< 2 Hamuera 17 >

1 I mea ano a Ahitopere ki a Apoharama, Tena kia whiriwhiria etahi tangata e ahau, kia kotahi tekau ma rua mano, kia whakatika ahau ki te whai i a Rawiri i te po nei.
အ​ဟိ​သော​ဖေ​လ​က``အ​ကျွန်ုပ်​သည်​လူ တစ်​သောင်း​နှစ်​ထောင်​ရွေး​ချယ်​၍ ဒါ​ဝိဒ် နောက်​သို့​ယ​နေ့​ညဥ့်​ပင်​လိုက်​ပါ​ရ​စေ။-
2 A ka huakina ia e ahau i a ia e ngenge ana, i nga ringa e kahakore ana; na ka whakaoho ahau i a ia, a ka rere tona nuinga katoa, ko reira ahau patu ai i te kingi, i a ia anake;
မော​ပန်း​စိတ်​ပျက်​နေ​ချိန်​၌​သူ့​အား​အ​ကျွန်ုပ် ဝင်​ရောက်​တိုက်​ခိုက်​ပါ​မည်။ ထို​အ​ခါ​သူ​သည် ကြောက်​လန့်​သွား​မည်​ဖြစ်​၍ သူ​၏​လူ​တို့​သည် လည်း​ထွက်​ပြေး​ကြ​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​သည် ဘု​ရင်​တစ်​ပါး​တည်း​ကို​သာ​သတ်​ပြီး​လျှင်၊-
3 A ka whakahokia mai e ahau te iwi katoa ki a koe: ko te hokinga mai tenei o te katoa, ki te mau te tangata e whaia nei e koe, penei ka ata noho te iwi katoa.
မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​သည်​မိ​မိ​၏ ခင်​ပွန်း​ထံ​သို့​ပြန်​လာ​သ​ကဲ့​သို့ သူ​၏​လူ အ​ပေါင်း​ကို​အ​ရှင့်​ထံ​သို့​ပြန်​လာ​စေ​ပါ မည်။ အ​ရှင်​သေ​စေ​လို​သူ​မှာ​တစ်​ယောက် တည်း​ဖြစ်​ပါ​၏။ အ​ခြား​လူ​အ​ပေါင်း​တို့ သည်​ဘေး​ဥ​ပဒ်​ရောက်​ရ​ကြ​လိမ့်​မည် မ​ဟုတ်​ပါ'' ဟု​အ​ဗ​ရှ​လုံ​အား​လျှောက် ထား​၏။-
4 Na tika tonu taua kupu ki te whakaaro o Apoharama, ki te whakaaro hoki o nga kaumatua katoa o Iharaira.
ဤ​အ​ကြံ​ကို​အ​ဗ​ရှ​လုံ​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​ခေါင်း​ဆောင်​များ​က​နှစ်​သက် ကြ​၏။
5 Na ka mea a Apoharama, Tena, karangatia ano hoki a Huhai Araki, kia rongo ai tatou ki tana kupu.
အ​ဗ​ရှ​လုံ​က``ယ​ခု​ဟု​ရှဲ​ကို​ခေါ်​ခဲ့​ကြ။ သူ ၏​အ​ကြံ​ကို​လည်း​နား​ထောင်​ကြ​စို့'' ဟု ဆို​၏။-
6 A, no te taenga o Huhai ki a Apoharama, ka korero a Apoharama ki a ia, ka mea, Ko te kupu tenei i korero ai a Ahitopere: me mea ranei e tatou tana i korero ai? ki te kahore, korero mai?
ဟု​ရှဲ​ရောက်​လာ​သော​အ​ခါ​အ​ဗ​ရှ​လုံ က``အ​ဟိ​သော​ဖေ​လ​ပေး​သော​အ​ကြံ​မှာ ဤ​သို့​ဖြစ်​၏။ ထို​အ​ကြံ​အ​တိုင်း​ငါ​တို့ လိုက်​သင့်​ပါ​သ​လော။ မ​လိုက်​သင့်​ပါ​မူ​ငါ တို့​အ​ဘယ်​သို့​ပြု​ရ​မည်​ကို​ပြော​ပါ လော့'' ဟု​ဆို​၏။
7 Na ka mea a Huhai ki a Apoharama, ko te whakaaro i whakaaro ai a Ahitopere i tenei wa nei, kahore i pai.
ဟု​ရှဲ​က``ယ​ခု​တစ်​ကြိမ်​အ​ရှင့်​အား အ​ဟိ သော​ဖေ​လ​ပေး​သည့်​အ​ကြံ​မှာ​မ​သင့် လျော်​ပါ။-
8 I mea hoki a Huhai, E mohio ana koe ki tou papa, ratou ko ana tangata, he toa ratou, e mamae ana hoki o ratou ngakau, e rite tonu ana ki te pea kua tangohia nei ana kuao i te parae; he tangata whawhai hoki tou papa; e kore e moe i roto i nga tang ata.
