက်​သည်​ရုတ် တ​ရက်​ပေါ်​လာ​ပြီး​လျှင် မီး​အ​လင်း​ရောင် အ​များ​ဆုံး​ရ​ရှိ​သည့်​နန်း​တော်​နံ​ရံ​တွင် စာ​တန်း​တစ်​ခု​ကို​ရေး​သား​လေ​၏။ ယင်း သို့​ရေး​သား​နေ​သည်​ကို​မင်း​ကြီး​မြင် တော်​မူ​လျှင်၊-
6 Katahi ka puta ke te mata o te kingi, raruraru ana ia i ona whakaaro, a tangoro iho nga hononga o tona hope, kei te aki mai ano ona turi ki a raua.
မျက်​နှာ​ညှိုး​ငယ်​၍​သွား​တော်​မူ​၏။ သူ​သည် အ​လွန်​ကြောက်​လန့်​ကာ​မျက်​နှာ​ဖြူ​ဖတ်​ဖြူ ရော်​ဖြစ်​လျက်​ဒူး​များ​ပင်​ခိုက်​ခိုက်​တုန်​၍ လာ​၏။-
7 Na nui atu te karanga a te kingi kia kawea mai nga kaititiro whetu, nga Karari, nga tohunga tuaahu. A i korero te kingi, i mea ki nga tangata whakaaro nui o Papurona, Ko te tangata e korerotia ai tenei tuhituhi, a ka whakaaturia mai e ia tona tik anga ki ahau, he ngangana te kakahu mona, he mekameka koura ano mo tona kaki, a ko ia ano hei rangatira tuatoru i te kingitanga.
သို့​ဖြစ်​၍​ပ​ယော​ဂ​ဆ​ရာ​များ၊ မှော်​ဆ​ရာ များ​နှင့်​နက္ခတ်​ဆ​ရာ​များ​ကို​ခေါ်​သွင်း​ရန် ဟစ်​အော်​၍ မင်း​ချင်း​တစ်​ယောက်​အား​စေ​ခိုင်း တော်​မူ​၏။ ထို​သူ​တို့​ရောက်​ရှိ​လာ​ကြ​သော အ​ခါ​မင်း​ကြီး​က``ထို​စာ​တန်း​ကို​ဖတ်​၍ အ​နက်​ကို​ငါ့အား​ပြော​ကြား​နိုင်​သူ​အား တော်​ဝင်​ခ​ရမ်း​ရောင်​ဝတ်​လုံ​ကို​ဝတ်​စေ​မည်။ ဂုဏ်​ထူး​ဆောင်​ရွှေ​စ​လွယ်​တော်​ကို​လည်း​ဆွဲ စေ​လျက်​နိုင်​ငံ​တော်​တွင်​တ​တိ​ယ​တန်​ခိုး အ​ကြီး​ဆုံး​သော​သူ​အ​ဖြစ်​ငါ​ခန့်​ထား မည်'' ဟု​မိန့်​တော်​မူ​၏။-
8 Katahi ka haere mai nga tangata whakaaro nui katoa e te kingi: heoi kihai i ahei te korero i te tuhituhi, kihai ano i whakaatu i tona tikanga ki te kingi.
ဘု​ရင့်​အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​အ​ပေါင်း​တို့ သည်​ရှေ့​တော်​သို့​ရောက်​ရှိ​လာ​ကြ​သော်​လည်း အ​ဘယ်​သူ​မျှ​ထို​စာ​တန်း​ကို​မ​ဖတ်​နိုင်။ ထို စာ​တန်း​၏​အ​နက်​ကို​လည်း​မင်း​ကြီး​အား မ​ဖော်​ပြ​နိုင်​ကြ။-
9 Katahi ka nui atu te raruraru o Kingi Perehatara, ka puta ke tona mata, a tahurihuri ana ana ariki.
ထို​အ​ခါ​ဗေ​လ​ရှာ​ဇာ​မင်း​သည်​လွန်​စွာ​ပူ​ပင် သော​က​ရောက်​တော်​မူ​သ​ဖြင့် ပို​၍​ပင်​မျက်​နှာ ညှိုး​ငယ်​လာ​လေ​သည်။ မှူး​မတ်​တို့​သည်​လည်း မှိုင်​တွေ​လျက်​နေ​ကြ​၏။
10 Na ka haere te kuini ki te whare hakari, na nga kupu hoki a te kingi ratou ko ana ariki: na ka korero te kuini, ka mea, E te kingi, kia ora tonu koe: kei raruraru koe i ou whakaaro, kei puta ke tou mata.
