< 2 Whakapapa 32 >

1 I muri i enei mea, i te mea ka ata takoto, ka haere mai a Henakeripi kingi o Ahiria, tae tonu mai ki Hura, whakapaea ana e ia nga pa taiepa; i mea hoki ia kia riro atu i a ia.
ဤ​သို့​ဟေ​ဇ​ကိ​သည်​ထာ​ဝရ​ဘု​ရား​အား သစ္စာ​နှင့်​ဆည်း​ကပ်​ကိုး​ကွယ်​လျက်​နေ​သည့် နောက်​ပိုင်း​၌ အာ​ရှု​ရိ​ဧ​က​ရာဇ်​သ​နာ​ခ​ရိပ် သည် ယု​ဒ​ပြည်​သို့​ချင်း​နင်း​ဝင်​ရောက်​လာ လေ​သည်။ သူ​သည်​တံ​တိုင်း​ကာ​ရံ​ထား​သည့် မြို့​များ​ကို​ဝိုင်း​ရံ​တိုက်​ခိုက်​ကာ မြို့​ရိုး​များ ကို​ချိုး​ဖောက်​ဝင်​ရောက်​ရန်​မိမိ​၏​တပ်​မ တော်​အား​အ​မိန့်​ပေး​တော်​မူ​၏။-
2 A, no te kitenga o Hetekia kua tae mai a Henakeripi, e anga ana hoki ki te whawhai ki Hiruharama,
သ​နာ​ခ​ရိပ်​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​လည်း တိုက်​ခိုက်​ရန်​ကြံ​စည်​လျက်​ရှိ​ကြောင်း ဟေ​ဇ​ကိ သိ​မြင်​သော​အ​ခါ၊-
3 Ka whakatakoto whakaaro ki ana rangatira, ki ana marohirohi, kia purua nga wai o nga puna i waho o te pa; a ko ratou ona hoa mahi.
မိ​မိ​၏​မှူး​မတ်​များ​နှင့်​တိုင်​ပင်​၍​အာ​ရှု​ရိ အ​မျိုး​သား​တို့​ရောက်​လာ​ချိန်​၌ ရေ​မ​ရ​အောင် မြို့​ပြင်​သို့​ရေ​လွှတ်​မြောင်း​များ​ကို​ဖြတ်​တောက် စေ​တော်​မူ​၏။ မှူး​မတ်​တို့​သည်​လူ​အ​မြောက် အ​မြား​ကို​စု​ရုံး​လျက်​စမ်း​ရေ​တွင်း​ရှိ​သ​မျှ တို့​ကို​ပိတ်​ဆို့​လိုက်​ကြ​၏။-
4 Heoi nui atu te iwi i huihui mai, a purua ana e ratou nga puna katoa, me te awa e rere ana i waenganui o te whenua; i ki hoki ratou, He aha kia haere mai nga kingi o Ahiria, kia nui te wai e kitea e ratou?
5 Na ka whakapakari ia, a hanga ana e ia te taiepa katoa i pakaru, a eke noa ki nga pourewa; me tetahi atu taiepa ano i waho, i whakakahangia ano e ia a Miro i te pa o Rawiri: a he tini nga pere me nga whakangungu rakau i hanga e ia.
မင်း​ကြီး​သည်​မြို့​တော်​ကာ​ကွယ်​ရေး​အ​တွက် ခိုင်​ခံ့​စေ​ရန် မြို့​ရိုး​များ​ကို​ပြန်​လည်​ပြု​ပြင် ခြင်း၊ ပြ​အိုး​များ​ကို​ဆောက်​လုပ်​ခြင်း၊ အ​ပြင် မြို့​ရိုး​တစ်​ထပ်​ကို​တည်​ဆောက်​ခြင်း​တို့​ကို ပြု​တော်​မူ​၏။ ထို့​ပြင်​ယေ​ရု​ရှ​လင်​မြို့​ဟောင်း အ​ရှေ့​ပိုင်း​၌​ရှိ​သော​မြေ​က​တုတ်​များ​ကို ပြု​ပြင်​၍ လှံ​နှင့်​ဒိုင်း​လွှား​အ​မြောက်​အ​မြား ကို​ပြု​လုပ်​စေ​တော်​မူ​၏။-
6 I whakaritea ano e ia he rangatira whawhai mo te iwi; a ka huihui i a ratou ki a ia ki te wahi whanui i te kuwaha o te pa. Na ka korero whakamarie ia ki a ratou, ka mea,
မင်း​ကြီး​သည်​မြို့​သား​အ​ပေါင်း​တို့​အား တပ်​မ​တော်​အ​ရာ​ရှိ​များ​၏​အောက်​တွင် ထား​ရှိ​ကာ​မြို့​တံ​ခါး​ဝ​ရှိ​ကွက်​လပ်​တွင် စု​ဝေး​စေ​ပြီး​လျှင်၊-
