< 2 Whakapapa 21 >

1 Na kua moe a Iehohapata ki ona matua, kua tanumia ki ona matua ki te pa o Rawiri; a ko Iehorama, ko tana tama, te kingi i muri i a ia.
ယော​ရှ​ဖတ်​ကွယ်​လွန်​သော​အ​ခါ​ဒါ​ဝိဒ်​မြို့​ရှိ ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ သား တော်​ယ​ဟော​ရံ​သည်​ခ​မည်း​တော်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။
2 He teina ano ona, he tama na Iehohapata, ko Ataria, ko Tehiere, ko Hakaraia, ko Ataria, ko Mikaera, ko Hepatia. Ko enei katoa he tama na Iehohapata kingi o Iharaira.
ယု​ဒ​ဘု​ရင်​ယော​ရှ​ဖတ်​၏​သား​တော်​ယ​ဟော​ရံ တွင်​အာ​ဇ​ရိ၊ ယေ​ယ​လေ၊ ဇာ​ခ​ရိ၊ အာ​ဇ​ရိ​ဟု၊ မိက္ခေ​လ၊ ရှေ​ဖတိ​ဟူ​သော​ညီ​ခြောက်​ယောက် ရှိ​၏။-
3 I hoatu hoki etahi hakari nui e to ratou papa ki a ratou, he hiriwa, he koura, he taonga utu nui, he pa taiepa i Hura: ko te kingitanga ia i hoatu e ia ki a Iehorama; no te mea ko ia te matamua.
ခ​မည်း​တော်​သည်​သူ​တို့​အား ရွှေ၊ ငွေ၊ အ​မြောက် အ​များ​နှင့်​အ​ခြား​အ​ဖိုး​တန်​ပစ္စည်း​ဥစ္စာ​များ ကို​ပေး​၍ ယု​ဒ​ပြည်​ခံ​တပ်​မြို့​တစ်​မြို့​စီ​ကို အုပ်​ချုပ်​ရန်​တာ​ဝန်​ပေး​တော်​မူ​၏။ သို့​သော် ယ​ဟော​ရံ​သည်​အ​ကြီး​ဆုံး​သား​တော် ဖြစ်​သ​ဖြင့် သူ့​အား​ယော​ရှ​ဖတ်​က​မိ​မိ​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​စေ​တော်​မူ​၏။-
4 A, ka kake a Iehorama ki te kingitanga o tona papa, ka whai kaha, na patua iho e ia ona teina katoa ki te hoari, me etahi o nga rangatira o Iharaira.
နိုင်​ငံ​တော်​ကို​ပိုင်​နိုင်​စွာ​အုပ်​စိုး​နိုင်​သော​အ​ခါ ယ​ဟော​ရံ​သည်​ညီ​တော်​အ​ပေါင်း​နှင့်​ဣ​သ ရေ​လ​မှူး​မတ်​အ​ချို့​တို့​ကို​ကွပ်​မျက်​လေ​သည်။
5 E toru tekau ma rua nga tau o Iehorama i a ia i kingi ai, a e waru ona tau i kingi ai ia ki Hiruharama.
ယ​ဟော​ရံ​သည်​သက်​တော်​သုံး​ဆယ့်​နှစ်​နှစ် ၌​နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​ရှစ်​နှစ်​နန်း စံ​လေ​သည်။-
6 Na haere ana ia i te ara o nga kingi o Iharaira, pera ana me ta te whare o Ahapa i mea ai; he wahine hoki nana te tamahine a Ahapa; heoi he kino tana mahi ki te titiro a Ihowa.