၁၀မယ်​တော်​မိ​ဖု​ရား​ကြီး​သည်​မင်း​ကြီး​နှင့်​မှူး မတ်​တို့​ပြော​ဆို​ကြ​သည့်​စ​ကား​ကို​ကြား သ​ဖြင့် စား​သောက်​ပွဲ​ကျင်း​ပ​ရာ​အ​ခန်း​ထဲ သို့​ဝင်​လာ​ပြီး​လျှင်``အ​ရှင်​မင်း​ကြီး၊ သက် တော်​ရာ​ကျော်​ရှည်​ပါ​စေ။ ဤ​မျှ​စိတ်​အ​နှောင့် အ​ယှက်​ဖြစ်​၍​မ​နေ​ပါ​နှင့်။ ဤ​မျှ​မျက်​နှာ ညှိုး​ငယ်​၍​လည်း​မ​နေ​ပါ​နှင့်။-
11 He tangata tenei kei tou kingitanga, kei a ia nei te wairua o nga atua tapu; i nga ra hoki o tou papa i kitea te marama, te mohio, me nga whakaaro nui i roto i a ia, he mea rite tonu ki nga whakaaro nui o nga atua, a meinga ana ia e tou papa, e Kingi Nepukaneha, ae ra, e tou papa, e te kingi, hei rangatira mo nga tohunga maori ratou ko nga kaititiro whetu, ko nga Karari, ko nga tohunga tuaahu:
၁၁သင်​၏​နိုင်​ငံ​တော်​တွင်​သန့်​ရှင်း​မြင့်​မြတ်​သော ဘု​ရား​တို့​၏​ဝိ​ညာဉ်​ဖြင့်​ပြည့်​ဝ​သူ​လူ​တစ် ယောက်​ရှိ​ပါ​၏။ သင်​၏​ခ​မည်း​တော်​နန်း​စံ​စဉ် အ​ခါ​က ထို​သူ​၌​အ​သိ​ပ​ညာ​နှင့်​အ​မြော် အ​မြင်၊ ဘု​ရား​ကဲ့​သို့​ပ​ညာ​ဉာဏ်​ရှိ​ကြောင်း ထင်​ရှား​ခဲ့​ပါ​၏။ သင်​၏​ခ​မည်း​တော်​နေ​ဗု​ခဒ် နေ​ဇာ​မင်း​သည်​သူ့​အား​ဗေ​ဒင်​ဆ​ရာ၊ မှော် ဆ​ရာ၊ ပ​ယော​ဂ​ဆ​ရာ​နှင့်​နက္ခတ်​ဆ​ရာ​တို့ ၏​အ​ကြီး​အ​မှူး​အ​ဖြစ်​ဖြင့်​ခန့်​ထား​တော် မူ​ခဲ့​ပါ​၏။-
12 Na pai atu te wairua i kitea i roto i taua Raniera, i huaina nei e te kingi ko Peretehatara, te matau, te mohio, te whakaatu moe, te whakakite i nga kupu pakeke: tareka ana i a ia nga mea e mau ana. Na kia karangatia a Raniera, a mana e whakakit e te tikanga.
၁၂သူ​သည်​အိပ်​မက်​များ​၏​အ​နက်​ကို​ပြန်​ဆို​မှု၊ ခက်​ခဲ​သော​အ​မေး​ပုစ္ဆာ​များ​ကို​ဖြေ​ရှင်း​မှု၊ လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​များ​ကို​ထုတ်​ဖော် မှု​တို့​တွင်​အ​ထူး​တတ်​ကျွမ်း​သူ​ဖြစ်​ပါ​၏။ သို့ ဖြစ်​၍​ဗေ​လ​တ​ရှာ​ဇာ​ဟူ​သော​ဘွဲ့​နာ​မ​ကို ခ​မည်း​တော်​ပေး​အပ်​တော်​မူ​ခဲ့​သူ​ဒံ​ယေ​လ အား​ဆင့်​ခေါ်​ပါ။ သူ​သည်​စာ​တန်း​၏​အ​နက် ကို​ဖော်​ပြ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။
13 Katahi ka kawea mai a Raniera ki te aroaro o te kingi. A ka korero te kingi, ka mea ki a Raniera, Ko taua Raniera ranei koe, no nga tamariki whakarau o Hura, i kawea mai nei e te kingi, e toku papa, i Hura?