7 Kia kaha, kia maia, kaua e wehi, kaua e pawera ki te kingi o Ahiria, ki tana ope katoa: hira ake hoki to tatou i tona.
``အား​မာန်​တင်း​၍​ရဲ​စွမ်း​သတ္တိ​ရှိ​ကြ​လော့။ အာ​ရှု​ရိ​ဧ​က​ရာဇ်​ကို​သော်​လည်း​ကောင်း၊ သူ ဦး​စီး​ခေါင်း​ဆောင်​ပြု​သည့်​တပ်​မ​တော်​ကို သော်​လည်း​ကောင်း​မ​ကြောက်​ကြ​နှင့်။ သူ​၏ တန်​ခိုး​စွမ်း​ရည်​ထက်​ပို​မို​ကြီး​မား​သော တန်​ခိုး​စွမ်း​ရည်​ငါ​တို့​တွင်​ရှိ​၏။-
8 Ko tona he ringa kikokiko; ko to tatou ia, ko Ihowa, ko to tatou Atua hei awhina mo tatou, hei whawhai i ta tatou whawhai. Na okioki tonu te iwi ki nga kupu a Hetekia kingi o Hura.
သူ​၏​ဘက်​၌​လူ​သား​တို့​၏​တန်​ခိုး​စွမ်း​ရည် သာ​လျှင်​ရှိ​ပေ​သည်။ ငါ​တို့​ဘက်​၌​မူ​ကား ကူ​မ​တော်​မူ​၍​စစ်​ပွဲ​များ​တွင်​ပါ​ဝင်​တိုက် ခိုက်​တော်​မူ​သော​ငါ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား​ရှိ​တော်​မူ​၏'' ဟု​မိန့်​တော် မူ​လေ​သည်။ ဤ​သို့​မင်း​ကြီး​မိန့်​တော်​မူ သော​စ​ကား​ကြောင့်​လူ​တို့​သည်​အား တက်​လာ​ကြ​ကုန်​၏။
9 I muri i tenei ka unga mai ana tangata e Henakeripi kingi o Ahiria ki Hiruharama: ko ia hoki i te whakapae i Rakihi, a ko tona kingitanga katoa i a ia; hei mea ki a Hetekia kingi o Hura, ki a Hura katoa ano i Hiruharama,
ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​သ​နာ ခ​ရိပ်​သည် မိ​မိ​တပ်​မ​တော်​နှင့်​အ​တူ​လာ​ခိ​ရှ မြို့​၌​ပင်​ရှိ​နေ​စဉ် ဟေ​ဇ​ကိ​နှင့်​ယေ​ရု​ရှ​လင် မြို့​တွင်​ရှိ​နေ​ကြ​သော​ယု​ဒ​ပြည်​သူ​တို့​ထံ သို့​စေ​တ​မန်​လွှတ်​၍၊-
10 Ko te kupu tenei a Henakeripi kingi o Ahiria, E whakawhirinaki ana koutou ki te aha, i a koutou e whakapaea na i Hiruharama?
၁၀``သင်​တို့​ယေရု​ရှ​လင်​မြို့​သား​များ​သည်​အ​ဝိုင်း ခံ​လျက်​နေ​ရ​ချိန်​၌​ပင်​အ​ဘယ်​သို့​လျှင် စိတ် ချ​လက်​ချ​နေ​နိုင်​ကြ​ပါ​သ​နည်း​ဟု​ငါ အာ​ရှု​ရိ​ဧ​က​ရာဇ်​မေး​မြန်း​လိုက်​၏။-
11 He teka ianei he whakapati ta Hetekia i a koutou, he mea kia tukua ai koutou ki te mate i te kore kai, i te kore wai, i a ia e ki ra, Tera tatou e whakaorangia e Ihowa, e to tatou Atua i te ringa o te kingi o Ahiria?
