< 1 Hamuera 2 >
1 Na ka karakia a Hana, ka mea, E whakamanamana ana toku ngakau ki a Ihowa, kua ara toku haona i a Ihowa; ka rahi toku waha ki oku hoariri; noku ka koa ki tau whakaoranga.
၁ဟန္နသည်ဤသို့ဆုတောင်းပတ္ထနာပြုသည်။ ``ထာဝရဘုရားသည်ကျွန်မအားစိတ်ရွှင်လန်း စေတော်မူပြီ။ ကျွန်မသည်ကိုယ်တော်ပြုတော်မူသော အမှုကိုထောက်၍ဝမ်းမြောက်ပါ၏။ ကျွန်မသည်ရန်သူတို့အားပြက်ရယ်ပြုခွင့် ရပါ၏။ ဘုရားသခင်သည်ကျွန်မကိုကူမတော်မူပြီ ဖြစ်၍ ကျွန်မသည်စိတ်ရွှင်လန်းပါ၏။
2 Kahore he mea tapu, ko Ihowa anake; kahore ke atu, ko koe anake: kahore ano hoki he kamaka hei rite mo to tatou Atua.
၂ထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်တော်မူ သကဲ့သို့ အဘယ်သူမျှမသန့်ရှင်းမမြင့်မြတ်ပါ။ ကိုယ်တော်မှတစ်ပါးအခြားဘုရားမရှိပါ။ ကျွန်မတို့ကိုးကွယ်သောဘုရားကဲ့သို့ ကာကွယ်စောင့်ရှောက်နိုင်သူမရှိ။
3 Kati te whakanui i te korero whakahihi; kei puta te whakapehapeha i o koutou mangai: he Atua mohio hoki a Ihowa, a ka paunatia e ia nga mahi.
၃ထာဝရဘုရားသည်သဗ္ဗညုတဉာဏ်နှင့် ပြည့်စုံတော်မူ၍၊ လူတို့ပြုသောအမှုရှိသမျှကိုစစ်ဆေး စီရင်တော်မူသည်ဖြစ်ရာ၊ သင်တို့သည်ကျယ်လောင်စွာကြွားဝါမှုကို မပြုကြနှင့်။ မောက်မာသောစကားကိုနှုတ်မှမထွက်စေနှင့်။
4 Whati ana nga kopere a te hunga marohirohi; a ko te hunga i tutuki te waewae, ko te kaha hei whitiki mo ratou.
၄ခွန်အားကြီးသောစစ်သူရဲများ၏လေးတို့သည် ကျိုးပဲ့ကုန်လျက်၊အားအင်ချည့်နဲ့သူတို့သည် ခွန်အားကြီးမားလာကြ၏။
5 E mahi ana hei utu taro te hunga i makona i mua; a mutu ake ta te hunga i matekai: heoi kua tokowhitu a te pakoko i whanau ai; a iwikore noa iho te mea kua tokomaha nei ana tamariki.
၅အခါတစ်ပါးကဝစွာစားရသူတို့သည် ယခုအခါ စားရဖို့အတွက်သူရင်းငှားလုပ်ရကြ လေပြီ။ သို့ရာတွင်အစာငတ်မွတ်သူတို့မူကားဝစွာ စားရကြပြီ။ မြုံသောမိန်းမသည်သားသမီးခုနစ်ယောက် မျှပင်ရရှိ၍ သားများသောမိခင်၌မူကားတစ်ယောက်မျှ မကျန်မရှိတော့ပါ။
6 Ko Ihowa e whakamate ana, a ko ia e whakaora ana: mana e riro ai ki raro ki te reinga, mana e kake ai ki runga. (Sheol )
၆ထာဝရဘုရားသည်သေစေခြင်း၊ရှင်စေခြင်း ကိုလည်းကောင်း၊ မရဏာနိုင်ငံသို့ပို့ဆောင်ခြင်း၊ပြန်လည် ခေါ်ဆောင်ခြင်းကိုလည်းကောင်းပြုတော်မူ၏။ (Sheol )
7 Ko Ihowa hei whakarawakore, ko ia hei whakawhiwhi ki te taonga: mana e whakaiti, mana ano hoki e whakaara.
၇ကိုယ်တော်သည်လူအချို့တို့ကိုဆင်းရဲစေ၍ အချို့တို့ကိုချမ်းသာစေတော်မူ၏။ အချို့တို့ကိုနှိမ့်ချ၍အချို့တို့ကိုချီး မြှင့်တော်မူ၏။
8 Whakaarahia ana e ia te iti i roto i te puehu, ara ana i a ia te iti i roto i te puehu, ara ana i a ia te rawakore i roto i te puranga paru, a whakanohoia iho ki roto ki nga rangatira, meinga ana kia whiwhi ki te torona kororia: no Ihowa ra hoki nga pou turanga o te whenua; a whakanohoia iho e ia te ao ki runga.
