< Raniera 11 >

1 Ko ahau, i tu ake ahau i te tau tuatahi o Tariuha Meri, ki te whakau, ki te whakakaha i a ia.
သူ​သည်​ငါ့​ကို​ကူ​ညီ​ကာ​ကွယ်​သူ​ဖြစ်​သည်။
2 Na, ka whakaatu ahau inaianei ki a koe i te pono. Nana, tera e ara ake ano etahi atu kingi e toru i Pahia; a, ko te tuawha, ka nui noa atu nga taonga i o te katoa. Na, kia kaha ia i ona taonga, ka whakaohokia e ia te katoa ki te whawhai ki te kin gitanga o Kariki.
သင့်​အား​ယ​ခု​ငါ​ပြော​ပြ​မည့်​အ​ရာ များ​သည်​အ​မှန်​ဖြစ်​ပျက်​မည်'' ဟု​ဆို​၏။ ကောင်း​ကင်​တ​မန်​က``ပါ​ရှ​နိုင်​ငံ​တွင်​နောက် ထပ်​ဘု​ရင်​သုံး​ပါး​ပေါ်​ထွန်း​လာ​လိမ့်​မည်။ ထို​နောက်​စ​တုတ္ထ​ဘု​ရင်​ပေါ်​ထွန်း​ကာ အ​ခြား ဘု​ရင်​များ​ထက်​ပို​၍​ချမ်း​သာ​ကြွယ်​ဝ​လိမ့် မည်။ သူ​သည်​မိ​မိ​တန်​ခိုး​အာ​ဏာ​အ​ကြီး မား​ဆုံး၊ အ​ချမ်း​သာ​ဆုံး​အ​ချိန်​သို့​ရောက် သော​အ​ခါ ဂ​ရိတ်​နိုင်​ငံ​အား​စစ်​မက်​ပြိုင် ဆိုင်​ရန်​ဖိတ်​ခေါ်​လိမ့်​မည်။
3 Na tera e tu ake tetahi kingi marohirohi, he nui tona kingitanga e kingi ai ia, a ka mahia e ia tana e pai ai.
``ထို​အ​ခါ​သူ​ရဲ​ကောင်း​အာ​ဇာ​နည်​မင်း တစ်​ပါး​ပေါ်​ထွန်း​လာ​လိမ့်​မည်။ သူ​သည် အင်​ပါ​ယာ​နိုင်​ငံ​ကြီး​ကို​အုပ်​စိုး​လျက် မိ​မိ​အ​လို​ဆန္ဒ​ရှိ​သည်​အ​တိုင်း​ပြု​လိမ့်​မည်။-
4 A, ina tu ake ia, ka pakaru tona kingitanga, ka wehewehea atu ki nga hau e wha o te rangi; kahore ia ki o muri i a ia, e kore ano e rite ki tona kingitanga i kingi ai ia; no te mea ka hutia atu tona kingitanga, mo etahi atu ano ia ehara nei i ene i.
သို့​ရာ​တွင်​သူ​၏​တန်​ခိုး​အာ​ဏာ​အ​ကြီး မား​ဆုံး​အ​ချိန်​သို့​ရောက်​သော​အ​ခါ အင် ပါ​ယာ​နိုင်​ငံ​သည်​လေး​စိတ်​ကွဲ​၍​သွား​လိမ့် မည်။ သူ​၏​အ​ဆက်​အ​နွယ်​မ​ဟုတ်​သူ​တို့​သည် ထို​နိုင်​ငံ​ကို​အုပ်​စိုး​ကြ​လိမ့်​မည်။ သို့​ရာ​တွင် သူ​တို့​သည်​ထို​ဘု​ရင်​လောက်​တန်​ခိုး​ကြီး ကြ​လိမ့်​မည်​မ​ဟုတ်။
5 Na ka kaha te kingi o te tonga, me tetahi o ana rangatira; ka neke ake ano tona kaha ki runga ake i to tera, a ka kingi; hei kingitanga nui tona kingitanga.
``အီ​ဂျစ်​ဘု​ရင်​သည်​တန်​ခိုး​ကြီး​မား​မည်​ဖြစ် သော်​လည်း သူ​၏​စစ်​သူ​ကြီး​တစ်​ဦး​က​သူ့​ထက် ပို​၍ တန်​ခိုး​ကြီး​၍​သူ​၏​နိုင်​ငံ​ထက်​ကြီး ကျယ်​သော​နိုင်​ငံ​ကို​အုပ်​စိုး​လိမ့်​မည်။-
6 Na i te mutunga o nga tau ka honoa raua, ka haere mai hoki te tamahine a te kingi o te tonga, ki te kingi o te raki ki te whakarite tikanga: otiia e kore e mau i taua wahine te kaha o tona ringa; e kore ano e tu te tane me tona ringa: heoi ka tuk ua atu te wahine, me te hunga nana ia i kawe mai, me te matua tane nana nei ia, me tona kaiwhakakaha i aua wa.