၁၁ဟေ​ဇ​ကိ​က​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​သည် သင်​တို့​အား​ငါ​၏​လက်​မှ​ကယ်​တော် မူ​မည်​ဟု​ဆို​ချေ​သည်။ သို့​ရာ​တွင်​ဟေ​ဇ​ကိ သည်​သင်​တို့​အ​စာ​ရေ​စာ​ငတ်​မွတ်​၍​သေ​ကြ စေ​ရန်​လှည့်​စား​ပြော​ဆို​နေ​ခြင်း​ဖြစ်​၏။-
12 He teka ianei na taua Hetekia nei i whakakore ona wahi tiketike, me ana aata, a ki ana ia ki a Hura, ki Hiruharama, mea ana, Hei mua i te aata kotahi koutou koropiko ai, ki runga ano i tenei koutou tahu ai i te whakakakara?
၁၂ထာ​ဝရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န များ​နှင့်​ယဇ်​ပလ္လင်​များ​ကို​ဖြို​ဖျက်​ကာ ယု​ဒ ပြည်​သူ​များ​နှင့် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား တို့​အား​ယဇ်​ပလ္လင်​တစ်​ခု​တည်း​တွင်​နံ့​သာ ပေါင်း​ကို​မီး​ရှို့​ပူ​ဇော်​၍​ဝတ်​ပြု​ကိုး​ကွယ် ရန်​ပြော​ကြား​သူ​ကား​ဟေဇ​ကိ​ပင်​ဖြစ်​သည်။-
13 Kahore ranei koutou e mohio ki nga mea i mea ai ahau me oku matua ki nga iwi katoa o nga whenua nei? i taea ranei e nga atua o nga iwi o aua whenua te whakaora to ratou whenua i toku ringa?
၁၃ငါ​နှင့်​ငါ​၏​ဘိုး​ဘေး​များ​သည်​အ​တိုင်း​တိုင်း အ​ပြည်​ပြည်​မှ​လူ​တို့​အား​အ​ဘယ်​သို့​ပြု ခဲ့​သည့်​ကို​သင်​တို့​မ​သိ​ကြ​ပါ​သ​လော။ အ​ခြား​အ​ဘယ်​တိုင်း​နိုင်​ငံ​၏​ဘု​ရား​များ သည်​မိ​မိ​တို့​လူ​များ​အား​အာ​ရှု​ရိ​ဧ​က​ရာဇ် ၏​လက်​မှ​ကယ်​ခဲ့​ကြ​ပါ​သ​နည်း။-
14 Ko wai o nga atua o enei iwi i huna nei e oku matua i kaha ki te whakaora i tana iwi i roto i toku ringa, e kaha ai to koutou Atua ki te whakaora i a koutou i roto i toku ringa?
၁၄ထို​နိုင်​ငံ​များ​ရှိ​အ​ဘယ်​မည်​သော​ဘု​ရား​သည် မိ​မိ​၏​လူ​တို့​အား​ငါ​၏​လက်​မှ​ကယ်​ခဲ့​ဖူး ပါ​သ​နည်း။ သို့​ဖြစ်​ပါ​လျက်​သင်​တို့​၏​ဘု​ရား သည်​သင်​တို့​ကို​ကယ်​တော်​မူ​နိုင်​သည်​ဟု အ​ဘယ်​ကြောင့်​သင်​တို့​ထင်​မှတ်​ကြ​ပါ သ​နည်း။-
15 Na kei tinihangatia koutou e Hetekia, kei whakapati hoki ia i a koutou, kei pera me tana na; kaua hoki e whakapono ki a ia; no te mea kihai i kaha te atua o tetahi iwi, o tetahi kingitanga ranei ki te whakaora i tana iwi i roto i toku ringa, i t e ringa ano o oku matua; e kore rawa to koutou Atua e whakaora i a koutou i roto i toku ringa.
