< 2 Whakapapa 30 >
1 Na ka tono tangata a Hetekia ki a Iharaira katoa raua ko Hura; i tuhituhia ano e ia he pukapuka ki a Eparaima raua ko Manahi kia haere mai ki te whare o Ihowa ki Hiruharama, ki te mahi i te kapenga a Ihowa, a te Atua o Iharaira.
၁တဖန်ဧဖရိမ်အမျိုး၊ မနာရှေအမျိုးနှင့်တကွ ဣသရေလအမျိုး၊ ယုဒအမျိုးသားအပေါင်းတို့သည် ယေရု ရှလင်မြို့၊ ဗိမာန်တော်သို့လာ၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားအား၊ ပသခါပွဲကို ခံစေခြင်းငှါ၊ ဟေဇကိသည် စာရေး၍ပေးလိုက်လေ၏။
2 Kua oti hoki te whakaaro te whakatakoto e te kingi, ratou ko ana rangatira, ko te whakaminenga katoa i Hiruharama, kia mahia te kapenga i te rua o nga marama.
၂ဒုတိယလတွင်၊ ပသခါပွဲကိုခံခြင်းငှါ ရှင်ဘုရင် သည် တိုင်ပင်၍၊ မှူးတော်မတ်တော်တို့နှင့် ယေရုရှလင် မြို့၌ စည်းဝေးသော သူအပေါင်းတို့သည် စီရင်ကြပြီ။
3 Kihai hoki i ahei te mahi i taua wa, no te mea kiano i ata rite te tokomaha o nga tohunga i whakatapua; kiano hoki te iwi i huihui ki Hiruharama.
၃ယဇ်ပုရောဟိတ်တို့သည် အမှုတော်ကို ဆောင် ရွက်နိုင်မည်အကြောင်း၊ ကိုယ်ကိုသန့်ရှင်းစွာမပြုကြသေး။ ပြည်သူပြည်သားတို့သည် ယေရုရှလင်မြို့၌ မစည်းဝေး သောကြောင့် လွန်ခဲ့သောလတွင် ထိုပွဲကို မခံနိုင်ကြ။
4 A tika tonu taua mea ki te titiro a te kingi, ki te titiro ano a te whakaminenga katoa.
၄ရှင်ဘုရင်နှင့်စည်းဝေးသော သူအပေါင်းတို့ သည် ထိုအမှုကို နှစ်သက်သောကြောင့်၎င်း၊ ကျမ်းစာ၌ လာသည်အတိုင်း၊ ကြာမြင့်စွာသော ကာလပတ်လုံး၊ ပသခါပွဲကို မခံသောကြောင့်၎င်း၊
5 Heoi ka whakatakotoria te korero kia karangatia nuitia puta noa i a Iharaira i Peerehepa atu a tae noa ki Rana, kia haere mai ki te mahi i te kapenga a Ihowa, a te Atua o Iharaira ki Hiruharama: kihai ano hoki i mahia peratia e te nui tangata me te mea i tuhituhia.
၅အရပ်ရပ်တို့ကလာ၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအား၊ ယေရုရှလင်မြို့၌ ပသခါ ပွဲကိုခံစေခြင်းငှါ၊ ဣသရေ လပြည်တရှောက်လုံး၊ ဗေရ ရှေဘမြို့မှစ၍ ဒန်မြို့တိုင်အောင်၊ ကြော်ငြာစေမည် အကြောင်း အမိန့်တော်နှင့်စီရင်ကြ၏။
6 Heoi haere ana nga kaikawe i nga pukapuka a te kingi ratou ko ana rangatira puta noa i a Iharaira raua ko Hura, pera ana me ta te kingi i whakahau ai; hei ki atu, E nga tama a Iharaira, hoki mai ki a Ihowa ki te Atua o Aperahama, o Ihaka, o Ihara ira, a ka hoki mai ia ki nga morehu o koutou i mawhiti nei i te ringa o nga kingi o Ahiria.
