< 2 Whakapapa 33 >

1 Tekau ma rua nga tau o Manahi i tona kingitanga, a e rima tekau ma rima ona tau i kingi ai ia ki Hiruharama.
မနာရှေ သည် အသက် တဆယ် နှစ် နှစ်ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင် မြို့၌ ငါးဆယ် ငါး နှစ် စိုးစံ လေ၏။
2 A he kino tana mahi ki te titiro a Ihowa, i rite ki nga mea whakarihariha a nga iwi i peia nei e Ihowa i te aroaro o nga tama a Iharaira.
ထိုမင်းသည် ဣသရေလ အမျိုးသား ရှေ့ မှာ၊ ထာဝရဘုရား နှင်ထုတ် တော်မူသော တပါးအမျိုးသား ရွံရှာဘွယ် ထုံးစံအတိုင်း ၊ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏။
3 I hanga ano hoki e ia nga wahi tiketike i wahia e tona papa, e Hetekia: i whakaara i nga aata ki nga Paara, i hanga Aherimi; koropiko ana ia ki te ope o te rangi, mahi ana ki a ratou.
ခမည်းတော် ဟေဇကိ ဖျက်ဆီး သော ကုန်း တို့ကို ပြုပြင် ၍ ၊ ဗာလ ဘုရားတို့အဘို့ ယဇ် ပလ္လင်တို့ကို တည် ၏။ အာရှရ ပင်တို့ကိုလည်း ပြုစု ၏။ မိုဃ်း ကောင်းကင်တန်ဆာ များကိုလည်း ဝတ်ပြု ကိုးကွယ်၏။
4 I hanga ano e ia etahi aata ki te whare o Ihowa, ki ta Ihowa i ki ra, Ko Hiruharama hei waihotanga mo toku ingoa ake ake.
ယေရုရှလင် မြို့၌ ငါ့ နာမ ကိုအစဉ် ငါတည် စေမည် ဟု ထာဝရဘုရား မိန့် တော်မူသော မြို့၊ ဗိမာန် တော်၌ ယဇ် ပလ္လင်တည်းဟူသော၊
5 I hanga ano e ia etahi aata ma te ope katoa o te rangi ki nga marae e rua o te whare o Ihowa.
ဗိမာန် တော်တန်တိုင်း နှစ် ရပ်တွင် ၊ မိုဃ်း ကောင်းကင်တန်ဆာ များ အဘို့ ယဇ် ပလ္လင်တို့ကိုတည် ၏။
6 Meatia ana e ia ana tamariki kia tika na waenganui i te ahi i te aroaro o te tama a Hinomi, rapua ana e ia he tohu i nga kapua, i nga nakahi; kei te makutu ano ia, kei te whai ki nga atua maori, ki nga mata maori: nui atu tana kino i mahi ai ki t e titiro a Ihowa, hei whakapataritari mona.
မိမိ သား တို့ကို ဟိန္နုံ သားချိုင့်၌ မီး ဖြင့် ပူဇော် ၏။ ကာလ ဗေဒင်ကို ကြည့်တတ်၏။ ပြုစား သောအတတ်၊ နတ် ဝိဇ္ဇာအတတ်ကို သုံးဆောင်၍ ၊ စုန်း နှင့် နတ်ဝင် တို့ကိုလည်း အခွင့် ပေး၏။ ထာဝရဘုရား ၏ အမျက် တော်ကို နှိုးဆော်ခြင်းငှါ ရှေ့ တော်၌များစွာ သော ဒုစရိုက် ကို ပြု ၏။
7 I whakaturia ano e ia te whakapakoko, te ahua i hanga e ia, ki te whare o te Atua, ki ta te Atua i ki ra ki a Rawiri raua ko tana tama, ko Horomona, Hei tenei whare, hei Hiruharama i whiriwhiria nei e ahau i roto i nga iwi katoa o Iharaira, ahau waiho ai i toku ingoa a ake ake:
ဤ ဗိမာန် ၌ ၎င်း ၊ ဣသရေလ ခရိုင် များတို့တွင် ငါရွေးကောက် သော ယေရုရှလင် မြို့၌ ၎င်း၊ ငါ့ နာမ ကို အစဉ်အမြဲ ငါ တည်စေမည်ဟု ထာဝရဘုရားသည် ဒါဝိဒ် နှင့် သား တော် ရှောလမုန် အား မိန့် တော်မူရာ၌၊ ရည်ဆောင်သောဗိမာန် တော်ထဲမှာ ၊ မိမိပြုစုသော ရုပ်တုနှင့် တူအောင်လုပ် သော ရုပ်တုတခုကိုတင် ထား၏။
8 A heoi aku whakanekehanga i te waewae o Iharaira i te whenua i whakaritea e ahau mo o koutou matua; kia mau raia ratou ki te mahi i nga mea katoa i whakahaua e ahau ki a ratou, kia rite ki te ture katoa, ki nga tikanga, ki nga whakaritenga i whak apuakina nei e Mohi.
