< 2 Whakapapa 2 >

1 Na ka mea a Horomona kia hanga he whare mo te ingoa o Ihowa, he whare hoki mo tona kingitanga.
ရှော​လ​မုန်​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ် ပြု​ကိုး​ကွယ်​ရန်​အ​တွက်​ဗိ​မာန်​တော်​ကို လည်း​ကောင်း၊ မိ​မိ​၏​အ​တွက်​နန်း​တော်​ကို လည်း​ကောင်း​တည်​ဆောက်​ရန်​အ​ကြံ​ရှိ​တော် မူ​၏။-
2 Na ka taua e Horomona e whitu tekau mano tangata hei kaipikau, e waru tekau mano hoki hei tua i runga i te maunga, me nga kaitirotiro i a ratou e toru mano e ono rau.
မင်း​ကြီး​သည်​ပစ္စည်း​သယ်​ယူ​ပို့​ဆောင်​ရေး အ​လုပ်​သ​မား​ခု​နစ်​သောင်း၊ ကျောက်​ဆစ် အ​လုပ်​သ​မား​ရှစ်​သောင်း၊ အ​လုပ်​သ​မား များ​ကို​ကြီး​ကြပ်​အုပ်​ချုပ်​သူ​သုံး​ထောင့် ခြောက်​ရာ​တို့​ကို​ခန့်​ထား​တော်​မူ​၏။
3 Na ka tuku tangata a Horomona ki a Hurama kingi o Taira hei ki atu, Kia rite ki tau i mea ai ki toku papa, ki a Rawiri; i tukua mai hoki e koe he hita kia kawea mai mana, hei hanga i tetahi whare mona hei nohoanga, kia pera hoki tau ki ahau.
ရှော​လ​မုန်​သည်​တု​ရု​ဘု​ရင်​ဟိ​ရံ​ထံ​သို့ သံ​တ​မန်​စေ​လွှတ်​၍``အ​ဆွေ​တော်​သည်​အ​ကျွန်ုပ် ၏​ခမည်း​တော်​ဒါ​ဝိဒ်​အား​နန်း​တော်​ဆောက်​လုပ် ရန်​အ​တွက်​သစ်​က​တိုး​သား​များ​ကို​ရောင်း ချ​ပေး​ခဲ့​သည့်​နည်း​တူ​ကျွန်ုပ်​နှင့်​လည်း​ကုန် သွယ်​မှု​ကို​ပြု​ပါ​လော့။-
4 Nana, ka hanga e ahau he whare mo te ingoa o Ihowa, o toku Atua, ka whakatapua mona, hei tahunga mo te whakakakara reka ki tona aroaro, mo te taro aroaro tuturu, mo nga tahunga tinana o te ata, o te ahiahi, o nga hapati, o nga kowhititanga marama, o nga hakari o Ihowa, o to matou Atua. He tikanga tenei ake ake ma Iharaira.
ကျွန်ုပ်​သည်​ကျွန်ုပ်​၏​ဘု​ရား​သ​ခင်​ထာဝ​ရ ဘု​ရား​အား​ဂုဏ်​ပြု​ဆက်​ကပ်​ရန်​ဗိ​မာန်​တော် ကို​တည်​ဆောက်​လှူ​ဒါန်း​ပါ​မည်။ ထို​ဗိ​မာန် တော်​သည်​ကျွန်ုပ်​နှင့်​ပြည်​သူ​တို့​ဝတ်​ပြု​ကိုး ကွယ်​ရာ​ဌာ​န​တော်​ဖြစ်​လိမ့်​မည်။ ထို​ဗိ​မာန် တော်​တွင်​မွှေး​ကြိုင်​သော​နံ့​သာ​ပေါင်း​မီး​ရှို့ ပူ​ဇော်​၍​ရှေ့​တော်​မုန့်​ကို​အ​ဆက်​မ​ပြတ် ဆက်​သ​လျက်​နံ​နက်​တိုင်း​ည​တိုင်း၊ ဥပုသ် နေ့၊ လ​ဆန်း​ပွဲ​နေ့​နှင့်​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ဂုဏ်​ပြု​သော အ​ခြား​နေ့​ထူး​နေ့​မြတ်​များ​၌ မီး​ရှို့​ပူ​ဇော် ရန်​သ​ကာ​များ​ကို​ဆက်​သ​မည်​ဖြစ်​ပါ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​ပြည်​သူ တို့​အား ဤ​သို့​ထာ​ဝ​စဉ်​ပြု​လုပ်​ဆောင်​ရွက် ရန်​ပ​ညတ်​တော်​မူ​ပါ​သည်။-