အ​ရှင်​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​နှင့်​သူ​၏​လူ​တို့ သည်​စစ်​ရည်​ဝ​သူ​များ​ဖြစ်​သည်​ကို​လည်း ကောင်း၊ သူ​တို့​သည်​သား​ငယ်​ပျောက်​သည့်​ဝက် ဝံ​မ​ကဲ့​သို့ ကြောက်​မက်​ဖွယ်​ကောင်း​သည်​ကို လည်း​ကောင်း​အ​ရှင်​သိ​တော်​မူ​ပါ​၏။ အ​ရှင့် ခ​မည်း​တော်​သည်​အ​တွေ့​အ​ကြုံ​များ​သည့် စစ်​သည်​တော်​တစ်​ဦး​ဖြစ်​သ​ဖြင့် ညဥ့်​အ​ခါ မိ​မိ​၏​လူ​တို့​နှင့်​အ​တူ​အိပ်​စက်​တော်​မ​မူ တတ်​ပါ။-
9 Nana, kei te piri tera i roto i tetahi rua, i tetahi atu wahi ranei; na, akauanei, hei te hinganga o etahi o ratou i te timatanga, a ka rongo tetahi, ka ki ia, Kua pa te patu ki te hunga e whai ana i a Apoharama.
ယ​ခု​ပင်​လျှင်​သူ​သည်​ဂူ​တစ်​ခု​ခု​၌​ဖြစ် စေ၊ အ​ခြား​တစ်​နေ​ရာ​ရာ​၌​ဖြစ်​စေ​ပုန်း အောင်း​လျက်​နေ​ပါ​လိမ့်​မည်။ ဒါ​ဝိဒ်​က စ​တင်​တိုက်​ခိုက်​သည်​နှင့်​တစ်​ပြိုင်​နက် အ​ရှင်​၏​လူ​အ​ချို့​တို့​ကျ​ဆုံး​ကြ​ပါ လိမ့်​မည်။ ထို​သ​တင်း​ကို​ကြား​သော​သူ တို့​က အ​ရှင်​၏​လူ​တို့​အ​ရေး​ရှုံး​နိမ့်​ကြ ပြီ​ဟု​ပြော​ဆို​ကြ​ပါ​လိမ့်​မည်။-
10 Ahakoa ko wai tetahi toa, i rite tona ngakau ki to te raiona, ka ngohe noa iho: e mohio ana hoki a Iharaira katoa he marohirohi tou papa, he toa hoki ana tangata.
၁၀ထို​အ​ခါ​ခြင်္သေ့​ကဲ့​သို့​ကြောက်​စိတ်​ကင်း​၍ ရဲ​စွမ်း​သတ္တိ​အ​ရှိ​ဆုံး​သော​သူ​များ​ပင်​လျှင် ထိတ်​လန့်​သွား​ကြ​ပါ​လိမ့်​မည်။ အ​ဘယ်​ကြောင့် ဆို​သော်​အ​ရှင့်​ခ​မည်း​တော်​သည်​သူ​ရဲ​ကောင်း ကြီး​တစ်​ယောက်​ဖြစ်​၍ သူ​၏​စစ်​သည်​တော် တို့​သည်​လည်း​စစ်​ရည်​ဝ​သူ​များ​ဖြစ်​သည် ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တစ်​ရပ်​လုံး​သိ ကြ​သော​ကြောင့်​ဖြစ်​ပါ​၏။-
11 Koia ahau ka mea ai, Me ata kohikohi ki a koe a Iharaira katoa, o Rana a tae noa ki Peerehepa; kia rite ki te onepu i te moana te tini; me haere ano hoki koe, a koe na ano, ki te tatauranga.