ငါမှာထား သမျှ အတိုင်း ၊ မောရှ အားဖြင့် စီရင် ထုံးဖွဲ့ သမျှ သောတရား အတိုင်း ၊ ဣသရေလအမျိုးသားတို့ သည် ကျင့်ခြင်းငှါစောင့်ရှောက်လျှင်၊ သူတို့ ဘိုးဘေးတို့ အား ငါပေးသောပြည်မှ၊ သူတို့ကို နောက်တဖန် ငါမရွေ့ မပြောင်းစေဟု မိန့်တော်မူသော်လည်း၊
9 Heoi whakakotititia ana e Manahi a Hura me nga tangata o Hiruharama kia nui atu ta ratou mahi kino i ta nga iwi i huna nei e Ihowa i te aroaro o nga tama a Iharaira.
မနာရှေ သည် ယုဒ ပြည်သူ ယေရုရှလင် မြို့သား တို့ကို လမ်းလွဲ စေ၏။ ဣသရေလ အမျိုးသား တို့ရှေ့ မှ ၊ ထာဝရဘုရား ဖျက်ဆီး တော်မူသော လူမျိုး တို့ပြုသည် ထက် ၊ သာ၍ဆိုး သောအမှုကိုပြု စေ၏။
10 I korero hoki a Ihowa ki a Manahi ratou ko tona iwi; heoi kihai ratou i rongo.
၁၀ထာဝရဘုရား သည် မနာရှေ နှင့် သူ ၏ လူ တို့အား မိန့် တော်မူသော်လည်း ၊ သူတို့သည်နား မ ထောင်ဘဲ နေသောကြောင့်၊
11 Na reira i kawea mai ai e Ihowa ki runga ki a ratou nga rangatira o te ope o te kingi o Ahiria; a ka mau i a ratou a Manahi i te taura maitai; herea iho ki te mekameka, kawea ana ki Papurona.
၁၁အာရှုရိ ရှင်ဘုရင် ၏ ဗိုလ် မင်း များကို စစ်ချီစေတော်မူသဖြင့်၊ သူတို့သည် မနာရှေ ကို ဆူးတော ၌ ဘမ်းမိ ၍ ၊ သံကြိုး နှင့် ချည်နှောင် ပြီးမှ ၊ ဗာဗုလုန် မြို့သို့ ဆောင် သွားကြ၏။
12 Na i a ia i te he, ka inoi ia ki a Ihowa, ki tona Atua, ka whakaiti rawa i a ia i te aroaro o te Atua o ona matua,
၁၂ထိုသို့မနာရှေ သည် ဆင်းရဲ ဒုက္ခကို ခံရသောအခါ၊ မိမိ ဘုရားသခင် ထာဝရဘုရား ကို တောင်းပန် ၍ ၊ ဘိုးဘေး တို့၏ ဘုရားသခင့် ရှေ့ မှာ ကိုယ်ကိုအလွန် နှိမ့်ချ လျက်၊
13 Inoi ana ki a ia; a ka tahuri tera ki a ia, ka rongo ki tana inoi. Na ka whakahokia ia ki Hiruharama, ki tona kingitanga. Katahi ka mohio a Manahi ko Ihowa te Atua.
