< 1 Hamuera 9 >

1 Na tera tetahi tangata o Pinemine, ko Kihi tona ingoa, he tama na Apiere, tama a Teroro, tama a Pekorata, tama a Apiaha, he Pineamini, he tangata marohirohi.
ဗင်္ယာ​မိန်​အ​နွယ်​ဝင်​လူ​တစ်​ယောက်​ရှိ​၏။ သူ​၏ နာ​မည်​မှာ​ကိ​ရှ​ဖြစ်​၏။ သူ့​အ​ဖ​သည်​အ​ဗျေ​လ၊ အ​ဖိုး​ကား​ဇေ​ရော်​ဖြစ်​၏။ သူ​သည်​အာ​ဖိ​သား ချင်း​စု​ဝင်​ဖြစ်​သော​ဗေ​ခေါ​ရတ်​အိမ်​ထောင်​စု မှ​ဆင်း​သက်​လာ​သူ​တည်း။ ကိ​ရှ​သည်​ချမ်း​သာ ကြွယ်​ဝ​၍​သြ​ဇာ​တိ​က္က​မ​ရှိ​သူ​တစ်​ယောက် ဖြစ်​ပေ​သည်။-
2 He tama ano tana, ko tona ingoa ko Haora, he taitama, he ataahua, he pai, kahore he tangata o nga tama a Iharaira i ataahua atu i a ia; purero tonu ona pokohiwi ki runga ake i te iwi katoa.
သူ့​မှာ​ရှော​လု​နာ​မည်​တွင်​သော​သား​တစ် ယောက်​ရှိ​၏။ ထို​သား​သည်​ပျို​ရွယ်​၍​အ​ဆင်း လှ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​ရှိ​သ​မျှ တို့​ထက်​အ​ရပ်​တစ်​ပေ​မျှ​ပို​၍​မြင့်​၏။ အ​ဆင်း​လည်း​ပို​၍​လှ​၏။
3 Na kua ngaro nga kaihe a Kihi papa o Haora, a ka mea a Kihi ki a Haora, ki tana tama, Tangohia tetahi o nga tamariki hei hoa mou, whakatika, haere ki te rapu i nga kaihe.
ကိ​ရှ​သည်​မိ​မိ​၏​မြည်း​အ​ချို့​ပျောက်​သွား သ​ဖြင့် ရှော​လု​အား``အ​စေ​ခံ​တစ်​ယောက်​ကို ခေါ်​ပြီး​လျှင်​မြည်း​တို့​ကို​လိုက်​ရှာ​ပါ​လော့'' ဟု​ဆို​၏။-
4 Na ka tika ia na te whenua pukepuke o Eparaima, a haere tonu na te whenua o Hariha; heoi kihai i kitea: katahi raua ka tika na te whenua o Harimi, heoi kahore noa iho; na ka haere ia na te whenua o nga Pineamini, a kahore i kitea.
သူ​တို့​နှစ်​ယောက်​သည်​ဧ​ဖ​ရိမ်​တောင်​ပိုင်း အ​ရပ်​နှင့် ရှ​လိ​ရှ​ဒေ​သ​တစ်​လျှောက်​တွင် ရှာ​ဖွေ​ကြ​သော်​လည်း​မြည်း​များ​ကို​မ​တွေ့ ကြ။ သို့​ဖြစ်​၍​သူ​တို့​သည်​ရှာ​လိမ်​ဒေ​သ တစ်​လျှောက်​တွင်​ရှာ​ကြ​၏။ သို့​ရာ​တွင်​မြည်း တို့​သည်​ထို​အ​ရပ်​တွင်​မ​ရှိ။ ထို​နောက်​သူ တို့​သည်​ဗင်္ယာ​မိန်​နယ်​တွင်​လိုက်​၍​ရှာ​ကြ​၏။ ဤ​အ​ရပ်​တွင်​လည်း​မြည်း​တို့​ကို​မ​တွေ့ ကြ။-
5 A, no to raua taenga ki te whenua o Tupu, ka mea a Haora ki tana tangata, ki tona hoa, Haere mai, taua ka hoki; kei mutu te whakaaro o toku papa ki nga kaihe, a ka manukanuka ke ki a taua.