၈ကိုယ်တော်သည်ဆင်းရဲသူတို့ကို မြေမှုန့်မှလည်းကောင်း၊ ချို့တဲ့နွမ်းပါးသူတို့ကိုအမှိုက်ပုံမှလည်း ကောင်း ချီပင့်တော်မူ၏။ သူတို့အားမင်းညီမင်းသားများနှင့်ပေါင်းဖော် ခွင့်ကို ပေးတော်မူ၍ ဂုဏ်အသရေရှိသည့်နေရာများတွင် ထိုင်စေတော်မူ၏။ ထာဝရဘုရားသည်မြေကြီး၏အခြေခံ အုတ်မြစ်များကိုပိုင်တော်မူ၏။ ထိုအုတ်မြစ်တို့အပေါ်တွင်ကမ္ဘာကို တည်ဆောက်တော်မူပြီ။
9 Mana nga waewae o tana hunga tapu e tiaki; ko te hunga kino ia ka whakanohoia ki roto ki te pouri wahangu ai; ehara hoki te kaha i te mea e riro ai te papa i te tangata.
၉``ကိုယ်တော်သည်မိမိအားသစ္စာရှိသူတို့ ၏အသက် စည်းစိမ်ကိုကွယ်ကာစောင့်ရှောက်တော်မူ၏။ သို့ရာတွင်သူယုတ်မာတို့မူကားမှောင်မိုက်တွင် ကွယ်ပျောက်ရကြလိမ့်မည်။ လူသည်မိမိကိုယ်ပိုင်စွမ်းရည်အားဖြင့်အောင်မြင် မှုကို မရနိုင်ရာ။
10 Mongamonga noa nga hoariri o Ihowa; ka papa mai tana whatitiri i te rangi ki a ratou: ka whakarite whakawa a Ihowa mo nga pito o te whenua; mana e homai he kaha ki tana kingi, e whakaara te haona o tana i whakawahi ai.
၁၀ထာဝရဘုရား၏ရန်သူများသည်ချေမှုန်းခြင်းကို ခံရကြလိမ့်မည်။ သူတို့အပေါ်ကောင်းကင်မှမိုးချုန်း စေတော်မူလိမ့်မည်။ ထာဝရဘုရားသည်ကမ္ဘာတစ်ခုလုံးကို တရားစီရင်တော်မူလိမ့်မည်။ ကိုယ်တော်သည်မိမိရွေးချယ်ခန့်ထားတော် မူသော ဘုရင်အား၊တန်ခိုးနှင့်ပြည့်စုံစေ၍ မိမိဘိသိက်ပေးတော်မူသောသူအား အောင်မြင်ခွင့်ကို ပေးတော်မူလိမ့်မည်။''
11 Na ka haere a Erekana ki Rama, ki tona whare. A minita ana taua tamaiti ki a Ihowa i te aroaro o te tohunga, o Eri.
၁၁ထိုနောက်ဧလကာနသည် ရာမမြို့ရှိမိမိ၏နေ အိမ်သို့ပြန်လေ၏။ သို့ရာတွင်သူငယ်ရှမွေလ မူကားရှိလောမြို့တွင်နေရစ်၍ ယဇ်ပုရောဟိတ် ဧလိ၏လက်အောက်၌ထာဝရဘုရား၏အမှု တော်ကိုဆောင်ရွက်လေ၏။