နှစ်​ပေါင်း​အ​တန်​ကြာ​သော​အ​ခါ​အီ​ဂျစ် ဘု​ရင်​၏​သ​မီး​တော်​ကို ဆီး​ရီး​ယား​ဘု​ရင် နှင့်​ထိမ်း​မြား​ဆောင်​နှင်း​ကာ မ​ဟာ​မိတ်​ဖွဲ့​လိမ့် မည်။ သို့​ရာ​တွင်​ထို​မ​ဟာ​မိတ်​ဖွဲ့​မှု​တည်​တံ့ ခိုင်​မြဲ​လိမ့်​မည်​မ​ဟုတ်။ မင်း​သ​မီး​နှင့်​နောက် လိုက်​နောက်​ပါ​အ​ခြွေ​အ​ရံ​များ​သည်​လည်း ကောင်း၊ သူ​၏​သား​ငယ်​နှင့်​သူ​၏​ကြင်​ရာ​တော် တို့​သည်​လည်း​ကောင်း​အ​သတ်​ခံ​ရ​ကြ​လိမ့် မည်။-
7 Otiia tera e tu ake tetahi i tona wahi, he manga no nga pakiaka o te wahine, a ka haere mai ki te taua, ka tomo ki te pa o te kingi o te raki, a ka mahi i roto i a ratou, ka kaha ano:
ထို​နောက်​များ​မ​ကြာ​မီ​မင်း​သ​မီး​နှင့်​ဆွေ မျိုး​တော်​စပ်​သူ​တစ်​ဦး​သည် အီ​ဂျစ်​ထီး​နန်း ကို​ရ​ရှိ​လိမ့်​မည်။ သူ​သည်​ဆီး​ရီး​ယား​ဘု​ရင် ၏​စစ်​သည်​ဗိုလ်​ခြေ​တို့​ကို​တိုက်​ခိုက်​လိမ့်​မည်။ သူ​တို့​၏​ခံ​တပ်​ကို​လည်း​ထိုး​ဖောက်​ဝင် ရောက်​ကာ​သူ​တို့​အား​နှိမ်​နင်း​လိမ့်​မည်။-
8 Ka whakaraua ano e ia o ratou atua, a ratou whakapakoko whakarewa, a ratou oko ano hoki e matenuitia ana, nga mea hiriwa, nga mea koura ka kawea ki Ihipa; a ka mutu tana whawhai ki te kingi o te raki mo etahi tau.
သူ​တို့​၏​ဘု​ရား​ရုပ်​တု​များ​နှင့်​ယင်း​တို့​အား ဆက်​ကပ်​ထား​သည့်​ရွှေ​ခွက်​ငွေ​ခွက်​ရှိ​သ​မျှ တို့​ကို​လည်း အီ​ဂျစ်​ပြည်​သို့​ယူ​ဆောင်​သွား လိမ့်​မည်။ ထို​နောက်​နှစ်​ပေါင်း​များ​စွာ​ငြိမ်း ချမ်း​ပြီး​မှ၊-
9 A ka haere ia ki te kingitanga o te kingi o te tonga, engari ka hoki ano ia ki tona ake whenua.
ဆီး​ရီး​ယား​ဘု​ရင်​သည်​အီ​ဂျစ်​ပြည်​သို့ ချင်း​နင်း​ဝင်​ရောက်​လာ​လိမ့်​မည်။ သို့​ရာ​တွင် သူ​သည်​ပြန်​လည်​ဆုတ်​ခွာ​ရ​လိမ့်​မည်။
10 Na ka whawhai ana tama, a ka huihuia e ratou he ope, he maha nga taua: na ka haere mai aua ope, kei te waipuke te rite, a puta rawa atu: a ka hoki ratou, ka whawhai, a tae tonu ki to tera pa.
၁၀``ဆီး​ရီး​ယား​ဘု​ရင်​၏​သား​တော်​တို့​သည် စစ်​တိုက်​ရန် ပြင်​ဆင်​ကြ​လျက်​တပ်​ကြီး​တစ် တပ်​ကို​စု​ရုံး​ကြ​လိမ့်​မည်။ သူ​တို့​အ​နက်​မှ မင်း​သား​တစ်​ပါး​သည်​မြစ်​လျှံ​ရေ​ကဲ့​သို့ ချီ​တက်​လာ​ကာ ရန်​သူ့​ခံ​တပ်​တစ်​ခု​ကို တိုက်​ခိုက်​လိမ့်​မည်။-
11 Na ka riri te kingi o te tonga, a ka puta mai, ka whawhai ki a ia, ara ki te kingi o te raki; a he nui te ope e ara i tenei, a ka hoatu te ope ki to tera ringa.
၁၁အီ​ဂျစ်​ဘု​ရင်​သည်​ဒေါ​သ​အ​မျက်​ထွက် သ​ဖြင့် ဆီး​ရီး​ယား​ဘု​ရင်​အား​စစ်​ဆင်​တိုက် ခိုက်​ပြီး​လျှင် သူ​၏​အင်​အား​ကြီး​မား​သော တပ်​မ​တော်​ကို​ဖမ်း​ဆီး​ရ​မိ​လိမ့်​မည်။-
12 A ka whakaarahia te ope, ka kake tona ngakau: a ka whakataka e ia nga mano tini, otiia e kore ia e whai kaha.
၁၂သူ​သည်​အောင်​ပွဲ​ကို​ရ​ရှိ​သ​ဖြင့်​လည်း​ကောင်း၊ စစ်​သည်​အ​မြောက်​အ​မြား​ကို​သတ်​ဖြတ်​နိုင် ခဲ့​သ​ဖြင့်​လည်း​ကောင်း ဂုဏ်​ယူ​ဝါ​ကြွား​လိမ့် မည်။ သို့​ရာ​တွင်​သူ​သည်​ဆက်​လက်​၍​အောင် ပွဲ​ခံ​ရ​လိမ့်​မည်​မ​ဟုတ်။
13 Na ka hoki mai te kingi o te raki, maha atu hoki i o mua te ope e ara i a ia; a, ka tae mai ia i te mutunga o etahi wa, ara o nga tau, he nui tana ope, he nui nga taonga.