၆ရှင်ဘုရင်နှင့်မှူးမတ်တို့ပေးလိုက်သောစာကို စာပို့လုလင်တို့သည် ယူ၍၊ အမိန့်တော်အတိုင်း ဣသ ရေလပြည်နှင့် ယုဒပြည်တရှောက်လုံးသို့ ပြေးကြ၏။ စာ၌ ပါသောစကားဟူမူကား၊ အိုဣသရေလအမျိုးသားတို့၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ဘုရားသခင် ထာဝရ ဘုရားထံသို့ပြန်လာကြလော့။ အာရှုရိရှင်ဘုရင်တို့လက်မှ လွတ်၍၊ ကျန်ကြွင်းသေးသောသူတို့ ရှိရာသို့ ပြန်လာ တော်မူမည်။
7 Kei rite hoki ki o koutou matua, ki o koutou tuakana, teina, i he nei ki a Ihowa, ki te Atua o o ratou matua; na tukua ana ratou e ia ki te whakangaro; koia ano tena ka kitea na e koutou.
၇ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားသော သင်တို့၏အဘများ၊ ညီအစ်ကိုများကဲ့သို့ မပြုကြနှင့်။ ပြစ်မှားသော ထိုသူတို့ကို သင်တို့မြင်သည် အတိုင်း၊ သုတ်သင်ပယ်ရှင်းခြင်းသို့ အပ်တော်မူပြီ။
8 Na kaua e whakapakeketia o koutou kaki, kei rite ki o koutou matua; engari e tuku i a koutou ki a Ihowa, ka tomo ki tona wahi tapu i whakatapua nei e ia mo ake tonu atu: e mahi ki a Ihowa, ki to koutou Atua, a ka tahuri atu i a koutou tona riri e mura nei.
၈သင်တို့အဘများကဲ့သို့ ခိုင်မာသောသဘော မရှိကြနှင့်။ ထာဝရဘုရား၌ ကိုယ်ကိုအပ်နှံကြလော့။ အစဉ်သန့်ရှင်းစေတော်မူသော သန့်ရှင်းရာဌာနတော်သို့ လာကြလော့။ ပြင်းစွာသော အမျက်တော်သည် သင်တို့မှ လွှဲသွားမည်အကြောင်း၊ သင်တို့၏ဘုရားသခင် ထာဝရ ဘုရား၏အမှုတော်ကို စောင့်ကြလော့။
9 Ki te tahuri hoki koutou ki a Ihowa, ka tohungia o koutou tuakana, teina, me a koutou tamariki e nga tangata nana ratou i whakarau, a ka hoki mai ratou ki tenei whenua; he atawhai hoki, he mahi tohu ta Ihowa, ta to koutou Atua; e kore hoki tona m ata e tahuri ke i a koutou, ki te hoki koutou ki a ia.
၉သင်တို့သည် ထာဝရဘုရားထံတော်သို့ ပြန်လာ လျှင်၊ သင်တို့၏ညီအစ်ကို သားသမီးတို့သည် သိမ်းသွား သော သူတို့ထံမှာ၊ ကရုဏာစိတ်နှင့်တွေ့ကြုံ၍၊ ဤပြည်သို့ တဖန် ပြန်လာကြလိမ့်မည်။ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ကျေးဇူးပြုချင်သောသဘော၊ သနား တတ်သောသဘောရှိသောကြောင့်၊ သင်တို့သည် အထံ တော်သို့ပြန်လာလျှင်၊ မျက်နှာတော်ကို သင်တို့မှ လွှဲတော် မမူဟု စာ၌ပါသတည်း။
10 Heoi haere ana nga kaikawe pukapuka i tenei pa ki tenei pa puta noa i te whenua o Eparaima, o Manahi, a tae noa ki Hepurona. Otiia kataina iho ratou, tawaia iho.