၁၃သူ​တို့​သည်​ဒံ​ယေ​လ​အား​ချက်​ချင်း​ပင်​ဘု​ရင့် ရှေ့​တော်​သို့​သွင်း​ကြ​သော​အ​ခါ မင်း​ကြီး​က ဒံ​ယေ​လ​အား``သင်​သည်​ယု​ဒ​ပြည်​မှ​ငါ​၏ ခ​မည်း​တော်​ဘု​ရင်​မင်း​ခေါ်​ဆောင်​ခဲ့​သည့် ယု​ဒ​အ​မျိုး​သား​သုံ့​ပန်း​တစ်​ယောက်​ဖြစ် သူ​ဒံ​ယေ​လ​ဆို​သူ​ပေ​လော။-
14 Kua rongo ahau ki a koe, kei roto i a koe te wairua o nga atua, a e kitea ana te marama i roto i a koe, te matauranga, me te mohio pai rawa.
၁၄ဘု​ရား​များ ၏​ဝိ​ညာဉ်​သည်​သင်​၏​အ​တွင်း​၌​ကိန်း​အောင်း​သည် ဖြစ်​၍ သင်​သည်​ကျွမ်း​ကျင်​လိမ်​မာ​လျက်၊ အ​သိ အ​မြင်​ဉာဏ်​ပ​ညာ​တို့​ဖြင့်​ပြည့်​စုံ​သူ​ဖြစ်​ကြောင်း ငါ​ကြား​သိ​ရ​သည်။-
15 Na kua kawea mai nei nga tangata whakaaro nui, nga kaititiro whetu, ki toku aroaro, kia korerotia ai e ratou tenei tuhituhi, kia whakaaturia ai tona tikanga ki ahau: heoi kihai i taea e ratou te whakaatu te tikanga o taua mea.
၁၅ငါ​သည်​မိ​မိ​၏​အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​များ နှင့်​ဗေ​ဒင်​ဆ​ရာ​များ​ကို​ဆင့်​ခေါ်​ကာ​စေ​ခိုင်း သော်​လည်း သူ​တို့​သည်​မ​ဖော်​ပြ​နိုင်​ကြ​ပါ။-
16 Kua rongo ia ahau ki a koe, ka taea e koe te whakaatu tikanga, a ka tareka i a koe nga mea e mau ana. Na ki te taea e koe te tuhituhi te korero, a ka whakaaturia tona tikanga ki ahau, he ngangana te kakahu mou, he mekameka koura ano tenei mo tou kaki, ko koe hoki hei rangatira tuatoru i te kingitanga.
၁၆သင်​သည်​တိမ်​မြုပ်​နေ​သော​အ​နက်​တို့​ကို​ဖော် ထုတ်​နိုင်​၍ လျှို့​ဝှက်​ခက်​ခဲ​သော​အ​ရာ​တို့​ကို ရှင်း​လင်း​ဖော်​ပြ​နိုင်​ကြောင်း​ငါ​ကြား​သိ​တော် မူ​ရ​သည်။ သင်​သည်​ဤ​စာ​တန်း​ကို​ဖတ်​၍ အ​နက်​ကို​ငါ့​အား​ဖော်​ပြ​နိုင်​ပါ​လျှင် ငါ​သည် သင့်​အား​တော်​ဝင်​ခ​ရမ်း​ရောင်​ဝတ်​လုံ​ကို​ဝတ် စေ​၍​ဂုဏ်​ထူး​ဆောင်​ရွှေ​စ​လွယ်​တော်​ကို​ဆွဲ စေ​လျက် ငါ​၏​နိုင်​ငံ​တော်​တွင်​တ​တိ​ယ​တန် ခိုး​အ​ကြီး​ဆုံး​သော​သူ​အ​ဖြစ်​ခန့်​ထား မည်'' ဟု​မိန့်​တော်​မူ​၏။
17 Katahi ka whakahoki a Raniera, ka mea ki te aroaro o te kingi, Mau au hakari, hoatu au utu ki tetahi atu; me korero ia e ahau te tuhituhi ki te kingi, me whakaatu te tikanga ki a ia.