သူ​တို့​သည်​ဇု​ဖ​ဒေ​သ​သို့​ရောက်​ရှိ​ကြ သော​အ​ခါ ရှော​လု​က​သူ​၏​အ​စေ​ခံ အား``ငါ​တို့​အိမ်​သို့​ပြန်​ကြ​စို့။ သို့​မ​ဟုတ် ပါ​မူ​ငါ​၏​အ​ဖ​သည်​မြည်း​တို့​အ​တွက် စိုး​ရိမ်​ပူ​ပန်​မည့်​အ​စား​ငါ​တို့​အ​တွက် စိုး​ရိမ်​ပူ​ပန်​လိမ့်​မည်'' ဟု​ဆို​၏။
6 Na ka mea tera ki a ia, He tangata na te Atua tenei kei te pa nei, he tangata e whakahonoretia ana; mana pu ana kupu katoa: na kia haere taua ki reira; tera pea e korerotia mai e ia ki a taua te haere e haere nei taua.
အ​စေ​ခံ​က``ဆိုင်း​ငံ့​ပါ​ဦး။ ဤ​မြို့​တွင်​သူ​တော် စင်​တစ်​ဦး​ရှိ​ပါ​၏။ သူ​ပြော​သ​မျှ​စ​ကား​တို့ သည်​အ​မှန်​ပင်​ဖြစ်​ပျက်​လာ​သ​ဖြင့် သူ့​အား လူ​တို့​ရို​သေ​လေး​စား​ကြ​ပါ​၏။ အ​ကျွန်ုပ်​တို့ သူ့​ထံ​ကို​သွား​ကြ​ပါ​စို့။ မြည်း​များ​အား အ​ဘယ်​အ​ရပ်​တွင်​ရှာ​ရ​မည်​ကို​သူ​သည် အ​ကျွန်ုပ်​တို့​အား​ဖော်​ပြ​ကောင်း​ဖော်​ပြ​နိုင် ပါ​လိမ့်​မည်'' ဟု​ဆို​၏။
7 Ano ra ko Haora ki tana tangata, Engari, ki te haere taua he aha te mea hei mauranga atu ma taua ki taua tangata, kua hemo nei hoki te taro i roto i a taua putea, a kahore he hakari hei kawenga atu ki taua tangata a te Atua: he aha oti ta taua?
ရှော​လု​က``ထို​သူ​ထံ​ကို​သွား​လျှင်​ငါ​တို့ အ​ဘယ်​အ​ရာ​ကို​ပေး​လှူ​ရ​ပါ​မည်​နည်း။ ငါ တို့​တွင်​ပါ​သ​မျှ​သော​အ​စား​အ​စာ​လည်း ကုန်​ချေ​ပြီ။ ငါ​တို့​မှာ​သူ့​အား​ပေး​စ​ရာ ဘာ​မျှ​မ​ရှိ'' ဟု​ဆို​၏။
8 Na ka whakahoki taua tangata ki ta Haora, ka mea, Nana, ko te whakawha tenei o te hekere hiriwa kei toku ringa: me hoatu e ahau ki taua tangata a te Atua, kia whakaaturia mai e ia to taua ara ki a taua.
အ​စေ​ခံ​က``အ​ကျွန်ုပ်​မှာ​ငွေ​တစ်​မတ်​သာ​ရှိ ပါ​သည်။ ထို​ငွေ​ကို​သူ့​အား​ပေး​နိုင်​ပါ​သည်။ ထို အ​ခါ​သူ​သည်​မြည်း​များ​အ​ဘယ်​အ​ရပ်​တွင် ရှိ​သည်​ကို အ​ကျွန်ုပ်​တို့​အား​ပြော​ပြ​ပါ​လိမ့် မည်'' ဟု​ပြန်​ပြော​၏။
9 I mua hoki i roto i a Iharaira, ina haere te tangata ki te ui tikanga i te Atua, ko tana ki tenei, Hoake, taua ka haere ki te matakite: he matakite hoki ta mua ingoa mo te poropiti.