၁၀စာပို့လုလင်တို့သည် ဧဖရိမ်ခရိုင်၊ မနာရှေခရိုင် တရှောက်လုံး၊ ဇာဗုလုန်ခရိုင်တိုင်အောင် တမြို့မှ တမြို့သို့ ပြေးကြ၏။ ပြည်သားတို့သည် ပြက်ယယ်ပြု၍ ကဲ့ရဲ့ကြ၏။
11 I whakaiti ia etahi tangata o Ahera, o Manahi, o Hepurona, i a ratou, a haere ana ki Hiruharama.
၁၁သို့ရာတွင် အာရှာခရိုင်သား၊ မနာရှေခရိုင်သား၊ ဇာဗုလုန်ခရိုင်သား အချို့တို့သည် ကိုယ်ကိုနှိမ့်ချ၍ ယေရုရှလင်မြို့သို့ လာကြ၏။
12 I runga ano hoki i a Hura te ringa o te Atua hei homai i te ngakau kotahi ki a ratou ko nga rangatira i whakahau ai, ara i ta Ihowa i ki ai.
၁၂ယုဒပြည်သားတို့သည် ထာဝရဘုရားမိန့်တော်မူ သည်အတိုင်း၊ ရှင်ဘုရင်နှင့်မှူးမတ်တို့ စီရင်သည်အတိုင်း၊ တညီညွတ်တည်း ပြုချင်သော စေတနာစိတ်ကို၊ ဘုရား သခင်တန်ခိုးတော်ကြောင့် ရကြ၏။
13 Na he nui te iwi i huihui ki Hiruharama ki te mahi i te hakari o te taro rewenakore i te rua o nga marama, nui atu te whakaminenga.
၁၃ဒုတိယလတွင် အဇုမပွဲကို ခံလိုသောငှါ၊ များစွာ သောလူတို့သည် ယေရုရှလင်မြို့၌ စည်းဝေးကြ၍၊ အလွန် ကြီးသောပရိသတ် ဖြစ်လေ၏။
14 Na whakatika ana ratou, kei te tango i nga aata i Hiruharama, kei te tango ano i nga aata tahu whakakakara, a maka ana ki te awa ki Kitirono.
၁၄သူတို့သည်ထ၍၊ ယေရုရှလင်မြို့၌ရှိသော ယဇ်ပလ္လင်တို့ကို၎င်း၊ နံ့သာပေါင်းမီးရှို့ရာ ယဇ်ပလ္လင် ရှိသမျှတို့ကို၎င်းပယ်ရှင်း၍၊ ကေဒြုန်ချောင်းထဲသို့ ပစ်ချကြ၏။
15 Katahi ka patua te kapenga i te tekau ma wha o te rua o nga marama. A i whakama nga tohunga ratou ko nga Riwaiti, a whakatapua ana ratou e ratou ano, kawea ana e ratou he tahunga tinana ki te whare o Ihowa.
၁၅ဒုတိယလ တဆယ်လေးရက်နေ့တွင်၊ ပသခါ သိုးသငယ်ကို သတ်ကြ၏။ ယဇ်ပုရောဟိတ်၊ လေဝိသားတို့ သည် သတိရ၍ ကိုယ်ကိုသန့်ရှင်းစေလျက်၊ မီးရှို့ရာယဇ် တို့ကို ဗိမာန်တော်ထဲသို့ သွင်းကြ၏။
16 A tu ana ratou i to ratou turanga, i te wahi i whakaritea mo ratou, pera ana me ta te ture a Mohi, a ta te Atua tangata: ko nga tohunga hei tauhi i nga toto, ko nga Riwaiti hei homai.
၁၆ဘုရားသခင်၏လူ မောရှေပညတ်တရား၌ စီရင်သော ထုံးစံအတိုင်း၊ မိမိတို့နေရာ၌ ရပ်နေလျက်၊ ယဇ် ပုရောဟိတ်တို့သည် လေဝိသားတို့ လက်မှ အသွေးကို ယူ၍ ဖြန်းကြ၏။
17 He tokomaha hoki i roto i te whakaminenga kihai nei i whakatapu i a ratou: heoi ko nga Riwaiti hei patu i nga kapenga ma te hunga katoa kihai i purea, hei whakatapu i a ratou ki a Ihowa.