၁၁အ​ရှင့်​အား​အ​ကျွန်ုပ်​အ​ကြံ​ပေး​လို​သည်​မှာ သ​မုဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ​များ​ပြား​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​ကို​နိုင်​ငံ တစ်​စွန်း​မှ​တစ်​စွန်း​တိုင်​ခေါ်​ယူ​စေ​ရန်​ဖြစ် ပါ​၏။ ထို​နောက်​သူ​တို့​အား​အ​ရှင်​ကိုယ်​တိုင် ခေါင်း​ဆောင်​၍​စစ်​ပွဲ​သို့​ဝင်​တော်​မူ​ပါ။-
12 Na ka whakaekea ia e tatou ki tetahi wahi e kitea ai ia; a ka tau iho ki runga ki a ia, ka pera ano me te tomairangi e tau ana ki runga ki te oneone: a ko ia me ana tangata katoa, e kore e mahu tetai i a tatou ahakoa kia kotahi nei.
၁၂ဒါ​ဝိဒ်​ရှိ​ရာ​အ​ရပ်​ကို​မ​တွေ့​တွေ့​အောင် ရှာ​၍ အ​ကျွန်ုပ်​တို့​သည်​သူ့​အား​ရုတ်​တ​ရက် အ​မှတ်​မ​ထင်​ဝင်​ရောက်​တိုက်​ခိုက်​ကြ​ပါ မည်။ သူ​မှ​စ​၍​သူ​၏​လူ​တစ်​စုံ​တစ်​ယောက် မျှ​မ​သေ​ဘဲ​ကျန်​ရစ်​လိမ့်​မည်​မ​ဟုတ်​ပါ။-
13 A ki te tomo ia ki tetahi pa, na, ka mau taura atu a Iharaira katoa ki taua pa, ka toia taua pa e tatou ki roto ki te awa, kia kore ra ano e kitea tetahi kohatu, ahakoa ririki, ki reira.
၁၃အ​ကယ်​၍​သူ​သည်​မြို့​တစ်​မြို့​အ​တွင်း သို့​ဆုတ်​ခွာ​သွား​လျှင် အ​ကျွန်ုပ်​တို့​၏​လူ များ​သည်​ကြိုး​များ​ကို​ယူ​ဆောင်​ကာ​တောင် ကုန်း​ပေါ်​တွင်​ကျောက်​တစ်​လုံး​မျှ​မ​ကျန်​ဘဲ ထို​မြို့​ကို​ချိုင့်​ဝှမ်း​အောက်​သို့​ဆွဲ​ချ​ကြ ပါ​မည်'' ဟု​လျှောက်​၏။
14 Na ka mea a Apoharama ratou ko nga tangata katoa o Iharaira, Pai atu te whakaaro o Huhai Araki i te whakaaro o Ahitopere. Na Ihowa hoki te tikanga kia whakataka te whakaaro pai o Ahitopere, kia kawea ai he kino e Ihowa ki runga ki a Apoharama.
၁၄အ​ဗ​ရှ​လုံ​နှင့်​ဣသ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​က``ဟု​ရှဲ​၏​အ​ကြံ​သည်​အ​ဟိ သော​ဖေ​လ​၏​အ​ကြံ​ထက်​ကောင်း​၏'' ဟု ဆို​ကြ​၏။ အ​ဗ​ရှ​လုံ​၌​ဘေး​ရောက်​စေ​ခြင်း ငှာ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဟိ​သော​ဖေ​လ ပေး​သော​အ​ကြံ​ကောင်း​ကို​ပျက်​စေ​ရန် စီ​ရင်​တော်​မူ​သ​တည်း။
15 Katahi a Huhai ka mea ki nga tohunga, ki a Haroko raua ko Apiatara, Ko nga whakaaro tenei o Ahitopere ki a Apoharama ratou ko nga kaumatua o Iharaira; ko oku whakaaro hoki enei i whakatakoto atu nei.
၁၅ထို​နောက်​ဟု​ရှဲ​သည်​ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ် နှင့်​အ​ဗျာ​သာ​တို့​အား မိ​မိ​သည်​အ​ဗ​ရှ​လုံ နှင့်​ဣ​သ​ရေ​လ​ခေါင်း​ဆောင်​များ​ကို​အ​ဘယ် သို့​အ​ကြံ​ပေး​၍​အ​ဟိ​သော​ဖေ​လ​က မည်​သို့​အ​ကြံ​ပေး​သည်​ကို​ပြော​ပြ​၏။-
16 Na kia hohoro te tono tangata ki te whakaatu ki a Rawiri. Mea atu, Kaua e moe i tenei po ki nga kauanga i te koraha; engari kia hohoro te whiti atu, kei horomia ake te kingi me tona nuinga katoa.