၁၃ဆုတောင်း ပဌနာပြုသောစကားကို ဘုရားသခင်နားထောင် နာယူ၍၊ မနာရှေအုပ်စိုးရင်းပြည်၊ ယေရုရှလင် မြို့သို့ တဖန်ပို့ဆောင် တော်မူ၏။ ထိုအခါ ထာဝရဘုရား သည် ဘုရားသခင် ဖြစ်တော်မူကြောင်းကို မနာရှေ သိ ရ၏။
14 I muri i tenei ka hanga e ia he taiepa i waho o te pa o Rawiri, i te taha ki te hauauru o Kihona, ki te awaawa, a tae noa ki te tomokanga i te kuwaha ika; a taiepatia ana a Opere a whawhe noa, hanga ana e ia kia tiketike rawa. I whakanohoia ano e ia etahi rangatira maia ki nga pa taiepa katoa o Hura.
၁၄ထိုနောက် ၊ ဒါဝိဒ် မြို့ ပြင် ၊ ဂိဟုန် မြို့ အနောက် ဘက်၊ ချိုင့် ထဲမှာ ငါး တံခါးဝ တိုင်အောင် ၎င်း ၊ ဩဖေလ ရဲတိုက်ပတ်လည် ၌ ၎င်း ၊ အလွန် မြင့် သော မြို့ရိုး ကို တည် ၏။ ယုဒ ပြည်တွင် ခိုင်ခံ့ သောမြို့ ရှိသမျှ တို့၌ တပ်မှူး တို့ကို ခန့်ထား ၏။
15 I whakakahoretia ano e ia nga atua ke, me te whakapakoko i roto i te whare o Ihowa, me nga aata katoa i hanga e ia ki te maunga o te whare o Ihowa ki Hiruharama; akiritia atu ana e ia ki waho o te pa.
၁၅တပါး အမျိုးတို့၏ ဘုရား များနှင့် အရင်လုပ် သောရုပ်တု ကို၊ ဗိမာန် တော်ထဲက ထုတ် ၍ ၊ ဗိမာန် တော် တောင် ပေါ် ၊ ယေရုရှလင် မြို့ထဲမှာ အရင်တည် သော ယဇ် ပလ္လင်တို့ကိုလည်း မြို့ ပြင် သို့ ထုတ် ပစ်လေ၏။
16 I hanga ano e ia te aata a Ihowa; patua iho e ia ki runga he patunga mo te pai, a mo te whakawhetai, i ki atu ano ki a Hura kia mahi ki a Ihowa, ki te Atua o Iharaira.
၁၆ထာဝရဘုရား ၏ ယဇ် ပလ္လင်ကိုပြုပြင် ၍ ၊ မိဿဟာယ ယဇ် နှင့် ကျေးဇူး တော်ဝန်ခံရာ ယဇ် တို့ကိုပူဇော်၏။ ယုဒ ပြည်သားတို့သည်၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ကို ဝတ်ပြု မည်အကြောင်း မှာ ထား၏။
17 I patu whakahere ano ia te iwi i runga i nga wahi tiketike; otiia ki a Ihowa, ki to ratou Atua anake.
၁၇သို့ရာတွင် ပြည်သား တို့သည် မြင့် သောအရပ် ပေါ် မှာ ယဇ် ပူဇော်လျက်ပင်၊ မိမိ တို့ဘုရားသခင် ထာဝရဘုရား ကိုသာ ကိုးကွယ်ကြ၏။
18 Na, ko era atu meatanga a Manahi, me tana inoi ki tona Atua, me nga korero a nga matakite i korero nei ki a ia i runga i te ingoa o Ihowa, o te Atua o Iharaira, nana, kei nga pukapuka o nga mahi a nga kingi o Iharaira.