၁၃``ဆီး​ရီး​ယား​ဘု​ရင်​သည်​ဆုတ်​ခွာ​သွား​ပြီး လျှင် ယ​ခင်​က​ထက်​ပို​မို​အင်​အား​ကြီး​မား သော​တပ်​ကြီး​တစ်​တပ်​ကို​စု​ရုံး​လိမ့်​မည်။ သူ သည်​အ​ချိန်​သင့်​သော​အ​ခါ​လက်​နက်​အ​ပြည့် အ​စုံ​တပ်​ဆင်​ထား​သည့်​တပ်​ကြီး​တစ်​တပ် နှင့်​ချီ​တက်​လာ​လိမ့်​မည်။-
14 I aua wa he tokomaha e whakatika ki te kingi o te tonga: ka whakakake ano nga tama tutu o tou iwi, kia tutuki ai te kite ra; otiia ka taka ratou.
၁၄ထို​အ​ခါ​အီ​ဂျစ်​ဘု​ရင်​ကို​ပုန်​ကန်​သူ​များ ကြ​လိမ့်​မည်။ အ​ချင်း​ဒံ​ယေ​လ၊ သင်​၏​အ​မျိုး သား​များ​အ​ထဲ​မှ​အ​ကြမ်း​ဖက်​သ​မား​အ​ချို့ တို့​သည် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ပြည့်​စုံ​စေ​အံ့​ငှာ​ပုန် ကန်​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သူ​တို့​သည်​အ​ရေး ရှုံး​နိမ့်​ကြ​လိမ့်​မည်။-
15 Heoi ka haere mai te kingi o te raki; ka haupuria ake ano he pukepuke e ia, a ka riro i a ia te pa he nui rawa nei te taiepa: e kore ano nga ringa o te tonga e u, e kore ano tana iwi i whiriwhiri ai, kahore he kaha e u ai.
၁၅သို့​ဖြစ်​၍​ဆီး​ရီး​ယား​ဘု​ရင်​သည် အီ​ဂျစ် ပြည်​ခံ​တပ်​မြို့​တစ်​မြို့​ကို​တိုက်​ခိုက်​သိမ်း​ယူ လိမ့်​မည်။ အီ​ဂျစ်​စစ်​သည်​တပ်​သား​တို့​သည် ဆက်​လက်​တိုက်​ခိုက်​ကြ​တော့​မည်​မ​ဟုတ်။ သူ တို့​အ​ထဲ​မှ​လက်​ရွေး​စင်​တပ်​သား​များ​၌ ပင်​ခံ​ရပ်​နိုင်​သော​ခွန်​အား​မ​ရှိ​ပေ။-
16 Otiia ko tenei ka haere mai nei ki a ia, ka mahia e ia tana e pai ai, e kore ano tetahi e tu ki tona aroaro: na ka tu ia ki te whenua ataahua, a kei tona ringa te whakangaromanga.
၁၆ချင်း​နင်း​ဝင်​ရောက်​လာ​သည့်​ဆီး​ရီး​ယား​ဘု​ရင် သည်​ခု​ခံ​မှု​ကို​မ​ခံ​ရ​ဘဲ ထို​သူ​တို့​အား​မိ​မိ အ​လို​ရှိ​သည်​အ​တိုင်း​ပြု​နိုင်​လိမ့်​မည်။ သူ​သည် က​တိ​ထား​တော်​မူ​သော​ပြည်​တော်​သို့​ဝင်​၍ မိ​မိ​၏​လက်​တွင်း​သို့​အ​ပြီး​တိုင်​ကျ​ရောက် စေ​လိမ့်​မည်။
17 Ka anga ano tona mata, ka mea kia haere mai ia i runga i te kaha o tona kingitanga katoa, me te hunga tika ano hei hoa mona; na ka mahi ia i tana e pai ai: ka homai ano e ia ki a ia te tamahine a nga wahine, hei takakino mana: otiia e kore tera e tu, e kore hoki e mahi mona.
၁၇``ဆီး​ရီး​ယား​ဘု​ရင်​သည်​မိ​မိ​၏​ကြီး​မား သော​စစ်​တပ်​တစ်​တပ်​လုံး​ဖြင့် စစ်​ချီ​ရန်​ကြံ စည်​လိမ့်​မည်။ ထို​နောက်​ရန်​သူ့​နိုင်ငံ​ပြို​ပျက် ရေး​အ​တွက် ရန်​သူ​နိုင်​ငံ​၏​မင်း​နှင့်​မ​ဟာ​မိတ် ဖွဲ့​ကာ​သူ့​အား​သ​မီး​တော်​ကို​ထိမ်း​မြား​ဆောင် နှင်း​ပေး​လိမ့်​မည်။ သို့​ရာ​တွင်​ဤ​အ​ကြံ​အ​စည် သည်​အောင်​မြင်​လိမ့်​မည်​မ​ဟုတ်။-
18 I muri i tenei ka tahuri tona mata ki nga motu, a he maha e riro i a ia: otiia ma tetahi rangatira e mea kia mutu te ingoa kino e tapaea ana e ia: ae ra, ka meinga e ia tana whakaingoa kino kia hoki ki a ia ano.
