< 2 Whakapapa 36 >
1 Katahi ka mau te iwi o te whenua ki a Iehoahata tama a Hohia, a meinga ana ia e ratou hei kingi i muri i tona papa ki Hiruharama.
၁ပြည်သူ ပြည်သားတို့သည် ယောရှိ သား ယောခတ် ကို ယူ ၍ ၊ ယေရုရှလင် မြို့မှာ ခမည်းတော် အရာ ၌ နန်း တင်ကြ၏။
2 E rua tekau ma toru nga tau o Iehoahata i tona kingitanga, a e toru nga marama i kingi ai ia ki Hiruharama.
၂ယောခတ် သည် အသက် နှစ်ဆယ် သုံး နှစ်ရှိသော်၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ သုံး လ စိုးစံ လေ၏။
3 Na ka whakataka ia e te kingi o Ihipa i Hiruharama; a tangohia ana e tera i te whenua, hei utu he, kotahi rau taranata hiriwa me te taranata koura.
၃ထိုမင်း ကို အဲဂုတ္တု ရှင် ဘုရင်သည် ယေရုရှလင် မြို့မှာ နန်း ချ၍ ၊ ယုဒပြည်၌ ငွေ အခွက် တထောင် နှင့် ရွှေ အခွက် တဆယ်ကို အခွန် တောင်းလေ၏။
4 I meinga ano tona tuakana a Eriakimi e te kingi o Ihipa hei kingi mo Hura, mo Hiruharama: whakawhitia ketia ake tona ingoa ko Iehoiakimi. Na tangohia ana to tenei teina, a Iehoahata, e Neko, mauria ana e ia ki Ihipa.
၄အဲဂုတ္တု ရှင်ဘုရင် နေခေါ သည်လည်း ၊ ယောခတ် ၏နောင်တော် ဧလျာကိမ် ကို ယုဒ ပြည်ယေရုရှလင် မြို့ နန်းတော် ပေါ်မှာ တင်၍။ယောယကိမ် အမည် သစ်ကိုပေး ပြီးလျှင် ၊ ညီတော်ယောခတ်ကို အဲဂုတ္တု ပြည်သို့ ယူ သွား၏။
5 E rua tekau ma rima nga tau o Iehoiakimi i tona kingitanga, a kotahi tekau ma tahi nga tau i kingi ai ia ki Hiruharama; he kino ano hoki tana mahi ki te titiro a Ihowa, a tona Atua.
၅ယောယကိမ် သည် အသက် နှစ်ဆယ် ငါး နှစ် ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင် မြို့၌ တဆယ် တနှစ် စိုးစံ လေ၏။ ထိုမင်းသည် မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏။
6 Whakaekea ana ia e Nepukaneka kingi o Papurona, herea iho ki te mekameka, hei kawe i a ia ki Papurona.
၆ထိုကြောင့် ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ချီ လာ၍ ၊ ဗာဗုလုန် မြို့သို့ ယူသွား ခြင်းငှါ ၊ သံကြိုး ဖြင့် ချည်နှောင် လေ၏။
7 I mauria ano e Nepukaneha nga oko o te whare o Ihowa ki Papurona, hoatu ana e ia ki roto ki tona temepara i Papurona.
၇ဗိမာန် တော်တန်ဆာ အချို့တို့ကိုလည်း ယူ သွား ၍ ၊ ဗာဗုလုန် မြို့ ဗိမာန် ၌ ထား လေ၏။
8 Na, ko era atu meatanga a Iehoiakimi, me ana mea whakarihariha i mea ai, me ana tikanga i kitea, nana, kei te tuhituhi i roto i te pukapuka o nga kingi o Iharaira, o Hura: a ko tana tama, ko Iehoiakini, te kingi i muri i a ia.
၈ယောယကိမ် ပြုမူသော အမှု အရာ ကြွင်း လေ သမျှတို့နှင့် ပြု မိသော ရွံရှာ ဘွယ်အမှု၊ ထင်ရှား သောစိတ် သဘောသည်၊ ဣသရေလ ရာဇဝင်နှင့် ယုဒ ရာဇဝင် ၌ ရေး ထားလျက်ရှိ၏။ သား တော်ယေခေါနိ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။
9 E waru nga tau o Iehoiakini i tona kingitanga, a e toru nga marama tekau nga ra i kingi ai ia ki Hiruharama. A he kino tana mahi ki ta Ihowa titiro.
၉ယေခေါနိ သည် အသက်တဆယ်ရှစ်နှစ်ရှိသော်နန်း ထိုင်၍ ယေရုရှလင် မြို့၌ သုံး လ နှင့် ဆယ် ရက် စိုးစံ လေ၏။ ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏။
10 Na, i te takanga o te tau, ka tono tangata a Kingi Nepukaneha, a mauria ana ia ki Papurona, me nga oko papai o te whare o Ihowa; a meinga ana e ia tona tuakana a Terekia hei kingi mo Hura, mo Hiruharama.