၁၅ယ​ခု​သင်​တို့​အား​ဟေ​ဇ​ကိ​မ​လှည့်​စား​မ​ဖြား ယောင်း​စေ​နှင့်။ သူ​၏​စ​ကား​ကို​သင်​တို့​မ​ယုံ ကြ​စေ​နှင့်။ အ​ဘယ်​တိုင်း​နိုင်​ငံ​၏​ဘု​ရား​မျှ မိ​မိ​၏​လူ​တို့​အား​အာ​ရှု​ရိ​ဧ​က​ရာဇ်​၏​လက် မှ​ကယ်​နိုင်​ခဲ့​ဘူး​သည်​မ​ရှိ။ သို့​ဖြစ်​၍​သင်​တို့ ၏​ဘု​ရား​သည်​လည်း​အ​မှန်​ပင်​သင်​တို့​အား မ​ကယ်​နိုင်'' ဟု​ပြော​ကြား​စေ​လေ​သည်။
16 Tera atu ano ta ana tangata i korero kino ai mo te Atua, mo Ihowa, mo tana tangata ano, mo Hetekia.
၁၆အာ​ရှု​ရိ​တပ်​မှူး​သည်​လည်း​ထာ​ဝရ​အ​ရှင် ဘု​ရား​သ​ခင်​အား​လည်း​ကောင်း၊ ထာ​ဝရ​ဘု​ရား ၏​အ​စေ​ခံ​ဟေ​ဇ​ကိ​အား​လည်း​ကောင်း​ထို ထက်​ပင်​ပို​မို​ရှုတ်​ချ​ပြော​ဆို​ကြ​သေး​၏။-
17 I tuhituhia ano e ia etahi pukapuka hei whakakorekore mo Ihowa, mo te Atua o Iharaira, hei korero kino mona; i ki ia, Kihai nei nga atua o nga iwi o nga whenua i kaha ki te whakaora i o ratou iwi i roto i toku ringa, e kore ano hoki te Atua o He tekia e whakaora i tana iwi i roto i toku ringa.
၁၇ဧ​က​ရာဇ်​မင်း​သည်​ဣသ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ကို​အာ​ခံ​လျက် ပေး​ပို့ သော​အ​မှာ​တော်​စာ​တွင်``အ​တိုင်း​တိုင်း​အ​ပြည် ပြည်​မှ​ဘု​ရား​များ​သည်​မိ​မိ​တို့​၏​လူ​များ အား​ငါ​၏​လက်​မှ​မ​ကယ်​နိုင်​ခဲ့​ကြ။ ဟေ​ဇ​ကိ ၏​ဘု​ရား​သည်​လည်း​မိ​မိ​၏​လူ​တို့​ကို​ငါ ၏​လက်​မှ​ကယ်​နိုင်​လိမ့်​မည်​မ​ဟုတ်'' ဟု ဖော်​ပြ​ထား​သ​တည်း။-
18 Na nui atu ta ratou karanga i te reo Hurai ki te iwi o Hiruharama i runga i te taiepa hei whakawehi i a ratou, hei whakararuraru i a ratou, he mea kia riro ai i a ratou te pa.
၁၈တပ်​မှူး​တို့​သည်​မြို့​ရိုး​ပေါ်​ရှိ​ယေ​ရု​ရှ​လင်​မြို့ သား​တို့​အား​ခြိမ်း​ခြောက်​ကာ​စိတ်​ပျက်​အား လျော့​အောင်​ပြု​၍ မြို့​ကို​အ​လွယ်​တ​ကူ​သိမ်း ပိုက်​နိုင်​စေ​ရန်​ဟေ​ဗြဲ​ဘာ​သာ​စ​ကား​ဖြင့် အော်​ဟစ်​ပြော​ဆို​ကြ​လေ​သည်။-
19 Na, ko ta ratou korero mo te Atua o Hiruharama, rite tonu ki ta ratou mo nga atua o nga iwi o te whenua, mo nga mahi a te ringa tangata.