သူ​သည်​အာ​ဟပ်​၏​သ​မီး​တော်​တစ်​ပါး​နှင့် စုံ​ဖက်​မိ​သ​ဖြင့် အာ​ဟပ်​မင်း​နှင့်​အ​ခြား ဣ​သ​ရေ​လ​ဘု​ရင်​တို့​၏​ဆိုး​ညစ်​ယုတ်​မာ သော​လမ်း​စဉ်​ကို​လိုက်​၍​ထာ​ဝရ​ဘု​ရား​ကို ပြစ်​မှား​လေ​သည်။-
7 Otiia kihai i pai a Ihowa ki te whakangaro i te whare o Rawiri: i whakaaro ki te kawenata i whakaritea e ia ki a Rawiri, ki tana hoki i ki ai, ka hoatu he rama ki a ia, ki ana tama, i nga ra katoa.
သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​နှင့် ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၍ သူ​၏​အ​မျိုး​မင်း​ရိုး မ​ပြတ်​စေ​ရန်​က​တိ​ထား​တော်​မူ​ခဲ့​သ​ဖြင့် ဒါ​ဝိဒ်​မင်း​ဆက်​ပျက်​သုဉ်း​သွား​စေ​ရန် အ​လို​တော်​မ​ရှိ​ချေ။
8 I ona ra ka maunu a Eroma i raro i te ringa o Hura, a whakakingitia ake e ratou he kingi mo ratou.
ယ​ဟော​ရံ​၏​လက်​ထက်​၌​ဧ​ဒုံ​ပြည်​သည် ပုန်​ကန်​၍ လွတ်​လပ်​သော​နိုင်​ငံ​ဖြစ်​လာ​လေ သည်။ ယ​ဟော​ရံ​နှင့်​သူ​၏​တပ်​မှူး​တို့​သည် စစ်​ရ​ထား​များ​နှင့်​ထွက်​ခွာ​၍ ဧ​ဒုံ​ပြည်​သို့ ချင်း​နင်း​ဝင်​ရောက်​ကြ​၏။ သူ​တို့​သည်​ထို အ​ရပ်​တွင်​ဧ​ဒုံ​တပ်​မ​တော်​၏​အ​ဝိုင်း​ခံ ရ​ကြ​သော်​လည်း​ညဥ့်​အ​ခါ​ချိုး​ဖောက် ထွက်​ပြေး​ကြ​လေ​သည်။-
9 Katahi ka haere a Iehorama ratou ko ana rangatira, me ana hariata katoa. Na maranga ana ia i te po, a patua iho e ia nga Eromi i karapotia ai ia, ratou ko nga rangatira o nga hariata.
ထို​ကာ​လ​မှ​အ​စ​ပြု​၍​ဧ​ဒုံ​ပြည်​သည် သြ​ဇာ​ခံ​မ​ဟုတ်​တော့​ဘဲ လွတ်​လပ်​သော နိုင်​ငံ​အ​ဖြစ်​ရပ်​တည်​လျက်​ရှိ​သ​တည်း။-
10 Heoi kua maunu a Eroma i raro i te ringa o Hura a taea noatia tenei ra. I maunu ano a Ripina i taua wa i raro i tona ringa, nona hoki i whakarere i a Ihowa, i te Atua o ona matua.
၁၀ယ​ဟော​ရံ​သည်​မိ​မိ​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​စွန့်​ပယ်​တော်​မူ သ​ဖြင့် ဤ​အ​ချိန်​ကာ​လ​အ​တွင်း​၌​ပင် လိ​ဗ​န​မြို့​သည်​လည်း​ပုန်​ကန်​လေ​သည်။-
11 Na i hanga e ia he wahi tiketike ki nga maunga o Hura, a meinga ana e ia nga tangata o Hiruharama kia moepuku, i kumea hoki e ia a Hura ki te he.