၁၀နှစ် လည် သောအခါ ၊ နေဗုခဒ်နေဇာ မင်းကြီး သည် စစ်ချီ စေ၍ ၊ ထိုမင်းနှင့်တကွကောင်းမွန် သော ဗိမာန် တော်တန်ဆာ တို့ကို ဗာဗုလုန် မြို့သို့ ယူ သွား၍ ၊ ဘထွေး တော် ဇေဒကိ ကို၊ ယုဒ ပြည် ယေရုရှလင် မြို့ နန်းတော် ပေါ်မှာ တင်လေ၏။
11 E rua tekau ma tahi nga tau o Terekia i tona kingitanga, a kotahi tekau ma tahi nga tau i kingi ai ia ki Hiruharama.
၁၁ဇေဒကိ သည် အသက် နှစ်ဆယ် တနှစ် ရှိသော် ၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ တဆယ် တနှစ် စိုးစံ လေ၏။
12 A he kino tana mahi ki te titiro a Ihowa, a tona Atua; kihai hoki ia i whakaiti i a ia i te aroaro o te poropiti, o Heremaia, e korero ana i ta te mangai o Ihowa.
၁၂ထိုမင်းသည်လည်း၊ မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ပြု ၏။ ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆိုသော ပရောဖက် ယေရမိ ရှေ့ မှာ ကိုယ်ကိုမ နှိမ့်ချ ။
13 I whakakeke ano hoki ia ki a Kingi Nepukaneha, nana nei ia i whakaoati ki te Atua; heoi whakamarokia ana e ia tona kaki, whakapakeketia ana e ia tona ngakau, kihai i tahuri ki a Ihowa, ki te Atua o Iharaira.
၁၃ဘုရားသခင် အကျိန် တိုက်ပြီးသော နေဗုခဒ်နေဇာ မင်းကြီး ကို ပုန်ကန် လေ၏။ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ထံ တော်သို့ မပြန် မည် အကြောင်း ၊ မိမိ လည်ပင်း ကို၎င်း ၊ မိမိ နှလုံး ကို၎င်း ခိုင်မာ စေ၏။
14 Me nga rangatira o nga tohunga, o te iwi, nui atu to ratou kino; i rite tonu ki nga mea whakarihariha katoa o nga tauiwi; whakapokea iho e ratou te whare o Ihowa i whakatapua nei e ia, ki Hiruharama.
၁၄ထိုမှတပါး ၊ ယဇ်ပုရောဟိတ် အကြီး များနှင့် ပြည်သူ ပြည်သားရှိသမျှ တို့သည်၊ တပါးအမျိုးသား ရွံရှာဘွယ် ပြုသည်အတိုင်း ၊ အလွန် ပြစ်မှား ကြ၏။ ယေရုရှလင် မြို့၌ ထာဝရဘုရား သန့်ရှင်း စေတော်မူသော ဗိမာန် တော်ကို ညစ်ညူး စေကြ၏။
15 A i unga tangata a Ihowa, te Atua o o ratou matua, ara ana karere ki a ratou; maranga wawe ana ia ki te tono, he tohu hoki nana i tana iwi, i tona nohoanga.
၁၅ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ မိမိ လူမျိုး နှင့် မိမိ နေ တော်မူရာအရပ်ကို သနား သောကြောင့် ၊ စောစော ထ၍ အထပ်ထပ်စေလွှတ် သော တမန် တို့အားဖြင့် မှာလိုက်တော်မူသော်လည်း၊
16 Otiia tawaia iho e ratou nga karere a te Atua, whakahaweatia ana ana kupu, tukinotia ana ana poropiti, a ara noa te riri o Ihowa ki tana iwi; a kahore noa iho he whakaoranga.
၁၆ဘုရားသခင် ၏ တမန် တို့ကို ပြက်ယယ် ပြု၍ အမိန့် တော်ကို နား မထောင်၊ ပရောဖက် တို့ကို ညှဉ်းဆဲသောကြောင့်၊ ထာဝရဘုရား ၏အမျက် တော် မ ငြိမ်း နိုင်အောင်၊ မိမိ လူမျိုး ကို ထွက် သဖြင့်၊
17 Na reira i kawea ai e ia te kingi o nga Karari ki a ratou, a patua iho e ia a ratou taitama ki te hoari i roto i te whare o to ratou wahi tapu; kihai i tohungia e ia te taitama, te kotiro, te kaumatua, te koroheke tuara piko; hoatu katoa ana e i a ki tona ringa.
၁၇ခါလဒဲ ရှင် ဘုရင်ကို စစ်ချီ စေတော်မူ၏။ ထိုရှင်ဘုရင်သည် သန့်ရှင်း ရာဌာန အိမ် တော်၌ လူပျို တို့ ကို ထား နှင့် သတ် ၏။ ယောက်ျား ပျို၊ မိန်းမ ပျို၊ လူအို ၊ အသက်ကြီး၍ ကျောကုန်းသောသူတို့ ကိုပင် မ သနား ၊ ရှိသမျှ တို့ကို ထိုရှင် ဘုရင် လက် သို့ အပ် တော်မူ၏။
18 Na, ko nga oko o te whare o te Atua, ko nga mea nunui, ko nga mea ririki, ko nga taonga o te whare o Ihowa, me nga taonga o te kingi ratou ko ona rangatira; kawea katoatia ana e ia enei ki Papurona.