၁၉သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သား​တို့​၏​ဘု​ရား​သ​ခင်​ကို​လူ​တို့​လက်​ဖြင့်​ပြု​လုပ်​သော​ရုပ်​တု များ​ဖြစ်​သည့်​အ​ခြား​လူ​မျိုး​တို့​၏​ဘု​ရား များ​နှင့်​တန်း​တူ​ထား​၍​ပြော​ဆို​ကြ​၏။
20 Na kei te inoi, kei te karanga ki te rangi a Kingi Hetekia raua ko te poropiti, ko Ihaia tama a Amoho, mo tenei mea.
၂၀ထို​အ​ခါ​ဟေ​ဇ​ကိ​မင်း​နှင့်​အာ​မုတ်​၏​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည် ဘု​ရား​သ​ခင်​ထံ တော်​သို့​ကယ်​မ​တော်​မူ​ရန်​ဟစ်​လျက်​ပတ္ထ​နာ ပြု​ကြ​လေ​သည်။-
21 Na ko te tukunga mai a Ihowa i te anahera, hautopea atu ana e ia nga toa marohirohi katoa ratou ko nga rangatira, ko nga tangata nunui, i te puni o te kingi o Ahiria. Heoi hoki ana ia ki tona whenua; whakama ana tona mata. Haere ana ia ki te wha re o tona atua, na patua iho ia i reira ki te hoari e te hunga i puta i ona whekau.
၂၁ထာ​ဝရ​ဘု​ရား​သည်​ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်​၍ အာ​ရှု​ရိ​တပ်​သား​များ​နှင့်​တပ်​မ တော်​အ​ရာ​ရှိ​များ​အား​သုတ်​သင်​ပယ်​ရှင်း စေ​တော်​မူ​၏။ ဧ​က​ရာဇ်​မင်း​သည်​အ​ရှက်​ကွဲ လျက်​အာ​ရှု​ရိ​ပြည်​သို့​ပြန်​တော်​မူ​၏။ တစ် နေ့​သ​၌​သူ​သည်​မိ​မိ​ဘု​ရား​၏​ဗိ​မာန် တော်​၌​ရှိ​နေ​စဉ် သား​တော်​အ​ချို့​တို့​သည် သူ့​အား​ဋ္ဌား​ဖြင့်​လုပ်​ကြံ​ကြ​လေ​သည်။
22 Heoi whakaorangia ake a Hetekia me nga tangata o Hiruharama e Ihowa i te ringa o Henakeripi kingi o Ahiria, i te ringa ano o era katoa, a arahina ana ratou e ia i tetahi taha, i tetahi taha.
၂၂ဤ​နည်း​အား​ဖြင့်​ထာ​ဝရ​ဘု​ရား​သည်​ဟေ ဇ​ကိ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့ အား အာ​ရှု​ရိ​ဧ​က​ရာဇ်​သ​နာ​ခ​ရိပ်​၏​လက် မှ​လည်း​ကောင်း၊ အ​ခြား​ရန်​သူ​များ​၏​လက် မှ​လည်း​ကောင်း​ကယ်​တော်​မူ​၍​ပတ်​ဝန်း​ကျင် နိုင်​ငံ​များ​နှင့်​ငြိမ်း​ချမ်း​မှု​ကို​ပေး​တော်​မူ​၏။-
23 A he tokomaha ki te kawe i te hakari ki a Ihowa, ki Hiruharama, i nga mea utu nui ano ki a Hetekia kingi o Hura; na kake tonu ake ia i reira i te tirohanga a nga iwi katoa.
၂၃လူ​အ​မြောက်​အ​မြား​ပင်​ထာ​ဝ​ရ​ဘု​ရား အ​တွက်​ပူ​ဇော်​သ​ကာ​များ​နှင့် ဟေ​ဇ​ကိ မင်း​အ​တွက်​လက်​ဆောင်​များ​ကို​ယေ​ရု​ရှ​လင် မြို့​သို့​ယူ​ဆောင်​လာ​ကြ​၏။ ထို​ကာ​လ​မှ အ​စ​ပြု​၍​ဟေ​ဇ​ကိ​သည်​နိုင်​ငံ​တ​ကာ တို့​၏​ရှေ့​တွင်​ဂုဏ်​အ​သ​ရေ​ကြီး​မြင့်​လေ​၏။
24 I aua ra ka mate a Hetekia, whano marere. Na ko tana inoinga ki a Ihowa, ka korero tera ki a ia, ka homai ano i te tohu ki a ia.