5 Na he nui te whare ka hanga nei e ahau; he nui hoki to matou Atua i nga atua katoa.
ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​သည်​ဘု​ရား​တ​ကာ တို့​ထက်​ကြီး​မြတ်​သည်​ဖြစ်​၍ ကျွန်ုပ်​သည်​ကြီး ကျယ်​ခမ်း​နား​သည့်​ဗိ​မာန်​တော်​ကို​တည် ဆောက်​ရန်​ရည်​ရွယ်​ပါ​၏။-
6 Otira ko wai e ahei te hanga whare mona? kahore nei hoki e nui te rangi me te rangi o nga rangi hei nohoanga mona. Ko wai koai ahau hei hanga whare mona, heoi nei hei tahu whakakakara ki tona aroaro?
သို့​ရာ​တွင်​အ​ပြော​ကျယ်​စွာ​သော​ကောင်း​ကင် ပင်​လျှင်​ကိုယ်​တော်​၏​အ​တွက်​ကျဉ်း​မြောင်း သည်​ဖြစ်​၍ အ​မှန်​စင်​စစ်​အ​ဘယ်​သူ​မျှ ကိုယ်​တော်​စံ​တော်​မူ​ရန်​ဗိ​မာန်​တော်​ကို​တည် ဆောက်​နိုင်​လိမ့်​မည်​မ​ဟုတ်​ပါ။ သို့​ဖြစ်​၍ ကျွန်ုပ်​သည်​ဘု​ရား​သ​ခင်​အား​နံ့​သာ​ပေါင်း ကို​မီး​ရှို့​ပူ​ဇော်​ရန်​အ​တွက်​သာ​ဗိ​မာန် တော်​ကို​တည်​ဆောက်​ပါ​မည်။-
7 Tena, unga mai ki ahau tetahi tangata e mohio ana ki te mahi i te koura, i te hiriwa, i te parahi, i te rino, i te mea papura, whero, puru, e mohio ana ki te mahi i nga ahau whakairo katoa, hei hoa mo te hunga mohio i ahau nei, i a Hura, i Hiruha rama, mo te hunga i whakatuturia e toku papa, e Rawiri.
ယ​ခု​အ​ဆွေ​တော်​သည်​ကျွန်ုပ်​၏​ထံ​သို့​ပန်း​ပု အ​တတ်၊ ရွှေ​ငွေ​နှင့်​ကြေး​ဝါ​ပန်း​ထိမ်​အ​တတ်၊ ပန်း​ထည်​အ​တတ်၊ နီ​ပြာ​ညို​မောင်း​သော​အ​ထည် ယက်​လုပ်​သည့်​အ​တတ်​တို့​ကို​ကျွမ်း​ကျင်​သူ တစ်​ယောက်​စေ​လွှတ်​စေ​လို​ပါ​သည်။ ထို​သူ​သည် ကျွန်ုပ်​၏​ခ​မည်း​တော်​ရွေး​ချယ်​ထား​သည့်​ယု​ဒ ပြည်​နှင့် ယေ​ရု​ရှ​လင်​မြို့​မှ​လက်​မှု​ပ​ညာ​သည် များ​နှင့်​အ​တူ​လုပ်​ကိုင်​ရန်​ဖြစ်​ပါ​သည်။-
8 Tukua mai ano hoki ki ahau he rakau hita, he kauri, he aramuka i Repanona: e matau ana hoki ahau he hunga mohio au tangata ki te tapahi rakau i Repanona. Na ko aku tangata hei hoa mo au tangata,
အ​ဆွေ​တော်​၏​သစ်​ခုတ်​သ​မား​များ​သည် အ​ဘယ်​မျှ​ကျွမ်း​ကျင်​သည်​ကို​ကျွန်ုပ်​သိ​ပါ​၏။ သို့​ဖြစ်​၍​လေ​ဗ​နုန်​တော​မှ​သစ်​က​တိုး၊ ထင်း ရှူး​နှင့်​အာ​လ​ဂုံ​သစ်​များ​ကို​ပေး​ပို့​စေ​လို ပါ​သည်။ ကျွန်ုပ်​တည်​ဆောက်​ရန်​ကြံ​ရွယ်​သည့် ဗိ​မာန်​တော်​သည်​ကြီး​ကျယ်​ခမ်း​နား​မည်​ဖြစ် ၍​သစ်​သား​အ​မြောက်​အ​မြား​ကို​ရွေး​ရာ​တွင် အ​ဆွေ​တော်​၏​လူ​တို့​အား​ဝိုင်း​ဝန်း​ကူ​ညီ ရန်​ကျွန်ုပ်​၏​လူ​တို့​ကို​စေ​လွှတ်​ပေး​ပါ​မည်။-
9 Hei whakapai rakau maku, kia maha; no te mea he nui te whare ka hanga nei e ahau, he mea ka miharotia.
10 Nana, ko taku e hoatu ai ki au tangata, ki nga kaitarai, ki nga kaitapahi i nga rakau, he witi, he mea patu, e rua tekau mano mehua, he parei e rua tekau mano mehua, he waina e rua tekau mano pati, he hinu e rua tekau mano pati.