ရှော​လု​က​လည်း``ကောင်း​ပြီ။ ငါ​တို့​သွား​ကြ​စို့'' ဟု​ဆို​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​သူ​တော်​စင်​နေ ထိုင်​ရာ​မြို့​သို့​သွား​ကြ​၏။ မြို့​တည်​ရာ​တောင်​ကုန်း ကို​တက်​၍​သွား​ကြ​စဉ် သူ​တို့​သည်​လမ်း​တွင်​ရေ ခပ်​ရန်​လာ​သော​အ​မျိုး​သ​မီး​က​လေး​အ​ချို့​နှင့် တွေ့​သ​ဖြင့်``ထို​မြို့​ထဲ​၌​ရှေ့​ဖြစ်​ကို​ဟော​နိုင်​သူ ရှိ​ပါ​၏​လော'' ဟု​မေး​မြန်း​စုံ​စမ်း​ကြ​၏။ (ထို​ခေတ်​အ​ခါ​က​ပ​ရော​ဖက်​အား​ရှေး​ဖြစ်​ကို ဟော​နိုင်​သူ​ဟု​ခေါ်​ဝေါ်​ကြ​၏။ သို့​ဖြစ်​၍​လူ တစ်​ဦး​တစ်​ယောက်​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ လျှောက်​ထား​မေး​မြန်း​လို​သော​အ​ခါ``ရှေ့​ဖြစ် ကို​ဟော​နိုင်​သူ​ထံ​သို့​ငါ​တို့​သွား​ကြ​ကုန် အံ့'' ဟု​ဆို​လေ့​ရှိ​သ​တည်း။)
10 Na ka mea a Haora ki tana tangata, Ka pai tau kupu; hoatu, taua ka haere. Na haere ana raua ki te pa kei reira nei taua tangata a te Atua.
၁၀
11 I a raua e piki ana i te pikitanga ki te pa, ka tutaki raua ki etahi kotiro e puta mai ana ki te utu wai. Na ka mea raua ki a ratou, Tenei ranei te matakite?
၁၁
12 Na ka whakahoki ratou ki a raua, ka mea, Tenei ano; nana, kei mua atu i a koe na: hohoro atu inaianei tonu, no tenei ra hoki ia i tae mai ai ki te pa; he patunga tapu hoki ta te iwi nei aianei i te wahi tiketike.
၁၂အ​မျိုး​သ​မီး​က​လေး​များ​က​လည်း``ရှိ​ပါ သည်။ အ​မှန်​မှာ​သူ​သည်​သင်​တို့​မ​လာ​မီ က​လေး​က​မှ​ရောက်​ရှိ​လာ​ပါ​သည်။ သင်​တို့ မြန်​မြန်​သွား​လျှင်​သူ့​ကို​မီ​ပါ​လိမ့်​မည်။ သင် တို့​မြို့​ထဲ​ကို​ဝင်​လျှင်​ဝင်​ချင်း​သူ့​အား​တွေ့ ရှိ​ပါ​လိမ့်​မည်။ လူ​တို့​သည်​တောင်​ကုန်း​ပေါ် ရှိ​ယဇ်​ပလ္လင်​တွင်​ပူ​ဇော်​သကာ​ဆက်​သ​ကြ မည်​ဖြစ်​၍ ထို​သူ​သည်​မြို့​သို့​ယ​နေ့​ရောက် ရှိ​လာ​ခြင်း​ဖြစ်​ပါ​သည်။ သူ​မ​ရောက်​မ​ချင်း ဖိတ်​ခေါ်​ထား​သော​သူ​တို့​သည်​စား​သောက်​ကြ လိမ့်​မည်​မ​ဟုတ်​ပါ။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​သည်​ယဇ်​ကောင်​ကို​ဦး​စွာ​ကောင်း​ချီး​ပေး ရ​မည်​ဖြစ်​သော​ကြောင့်​ဖြစ်​ပါ​၏။ ထို​ကြောင့် သင်​တို့​သည်​မြို့​ထဲ​သို့​ဝင်​လျှင်​ဝင်​ချင်း ထို​သူ​တောင်​ထိပ်​သို့​စား​သောက်​ရန်​မ​တက် မီ​သူ့​အား​တွေ့​ရ​ကြ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။-
13 Tomo kau korua ki te pa, ka tupono korua ki a ia i te mea kahore ano i piki noa ki te wahi tiketike ki te kai: e kore hoki te iwi e kai kia tae atu ra ano ia; ko ia hoki hei whakapai i te patunga tapu, muri iho ka kai te hunga i karangatia. Heoi, piki atu; ko te wa hoki tenei e kitea ai ia e korua.
၁၃
14 Na piki ana raua ki te pa; a ka uru atu raua ki roto ki te pa, ko Hamuera kua puta; tutaki tonu ki a raua; e piki ana ki te wahi tiketike.