၁၈ထို​နောက်​သူ​သည်​ပင်​လယ်​အ​နီး​ရှိ​တိုင်း​နိုင်​ငံ တို့​ကို​တိုက်​ခိုက်​၍ များ​စွာ​သော​နိုင်​ငံ​တို့​ကို နှိမ်​နင်း​အောင်​မြင်​လိမ့်​မည်။ သို့​သော်​လည်း​တိုင်း တစ်​ပါး​မှ​စစ်​သူ​ကြီး​တစ်​ဦး​သည် သူ့​အား နှိမ်​နင်း​အောင်​မြင်​လိမ့်​မည်။ သူ​၏​မာန်​မာ​န ကို​လည်း​ချိုး​နှိမ်​လိုက်​လိမ့်​မည်။ ဆီး​ရီး​ယား ဘု​ရင်​အား​သူ​၏​မာန်​မာ​န​အ​တွက်​အ​ရှက် ကွဲ​စေ​လိမ့်​မည်။-
19 Katahi tona mata ka tahuri atu ki nga pa o tona whenua; otiia ka tutuki ona waewae, a ka hinga ia, kore ake e kitea.
၁၉မင်း​ကြီး​သည်​မိ​မိ​၏​နိုင်​ငံ​ရှိ​ခံ​တပ်​သို့​ပြန် သွား​လိမ့်​မည်။ သို့​ရာ​တွင်​သူ​သည်​အ​ရေး ရှုံး​နိမ့်​ကာ​ကွယ်​ပျောက်​သွား​လိမ့်​မည်။
20 Katahi ka tu ake i tona wahi tetahi mana e mea he kaitono takoha kia takahi i roto i te kororia o te kingitanga: otiia kia torutoru ake nga ra ka whakangaromia ai, kahore he riri, kahore hoki he whawhai.
၂၀``သူ​၏​နောက်​၌​ဘု​ရင်​တစ်​ပါး​ပေါ်​ထွန်း​လာ လိမ့်​မည်။ ထို​ဘု​ရင်​သည်​နိုင်​ငံ​တော်​ဘဏ္ဍာ​ကို တိုး​တက်​ရေး​အ​တွက် လူ​တို့​ထံ​မှ​အ​ခွန်​ကောက် ခံ​စေ​ရန်​အ​ရာ​ရှိ​တစ်​ဦး​ကို​စေ​လွှတ်​လိမ့်​မည်။ ထို​ဘုရင်​သည်​အ​လွန်​တို​တောင်း​သည့်​အ​ချိန် ကာ​လ​အ​တွင်း​၌​လုပ်​ကြံ​သတ်​ဖြတ်​ခြင်း ကို​ခံ​ရ​လိမ့်​မည်။ သို့​ရာ​တွင်​သူ​သည်​လူ မြင်​ကွင်း​၌​သော်​လည်း​ကောင်း၊ စစ်​ပွဲ​၌​သော် လည်း​ကောင်း​အ​သတ်​ခံ​ရ​ခြင်း​မ​ဟုတ်'' ဟု​ဆို​၏။
21 Ka whakatika ake ano ki runga ki tona wahi tetahi tangata e whakahaweatia ana, ehara nei te kororia o te rangatiratanga i te mea hoatu ki a ia: ka haere mai ia i te wa ata noho, a ka riro i a ia te kingitanga, na te patipati.
၂၁ဆက်​လက်​၍​ကောင်း​ကင်​တ​မန်​က``ထို​နောက် နန်း​တက်​သည့်​ဆီး​ရီး​ယား​ဘု​ရင်​သည်​မင်း ဖြစ်​ထိုက်​သူ​မ​ဟုတ်၊ ဆိုး​ညစ်​သူ​ဖြစ်​လိမ့် မည်။ သို့​ရာ​တွင်​သူ​သည်​အ​မှတ်​မ​ထင်​ပေါ် ထွန်း​လာ​လျက်​ပရိ​ယာယ်​အား​ဖြင့်​အာ​ဏာ သိမ်း​လိမ့်​မည်။-
22 A ka taupokina ratou e nga ringa o te waipuke i tona aroaro, mongamonga noa ratou; me te rangatira ano hoki o te kawenata.
၂၂သူ့​အား​ဆန့်​ကျင်​ဘက်​ပြု​သူ​သည်​ဘု​ရား​သ​ခင်​၏​ယဇ်​ပု​ရော​ဟိတ်​မင်း​ပင်​ဖြစ်​စေ​ကာ မူ ဖျက်​ဆီး​ချေ​မှုန်း​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။-
23 I muri ano i tana whakaaetanga korero ka mahi tinihanga ia: ka haere mai hoki ia, a ka kaha, he torutoru ano hoki ana tangata.
၂၃ထို​မင်း​သည်​က​တိ​စာ​ချုပ်​များ​ချုပ်​ဆို​၍ အ​ခြား​နိုင်​ငံ​တို့​ကို​လိမ်​လည်​လှည့်​စား​လိမ့် မည်။ သူ​သည်​သေး​ငယ်​သော​နိုင်​ငံ​ကို​အုပ်​စိုး ရ​သော်​လည်း တန်​ခိုး​ကြီး​မား​သည်​ထက် ကြီး​မား​၍​လာ​လိမ့်​မည်။-
24 Hei te wa ata noho ka tae mai ia ki nga wahi momona ra ano o te kawanatanga; ka mahia e ia nga mea kihai i mahia e ona matua, e nga matua o ona matua; ka titaria ano e ia nga mea parakete, nga mea pahua, nga taonga, ki roto ki a ratou: ae ra, ka whakaaroa ano e ia ona whakaaro mo nga pa, a kia taka ra ano tetahi taima.