12 Na he tama na Periara nga tama a Eri; kihai ratou i mohio ki a Ihowa.
၁၂ဧလိ၏သားတို့သည်သူယုတ်မာများဖြစ် ကြ၏။ သူတို့သည်ထာဝရဘုရားကိုလည်း ကောင်း၊-
13 Na ko te tikanga tenei a nga tohunga i roto i te iwi; i te patunga a tetahi i te whakahere, ka haere te tangata a te tohunga, i te mea kei te kohua ano nga kiko, me te marau e toru nei nga koikoi i tona ringa;
၁၃လူတို့ထံမှယဇ်ပုရောဟိတ်တို့တောင်းဆိုပိုင်ခွင့် နှင့်ဆိုင်သောပြဋ္ဌာန်းချက်များကိုလည်းကောင်း ပမာဏမပြုဘဲယဇ်ပူဇော်နေသူထံသို့ မိမိ တို့၏အစေခံကိုသုံးခွခက်ရင်းနှင့်စေလွှတ် တတ်ကြ၏။ ထိုအစေခံသည်အိုးကင်းတွင် ချက်ပြုတ်နေဆဲအသားကို၊-
14 Na ka werohia e ia ki te peihana, ki te pata ranei, ki te hopane ranei, ki te kohua ranei; ko nga mea katoa i riro ake i te marau, i tangohia e te tohunga ki taua mea. Pena tonu ta ratou mahi i Hiro ki nga Iharaira katoa i haere ki reira.
၁၄ခက်ရင်းဖြင့်ထိုးကာပါလာသမျှကို မိမိ၏ ယဇ်ပုရောဟိတ်အတွက်ယူသွားတတ်လေသည်။ ယဇ်ပူဇော်ရန်ရှိလောမြို့သို့ရောက်ရှိလာကြ သောဣသရေလအမျိုးသားအားလုံးပင် လျှင်ဤနည်းအတိုင်းပြုကျင့်ခြင်းကိုခံရ ကြ၏။-
15 Ae ra, i te mea ano hoki kahore i tahuna noatia nga ngako, ka haere te tangata a te tohunga, ka mea ki te tangata nana te whakahere, Homai tetahi wahi kiko kia tunua ma te tohunga; e kore hoki ia e tango i au kiko, i te mea kohua, engari i te me a mata.
၁၅ထို့အပြင်ဆီဥကိုမီးမရှို့ရမီယဇ်ပုရော ဟိတ်၏အစေခံသည် လာ၍ယဇ်ပူဇော်နေသူ အား``ယဇ်ပုရောဟိတ်အတွက်ကင်ပေးနိုင်ရန် အသားအနည်းငယ်ကိုပေးပါလော့။ ယဇ် ပုရောဟိတ်သည်ပြုတ်ပြီးအသားကိုအလို မရှိ။ အသားစိမ်းကိုသာအလိုရှိ၏'' ဟု ပြောဆိုတောင်းခံတတ်လေသည်။
16 A, ki te ki mai te tangata ki a ia, Aianei pu tahuna ai e ratou te ngako, a hei reira koe tango ai i ta tou ngakau i pai ai; katahi tera ka mea atu, Kahore; engari me homai e koe aianei; a, ki te kahore, ka tangohia maoritia e ahau.
၁၆အကယ်၍ယဇ်ပူဇော်နေသူက``ငါတို့သည် ထုံးစံရှိသည်အတိုင်းဆီဥကိုဦးစွာမီးရှို့ ပူဇော်ပြီးမှ သင်နှစ်သက်ရာအသားကိုယူ ပါလေ'' ဟုဆိုခဲ့သော်ယဇ်ပုရောဟိတ်အစေခံ သည်``အသားကိုယခုငါ့အားပေးလော့။ မပေး လျှင်အတင်းအဋ္ဌမ္မယူရလိမ့်မည်'' ဟုဆို တတ်၏။
17 Na nui atu te hara o aua taitama i te aroaro o Ihowa: no te mea i whakarihariha nga tangata ki te whakahere a Ihowa.
၁၇ဧလိ၏သားတို့ဤသို့ပြုသောအမှုသည် ထာဝရဘုရား၏ရှေ့တော်တွင်လွန်စွာအပြစ် ကြီး၏။ အဘယ်ကြောင့်ဆိုသော်သူတို့သည် ထာဝရဘုရားအားပေးလှူသောပူဇော် သကာများကိုမခန့်မညားပြုကြ သောကြောင့်ဖြစ်၏။
18 Ko Hamuera ia i minita ki te aroaro o Ihowa, he tamariki nei ia, whitiki rawa tona epora rinena.
၁၈ဤအတောအတွင်း၌သူငယ်ရှမွေလသည် ပိတ်ချောသင်တိုင်းကိုဝတ်၍ထာဝရဘုရား ၏အမှုတော်ကိုဆောင်လျက်နေ၏။-
19 I hanga ano he koroka iti e tona whaea mona, a kawea ana ki a ia i tenei tau, i tenei tau, i o raua haerenga ko tana tahu ki te patu i te whakahere o te tau.