၂၄ထို​အ​ချိန်​ကာ​လ​လောက်​၌​ပင်​ဟေ​ဇ​ကိ​သည် သေ​လု​နီး​ပါး​ဖျား​နာ​သ​ဖြင့် ဆု​တောင်း​ပတ္ထ နာ​ပြု​တော်​မူ​၏။ ထာ​ဝရ​ဘု​ရား​သည်​သူ​ပြန် လည်​ကျန်း​မာ​လာ​မည့်​နိ​မိတ်​ကို​ပြ​တော်​မူ​၏။-
25 Otiia kihai i rite ki te atawhainga ki a ia ta Hetekia utu: i whakakake hoki tona ngakau; na kua takoto he riri mona, mo Hura, mo Hiruharama.
၂၅သို့​ရာ​တွင်​ဟေ​ဇ​ကိ​မင်း​သည်​မာန်​မာ​န​ရှိ သ​ဖြင့် ခံ​စား​ရ​သော​ကျေး​ဇူး​တော်​အ​တွက် ကျေး​ဇူး​တော်​ကို​မ​ချီး​မွမ်း။ ထို​ကြောင့်​ယု​ဒ ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သား​တို့ သည်​အ​မျက်​တော်​ဒဏ်​ကို​ခံ​ရ​ကြ​လေ​သည်။-
26 Otiia i whakaiti a Hetekia i a ia, mo tona ngakau i whakakake ra, a ia, me nga tangata ano o Hiruharama, a kihai te riri o Ihowa i puta ki a ratou i nga ra o Hetekia.
၂၆နောက်​ဆုံး​တွင်​ဟေ​ဇ​ကိ​နှင့်​ယေ​ရု​ရှ​လင်​မြို့ သူ​မြို့​သား​တို့​သည်​နှိမ့်​ချ​သော​စိတ်​ရှိ​လာ ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည်​ဟေ​ဇ​ကိ ၏​လက်​ထက်​ကာ​လ​တွင်​ပြည်​သူ​တို့​အား အ​ပြစ်​ဒဏ်​ခတ်​တော်​မ​မူ။
27 Na nui atu te taonga me te kororia i a Hetekia: a hanga ana e ia he toa taonga mo te hiriwa, mo te koura, mo nga kohatu utu nui, mo nga mea kakara, mo nga whakangungu rakau, mo nga mea katoa e matenuitia ana;
၂၇ဟေ​ဇ​ကိ​သည်​လွန်​စွာ​ချမ်း​သာ​ကြွယ်​ဝ​လာ ပြီး​လျှင် လူ​အ​ပေါင်း​တို့​၏​ရှေ့​တွင်​ဂုဏ်​အ​သ ရေ​ကြီး​မြင့်​လေ​၏။ သူ​သည် ရွှေ၊ ငွေ၊ ကျောက်​မျက် ရ​တ​နာ​များ၊ နံ့​သာ​မျိုး​များ၊ ဒိုင်း​လွှား​များ နှင့်​အ​ခြား​အ​ဖိုး​တန်​ပစ္စည်း​များ​သို​လှောင် ရန်​တိုက်​များ​ကို​တည်​ဆောက်​တော်​မူ​၏။-
28 He toa ano mo nga hua o te witi, o te waina, o te hinu, me nga tunga mo ia kararehe, mo ia kararehe, me nga taiepa mo nga kahui hipi.
၂၈စ​ပါး၊ စ​ပျစ်​ရည်​နှင့်​သံလွင်​ဆီ​အ​တွက်​ကုန် လှောင်​ရုံ​များ၊ မိ​မိ​၏​ကျွဲ​နွား​များ​အ​တွက် တင်း​ကုပ်​များ၊ သိုး​များ​အ​တွက်​ခြံ​များ ကို​လည်း​တည်​ဆောက်​တော်​မူ​၏။-
29 I hanga ano e ia etahi pa mona, a he tini ano nga kahui hipi, kau hoki: nui atu hoki te taonga i homai e te Atua ki a ia.