၁၈မနာရှေ ပြုမူသောအမှုအရာ ကြွင်း လေသမျှတို့ နှင့် မိမိ ဘုရားသခင် ကို ဆုတောင်း ခြင်းအရာ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အခွင့် နှင့် သူ့ အား ပရောဖက် တို့ ဟောပြော သောစကား သည်၊ ဣသရေလ ရာဇဝင် ၌ ရေးထားလျက်ရှိ၏။
19 Na, ko tana inoi, me to te Atua tahuritanga ki a ia, me tona hara katoa, me tona he, me nga wahi i hanga ai e ia nga wahi tiketike, i whakaturia ai e ia nga Aherimi, me nga whakapakoko i te mea kiano ia i whakaiti i a ia, nana, kei te tuhituhi i roto i nga korero a Hohai.
၁၉သူ ဆုတောင်း ခြင်း၊ ဘုရားသခင်နားထောင်တော်မူခြင်း၊ အမှုမရောက်မှီ ပြစ်မှားလွန်ကျူးခြင်း၊ မြင့် သောအရပ် တို့ကို တည် ခြင်း၊ အာရှရ ပင်နှင့် ရုပ်တု ဆင်းတုတို့ကို တည်ထောင် ခြင်းအရာတို့သည်၊ ဟောဇဲ ၏ ကျမ်းစကား တွင် ရေးထား လျက်ရှိ၏။
20 Heoi kua moe a Manahi ki ona matua, a tanumia iho ki tona whare, a ko tana tama, ko Amono, te kingi i muri i a ia.
၂၀မနာရှေ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ မိမိ အိမ် ၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်အာမုန် သည်ခမည်းတော် အရာ ၌နန်း ထိုင်၏။
21 E rua tekau ma rua nga tau o Amono i tona kingitanga, a e rua nga tau i kingi ai ia ki Hiruharama.
၂၁အာမုန် သည်အသက် နှစ်ဆယ် နှစ် နှစ်ရှိသော်၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ နှစ် နှစ် စိုးစံ လေ၏။
22 A he kino tana mahi ki ta Ihowa titiro, i rite ki ta tona papa, ki ta Manahi i mea ai: i patu whakahere hoki a Amono ki nga whakapakoko katoa i hanga e tona papa, e Manahi, a mahi ana ki a ratou.
၂၂ထိုမင်းသည် ခမည်းတော် မနာရှေ ပြု သကဲ့သို့ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏။ ခမည်းတော်လုပ် သော ရုပ်တု ဆင်းတုရှိသမျှ တို့အား ယဇ် ပူဇော်၍ ဝတ်ပြု ၏။
23 Kihai hoki i whakaiti i a ia ki te aroaro o Ihowa, kihai i pera me tona papa, me Manahi i whakaiti nei; heoi nui noa atu te he o taua Amono nei.
၂၃ခမည်းတော် သည် ထာဝရဘုရား ရှေ့ တော်၌ ကိုယ်ကိုနှိမ့်ချ သကဲ့သို့ မ နှိမ့်ချ ဘဲအထူးသဖြင့် ပြစ်မှား ၏။
24 Na, kua whakatupuria he he mona e ana tangata; patua iho ia ki roto ki tona ake whare.
၂၄မိမိ ကျွန် တို့သည် သင်းဖွဲ့ ၍ နန်းတော် ၌ လုပ်ကြံ ကြ၏။
25 Otiia i patua e te iwi o te whenua nga tangata katoa i whakatupuria ai te he mo Kingi Amono; a ka meinga e te iwi o te whenua tana tama, a Hohia, hei kingi i muri i a ia.
၂၅အာမုန် မင်းကြီး တစ်ဘက် ၌သင်းဖွဲ့ သောသူ အပေါင်း တို့ကို၊ ပြည်သူ ပြည်သားတို့သည် ကွပ်မျက် ၍ ၊ သား တော်ယောရှိ ကို ခမည်းတော် အရာ ၌နန်း တင်ကြ၏။

< 2 Whakapapa 33 >