၁၉သူ၏အမိသည်နှစ်စဉ်ပူဇော်နေကျယဇ်ကို တင်လှူရန် ခင်ပွန်းသည်နှင့်အတူလိုက်ပါ လာသောအခါ ဝတ်လုံငယ်တစ်ခုကိုချုပ်၍ ယူဆောင်လာတတ်၏။-
20 Na ka whakapai a Eri i a Erekana raua ko tana wahine, ka mea, Ma Ihowa e homai he uri ki a koe i roto i tenei wahine mo tenei ka tukua nei ki a Ihowa. Na hoki ana raua ki to raua wahi.
၂၀ထိုအခါဧလိသည်ဧလကာနနှင့်ဇနီး အား ကောင်းချီးပေးပြီးလျှင်``ထာဝရဘုရား အားသင်ဆက်ကပ်သည့်သားအစား ကိုယ်တော် သည်သင့်အားဤအမျိုးသမီးအားဖြင့် အခြားသားသမီးများကိုပေးသနား တော်မူပါစေသော'' ဟုဧလကာနအား ပြောလေ့ရှိ၏။ ထိုနောက်သူတို့သည်မိမိတို့နေအိမ်သို့ပြန် သွားကြ၏။
21 Na ka titiro a Ihowa ki a Hana, a ka hapu ano ia, ka whanau, tokotoru nga tama, tokorua nga kotiro. A tupu ana te tamaiti, a Hamuera, i te aroaro o Ihowa.
၂၁ထာဝရဘုရားသည်ဟန္နကိုကောင်းချီးပေး တော်မူသဖြင့် သူသည်သားသုံးယောက်နှင့် သမီးနှစ်ယောက်ကိုရလေသည်။ သူငယ် ရှမွေလသည်ထာဝရဘုရား၏အမှု တော်ကိုဆောင်ရွက်လျက်ကြီးပြင်းလာ၏။
22 Na kua koroheke rawa a Eri; kua rongo hoki ki nga mea katoa i mea ai ana tama ki a Iharaira katoa, ki to raua takotaoranga hoki ki nga wahine i mahi ki te whatitoka o te tapenakara o te whakaminenga.
၂၂ယခုအခါ၌ဧလိသည်လွန်စွာအိုမင်းလျက် ရှိ၏။ မိမိ၏သားများကဣသရေလအမျိုး သားတို့အားပြုသမျှတို့ကိုလည်းကောင်း၊ သူ တို့သည်ထာဝရဘုရားစံတော်မူရာတဲတော် အဝင်ဝ၌ အလုပ်တာဝန်ကျသူအမျိုးသမီး များနှင့်ပင်မှားယွင်းကြကြောင်းကိုလည်း ကောင်းဧလိကြားသိရသည်။-
23 Na ka mea ia ki a raua, He aha korua i mahi ai i enei mea? kua rongo hoki ahau ki tenei iwi katoa ki a korua mahi kino.
၂၃ထို့ကြောင့်ဧလိက``သင်တို့သည်အဘယ်ကြောင့် ဤအမှုတို့ကိုပြုကြသနည်း။ သင်တို့ပြု သည့်ဒုစရိုက်ကိုလူတိုင်းပင်ပြောကြား လျက်ရှိ၏။-
24 Kati ra, e aku tama; ehara hoki i te pai te korero e rangona nei e ahau: e mea ana korua i te iwi o Ihowa kia peka ke.
၂၄ငါ့သားတို့ထာဝရဘုရား၏လူမျိုးတော် တို့ပြောဆိုနေကြသောအကြောင်းမှာ ဆိုး ရွားလှပါသည်တကား။-
25 Ki te hara he tangata ki tona hoa, ma te Atua te whakawa mona: tena ko tenei ka hara te tangata ki a Ihowa, ko wai hei kaiwawao mona? Heoi kihai raua i pai ki te whakarongo ki te reo o to raua papa, no te mea i pai a Ihowa kia whakamatea raua.