၂၉ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား​ဤ​အ​ရာ များ​အ​ပြင်​သိုး​နွား​များ​နှင့်​အ​ခြား​ပစ္စည်း ဥစ္စာ​အ​မြောက်​အ​မြား​ကို​လည်း​ပေး​သ​နား တော်​မူ​သ​ဖြင့် သူ​သည်​မြောက်​မြား​စွာ​သော မြို့​တို့​ကို​တည်​ထောင်​တော်​မူ​၏။-
30 Na taua Hetekia ano i puru to runga putanga o te wai o Kihona; whakatikaia tonutia iho e ia ki te taha ki te hauauru o te pa o Rawiri. Oti pai ana hoki i a Hetekia ana mahi katoa.
၃၀ဂိ​ဟုန်​စမ်း​မှ​ရေ​စီး​ကြောင်း​ကို​ပိတ်​ဆို့​လိုက် ပြီး​လျှင်​ဥ​မင်​လိုဏ်​ခေါင်း​တူး​၍ ယေ​ရု​ရှ​လင် မြို့​တံ​တိုင်း​အ​တွင်း​သို့​ရေ​ကို​သွယ်​သူ​မှာ ဟေ​ဇ​ကိ​ပင်​ဖြစ်​၏။ ဟေ​ဇ​ကိ​သည်​ပြု​လေ သ​မျှ​သော​အ​မှု​တို့​တွင်​အောင်​မြင်​တော်​မူ သည်။-
31 I nga karere ia a nga rangatira o Papurona i unga mai nei ki a ia ki te ui ki te merekara i puta ki te whenua, i mahue ia i te Atua, kia whakamatauria ai ia, kia mohiotia ai nga mea katoa i tona ngakau.
၃၁တိုင်း​ပြည်​တွင်​ဖြစ်​ပွား​ခဲ့​သော​အံ့​ဖွယ်​အ​မှု ကို​စုံ​စမ်း​ရန်​ဗာ​ဗု​လုန်​သံ​တ​မန်​များ​လာ ရောက်​ချိန်​၌​ပင်​လျှင် ဘု​ရား​သ​ခင်​သည်​ဟေ ဇ​ကိ​၏​သ​ဘော​ကို​စမ်း​သပ်​သိ​ရှိ​နိုင်​ရန်​သူ ပြု​လို​သည့်​အ​တိုင်း​ပြု​နိုင်​ခွင့်​ကို​ပေး​တော် မူ​၏။
32 Na, ko era atu meatanga a Hetekia, me ana mahi atawhai, nana, kua oti te tuhituhi ki te kite a Ihaia poropiti tama a Amoho, ki te pukapuka o nga kingi o Hura, o Iharaira.
၃၂ဟေ​ဇ​ကိ​မင်း​လုပ်​ဆောင်​ခဲ့​သော​အ​ခြား အ​မှု​အ​ရာ​ရှိ​သ​မျှ​နှင့်​ထာ​ဝရ​ဘု​ရား အား​ဆည်း​ကပ်​ပုံ​တို့​ကို အာ​မုတ်​၏​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​၏​ဗျာ​ဒိတ်​ရူ​ပါ​ရုံ ကျမ်း၊ ယု​ဒ​ရာ​ဇ​ဝင်​နှင့်​ဣသ​ရေ​လ​ရာ​ဇ​ဝင် တွင်​ရေး​ထား​သ​တည်း။-
33 Na kua moe a Hetekia ki ona matua, a tanumia iho ki to runga rawa o nga urupa o nga tama a Rawiri: a i tona matenga ka whakakororiatia ia e Hura katoa, ratou ko nga tangata o Hiruharama; a ko tana tama, ko Manahi, te kingi i muri i a ia.
၃၃ဟေ​ဇ​ကိ​ကွယ်​လွန်​သော​အ​ခါ​သူ​၏​အ​လောင်း ကို​ဘု​ရင်​များ​၏​သင်္ချိုင်း​အ​ထက်​ပိုင်း​တွင်​သင်္ဂြိုဟ် ကြ​၏။ သူ​ကွယ်​လွန်​ချိန်​၌​ယု​ဒ​ပြည်​သူ​များ နှင့်​ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည်​သူ့​အား အ​ထူး​ဂုဏ်​ပြု​ကြ​၏။ သား​တော်​မ​နာ​ရှေ သည်​ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​၍​နန်း​တက်​လေ​သည်။

< 2 Whakapapa 32 >