၁၁သူ​သည်​ယု​ဒ​ကုန်း​မြင့်​ဒေ​သ​များ​၌​ရုပ်​တု ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​များ​ကို​ပင်​တည် ဆောက်​၍ ယု​ဒ​ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ​လင် မြို့​သား​များ​အား​ထာ​ဝရ​ဘု​ရား​ကို​ပြစ် မှား​စေ​ရန်​ရှေ့​ဆောင်​လမ်း​ပြ​ပေး​၏။
12 Na kua tae mai ki a ia he mea i tuhituhia e Iraia poropiti, e mea ana, Ko te kupu tenei a Ihowa, a te Atua o tou papa, o Rawiri, Na, i te mea kihai koe i haere i nga ara o tou papa, o Iehohapata, i nga ara ano o Aha kingi o Hura;
၁၂ပ​ရော​ဖက်​ဧ​လိ​ယ​သည်​ယ​ဟော​ရံ​ထံ​သို့​စာ တစ်​စောင်​ပေး​ပို့​လိုက်​၏။ ထို​စာ​တွင်``သင်​သည် ခ​မည်း​တော်​ယော​ရှ​ဖတ်​နှင့်​ဘိုး​တော်​အာ​သ ၏​လမ်း​စဉ်​ကို​မ​လိုက်​ဘဲ​ဣ​သ​ရေ​လ​ဘု​ရင် တို့​၏​လမ်း​စဉ်​ကို​လိုက်​သ​ဖြင့် သင့်​ဘိုး​ဘေး ဒါ​ဝိဒ်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​သင့်​အား​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ခဲ့​ပြီ။-
13 Engari haere ana koe i te ara o nga kingi o Iharaira, a meinga ana e koe a Hura, ratou ko nga tangata o Hiruharama, kia moepuku, kia rite ki nga moepuku o te whare o Ahapa; a patua ana e koe ou teina o te whare o tou papa, he hunga i pai ake i a koe:
၁၃အာ​ဟပ်​နှင့်​သူ​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​ကြ သူ​များ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဘု​ရား​သ​ခင်​ကို​သစ္စာ​ဖောက်​ရန် ရှေ့​ဆောင်​လမ်း ပြ​ခဲ့​ကြ​သည့်​နည်း​တူ​သင်​သည်​ယု​ဒ​ပြည်​သူ များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သား​များ​ကို​သစ္စာ ဖောက်​ရန်​ရှေ့​ဆောင်​လမ်း​ပြ​ခဲ့​ပေ​သည်။ သင် သည်​မိ​မိ​ထက်​ကောင်း​မြတ်​သော​ညီ​များ အား​လည်း​သတ်​ခဲ့​၏။-
14 Nana, he nui te whiu e whiua ai e Ihowa tou iwi, au tamariki, au wahine, me ou rawa katoa:
၁၄သို့​ဖြစ်​၍​ထာ​ဝရ​ဘု​ရား​သည်​သင်​၏​ပြည်​သူ များ၊ သား​သ​မီး​များ​နှင့်​မိ​ဖု​ရား​များ​ကို ပြင်း​ထန်​စွာ​ဒဏ်​စီ​ရင်​၍ သင်​ပိုင်​ဆိုင်​သ​မျှ ကို​လည်း​ပျက်​စီး​စေ​တော်​မူ​လိမ့်​မည်။-
15 A tera e nui ou mate, he mate no ou whekau, no ka puta ki waho ou whekau i te mate i tenei ra, i tenei ra.
၁၅သင်​ကိုယ်​တိုင်​အူ​၌​တစ်​နေ့​တစ်​ခြား​ဆိုး ရွား​လာ​သည့်​ရော​ဂါ​စွဲ​ကပ်​လာ​လိမ့်​မည်''ဟု ပါ​ရှိ​၏။
16 Na whakaarahia ana e Ihowa hei whawhai ki a Iehorama te wairua o nga Pirihitini, o nga Arapi ano i tata ki nga Etiopiana.