၁၈ဗိမာန် တော်တန်ဆာ အကြီး အငယ် ရှိသမျှ တို့ကို၎င်း ၊ ဗိမာန် တော်ဘဏ္ဍာ ၊ နန်းတော် ဘဏ္ဍာ ၊ မှူးမတ် ဘဏ္ဍာရှိသမျှ တို့ကို၎င်း ၊ ဗာဗုလုန် မြို့သို့ ယူ သွား၏။
19 Tahuna ake e ratou te whare o te Atua, wahia iho te taiepa o Hiruharama, tahuna ana nga whare papai katoa ki te ahi, ngaro rawa i a ratou nga oko papai katoa o reira.
၁၉ဗိမာန် တော်ကိုလည်း မီးရှို့ ၍ ယေရုရှလင် မြို့ရိုး ကို ဖြိုဖျက် ကြ၏။ မင်း အိမ် ရှိသမျှ တို့ကိုလည်း မီးရှို့ ၍ မြို့တန်ဆာ အကောင်း အမြတ်ရှိသမျှ တို့ကို ဖျက်ဆီး ကြ၏။
20 Whakahekea atu ana hoki e ia te hunga i toe i te hoari ki Papurona, a he pononga ratou mana, ma ana tama, a taea noatia te kingitanga o Pahia:
၂၀ထား ဘေးနှင့် လွတ် သောသူတို့ကို၊ ဗာဗုလုန် မြို့ သို့ သိမ်း သွား၍ ၊ သူတို့သည် ပေရသိ နိုင်ငံ မ တည် မှီ တိုင်အောင်ရှင်ဘုရင်ထံ၊ သား တော်မြေးတော်ထံ ၌ ကျွန် ခံလျက် နေ ရကြ၏။
21 Hei whakaritenga mo te kupu a Ihowa, i korerotia e Heremaia, kia koa ra ano te whenua i ona hapati: he hapati hoki ona i nga ra katoa o te ngaromanga; kia rite ra ano nga tau e whitu tekau.
၂၁ထိုသို့ ဣသရေလမြေသည် ဥပုသ်နေ့တို့ကို မွေ့လျော်စေခြင်းငှါ၊ ယေရမိ ဆင့်ဆို သော ထာဝရဘုရား ၏ အမိန့် တော်သည် ပြည့်စုံ ရ၏။ ထိုပြည် သည် လူဆိတ်ညံလျက်နေသောကာလ၊ အနှစ် ခုနစ်ဆယ် စေ့ အောင် ဥပုသ် နေ့ တို့ကို စောင့်သောအခွင့်ရှိသတည်း။
22 Na, i te tuatahi o nga tau o Hairuha kingi o Pahia, ka whakamana te kupu a Ihowa, i korerotia e Heremaia, ka whakaohokia e Ihowa te wairua o Hairuha kingi o Pahia. Na ka tukua e tera tana karanga puta noa i tona kingitanga; he mea tuhituhi nana; i mea ia,
၂၂ယေရမိ ဆင့်ဆို သော ထာဝရဘုရား ၏အမိန့် တော်ကိုပြည့်စုံ စေခြင်းငှါ ၊ ပေရသိ ရှင်ဘုရင် ကုရု နန်းစံပဌမ နှစ် တွင် ၊ ထာဝရဘုရား နှိုးဆော် တော်မူသောအားဖြင့်၊ ထိုရှင်ဘုရင်သည်အမိန့် တော်စာ ကို ထုတ်ပြီးလျှင်၊ ပေရသိ နိုင်ငံ အရပ်ရပ် တို့၌ကြော်ငြာ စေ၍
23 Ko te kupu tenei a Hairuha kingi o Pahia, Kua oti nga kingitanga katoa o te whenua te homai ki ahau e Ihowa, e te Atua o nga rangi; kua whakahaua mai ano ahau e ia kia hanga i te whare mona ki Hiruharama, ki tera i Hura. Ko wai tenei o koutou o tana iwi katoa, hei a ia a Ihowa, tona Atua, kia haere ake hoki ia.
၂၃ပေရသိ ရှင်ဘုရင် ကုရု မင်းမိန့် တော်မူသည်ကား၊ ကောင်းကင် ဘုံ၏အရှင်ဘုရားသခင် ထာဝရဘုရား သည်မြေကြီး ပေါ်မှာတိုင်း နိုင်ငံရှိသမျှ ကိုငါ အား ပေး တော်မူသည်ဖြစ်၍၊ ယုဒ ပြည်ယေရုရှလင် မြို့၌ အိမ် တော်ကို ငါ တည်ဆောက် ရမည်အကြောင်း မှာ ထားတော်မူပြီ။