၁၄သို့​ဖြစ်​၍​ရှော​လု​နှင့်​အ​စေ​ခံ​တို့​သည်​မြို့ သို့​သွား​ကြ​၏။ သူ​တို့​သည်​မြို့​ထဲ​သို့​ဝင်​မည် အ​ပြု​တွင် ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​သို့​ထွက် ခွာ​၍​လာ​နေ​သော​ရှ​မွေ​လ​ကို​တွေ့​ကြ​၏။
15 Na kua whakapuakina e Ihowa ki a Hamuera i te ra i mua atu i te taenga mai o Haora, kua mea,
၁၅ရှော​လု​ရောက်​မ​လာ​မီ​တစ်​နေ့​၌​ရှ​မွေ​လ အား ထာ​ဝ​ရ​ဘု​ရား​က၊-
16 Kia penei apopo ka unga atu e ahau ki a koe tetahi tangata no te whenua o Pineamine, na me whakawahi ia e koe hei rangatira mo taku iwi, mo Iharaira, a mana e whakaora taku iwi i te ringa o nga Pirihitini: kua titiro atu hoki ahau ki taku iwi, n o te mea kua tae ake ta ratou karanga ki ahau.
၁၆``နက်​ဖြန်​ဤ​အ​ချိန်​လောက်​၌​ဗင်္ယာ​မိန်​အ​နွယ် ဝင်​လူ​တစ်​ယောက်​ကို သင့်​ထံ​သို့​ငါ​စေ​လွှတ် လိုက်​မည်။ သူ့​အား​ဣသ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရင်​အ​ဖြစ်​ဘိ​သိက်​ပေး​လော့။ သူ​သည် ငါ​၏​လူ​မျိုး​တော်​ကို​ဖိ​လိတ္တိ​အ​မျိုး​သား တို့​၏​ဘေး​မှ​ကာ​ကွယ်​စောင့်​ရှောက်​လိမ့်​မည်။ ငါ​သည်​မိ​မိ​လူ​မျိုး​တော်​၏​ဆင်း​ရဲ​ဒုက္ခ​ကို မြင်​ရ​ပြီ။ သူ​တို့​ဟစ်​အော်​၍​အ​ကူ​အ​ညီ တောင်း​ခံ​သံ​များ​ကို​လည်း​ကြား​ရ​ပြီ'' ဟု မိန့်​တော်​မူ​၏။
17 A, no te kitenga o Hamuera i a Haora, ka mea a Ihowa ki a ia, Ko te tangata tenei i korerotia ra e ahau ki a koe. Mana e whakahaere tikanga mo taku iwi.
၁၇ရှော​လု​ကို​ရှ​မွေ​လ​တွေ့​မြင်​ချိန်​၌​ထာ​ဝ​ရ ဘု​ရား​က``သင့်​အား​ငါ​ဖော်​ပြ​ခဲ့​သော​သူ ကား​ဤ​သူ​ပင်​ဖြစ်​၏။ သူ​သည်​ငါ​၏​လူ​မျိုး တော်​ကို​အုပ်​စိုး​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-
18 Katahi ka whakatata a Haora ki a Hamuera, ki te kuwaha, ka mea, Tena koe, whakaaturia mai ki ahau, kei hea te whare o te matakite.
၁၈ထို​နောက်​ရှော​လု​သည်​မြို့​တံ​ခါး​အ​နီး​ရှိ ရှ​မွေ​လ​ထံ​သို့​ချဉ်း​ကပ်​၍``ရှေ့​ဖြစ်​ကို​ဟော နိုင်​သူ​သည်​အ​ဘယ်​အ​ရပ်​မှာ​နေ​ပါ​သ​နည်း။ အ​ကျွန်ုပ်​အား​ပြော​ပြ​ပါ​လော့'' ဟု​တောင်း ပန်​၏။
19 Na ka whakahoki a Hamuera ki a Haora, ka mea, Ko ahau te matakite: piki atu i mua i ahau ki te wahi tiketike, ka kai tahi hoki korua i ahau aianei; a ka tukua atu koe e ahau i te ata, ka whakaaturia hoki ki a koe nga mea katoa i tou ngakau.
