< 2 Hamuera 9 >
1 Na ka mea a Rawiri, Kahore ranei he morehu inaianei o te whare o Haora, kia puta ai toku aroha ki a ia, he mea hoki naku ki a Honatana?
၁ဒါဝိဒ်က``ရှောလု၏မိသားစုထဲမှကျန်ကြွင်း သူတစ်စုံတစ်ယောက်ရှိပါသေးသလော။ ရှိခဲ့ လျှင်ငါသည်ယောနသန်၏မျက်နှာကိုထောက် သောအားဖြင့်သူ့အားကျေးဇူးပြုလိုသည်'' ဟုမိန့်တော်မူ၏။
2 Na he pononga tera no te whare o Haora, ko tona ingoa ko Tipa: na ka karangatia ia ki a Rawiri, a ka mea te kingi ki a ia, Ko Tipa koe? Ka mea tera, Tenei tau pononga.
၂ထိုအခါလူတို့သည်ဇိဘနာမည်ရှိသော လူတစ်ယောက်ကိုအထံတော်သို့သွင်းကြ၏။ ထိုသူကားရှောလုမိသားစု၏အစေခံ တစ်ဦးဖြစ်၏။ မင်းကြီးကသူ့အား``သင် သည်ဇိဘလော'' ဟုမေးတော်မူလျှင်၊ ``မှန်လှပါအရှင်'' ဟုဇိဘကလျှောက် ထား၏။
3 Na ka mea te kingi, Kahore ianei tetahi o te whare o Haora, kia whakaputaina ai e ahau to te Atua aroha ki a ia? Na ka mea a Tipa ki te kingi, Tenei ano tetahi tama a Honatana, he kopa nga waewae.
၃မင်းကြီးက``ငါသည်ထာဝရဘုရားအလို တော်အတိုင်း ကျေးဇူးသစ္စာစောင့်သူဖြစ်ကြောင်း ပြသနိုင်ရန် ရှောလုမိသားစုမှကျန်ကြွင်းနေ သူတစ်စုံတစ်ယောက်ရှိပါသေးသလော'' ဟု မေးတော်မူလျှင်၊ ဇိဘက``ယောနသန်၏သားတစ်ယောက်ကျန် ရှိနေပါသေးသည်။ သူသည်ခြေဆွံ့၍နေပါ သည်'' ဟုလျှောက်၏။
4 Na ka mea te kingi ki a ia, Kei hea? Ka mea a Tipa ki te kingi, Na, kei te whare o Makiri, tama a Amiere, kei Rotepara.
၄မင်းကြီးက``သူသည်အဘယ်မှာရှိသနည်း'' ဟုမေးလျှင်၊ ဇိဘက``လောဒေဗာရွာ၊ အမျေလ၏သား မာခိရ၏အိမ်တွင်ရှိပါသည်'' ဟုလျှောက် ၏။-
5 Katahi a Kingi Rawiri ka unga tangata ki te tiki i a ia i te whare o Makiri, tama a Amiere, i Rotepara.
၅သို့ဖြစ်၍ဒါဝိဒ်မင်းသည်ယောနသန်၏ သားကိုအခေါ်ခိုင်းတော်မူ၏။
6 A ka tae mai a Mepipohete tama a Honatana tama a Haora ki a Rawiri, ka tapapa, ka piko. Na ka mea a Rawiri, E Mepipohete. Ano ra ko tera, Tenei tau pononga.
၆ရှောလု၏မြေးယောနသန်၏သားမေဖိဗော ရှက်သည်ရောက်ရှိလာသောအခါ ဒါဝိဒ်၏ ရှေ့တွင်ရိုသေစွာပျပ်ဝပ်လျက်နေ၏။ ဒါဝိဒ် က``မေဖိဗောရှက်'' ဟုခေါ်လျှင်မေဖိဗော ရှက်က``ကိုယ်တော့်ကျွန်ရှိပါသည်'' ဟုထူး လေ၏။
7 Na ka mea a Rawiri ki a ia, Kaua e wehi; ka puta hoki toku aroha ki a koe, he whakaaro hoki ki a Honatana ki tou papa, me whakahoki ano e ahau ki a koe te mara katoa a Haora, a tou papa; me kai taro tonu ano koe ki taku tepu.