၁၆ထို​နောက်​ဟု​ရှဲ​က``လူ​တစ်​ယောက်​ကို​စေ လွှတ်​၍​ဒါ​ဝိဒ်​မင်း​အား`တော​ကန္တာ​ရ​ကူး​တို့ ဆိပ်​တွင်​ညဥ့်​အိပ်​တော်​မ​မူ​ပါ​နှင့်။ ယော်​ဒန် မြစ်​တစ်​ဘက်​ကမ်း​သို့​ချက်​ချင်း​ကူး​တော် မူ​ပါ။ သို့​မှ​သာ​လျှင်​အ​ရှင်​နှင့်​အ​ရှင့်​လူ တို့​သည်​သေ​ဘေး​မှ​လွတ်​မြောက်​ကြ​ပါ လိမ့်​မည်' ဟု​လျှောက်​ထား​စေ​လော့'' ဟု​မှာ ကြား​လေ​သည်။
17 Na i Enerokere a Honatana raua ko Ahimaata e tatari ana; kihai hoki i ahei kia kitea e haere mai ana ki te pa: na ka haere tetahi pononga wahine, ka whakaatu ki a raua, a haere ana raua ki te whakaatu ki a Kingi Rawiri.
၁၇ဇာ​ဒုတ်​၏​သား​ယော​န​သန်​နှင့်​အ​ဗျာ​သာ ၏​သား​အ​ဟိ​မတ်​တို့​သည်​လူ​မြင်​မည်​စိုး ၍ မြို့​ထဲ​မ​ဝင်​ဝံ့​ဘဲ​အင်္ရော​ဂေ​လ​ရွာ​တွင် စောင့်​နေ​ကြ​၏။ ဒါ​ဝိဒ်​ထံ​သို့​သူ​တို့​ယူ ဆောင်​ရန်​သ​တင်း​ကို​အ​စေ​ခံ​မ​က​လေး တစ်​ယောက်​က​လာ​ရောက်​ပေး​ပို့​သည့်​အ​တိုင်း သူ​တို့​သည်​ဒါ​ဝိဒ်​ထံ​သို့​သွား​၍​လျှောက် ကြ​၏။-
18 Otiia i kitea raua e tetahi taitamariki, a korerotia atu ana e ia ki a Apoharama: heoi hohoro tonu raua, a ka tae ki te whare o tetahi tangata i Pahurimi. Na he poka wai tana i tona marae, a heke iho ana raua ki reira.
၁၈သို့​ရာ​တွင်​ယ​ခု​တစ်​ကြိမ်​၌​လူ​က​လေး တစ်​ယောက်​သည် သူ​တို့​ကို​မြင်​သ​ဖြင့်​အ​ဗ ရှ​လုံ​အား​လျှောက်​ထား​လေ​၏။ ထို့​ကြောင့် ယော​န​သန်​နှင့်​အ​ဟိ​မတ်​တို့​သည်​ဗာ​ဟု ရိမ်​မြို့​ရှိ​အိမ်​တစ်​အိမ်​သို့​အ​ဆော​တ​လျင် သွား​ပြီး​လျှင် ထို​အိမ်​အ​နီး​ရှိ​ရေ​တွင်း​ထဲ သို့​ဆင်း​၍​ပုန်း​ကြ​၏။-
19 Na ka tikina tetahi hipoki e te wahine, taupokina ana e ia ki te poka, na horahia ana e ia he witi tuki ki runga, a kihai taua mea i mohiotia.
၁၉အိမ်​ရှင်​မ​သည်​ရေ​တွင်း​ကို​ဖုံး​အုပ်​ပြီး​လျှင် မည်​သူ​မျှ​မ​ရိပ်​မိ​စေ​ရန်​အ​ဖုံး​ပေါ်​တွင် ဆန်​လှန်း​၍​ထား​လေ​သည်။-
20 Na ka tae nga tangata a Apoharama ki te wahine, ki te whare, ka mea, Kei hea a Ahimaata raua ko Honatana? Na ka mea te wahine ki a ratou, Kua whiti raua i te awa wai. Na ka rapu ratou, a kihai i kitea, a hoki ana ki Hiruharama.