၂၄သူ​သည်​ပေါ​ကြွယ်​ဝ​သော​ပြည်​နယ်​တစ်​ခု​ကို အ​မှတ်​မ​ထင်​ချင်း​နင်း​ဝင်​ရောက်​၍ မိ​မိ​၏​ဘိုး ဘေး​တို့​မ​ပြု​ခဲ့​ဘူး​သည့်​အ​မှု​တို့​ကို​ပြု​လိမ့် မည်။ ထို​နောက်​စစ်​ပွဲ​တွင်​သိမ်း​ဆည်း​ရ​ရှိ​သည့် ဥစ္စာ​ပစ္စည်း​များ​ကို မိ​မိ​၏​နောက်​လိုက်​များ​နှင့် ခွဲ​ဝေ​ယူ​လိမ့်​မည်။ သူ​သည်​ခံ​တပ်​မြို့​များ​ကို တိုက်​ခိုက်​ရန်​အကြံ​အစည်​များ​ပြု​လိမ့်​မည်။ သို့ ရာ​တွင်​သူ​၏​ခေတ်​သည်​မကြာ​မီ​ကုန်​ဆုံး​သွား လိမ့်​မည်။
25 Ka whakaohokia ano e ia tona kaha me tona maia ki te whawhai ki te kingi o te tonga, he nui te ope; ka oho ano hoki te kingi o te tonga, ka whawhai, he ope nui atu, he kaha atu; otiia e kore ia e tu: no te mea ka whakaaroa e ratou he whakaaro ki no mona.
၂၅``သူ​သည်​အီ​ဂျစ်​ဘု​ရင်​ကို​တိုက်​ခိုက်​ရန် စစ် တပ်​ကြီး​တစ်​တပ်​ကို​ရဲ​တင်း​စွာ​ဖွဲ့​စည်း​လိမ့် မည်။ အီ​ဂျစ်​ဘု​ရင်​သည်​လည်း​အ​လွန်​အင် အား​ကြီး​မား​သော​စစ်​သည်​ဗိုလ်​ခြေ​တို့​ဖြင့် သူ့​အား​ခု​ခံ​ရန်​ပြင်​ဆင်​လိမ့်​မည်။ သို့​ရာ တွင်​သူ​သည်​လိမ်​လည်​လှည့်​စား​မှု​ကို​ခံ​ရ ၍​အောင်​မြင်​လိမ့်​မည်​မ​ဟုတ်။-
26 Ina, ka pakaru ia i te hunga i kai i tana wahi kai, ko te taua hoki a tera kei te waipuke te rite: he tokomaha ano e hinga, mate rawa.
၂၆သူ​၏​အ​ရင်း​နှီး​ဆုံး​အ​ကြံ​ပေး​အ​ရာ​ရှိ များ​သည် သူ​၏​ပျက်​စီး​ရာ​ပျက်​စီး​ကြောင်း​ဖြစ် လိမ့်​မည်။ သူ​၏​စစ်​သည်​တပ်​သား​အ​မြောက် အ​မြား​တို့​သည် အ​သတ်​ခံ​ရ​လျက်​တပ်​မ တော်​တစ်​ခု​လုံး​ပင်​ချေ​မှုန်း​ခြင်း​ခံ​ရ​လိမ့် မည်။-
27 Na ko enei kingi tokorua, ko o raua ngakau ka mea mo te kino, a ka korero teka raua i te tepu kotahi; otiia kahore he painga; ka noho tonu mai hoki te mutunga, hei te wa i whakaritea.
၂၇ထို​နောက်​ဘု​ရင်​နှစ်​ပါး​သည်​စား​ပွဲ​တစ်​ခု တည်း​တွင်​ထိုင်​၍ ပွဲ​တော်​ခေါ်​ကြ​လိမ့်​မည်။ သို့ ရာ​တွင်​သူ​တို့​၏​ရည်​ရွယ်​ချက်​များ​သည်​ဆိုး ညစ်​သ​ဖြင့် တစ်​ဦး​ကို​တစ်​ဦး​လိမ်​လည်​ပြော ဆို​ကြ​လိမ့်​မည်။ သို့​သော်​အ​ချိန်​မ​တန်​သေး သ​ဖြင့် သူ​တို့​၏​လို​လား​ချက်​များ​ကို​ရ​ရှိ ကြ​လိမ့်​မည်​မ​ဟုတ်။-
28 Hei reira ia ka hoki ki tona whenua me nga taonga maha; a ko tona ngakau ka mea ki te takahi i te kawenata tapu; ka mahi ia i tana e pai ai, a ka hoki atu ki tona whenua.
၂၈ဆီး​ရီး​ယား​ဘု​ရင်​သည်​ဘု​ရား​သ​ခင်​၏ လူ​မျိုး​တော်​ကိုး​ကွယ်​သည့်​ဘာ​သာ​ကို ဖျက်​ဆီး​ရန်​သန္နိ​ဋ္ဌာန်​ပြု​ကာ စစ်​ပွဲ​တွင်​သိမ်း ဆည်း​ရ​ရှိ​ထား​သည့်​ဥစ္စာ​ပစ္စည်း​များ​ကို​ယူ ၍​ပြန်​လိမ့်​မည်။ သူ​သည်​မိ​မိ​၏​အ​လို​ဆန္ဒ ရှိ​သည်​အ​တိုင်း​ပြု​ပြီး​နောက်​မိ​မိ​၏​ပြည် သို့​ပြန်​လိမ့်​မည်။
29 I te wa i whakaritea ka hoki ia, a ka haere mai ki te tonga; otiia e kore e rite to muri nei ki to mua ra.
၂၉``ထို​နောက်​ကာ​လ​အ​တန်​ကြာ​သော​အ​ခါ သူ​သည်​အီ​ဂျစ်​ပြည်​သို့​ပြန်​လည်​ချဉ်း​နင်း ဝင်​ရောက်​လာ​လိမ့်​မည်။ သို့​ရာ​တွင်​ယ​ခု​တစ် ကြိမ်​၌​အ​ခြေ​အ​နေ​ပြောင်း​လဲ​သွား​လိမ့် မည်။-
30 No te mea ka rere mai nga kaipuke o Kitimi ki te whawhai ki a ia. Na ka pouri ia, a ka hoki, ka riri ki te kawenata tapu, a ka mahi ia i tana e pai ai; a ka tino hoki ia, ka whai whakaaro ki te hunga i whakarerea ai te kawenata tapu.