၁၇ဒံ​ယေ​လ​က``အ​ရှင်​၏​ဆု​တော်​လာဘ်​တော် တို့​ကို ကိုယ်​တော်​ထံ​တော်​၌​သာ​ထား​ရှိ​တော် မူ​ပါ။ သို့​မ​ဟုတ်​အ​ခြား​သူ​တစ်​စုံ​တစ် ယောက်​အား​ချီး​မြှင့်​တော်​မူ​ပါ။ သို့​ရာ​တွင် အ​ကျွန်ုပ်​သည်​ထို​စာ​တန်း​ကို​ဖတ်​၍ အ​နက် ကို​အ​ရှင့်​အား​လျှောက်​ထား​ပါ​မည်။
18 E te kingi, i homai e te Atua, e te Runga Rawa, te kingitanga ki tou papa, ki a Nepukaneha, me te nui, me te kororia, me te honore:
၁၈``အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​သည် အ​ရှင့်​ခ​မည်း​တော်​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​အား အုပ်​စိုး​ခွင့်​အာ​ဏာ​နှင့်​ကြီး​မြတ်​သည့်​ဘု​ရင် တစ်​ပါး​ဖြစ်​စေ​တော်​မူ​လျက် ဂုဏ်​အ​သ​ရေ နှင့်​လည်း​ကောင်း၊ အာ​နု​ဘော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​စေ​တော်​မူ​ပါ​၏။-
19 A na taua nui, i homai ra e ia ki a ia, i wiri ai nga tangata katoa, nga iwi, nga reo, i wehi ai i tona aroaro: ko ana i pai ai whakamatea ana e ia, ko ana i pai ai whakaorangia ana e ia, ko ana i pai ai whakaturia ana e ia a, ko ana i pai ai wh akaititia iho e ia.
၁၉သူ​သည်​လွန်​စွာ​ကြီး​မြတ်​တော်​မူ​သ​ဖြင့် ဘာ သာ​စ​ကား​အ​မျိုး​မျိုး​ပြော​ဆို​သူ​လူ​မျိုး အ​သီး​သီး​နှင့် နိုင်​ငံ​အ​သီး​သီး​တို့​ရှိ​လူ အ​ပေါင်း​တို့​သည်​ကြောက်​လန့်​တုန်​လှုပ်​ကြ ပါ​၏။ သူ​သည်​မိ​မိ​ကွပ်​မျက်​လို​သူ​ကို​ကွပ် မျက်​၍​အ​သက်​ရှင်​စေ​လို​သူ​ကို​ရှင်​စေ တော်​မူ​ခဲ့​ပါ​၏။ ချီး​မြှောက်​လို​သူ​ကို​ချီး မြှောက်​၍​နှိမ့်​ချ​လို​သူ​ကို​နှိမ့်​ချ​တော်​မူ ခဲ့​ပါ​၏။-
20 Otiia ka whakakake tona ngakau, ka pakeke tona hinengaro i runga i te whakapehapeha, na kua whakataka ia i runga i tona torona kingi, whakakahoretia iho tona kororia.
၂၀သို့​ရာ​တွင်​သူ​သည်​မာန်​မာ​န​ထောင်​လွှား ကာ​ခေါင်း​မာ​လျက် ရက်​စက်​စွာ​ပြု​ကျင့်​၍ လာ​သော​အ​ခါ​ဘုန်း​တန်​ခိုး​ကွယ်​ပျောက် ၍​နန်း​မှ​ကျ​ရ​လေ​ပြီ။-
21 A aia atu ana ia i roto i nga tama a te tangata, i meinga ano tona ngakau kia rite ki o nga kararehe; i nga kaihe mohoao ano hoki tona nohoanga, he mea whangai ia ki te tarutaru, ano he kau; i maku ano tona tinana i te tomairangi o te rangi, a m ohio noa ia kei te kawana te Atua, te Runga Rawa, ki te kingitanga tangata, e whakaritea ana hoki e ia ma tana e pai ai.