၇ဒါဝိဒ်ကလည်း``မကြောက်နှင့်ငါသည်သင်၏ ဖခင်ယောနသန်၏မျက်နှာကိုထောက်၍သင့် အားကျေးဇူးပြုမည်။ သင်၏အဖိုးရှောလု ပိုင်ဆိုင်ခဲ့သည့်မြေယာမှန်သမျှကိုသင့် အားပြန်၍ပေးမည်။ သင့်အားငါ့စားပွဲ တွင်နေ့စဉ်စားသောက်ခွင့်ကိုငါပေးမည်'' ဟုမိန့်တော်မူ၏။
8 Na ka piko iho ia, ka mea, He aha tau pononga, i titiro mai ai koe ki tenei kuri mate, i ahau nei?
၈မေဖိဗောရှက်သည်တစ်ဖန်ဦးချပြီး လျှင်``အရှင်ခွေးသေကောင်သဖွယ်ဖြစ်သူ ကျွန်တော်မျိုးအားအရှင်သည် အဘယ် ကြောင့်ဤသို့ကျေးဇူးပြုတော်မူပါ သနည်း'' ဟုလျှောက်၏။
9 Katahi ka karanga te kingi ki a Tipa, ki te tangata a Haora, ka mea ki a ia, Ko nga mea katoa a Haora i mua, a tona whare katoa hoki, kua hoatu e ahau ki te tama a tou ariki.
၉ထိုအခါမင်းကြီးသည်ရှောလု၏အစေခံ ဇိဘကိုခေါ်ယူ၍``ငါသည်သင့်သခင်၏ မြေးမေဖိဗောရှက်အား ရှောလုမိသားစု ပိုင်ဆိုင်သမျှသောမြေယာတို့ကိုပေးမည်။-
10 Ko koe hoki hei kaimahi mana i te oneone, koutou ko au tama, ko au pononga, ka kohi ai i nga hua; a ka whai taro te tama a tou ariki hei kai mana: ko Mepipohete ia ko te tama a tou ariki, me kai taro tonu ia ki taku tepu. Na, kotahi tekau ma rim a nga tama a Tipa, e rua tekau nga pononga.
၁၀သင်နှင့်တကွသင်၏သားသင်၏အစေခံတို့ သည် သင့်သခင်ရှောလု၏အိမ်ထောင်စုအတွက် ထိုမြေယာများကိုထွန်ယက်စိုက်ပျိုး၍ အသီး အနှံများကိုယူဆောင်ကာသူတို့အဖို့ရိက္ခာ အဖြစ်ဖြင့်ပေးသွင်းရမည်။ သို့ရာတွင်မေဖိ ဗောရှက်မူကားငါ၏စားပွဲတွင်ငါနှင့်အတူ စားသောက်ရမည်'' ဟုမိန့်တော်မူ၏။ (ဇိဘ တွင်သားတစ်ဆယ့်ငါးယောက်နှင့်အစေခံ နှစ်ဆယ်ရှိသတည်း။)
11 Katahi ka mea a Tipa ki te kingi, Ka rite ta tau pononga e mea ai ki nga mea katoa i whakahaua mai e toku ariki, e te kingi, ki tana pononga. Ko Mepipohete ia e ai ta te kingi me kai ki taku tepu; ka rite ki tetahi o nga tama a te kingi.
၁၁ဇိဘက``အရှင်မင်းကြီးမိန့်တော်မူသမျှ အတိုင်း ကျွန်တော်မျိုးနာခံပါမည်'' ဟု လျှောက်၏။ သို့ဖြစ်၍မေဖိဗောရှက်သည်ဘုရင်၏သား တော်တစ်ပါးကဲ့သို့ စားပွဲတော်၌စားသောက် ရလေ၏။-
12 Na he tama ta Mepipohete he mea nohinohi, ko tona ingoa ko Mika: he pononga ano na Mepipohete te hunga katoa e noho ana i te whare o Tipa.
၁၂မေဖိဗောရှက်မှာမိက္ခာနာမည်တွင်သောသား ငယ်တစ်ယောက်ရှိ၏။ ဇိဘ၏အိမ်သူအိမ်သား အပေါင်းတို့သည်လည်း မေဖိဗောရှက်၏ အစေခံများဖြစ်လာကြ၏။-
13 Heoi noho ana a Mepipohete ki Hiruharama: i kai tonu hoki ia ki te tepu a te kingi; he kopa ano ona waewae e rua.
၁၃ထို့ကြောင့်ခြေနှစ်ဘက်စလုံးဆွံ့သောမေဖိ ဗောရှက်သည် ယေရုရှလင်မြို့၌နေထိုင်လျက် ဘုရင့်စားပွဲတော်တွင်စားသောက်ခွင့်ကိုရ လေသည်။