၃၀ရော​မ​အ​မျိုး​သား​တို့​သည်​သ​င်္ဘော​များ​ဖြင့် လာ​ရောက်​၍ သူ့​အား​ဆီး​တား​တိုက်​ခိုက်​ကြ မည်​ဖြစ်​သ​ဖြင့်​သူ​သည်​ကြောက်​လန့်​လိမ့်​မည်။ ``ထို​အ​ခါ​သူ​သည်​အ​မျက်​ပြင်း​စွာ​ထွက် လျက်​နောက်​သို့​ပြန်​၍​ဆုတ်​ပြီး​လျှင် ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​ကိုး​ကွယ်​သော​ဘာ​သာ ကို​ဖျက်​ဆီး​ရန်​ကြိုး​စား​လိမ့်​မည်။ ထို​ဘာ​သာ တော်​ကို​စွန့်​လွှတ်​ခဲ့​သူ​တို့​၏​အ​ကြံ​ပေး စ​ကား​များ​ကို​လည်း​နား​ထောင်​လိမ့်​မည်။-
31 Ka ara ano etahi ringa hei whakauru mona, a ka whakapokea te wahi tapu, ara te wahi kaha, ka whakakahoretia ano e ratou te patunga tapu, te mea tuturu, ka tu ano i a ratou te mea whakarihariha, te mea whakangaro.
၃၁သူ​၏​တပ်​သား​အ​ချို့​တို့​သည်​ဗိ​မာန်​တော်​ကို ညစ်​ညမ်း​စေ​ကြ​လိမ့်​မည်။ သူ​တို့​သည်​နေ့​စဉ် ပူ​ဇော်​ရာ​ယဇ်​တို့​ကို​ရပ်​စဲ​စေ​လျက်​ထိတ်​လန့် စက်​ဆုတ်​ဖွယ်​သော​အ​ရာ ကို​ဗိ​မာန်​တော်​လူ​မြင်​ကွင်း​တွင်​မြှောက်​တင် ထား​ကြ​လိမ့်​မည်။-
32 Na, ko te hunga e mahi kino ana ki te kawenata ka whakangaua ketia e ia, he mea whakapati nana: ko te hunga ia e mohio ana ki to ratou Atua, ka kaha ratou, ka mahi i nga mahi.
၃၂မိ​မိ​တို့​ကိုး​ကွယ်​သည့်​ဘာ​သာ​ကို​စွန့်​လွှတ် လိုက်​ကြ​သူ​တို့​အား ဆီး​ရီး​ယား​ဘု​ရင်​သည် ကောက်​ကျစ်​စဉ်း​လဲ​မှု​ဖြင့် မိ​မိ​၏​ဘက်​သို့​ပါ အောင်​ဆွဲ​ဆောင်​လိမ့်​မည်။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​အား​သစ္စာ​စောင့်​သော​သူ​တို့​က သူ့​အား ပြန်​လည်​တိုက်​ခိုက်​ကြ​လိမ့်​မည်။-
33 Na, ko te hunga whakaaro nui i roto i te iwi, he tokomaha a ratou e whakaako ai: otiia he maha nga ra e hinga ai ratou i te hoari, i te mura, i te whakarau, i te pahua.
၃၃ပြည်​သူ​တို့​၏​ခေါင်း​ဆောင်​ပညာ​ရှိ​တို့​သည် ပြည်​သူ​တို့​အား ရှေ့​ဆောင်​လမ်း​ပြ​ပေး​ကြ လိမ့်​မည်။ သို့​သော်​ကာ​လ​အ​တန်​ကြာ​မျှ​ထို သူ​တို့​အ​နက်​အ​ချို့​သော​သူ​တို့​သည် စစ်​ပွဲ တွင်​ကျ​ဆုံး​၍​အ​ချို့​မှာ​မီး​လောင်​တိုက် အ​သွင်း​ခံ​ကြ​ရ​လိမ့်​မည်။ အ​ချို့​သော​သူ တို့​သည်​လု​ယက်​ခြင်း​နှင့်​ဖမ်း​ဆီး​ချုပ်​နှောင် ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။-
34 A ka hinga ratou, ka awhinatia mai ratou, he iti ia te awhina: he tokomaha ia e piri ki a ratou, he mea whakapati.
၃၄ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​ဘက်​သို့​ဝင်​ရောက် လာ​သူ​တို့​မှာ​အ​များ​အား​ဖြင့် ကိုယ်​ကျိုး​ရှာ လို​သူ​များ​ပင်​ဖြစ်​သော်​လည်း​ကိုယ်​တော်​၏ လူ​မျိုး​တော်​သည် ထို​သူ​တို့​ထံ​မှ​အ​ထောက် အ​ကူ​အ​နည်း​ငယ်​ကို​ရ​ရှိ​ကြ​မည်။-
35 Ka hinga ano etahi o te hunga matau, he mea e tahia ai to ratou para, e pokekore ai, e ma ai ratou, a taea noatia te wa o te whakamutunga: no te mea ko taua mea mo te wa ra ano i whakaritea.