၁၇မသန့်ရှင်းသောသူအများတို့သည် ပရိသတ်၌ ပါသောကြောင့်၊ ထိုမသန့်ရှင်းသော သူရှိသမျှတို့ကို၊ ထာဝရဘုရားအဘို့ သန့်ရှင်းစေခြင်းငှါ၊ ပသခါသိုးသငယ် သတ်ခြင်းအမှုကို၊ လေဝိသားတို့သည် စောင့်ရကြ၏။
18 He tokomaha hoki o te iwi, ara he tokomaha no Eparaima, no Manahi, no Ihakara, no Hepurona, kihai i pure i a ratou, heoi kai ana ratou i te kapenga he mea kihai i rite ki ta te tuhituhi. Otiia i inoi a Hetekia mo ratou, i mea, Ma Ihowa, ma te Me a pai e muru te he o nga tangata katoa,
၁၈များစွာသောလူတည်းဟူသော၊ ဧဖရိမ်အမျိုး၊ မနာရှေအမျိုး၊ ဣသခါအမျိုး၊ ဇာဗုလုန်အမျိုးသား အများတို့သည် ကျမ်းစာ၌ပါသော တရားသို့မလိုက်၊ ကိုယ်ကိုမသန့်ရှင်းစေဘဲ၊ ပသခါ သိုးသငယ်ကိုစားကြ ၏။
19 E whakapai ana i o ratou ngakau ki te rapu i te Atua, i a Ihowa, i te Atua o o ratou matua, ko to ratou purenga ia kihai i rite ki to te wahi tapu.
၁၉သို့ရာတွင်၊ ဟေဇကိက၊ သန့်ရှင်းရာဌာနထုံးစံ အတိုင်း၊ သန့်ရှင်းခြင်းမရှိသော်လည်း၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို ဆည်းကပ်ခြင်းငှါ၊ သဘော ကျသောသူအပေါင်းတို့၏ အပြစ်ကို ကောင်းမြတ်သော ထာဝရဘုရားသည် လွှတ်တော်မူပါစေသောဟု ထိုသူတို့ အဘို့ ဆုတောင်းသဖြင့်၊
20 Na, ka whakarongo a Ihowa ki a Hetekia, a whakaorangia ana e ia te iwi.
၂၀ထာဝရဘုရားသည် ဟေဇကိစကားကို နား ထောင်တော်မူ၍၊ ဠူများတို့ကို ချမ်းသာပေးတော်မူ၏။
21 A mahia ana e nga tama a Iharaira i kitea ki Hiruharama te hakari taro rewenakore, e whitu nga ra, nui atu te koa; whakamoemititia ana a Ihowa e nga Riwaiti ratou ko nga tohunga i tenei ra, i tenei ra, me te waiata ano i runga i nga mea tangi nu i, he mea ki a Ihowa.
၂၁ယေရုရှလင်မြို့၌ စည်းဝေးသောဣသရေလအမျိုး တို့သည်၊ ခုနစ်ရက်ပတ်လုံး အလွန်ရွှင်လန်းသောစိတ်နှင့် အဇုမပွဲကိုခံကြ၏။ ယဇ်ပုရောဟိတ်လေဝိသားတို့သည် အသံကျယ်သောတူရိယာမျိုးကို တီးမှုတ်လျက်၊ နေ့ညဉ့် မပြတ် ထာဝရဘုရားအား ထောမနာသီချင်းဆိုကြ၏။
22 A i whakamarie a Hetekia i nga ngakau o nga Riwaiti katoa i mohio pai nei ki te ritenga o te mahi ki a Ihowa, a kai ana ratou i te kai o taua hakari, e whitu nga ra, patua ana e ratou nga whakahere mo te pai, whaki ana ki a Ihowa, ki te Atua o o ratou matua.