၁၉ရှ​မွေ​လ​က``ရှေ့​ဖြစ်​ကို​ဟော​နိုင်​သူ​သည် ငါ ပင်​ဖြစ်​၏။ ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​တော် သို့​ငါ​၏​ရှေ့​မှ​သွား​လော့။ သင်​တို့​နှစ်​ယောက် စ​လုံး ယ​နေ့​ငါ​နှင့်​အ​တူ​စား​သောက်​ရ​ကြ မည်။ နက်​ဖြန်​နံ​နက်​၌​ငါ​သည်​သင်​တို့​၏​မေး ခွန်း​ရှိ​သ​မျှ​ကို​ဖြေ​ကြား​ပြီး​နောက် သင် တို့​အား​အိမ်​သို့​ပြန်​စေ​မည်။-
20 A ko au kaihe, ka toru nei nga ra e ngaro ana, kaua tou ngakau e whai ki era; kua kitea hoki. Kei a wai koia te hiahia katoa o Iharaira? he teka ianei kei a koe, kei te whare katoa ano hoki o tou papa?
၂၀လွန်​ခဲ့​သော​သုံး​ရက်​က​ပျောက်​ဆုံး​ခဲ့​သည့် မြည်း​များ​အ​တွက် ကို​မူ​မ​စိုး​ရိမ်​နှင့်။ ယင်း တို့​ကို​ပြန်​၍​တွေ့​ရှိ​ပြီး​ဖြစ်​၏။ သို့​ရာ​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ လွန်​စွာ​လို​လား တောင့်​တ​နေ​သူ​ကား​အ​ဘယ်​သူ​နည်း။ သင် နှင့်​သင့်​အ​ဖ​၏​အိမ်​ထောင်​စု​ပင်​မ​ဟုတ် လော'' ဟု​ပြန်​ပြော​၏။
21 Na ka whakahokia e Haora, ka mea, He teka ianei he Pineamini ahau, no te iti rawa o nga iwi o Iharaira, ko toku hapu hoki te iti rawa o nga hapu katoa o te iwi o Pineamine? he aha ra ena kupu i puaki mai ai i a koe?
၂၁ရှော​လု​က``အ​ကျွန်ုပ်​သည် ဗင်္ယာ​မိန်​အ​နွယ်​ဝင် ဖြစ်​ပါ​၏။ ထို​သား​ချင်း​စု​သည်​ဣ​သ​ရေ​လ အ​မျိုး​တွင်​အ​သေး​ငယ်​ဆုံး​ဖြစ်​ပါ​၏။ အ ကျွန်ုပ်​၏​အိမ်​ထောင်​စု​သည်​လည်း ထို​သား​ချင်း စု​တွင်​အ​သိမ်​ငယ်​ဆုံး​ဖြစ်​ပါ​၏။ သို့​ဖြစ်​၍ အ​ရှင်​သည်​အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​အား ဤ​သို့​မိန့်​တော်​မူ​ပါ​သ​နည်း'' ဟု​လျှောက်​၏။
22 Na ka mau a Hamuera ki a Haora raua ko tana tangata, a kawea ana ki te whare, a hoatu ana e ia he nohoanga ki a raua i runga ake o te hunga i karangatia; e toru tekau ano hoki ratou.
၂၂ထို​နောက်​ရှ​မွေ​လ​သည် ရှော​လု​နှင့်​သူ​၏ အ​စေ​ခံ​ကို​ဧည့်​ခန်း​သို့​ခေါ်​သွား​ပြီး​လျှင် ဧည့်​သည်​စု​စု​ပေါင်း​သုံး​ဆယ်​ထိုင်​လျက်​နေ သော​စား​ပွဲ​ထိပ်​တွင်​နေ​ရာ​ချ​ထား​ပေး​၏။-
23 Na ka mea a Hamuera ki te tuari, Homai te wahi i hoatu e ahau ki a koe, tera i kiia atu ra e ahau ki a koe, Kia takoto tena ki a koe.
၂၃ရှ​မွေ​လ​က​စား​တော်​ကဲ​အား``သင့်​အား​သီး သန့်​ထား​ရှိ​ရန် ငါ​မှာ​ကြား​ထား​သည့်​အ​မဲ သား​တုံး​ကို​ယူ​ခဲ့​လော့'' ဟု​ဆို​၏။-
24 Na hapainga ana e te tuari te huha me ona aha noa, a whakatakotoria ana ki te aroaro o Haora. Na ka mea a Hamuera, Nana, ko te wahi i tohungia na, waiho i tou aroaro hei kai mau: he mea rongoa tonu hoki mau a tae noa ki tenei wa, no taku kianga, He hunga tenei kua karangatia e ahau. Na kai tahi ana a Haora raua ko Hamuera i taua ra.