၂၀အ​ဗ​ရှ​လုံ​၏​အ​မှု​ထမ်း​တို့​သည်​ထို​အိမ် သို့​လာ​ရောက်​၍​ထို​အ​မျိုး​သမီး​အား``အ​ဟိ မတ်​နှင့်​ယော​န​သန်​အ​ဘယ်​မှာ​နည်း'' ဟု မေး​၏။ အ​မျိုး​သ​မီး​က``မြစ်​တစ်​ဘက်​သို့​ကူး​သွား ကြ​ပါ​သည်'' ဟု​ဖြေ​၏။ အ​မှု​ထမ်း​တို့​သည်​ထို​သူ​တို့​ကို​ရှာ​သော် လည်း​မ​တွေ့​သ​ဖြင့် ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​သွား​ကြ​၏။-
21 A, i muri i to ratou haerenga, ka piki ake raua i roto i te poka, a haere ana, whakaatu ana ki a Kingi Rawiri; i mea ki a Rawiri, Whakatika, hohoro koutou te whiti atu i te wai nei; ko te whakaaro hoki tenei o Ahitopere mo koutou.
၂၁သူ​တို့​ပြန်​သွား​ကြ​သော​အ​ခါ​အ​ဟိ​မတ် နှင့်​ယော​န​သန်​တို့​သည်​ရေ​တွင်း​ထဲ​မှ​တက် လာ​ပြီး​လျှင် ဒါ​ဝိဒ်​မင်း​ထံ​သွား​ရောက်​သ​တင်း ပို့​ကြ​၏။ သူ​တို့​သည်​မင်း​ကြီး​အား​အ​ဟိ​သော ဖေ​လ​အ​ဘယ်​သို့​မ​ကောင်း​ကြံ​သည်​ကို​သံ တော်​ဦး​တင်​ပြီး​နောက်``မြစ်​တစ်​ဘက်​ကမ်း​သို့ ဆော​လျင်​စွာ​ကူး​တော်​မူ​ပါ'' ဟု​လျှောက်​ထား ကြ​၏။-
22 Katahi ka whakatika a Rawiri ratou ko tona nuinga katoa, a whiti ana i Horano: ao rawa ake te ra, kihai tetahi i kore te whiti i Horano.
၂၂သို့​ဖြစ်​၍​ဒါ​ဝိဒ်​နှင့်​နောက်​ပါ​အ​ပေါင်း​တို့ သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ကြ​ရာ မိုး သောက်​ချိန်​၌​တစ်​ယောက်​မ​ကျန်​တစ်​ဘက် ကမ်း​သို့​ရောက်​ရှိ​ကြ​၏။
23 A, i te kitenga o Ahitopere kihai i meatia tana i whakaaro ai, whakanohoia ana e ia tana kaihe, a whakatika ana, haere ana ki tona whare ki tona pa, na kei te whakariterite i nga mea o tona whare, tarona ana i a ia, a mate ake, tanumia iho ki te tanumanga o tona papa.
၂၃အ​ဟိ​သော​ဖေ​လ​သည်​မိ​မိ​ပေး​သည့် အ​ကြံ​ကို​မ​လိုက်​ကြ​ကြောင်း​သိ​ရှိ​သော အ​ခါ မြည်း​ကို​ကုန်း​နှီး​တင်​၍​မိ​မိ​နေ​ရင်း မြို့​သို့​ပြန်​လေ​၏။ သူ​သည်​မိ​မိ​၏​အ​မှု ကိစ္စ​အ​ဝ​ဝ​ကို​စီ​စဉ်​ဆောင်​ရွက်​ပြီး​နောက် ကြိုး​ဆွဲ​ချ​၍​သေ​လေ​၏။ သူ့​အ​လောင်း​ကို သက်​ဆိုင်​ရာ​ဆွေ​မျိုး​စု​သင်္ချိုင်း​တွင်​သင်္ဂြိုဟ် ကြ​၏။