၃၅ခေါင်း​ဆောင်​ပ​ညာ​ရှိ​များ​အ​နက်​အ​ချို့​သူ တို့​သည်​အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။ သို့​ရာ​တွင် ယင်း​သို့​အ​သတ်​ခံ​ရ​ကြ​မှု​ကြောင့် လူ​တို့​၏ စိတ်​နှ​လုံး​သည်​ဖြူ​စင်​သန့်​ရှင်း​၍​လာ​လိမ့်​မည်။ ဤ​အ​မှု​အ​ရာ​များ​သည်​ဘု​ရား​သ​ခင်​ချိန်း ချက်​သတ်​မှတ်​တော်​မူ​သည့်​ကာ​လ​တိုင် အောင်​ဆက်​လက်​၍​ဖြစ်​လိမ့်​မည်။
36 Ka mahia ano e te kingi tana e pai ai; ka whakaneke ake ano i a ia, ka whakanui i a ia ki runga ake i nga atua katoa, he whakamaharo ano ana whakapehapeha mo te Atua o nga atua; ka kake ano ia, taea noatia te whakapotonga o te riri: ka mahia hok i te mea i whakaritea.
၃၆``ဆီး​ရီး​ယား​ဘု​ရင်​သည်​မိ​မိ​၏​စိတ်​ဆန္ဒ​ရှိ သည်​အ​တိုင်း​ပြု​လိမ့်​မည်။ မိ​မိ​သည်​ဘု​ရား အ​ပေါင်း​တို့​ထက်​ကြီး​မြတ်​သည်​ဟူ​၍​လည်း ကောင်း၊ အမြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​ထက် ပင်​ကြီး​မြတ်​သည်​ဟူ​၍​လည်း​ကောင်း ကြွား​ဝါ ပြော​ဆို​လိမ့်​မည်။ သူ​သည်​မိ​မိ​အား​ဘု​ရား​သ​ခင်​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ချိန်​တိုင်​အောင် ဤ​သို့​ကြွား​ဝါ​နိုင်​လိမ့်​မည်။ အ​ဘယ်​ကြောင့် ဆို​သော်​ဘု​ရား​သ​ခင်​သည်​မိ​မိ​အ​ကြံ အ​စည်​တော်​ရှိ​သည်​အ​တိုင်း​ပြု​တော်​မူ မည်​ဖြစ်​သော​ကြောင့်​တည်း။-
37 E kore ano ia e whai whakaaro ki nga atua o ona matua, e hiahia ranei ki te wahine, e kore ano e whai whakaaro ki tetahi atua: no te mea ko ia tana e whakanui ai ki runga ake i te katoa.
၃၇ထို​မင်း​သည်​မိ​မိ​၏​ဘိုး​ဘေး​တို့​ကိုး​ကွယ် သည့်​ဘု​ရား​ကို​လည်း​ကောင်း၊ အ​မျိုး​သ​မီး တို့​မြတ်​နိုး​သည့်​ဘု​ရား​ကို​လည်း​ကောင်း ပ​မာ​ဏ​ပြု​လိမ့်​မည်​မ​ဟုတ်။ မိ​မိ​ကိုယ်​ကို ဘု​ရား​အ​ပေါင်း​တို့​ထက်​ကြီး​မြတ်​သည်​ဟု ထင်​မှတ်​သ​ဖြင့် ထို​ဘု​ရား​တို့​ကို​ပစ်​ပယ် လိမ့်​မည်။-
38 Otiia i tona wahi ano ka whakahonoretia e ia te atua o nga wahi kaha; he atua kihai i mohiotia e ona matua tana e whakahonore ai ki te koura, ki te hiriwa, ki te kohatu utu nui, ki nga mea e matenuitia ana.
၃၈ထို​ဘု​ရား​များ​အ​စား​ခံ​တပ်​များ​ကို ကွယ် ကာ​စောင့်​ရှောက်​သည့်​ဘု​ရား​ကို​မြှောက်​စား လိမ့်​မည်။ မိ​မိ​၏​ဘိုး​ဘေး​တို့​အ​ဘယ်​အ​ခါ က​မျှ မ​ကိုး​ကွယ်​ခဲ့​သော​ဘု​ရား​အား​ရွှေ၊ ငွေ၊ ကျောက်​မျက်​ရ​တ​နာ​များ​နှင့်​အ​ခြား​အ​ဖိုး ထိုက်​သည့်​လက်​ဆောင်​ပဏ္ဏာ​ပူ​ဇော်​သကာ​များ ကို​ဆက်​သ​လိမ့်​မည်။-
39 Ko tana tenei e mea ai i nga wahi tino kaha, a ko tona hoa ko tetahi atua ke; ko te tangata e whakaae ana ki a ia ka whakanuia e ia ki te kororia: a ka meinga ratou e ia hei kawana mo nga tangata tokomaha, ka wehewehea ano hoki e ia te whenua mo tetahi utu.