၁၀ကျွန်ုပ်​သည်​အ​ဆွေ​တော်​၏​အလုပ်​သ​မား များ​အ​တွက်​ရိက္ခာ​အ​ဖြစ်​ဖြင့်​ဂျုံ​တင်း​တစ် သိန်း၊ မု​ယော​ဆန်​တင်း​တစ်​သိန်း၊ စ​ပျစ်​ရည် ဂါ​လံ​တစ်​သိန်း​တစ်​သောင်း​နှင့်​သံ​လွင်​ဆီ ဂါ​လံ​တစ်​သိန်း​တစ်​သောင်း​ကို​ပေး​ပို့​ပါ မည်'' ဟု​မှာ​ကြား​တော်​မူ​လိုက်​၏။
11 Na ka whakautua e Hurama kingi o Taira, he mea tuhituhi, tukua ai e ia ki a Horomona, He aroha no Ihowa ki tana iwi i homai ai koe e ia hei kingi mo ratou.
၁၁တု​ရု​ဘု​ရင်​ဟိ​ရံ​သည်​ရှော​လ​မုန်​ထံ​သို့ အ​မှာ​တော်​စာ​ပြန်​ကြား​ပေး​ပို့​တော်​မူ​၏။ ထို​အ​မှာ​စာ​တော်​တွင်``ထာ​ဝ​ရ​ဘု​ရား သည်​မိ​မိ​၏​လူ​စု​တော်​အား​ချစ်​တော်​မူ သ​ဖြင့် အ​ဆွေ​တော်​အား​ထို​သူ​တို့​၏ ဘု​ရင်​အ​ဖြစ်​ခန့်​ထား​တော်​မူ​ပါ​ပြီ။-
12 I mea ano a Hurama, Kia whakapaingia a Ihowa, te Atua o Iharaira, nana nei i hanga te rangi me te whenua, nana hoki i homai ki a Kingi Rawiri he tama ngarahu tika, e hua ana ona whakaaro, tona mohio, hei hanga i te whare mo Ihowa, i te whare ano mo tona kingitanga.
၁၂မိုး​မြေ​ကို​ဖန်​ဆင်း​တော်​မူ​သော​ဣသ​ရေ​လ လူ​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား​ထော​မ​နာ​ပြု​ကြ​စေ​သ​တည်း။ ကိုယ် တော်​သည်​ဒါ​ဝိဒ်​အား​အ​သိ​အ​လိမ္မာ​ဉာဏ် ပ​ညာ​ရှိ​သော​သား​တော်​တစ်​ပါး​ကို​ပေး တော်​မူ​၏။ ထို​သား​တော်​သည်​ယ​ခု​ထာ​ဝ​ရ ဘု​ရား​အ​တွက်​ဗိ​မာန်​တော်​နှင့် မိ​မိ​အ​တွက် နန်း​တော်​ကို​တည်​ဆောက်​ရန်​အ​ကြံ​အ​စည် ရှိ​၏။-
13 Na kua unga atu nei e ahau tetahi tangata whakaaro, e hua ana tona mohio, na toku papa, na Hurama,
၁၃သို့​ဖြစ်​၍​အ​ကျွန်ုပ်​သည်​ဟိ​ရံ​ဆို​သူ​လက်​မှု ပ​ညာ​ဆ​ရာ​ကို​အ​ဆွေ​တော်​ထံ​သို့​စေ​လွှတ် လိုက်​ပါ​မည်။ သူ​သည်​ဉာဏ်​ပ​ညာ​ထက်​မြက် ၍​အ​လုပ်​ကျွမ်း​ကျင်​သူ​ဖြစ်​ပေ​သည်။-
14 He tama na tetahi wahine o nga tamahine a Rana, ko tona papa he tangata no Taira, he mohio ki te mahi koura, hiriwa, parahi, rino, kohatu, rakau, papaura, puru, rinena pai, whero; ki te whakairo hoki i nga whakairo katoa, ki te whakatauria i nga whakaaro katoa e hoatu ki a ia; hei hoa mo au mea mohio, mo nga mea mohio ano hoki a toku ariki, a Rawiri, a tou papa.