၂၁သူ​သည်​လူ့​အ​သိုင်း​အ​ဝိုင်း​မှ​နှင်​ထုတ်​ခြင်း ကို​ခံ​ရ​ကာ​တိ​ရစ္ဆာန်​စိတ်​ပေါက်​၍​လာ​လေ သည်။ မြည်း​ရိုင်း​တို့​နှင့်​အ​တူ​နေ​ထိုင်​၍​နွား ကဲ့​သို့​မြက်​ကို​စား​ခဲ့​ရ​ပါ​၏။ အ​ကွယ် အ​ကာ​မ​ရှိ​ဘဲ​ဆီး​နှင်း​တော​တွင်​စက်​တော် ခေါ်​ခဲ့​ရ​လေ​သည်။ နောက်​ဆုံး​၌​အ​မြင့်​မြတ် ဆုံး​သော​ဘု​ရား​သ​ခင်​သည်​လော​ကီ​နိုင်​ငံ တို့​ကို​အ​စိုး​ရ​တော်​မူ​၍ မိ​မိ​အ​လို​ရှိ​သူ မည်​သူ​အား​မ​ဆို​ဤ​နိုင်​ငံ​များ​ကို​ပေး တော်​မူ​နိုင်​ကြောင်း​ကို​မင်း​ကြီး​ဝန်​ခံ​တော် မူ​ခဲ့​ပါ​၏။-
22 Na ko koe, ko tana tama, e Perehatara, kihai i whakaititia e koe tou ngakau, me te mohio ano koe ki tenei katoa;
၂၂သူ​၏​သား​တော်​ဖြစ်​သူ​အ​ရှင်​သည်​လည်း ထို​အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​ကို​သိ​ရှိ​ပါ သော်​လည်း​မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​တော်​မ မူ​ဘဲ၊-
23 Heoi whakakake ana koe ki te Ariki o te rangi, kua oti ano nga oko o tona whare te kawe mai ki tou aroaro, hei oko inu waina, mau, ma au ariki, ma au wahine, ma au wahine iti; kua whakamoemiti ano koe ki nga atua, ki nga mea hiriwa, koura, parah i, rino, rakau, kohatu, e kore nei e kite, e rongo, e mohio: na, ko te Atua, kei tona ringa nei tou manawa, nana nei ou ara katoa, kihai ia i whakakororiatia e koe.
၂၃ကောင်း​ကင်​ဘုံ​ရှင်​ကို​ဆန့်​ကျင်​ဘက်​ပြု​၍ ဗိ​မာန်​တော်​မှ​ရွှေ​ဖ​လား​များ​ကို​ရှေ့​တော် သို့​ယူ​စေ​တော်​မူ​ခဲ့​ပါ​၏။ အ​ရှင်​နှင့်​တ​ကွ အ​ရှင့်​မှူး​မတ်​များ၊ မိ​ဖု​ရား​များ၊ မောင်း မ​မိ​ဿံ​များ​သည်​ထို​ရွှေ​ဖ​လား​များ​တွင် စ​ပျစ်​ရည်​ကို​ထည့်​၍​သောက်​ပြီး​လျှင် မျက်​စိ မ​မြင်၊ နား​မ​ကြား၊ အ​ဘယ်​အ​ရာ​ကို​မျှ မ​သိ​သော​ရွှေ၊ ငွေ၊​ကြေး​ဝါ၊ သံ၊ သစ်​သား၊ ကျောက်​တို့​နှင့်​လုပ်​သော​ဘု​ရား​များ​ကို ထော​မ​နာ​ပြု​ကြ​ပေ​သည်။ သို့​ရာ​တွင် အ​ရှင်​သည်​မိ​မိ​၏​အ​သက်​ကို​လည်း​ကောင်း၊ မိ​မိ​ပြု​သော​အ​မှု​ကိစ္စ​မှန်​သ​မျှ​ကို လည်း​ကောင်း​စိုး​ပိုင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ကား​ချီး​မွမ်း​တော် မ​မူ​ပါ။-