၂၄သို့​ဖြစ်​၍​စား​တော်​ကဲ​သည်​လက်​ရွေး​စင်​ပေါင် တစ်​ပေါင်​ကို​ယူ​လာ​ပြီး​လျှင် ရှော​လု​၏​ရှေ့​တွင် ချ​ထား​လေ​၏။ ရှ​မွေ​လ​က``ဤ​အ​ရာ​ကား သင်​၏​အ​တွက်​သီး​သန့်​ဖယ်​ထား​သော​အ​သား ဖြစ်​၏။ ယူ​၍​စား​လော့။ ငါ​ဖိတ်​ခေါ်​ထား​သူ​တို့ နှင့်​အ​တူ​ယ​ခု​အ​ချိန်​၌​သင်​စား​ရန်​ဤ အ​သား​ကို​ငါ​ဖယ်​ထား​ခဲ့​၏'' ဟု​ဆို​၏။ ထို့​ကြောင့်​ရှော​လု​သည် ထို​နေ့​၌​ရှ​မွေ​လ​နှင့် အ​တူ​စား​သောက်​လေ​၏။-
25 A, i to ratou hekenga iho i te wahi tiketike ki te pa, ka korero ia ki a Haora i runga i te tuanui.
၂၅သူ​တို့​သည်​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​မှ​မြို့ သို့​ပြန်​၍​ဆင်း​သွား​ကြ​သော​အ​ခါ ရှော​လု အ​တွက်​အိမ်​ခေါင်​မိုး​ပေါ်​တွင် အိပ်​ရာ​တစ်​ခု​ကို​ခင်း​ပေး​ကြ​၏။-
26 Na ka maranga wawe ratou: a i te mea ka puta ake te ra, ka karangatia a Haora e Hamuera ki runga ki te tuanui, i mea ia, Whakatika, kia unga atu koe e ahau. Na ka whakatika a Haora, a puta atu ana raua tokorua, a ia, a Hamuera, ki waho.
၂၆ရှော​လု​သည်​လည်း​အိပ်​ရာ​တွင်​အိပ်​လေ​၏။ အ​ရုဏ်​တက်​ချိန်​၌​ရှ​မွေ​လ​သည်​အိမ်​ခေါင်​မိုး​ထက် တွင်​ရှိ​သော​ရှော​လု​အား``ထ​လော့။ သင်​အိမ်​ပြန်​ရန် ခ​ရီး​လမ်း​သို့​ငါ​ပို့​ဆောင်​ပေး​အံ့'' ဟု​အော်​၍​ပြော သော​အ​ခါ​ရှော​လု​သည်​အိပ်​ရာ​မှ​ထ​လေ​၏။ ထို နောက်​သူ​နှင့်​ရှ​မွေ​လ​တို့​သည်​အ​တူ​တ​ကွ​ထွက် သွား​ကြ​၏။-
27 I a raua e heke ana i te pito o te pa, ka mea a Hamuera ki a Haora, Mea atu ki te tangata ra kia haere atu ki mua i a taua; katahi tera ka haere; ko koe ia, tu marie koe, kia whakapuakina atu e ahau ki a koe te kupu a te Atua.
၂၇သူ​တို့​သည်​မြို့​စွန်​မြို့​ဖျား​သို့​ရောက်​သော​အ​ခါ ရှ​မွေ​လ​သည်​ရှော​လု​အား``သင်​၏​အ​စေ​ခံ​ကို​ငါ တို့​ရှေ့​က​သွား​နှင့်​ရန်​ပြော​ကြား​လော့'' ဟု​ဆို​၏။ အ​စေ​ခံ​သည်​လည်း​သွား​နှင့်​၏။ ထို​အ​ခါ​ရှ​မွေ​လ က``ဤ​တွင်​ခေတ္တ​ရပ်​နား​လော့။ ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​ကို​သင့်​အား​ငါ​ဖော်​ပြ​ပေ​အံ့'' ဟု ဆို​၏။

< 1 Hamuera 9 >