၃၉မိ​မိ​၏​ခံ​တပ်​များ​အ​တွက်​အ​စောင့်​တပ်​သား များ​အ​ဖြစ်၊ နိုင်​ငံ​ခြား​ဘု​ရား​ကို​ကိုး​ကွယ် သူ​တို့​အား​အ​သုံး​ပြု​လိမ့်​မည်။ မိ​မိ​၏​စိုး​မိုး အုပ်​ချုပ်​မှု​ကို​လက်​ခံ​သော​သူ​တို့​အား ကြီး မြတ်​သော​ရာ​ထူး​များ​ဖြင့်​ချီး​မြှင့်​၍​မြေ ယာ​များ​ကို​ဆု​တော်​လာဘ်​တော်​အ​ဖြစ် ဖြင့်​ပေး​အပ်​လိမ့်​မည်။''
40 A i nga wa o te mutunga ka whawhai te kingi o te tonga ki a ia: a ka kokiri mai te kingi o te raki ano he paroro te rite, me nga hariata, me nga kaieke hoiho, me nga kaipuke maha; a ka tomo ia ki nga whenua, ka paaha me te waipuke, a tika tonu a tu.
၄၀``ဆီး​ရီး​ယား​ဘု​ရင်​၏​နန်း​သက်​ကုန်​ဆုံး ချိန်​နီး​သော​အ​ခါ အီ​ဂျစ်​ဘု​ရင်​သည်​ထို မင်း​ကို​စစ်​ချီ​တိုက်​ခိုက်​လိမ့်​မည်။ ဆီး​ရီး ယား​ဘု​ရင်​က​လည်း​မြင်း​စီး​သူ​ရဲ​များ နှင့် သင်္ဘော​အ​မြောက်​အ​မြား​ကို​အ​သုံး ပြု​ကာ​အ​စွမ်း​ကုန်​ပြန်​လည်​တိုက်​ခိုက် လိမ့်​မည်။ သူ​သည်​မြစ်​လျှံ​ရေ​သ​ဖွယ်​နိုင်​ငံ များ​စွာ​ကို​ချဉ်း​နင်း​ဝင်​ရောက်​လိမ့်​မည်။-
41 Ka tae ano ia ki te whenua ataahua, a he maha nga whenua e hinga: ko enei ia e mawhiti i roto i tona ringa, ko Eroma, ko Moapa, ko nga upoko o nga tama a Amona.
၄၁က​တိ​ထား​တော်​မူ​သော​ပြည်​ကို​ပင်​ချဉ်း နင်း​ဝင်​ရောက်​ကာ ထောင်​ပေါင်း​များ​စွာ​သော လူ​တို့​ကို​သတ်​ဖြတ်​လိမ့်​မည်။ သို့​ရာ​တွင် ဧ​ဒုံ​ပြည်၊ မော​ဘ​ပြည်၊ အမ္မုန်​ပြည်​တို့ သည်​ဘေး​မှ​လွတ်​မြောက်​ကြ​လိမ့်​မည်။-
42 Ka totoro ano tona ringa ki nga whenua: e kore ano te whenua o Ihipa e mawhiti.
၄၂ထို​မင်း​သည်​အ​ပြည်​ပြည်​သို့​ဝင်​ရောက် တိုက်​ခိုက်​သော​အ​ခါ အီ​ဂျစ်​ပြည်​ပင်​လျှင် ချမ်း​သာ​ရာ​ရ​လိမ့်​မည်​မ​ဟုတ်။-
43 Otiia ka noho ko ia hei rangatira mo nga taonga, ara mo te koura, mo te hiriwa, mo nga mea katoa o Ihipa e matenuitia ana; a ka whai nga Rupimi me nga Etiopiana i ona takahanga.
၄၃သူ​သည်​အီ​ဂျစ်​ပြည်​တွင်​လျှို့​ဝှက်​ထား သည့်​ရွှေ​ငွေ​ဘဏ္ဍာ​များ​နှင့် အ​ခြား​အ​ဖိုး ထိုက်​သည့်​ပစ္စည်း​ဥစ္စာ​များ​ကို​သိမ်း​ယူ​သွား လိမ့်​မည်။ လစ်​ဗျား​နှင့်​ဆူ​ဒန်​နိုင်​ငံ​တို့​ကို လည်း​နှိမ်​နင်း​အောင်​မြင်​လိမ့်​မည်။-
44 Otiia ka raruraru ia i nga korero i te rawhiti, i te raki; na he nui te riri e puta mai ai ia, a he tokomaha ana e whakangaro ai, e huna ai.
၄၄ထို​နောက်​သူ​သည်​အ​ရှေ့​မျက်​နှာ​အ​ရပ် နှင့်​မြောက်​မျက်​နှာ​အ​ရပ်​တို့​မှ​ရောက်​ရှိ လာ​သော​သတင်း​များ​ကြောင့် ထိတ်​လန့်​၍ ပြင်း​ထန်​စွာ​တိုက်​ခိုက်​သ​ဖြင့်​လူ​အ​မြောက် အ​မြား​ကို​ဆုံး​ပါး​စေ​လိမ့်​မည်။-
45 A ka whakaturia e ia nga teneti o tona whare kingi, ki waenganui o te moana, o te maunga tapu ataahua; otiia ka tae ia ki tona mutunga, kahore hoki he awhina mona.
၄၅သူ​သည်​ဗိ​မာန်​တော်​တည်​ရာ​တောင်​တော်​နှင့် ပင်​လယ်​စပ်​ကြား​တွင် မိ​မိ​အ​တွက်​တဲ​တော် ကြီး​များ​ကို​ပင်​တည်​ဆောက်​လိမ့်​မည်။ သို့ ရာ​တွင်​မိ​မိ​အား​မ​စ​ကူ​ညီ​မည့်​သူ​မ​ရှိ ဘဲ​ထို​အ​ရပ်​တွင်​သေ​ဆုံး​လိမ့်​မည်။''

< Raniera 11 >