၁၄သူ​၏​အ​မိ​သည်​ဒန်​အ​နွယ်​ဝင်၊ သူ​၏​အဖ​မှာ တု​ရု​မြို့​သား​ဖြစ်​ပါ​၏။ သူ​သည် ရွှေ၊ ငွေ၊ ကြေး ဝါ၊ သံ၊ ကျောက်​နှင့်​သစ်​သား​ပစ္စည်း​အ​သုံး အ​ဆောင်​များ​ကို​ပြု​လုပ်​တတ်​၍​နီ၊ ပြာ၊ ညို မောင်း​သော​အ​ထည်​များ၊ ပိတ်​ချော​ထည်​များ ကို​လည်း​ယက်​လုပ်​တတ်​ပါ​သည်။ တီ​ထွင်​မှု လုပ်​ငန်း​အ​မျိုး​မျိုး​တွင်​ကျွမ်း​ကျင်​၍​သူ့ အား​အ​ကြံ​ပေး​ဖော်​ပြ​သည့်​ပုံ​စံ​အ​တိုင်း လုပ်​ကိုင်​နိုင်​သူ​ဖြစ်​ပေ​သည်။ သူ့​အား အ​ဆွေ​တော်​၏​ခ​မည်း​တော်​အ​သုံး​ပြု ခဲ့​သည့်​လက်​မှု​ပ​ညာ​သည်​များ​နှင့်​အ​တူ လုပ်​ကိုင်​စေ​ပါ​လော့။-
15 Na, ko te witi, ko te parei, ko te hinu, ko te waina, i korerotia mai na e toku ariki, mana e homai ki ana pononga;
၁၅အ​ဆွေ​တော်​က​တိ​ပြု​သည်​အ​တိုင်း​ယ​ခု ကျွန်ုပ်​ထံ​သို့​ဂျုံ၊ မု​ယော​ဆန်၊ စ​ပျစ်​ရည် နှင့်​သံလွင်​ဆီ​တို့​ကို​ပေး​ပို့​လိုက်​ပါ​လော့။-
16 A ma matou e tapahi he rakau i Repanona, kia rite ki au e mea ai mau: ka whakatere atu ai ki a koe i te moana ki Hopa, a mau e taritari ki Hiruharama.
၁၆ကျွန်ုပ်​သည်​လေ​ဗ​နုန်​တောင်​ပေါ်​ရှိ​သစ်​က​တိုး ပင်​များ​ကို​အ​ဆွေ​တော်​လို​သ​မျှ​ခုတ်​လှဲ​၍ ဖောင်​ဖွဲ့​ကာ​ပင်​လယ်​လမ်း​ဖြင့်​ယုပ္ပေ​မြို့​အ​ရောက် စုန်​မျော​စေ​ပါ​မည်။ ထို​မြို့​မှ​ယေ​ရု​ရှ​လင်​မြို့ သို့​အ​ဆွေ​တော်​၏​လူ​တို့​သယ်​ယူ​နိုင်​ကြ ပါ​သည်'' ဟု​ဖော်​ပြ​ပါ​ရှိ​၏။
17 Na ka taua e Horomona nga tangata iwi ke i te whenua o Iharaira i muri i te tauanga i taua ai e tona papa e Rawiri; a ka kitea kotahi rau e rima tekau ma toru mano e ono rau.
၁၇ရှော​လ​မုန်​မင်း​သည်​ခ​မည်း​တော်​ဒါ​ဝိဒ်​မင်း သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ​သည့်​နည်း​တူ ဣသ​ရေ​လ​နိုင်​ငံ​တွင်​နေ​ထိုင်​သူ​လူ​မျိုး​ခြား များ​ကို​သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ​တော် မူ​ရာ လူ​ပေါင်း​တစ်​သိန်း​ငါး​သောင်း​သုံး​ထောင့် ခြောက်​ရာ​ရ​လေ​သည်။-
18 A ka meinga etahi o ratou, e whitu tekau mano, hei kaipikau, e waru tekau mano ano hei tarai i runga i te maunga, e toru mano e ono rau hei kaitirotiro, hei whakamahi i te iwi.
၁၈မင်း​ကြီး​သည်​ထို​သူ​တို့​အ​နက်​ပစ္စည်း​သယ် ယူ​ရန်​လူ​ခုနစ်​သောင်း၊ တောင်​ပေါ်​တွင်​ကျောက် ဆစ်​ရန်​လူ​ရှစ်​သောင်း၊ အ​လုပ်​ကြီး​ကြပ် အုပ်​ချုပ်​ရန်​လူ​သုံး​ထောင့်​ခြောက်​ရာ​ကို ခန့်​ထား​တော်​မူ​၏။

< 2 Whakapapa 2 >