၁၆ပင်​လယ်​ကမ်း​ခြေ​တွင်​အ​ခြေ​စိုက်​နေ​ထိုင် ကြ​သော​ဆူ​ဒန်​အ​မျိုး​သား​တို့​အ​နီး​တွင် ဖိ​လိတ္တိ​အ​မျိုး​သား​နှင့်​အာ​ရပ်​အ​မျိုး​သား အ​ချို့​တို့​သည်​နေ​ထိုင်​ကြ​၏။ ထာ​ဝရ​ဘု​ရား သည်​ဤ​သူ​တို့​ကို​ယ​ဟော​ရံ​အား​တိုက် ခိုက်​စေ​တော်​မူ​၏။-
17 Na ka whakaekea a Hura e ratou; kua pakaru ki roto, kahakina ake e ratou nga taonga katoa i rokohanga ki te whare o te kingi, ana tama, me ana wahine, kihai rawa tetahi tama ana i mahue ki a ia, ko Iehoahata anake, ko te whakaotinga o ana tama.
၁၇သူ​တို့​သည်​ယု​ဒ​ပြည်​သို့​ချင်း​နင်း​ဝင် ရောက်​ကာ​နန်း​တော်​ကို​လု​ယက်​ကြ​၏။ ထို နောက်​သား​တော်​အ​ငယ်​ဆုံး​ဖြစ်​သူ​အာ​ခ​ဇိ မှ​တစ်​ပါး​အ​ခြား​သား​တော်​များ​နှင့်​မိ ဖု​ရား​များ​ကို​သုံ့​ပန်း​အ​ဖြစ်​ဖြင့်​ဖမ်း ဆီး​သွား​လေ​သည်။
18 I muri i tenei katoa ka patua e Ihowa ona whekau; he mate kihai i taea te rongoa.
၁၈ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​သည်​မင်း​ကြီး​အား​အူ နာ​စွဲ​ကပ်​စေ​တော်​မူ​၏။-
19 A ka maha nga ra, ka taea te mutunga o nga tau e rua, ka puta ona whekau ki waho, na tona mate hoki, a mate iho ia, he kino ona mate; kahore hoki a tona iwi tahunga mona pera me te tahunga mo ona matua.
၁၉ထို​ရော​ဂါ​သည်​နှစ်​နှစ်​နီး​ပါး​မျှ​တစ်​နေ့ တစ်​ခြား​ပို​မို​ဆိုး​ရွား​လာ​ပြီး​လျှင် နောက်​ဆုံး ၌​မင်း​ကြီး​သည်​ပြင်း​ပြ​သော​ဝေ​ဒ​နာ​နှင့် ကွယ်​လွန်​လေ​၏။ ပြည်​သူ​တို့​သည်​သူ​၏​ဘိုး ဘေး​တို့​အ​တွက်​မီး​ပုံ​ပွဲ​များ​ပြု​သ​ကဲ့​သို့ သူ့​အ​တွက်​မ​ပြု​ကြ။
20 E toru tekau ma rua ona tau i tona kingitanga, a e waru ona tau i kingi ai ia ki Hiruharama: na kihai ia i matenuitia i tona haerenga; a tanumia ana ki te pa o Rawiri, engari kahore ki nga tanumanga o nga kingi.
၂၀သူ​သည်​သက်​တော်​သုံး​ဆယ့်​နှစ်​နှစ်​၌​နန်း တက်​၍​ယေ​ရု​ရှ​လင်​မြို့​တွင်​ရှစ်​နှစ်​နန်း​စံ တော်​မူ​၏။ ကွယ်​လွန်​သော​အ​ခါ​သူ​၏​အ​တွက် အ​ဘယ်​သူ​မျှ​ဝမ်း​မ​နည်း​ကြ။ သူ့​အ​လောင်း ကို​ဒါ​ဝိဒ်​မြို့​တွင်​သင်္ဂြိုဟ်​ကြ​သော်​လည်း ဘု​ရင်​တို့​၏​သင်္ချိုင်း​တွင်​မ​သင်္ဂြိုဟ်​ကြ။

< 2 Whakapapa 21 >