24 Katahi ka unga atu te wahi o te ringa i tona aroaro; na kua oti tenei mea te tuhituhi.
၂၄သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​လက်​ကို စေ​လွှတ်​၍ ဤ​စာ​တန်း​ကို​ရေး​စေ​တော်​မူ ပါ​၏။
25 Na ko te mea tenei i tuhituhia, MENE, MENE, TEKERE, UPARAHINI.
၂၅``ရေး​ထား​သော​စာ​ကား`ရေ​တွက်၊ ရေ​တွက်၊ အ​လေး​ချိန်၊ ခွဲ​ဝေ' ဟူ​၍​ဖြစ်​သ​တည်း။-
26 Ko te tikanga tenei o te mea: MENE; kua oti tou kingitanga te tatau e te Atua, mutu pu i a ia.
၂၆ရေ​တွက်​ဟူ​သော​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် မှာ အ​ရှင့်​နိုင်​ငံ​သက်​တမ်း​ကို​ဘု​ရား​သ​ခင် ရေ​တွက်​၍ ဆုံး​ခန်း​တိုင်​ရောက်​စေ​တော်​မူ ပြီ​ဟူ​၍​ဖြစ်​ပါ​၏။-
27 TEKERE; kua oti koe te pauna ki te pauna, a kua kitea tou koha.
၂၇အ​လေး​ချိန်​ဟူ​သော​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် မှာ အ​ရှင့်​အား​ချိန်​ခွင်​တွင်​ချိန်​တွယ်​၍ အ​လေး ချိန်​လျော့​နည်း​နေ​ကြောင်း​တွေ့​ရှိ​တော်​မူ​ပြီ ဟူ​၍​ဖြစ်​ပါ​၏။-
28 PEREHE; kua oti tou kingitanga te wahi, kua hoatu ki nga Meri, ki nga Pahi.
၂၈ခွဲ​ဝေ​ဟူ​သော​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​မှာ အ​ရှင်​၏​နိုင်​ငံ​တော်​ကို​မေ​ဒိ​အ​မျိုး​သား များ​နှင့်​ပါ​ရှ​အ​မျိုး​သား​တို့​အား​ခွဲ​ဝေ ပေး​တော်​မူ​ပြီ​ဟူ​၍​ဖြစ်​ပါ​၏'' ဟု​လျှောက် ထား​၏။
29 Katahi a Perehatara ka whakahau a whakakakahuria ana a Raniera ki te mea ngangana, whakanohoia ana he mekameka koura ki tona kaki, karangarangatia ana ia ko ia te rangatira tuatoru o te kingitanga.
၂၉ထို​အ​ခါ​ချက်​ချင်း​ပင်​ဗေ​လ​ရှာ​ဇာ​မင်း သည် ဒံ​ယေ​လ​အား​တော်​ဝင်​ခ​ရမ်း​ရောင် ဝတ်​လုံ​ကို​ဝတ်​ဆင်​စေ​၍ လည်​ပင်း​၌​ဂုဏ် ထူး​ဆောင်​ရွှေ​စ​လွယ်​ကို​ဆွဲ​စေ​ပြီး​နောက် ဒံ​ယေ​လ​အား​နိုင်​ငံ​တော်​တွင်​တ​တိ​ယ တန်​ခိုး​အ​ကြီး​ဆုံး​ရာ​ထူး​တွင်​ခန့်​ထား တော်​မူ​၏။-
30 I taua po ano ka patua a Perehatara kingi o nga Karari.
၃၀ထို​ည​၌​ပင်​လျှင်​ဗာ​ဗု​လုန်​ပြည်​ဘု​ရင်၊ ဗေ​လ​ရှာ​ဇာ​သည်​လုပ်​ကြံ​ခြင်း​ကို​ခံ ရ​၍၊-
31 A riro ana te kingitanga i a Tariuha Meri: ko ona tau kei te ono tekau ma rua.
၃၁အ​သက်​ခြောက်​ဆယ့်​နှစ်​နှစ်​ရှိ​သော​မေ​ဒိ လူ​မျိုး​ဒါ​ရိ​မင်း​သည်​နိုင်​ငံ​ကို​သိမ်း​ယူ လေ​သည်။

< Raniera 5 >