၂၂ထာဝရဘုရား၏ တရားတော်မြတ်ကို သွန်သင်သော လေဝိသားအပေါင်းတို့ကို၊ ဟေဇကိသည် အားပေး တော်မူသောစကား နှင့်နှုတ်ဆက်သဖြင့်၊ သူတို့သည် ခုနစ်ရက်ပတ်လုံးပွဲခံစဉ်အခါ၊ စားသောက်လျက်မိဿ ဟာယပူဇော်သက္ကာကိုပြုလျက်၊ ဘိုးဘေးတို့၏ ဘုရား သခင် ထာဝရဘုရားအား တောင်းပန်လျက်နေကြ၏။
23 Na ka whakatakotoria te whakaaro e te whakaminenga katoa, kia mahia etahi atu ra e whitu. A koa ana ratou i a ratou e mahi ana i aua ra e whitu.
၂၃စည်းဝေးသောသူအပေါင်းတို့သည် ခုနစ်ရက် ထပ်၍ပွဲခံခြင်းငှါ တိုင်ပင်ပြီးမှ၊ ရွှင်လန်းသောစိတ်နှင့် ခုနစ်ရက်ထပ်၍ပွဲခံကြ၏။
24 I homai hoki e Hetekia kingi o Hura ki te whakaminenga hei whakahere etahi puru kotahi mano, etahi hipi e whitu mano; i homai ano e nga rangatira ki te whakaminenga etahi puru kotahi mano, etahi hipi tekau mano. He tokomaha ano hoki nga tohunga i whakatapu i a ratou.
၂၄ယုဒရှင်ဘုရင်ဟေဇကိသည် နွားတထောင်နှင့် သိုးခုနစ်ထောင်တို့ကို၎င်း၊ မှူးမတ်တို့သည် နွားတထောင်နှင့် သိုးတသောင်းကို၎င်း၊ စည်းဝေးသောသူတို့အား ပေးကြ ၏။ များစွာသောယဇ် ပုရောဟိတ်တို့သည် ကိုယ်ကို သန့်ရှင်းစေကြ၏။
25 Na koa tonu te whakaminenga katoa o Hura, ratou ko nga tohunga, ko nga Riwaiti, me te whakaminenga katoa i haere mai nei i a Iharaira me nga manene i haere mai nei i te whenua o Iharaira ki Hura noho ai.
၂၅ယဇ်ပုရောဟိတ်၊ လေဝိသားတို့နှင့်တကွ ယုဒ ပရိတ်သတ်များ၊ ဣသရေလပြည်မှလာသော ပရိသတ် များ၊ ယုဒပြည်၌နေသော တပါးအမျိုးသား၊ ဣသရေလပြည်မှလာသော တပါးအမျိုးသား တို့သည် ဝမ်းမြောက်ဝမ်းသာကြ၏။
26 Heoi he nui te koa i Hiruharama, no te mea no nga ra ano o Horomona tama a Rawiri kingi o Iharaira kahore he penei me tenei i Hiruharama.
၂၆ထိုသို့ယေရုရှလင်မြို့၌ ကြီးစွာသောဝမ်းမြောက် ခြင်းရှိ၏။ ဣသရေလရှင်ဘုရင် ဒါဝိဒ်သား ရှောလမုန် လက်ထက်မှသည်၊ နောက်တဖန်ယေရုရှလင်မြို့၌ ထိုမျှ လောက်ကြီးစွာသော ဝမ်းမြောက်ခြင်းမရှိ။
27 Hatahi ka whakatika nga tohunga, nga Riwaiti, a manaakitia ana e ratou te iwi, a i rangona to ratou reo, i tae atu ano hoki ta ratou inoi ki tona nohoanga tapu, ki te rangi.
၂၇ထိုအခါ ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် ထ၍လူများတို့ကို ကောင်းပေးကြ၏။ ထိုသူတို့စကားသံကို ဘုရားသခင်ကြားတော်မူ၏။ သန့်ရှင်းသော ကျိန်းဝပ် တော်မူရာ၊ ကောင်းကင်ဘုံသို့ ပဌနာစကားတက်လေ၏။