24 Katahi ka haere a Rawiri ki Mahanaima. A i whiti ano a Apoharama i Horano me nga tangata katoa o Iharaira.
၂၄အ​ဗ​ရှ​လုံ​နှင့် ဣသ​ရေ​လ​အ​မျိုး​သား​တို့ သည်​ယော်​ဒန်​မြစ်​တစ်​ဘက်​ကမ်း​သို့​ကူး​မိ ကြ​သော​အ​ခါ ဒါ​ဝိဒ်​သည်​မ​ဟာ​နိမ်​မြို့ သို့​ရောက်​ရှိ​နေ​လေ​ပြီ။-
25 A ka meatia a Amaha e Apoharama hei whakakapi mo Ioapa, hei rangatira mo te ope: na he tama a Amaha na tetahi tangata, ko Itira tona ingoa, no Iharaira, i haere nei ki roto, ki a Apikaira tamahine a Nahaha, ki te teina o Teruia whaea o Ioapa.
၂၅(အ​ဗ​ရှ​လုံ​သည်​အာ​မ​သ​အား​ယွာ​ဘ​၏ နေ​ရာ​တွင်​တပ်​မ​တော်​ဗိုလ်​ချုပ်​အ​ဖြစ်​ခန့် ထား​၏။ အာ​မ​သ​ကား​ဣ​ရှ​မေ​လ​အ​မျိုး သား​ယေ​သာ​၏​သား​ဖြစ်​၏။ သူ​၏​မိ​ခင်​မှာ နာ​ဟတ်​၏​သ​မီး၊ ယွာ​ဘ​၏​မိ​ခင်​ဇေ​ရု​ယာ ၏​ညီ​မ​အ​ဘိ​ဂဲ​လ​ဖြစ်​သ​တည်း။-)
26 Na noho ana a Iharaira ratou ko Apoharama ki te whenua o Kireara.
၂၆အ​ဗ​ရှ​လုံ​နှင့်​နောက်​ပါ​အ​ပေါင်း​တို့​သည် ဂိ​လဒ်​ပြည်​တွင်​တပ်​စ​ခန်း​ချ​ကြ​၏။
27 A, no te taenga o Rawiri ki Mahanaima, ka kawea mai e Hopi tama a Nahaha o Rapa o nga tama a Amona, e Makiri tama a Amiere o Rotepara, ratou ko Paratirai Kireari o Rokerimi,
၂၇မ​ဟာ​နိမ်​မြို့​သို့​ဒါ​ဝိဒ်​ရောက်​ရှိ​လာ​သော အ​ခါ​အမ္မုန်​ပြည်၊ ရဗ္ဗာ​မြို့​သား​နာ​ဟတ်​၏ သား​ရှောဘိ၊ လော​ဒေ​ဗာ​မြို့​သား​အ​မျေ​လ ၏​သား​မာ​ခိ​ရ​နှင့်​ဂိ​လဒ်​ပြည်​ရော​ဂေ​လိမ် မြို့​သား​ဗာ​ဇိ​လဲ​တို့​သည်​သူ​၏​ထံ​လာ ရောက်​တွေ့​ဆုံ​ကြ​၏။-
28 He moenga, he peihana, he oko oneone, he witi, he parei, he paraoa, he kanga pahuhu, he pini, he pi, me etahi atu mea pahuhu,
၂၈တော​ကန္တာ​ရ​၌​ဒါ​ဝိဒ်​နှင့်​နောက်​ပါ​တို့​သည် အ​စာ​ရေ​စာ​ငတ်​မွတ်​လျက်၊ နွမ်း​နယ်​လျက် နေ​ကြ​မည်​ကို​သူ​တို့​သိ​သော​ကြောင့် ခွက် ဖ​လား​များ၊ မြေ​အိုး​များ၊ အိပ်​ရာ​များ၊ ဂျုံ ဆန်၊ မု​ယော​ဆန်၊ မုန့်​ညက်၊ ပေါက်​ပေါက်၊ ပဲ​တောင့်၊ ပဲ​ကြား၊ ပျား​ရည်၊ ဒိန်​ခဲ၊ မ​လိုင်​နှင့်​သိုး​များ ကို​ယူ​ဆောင်​လာ​ကြ​၏။
29 He honi, he pata, he hipi, me te tiihi, hei kai ma Rawiri ratou ko tona nuinga: i mea hoki ratou, E matekai ana te iwi, e ngenge ana, e matewai ana i te koraha.
၂၉

< 2 Hamuera 17 >