၂၅လူအချင်းချင်းပြစ်မှားသူတို့ကိုထာဝရ ဘုရားသည်ကာကွယ်စောင့်ရှောက်နိုင်သော်လည်း ထာဝရဘုရားအားပြစ်မှားသောသူကိုမူ ကားအဘယ်သူကာကွယ်စောင့်ရှောက်နိုင်ပါ မည်နည်း'' ဟုသားတို့အားပြော၏။ သို့ရာတွင်သူတို့သည်ဖခင်၏စကားကို နားမထောင်ကြ။ အဘယ်ကြောင့်ဆိုသော် ထာဝရဘုရားသည် သူတို့အားကွပ်မျက် ရန်ဆုံးဖြတ်ထားပြီးဖြစ်သောကြောင့်တည်း။
26 A nui haere ana ano taua tamaiti, a Hamuera, e paingia ana e Ihowa, e nga tangata.
၂၆သူငယ်ရှမွေလသည်ဆက်လက်ကြီးပြင်း၍ ထာဝရဘုရား၏ရှေ့လူတို့ရှေ့၌မျက်နှာ ရလေ၏။
27 Na ka haere mai tetahi tangata a te Atua ki a Eri, ka mea ki a ia, Ko te kupu tenei a Ihowa, Kahore ianei ahau i puta marama ki te whare o tou papa, i a ratou i Ihipa, i pononga ai i te whare o Parao?
၂၇ပရောဖက်တစ်ပါးသည်ထာဝရဘုရားထံ မှဗျာဒိတ်တော်ကိုပြန်ကြားရန် ဧလိထံသို့ ရောက်ရှိလာ၏။ ထိုဗျာဒိတ်တော်ကားဤသို့ တည်း။ ``သင်၏ဘိုးဘေးအာရုန်နှင့်အိမ်ထောင် စုသားတို့သည် အီဂျစ်ဘုရင်ထံတွင်ကျွန်ခံ နေရစဉ်အခါကငါသည်အာရုန်အား ထင်ရှားခဲ့၏။-
28 Kahore ranei ahau i whiriwhiri i a ia i roto i nga iwi katoa o Iharaira hei tohunga moku, hei whakaeke whakahere ki runga ki taku aata, hei tahu whakakakara, hei kakahu i te epora ki toku aroaro? a hoatu ana ki te whare o tou papa nga whakahere ahi katoa a nga tamariki a Iharaira?
၂၈ငါသည်ဣသရေလသားချင်းစုရှိသမျှ တို့အနက် သူ၏အိမ်ထောင်စုကိုငါ၏ယဇ် ပလ္လင်ပေါ်မှာပူဇော်ခြင်း၊ နံ့သာပေါင်းကို မီးရှို့ခြင်း၊ ငါ၏အလိုတော်ကိုသိရှိရန် သင်တိုင်းကိုဝတ်ဆင်ခြင်းအမှုတို့ကိုဆောင် ရွက်ရန်အတွက် ငါ၏ယဇ်ပုရောဟိတ်များ အဖြစ်ဖြင့်ရွေးချယ်ခန့်ထားခဲ့၏။ ထို့ပြင် ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်သည့်ယဇ် ကောင်များမှဝေစုကိုရယူနိုင်ခွင့်ကို လည်း သူတို့အားငါပေးထား၏။-
29 A he aha koutou i takahi ai i oku patunga tapu, i oku whakahere, i kiia e ahau mo toku nohoanga; i a koe ka whakahonore nei i au tama ki runga ake i ahau, a ka tetere nei koutou i nga mea papai o nga whakahere katoa a Iharaira, a taku iwi?
၂၉သို့ဖြစ်၍သင်သည်ငါ၏အမိန့်အရဆက်သ သည့်ယဇ်နှင့်ပူဇော်သကာများကို အဘယ် ကြောင့်လောဘစိတ်နှင့်ကြည့်ဘိသနည်း။ ဧလိ၊ သင်သည်ငါ၏လူမျိုးတော်တင်လှူသည့်ယဇ် ကောင်ရှိသမျှမှအကောင်းဆုံးအပိုင်းတို့ ကို အဘယ်ကြောင့်သင်၏သားတို့အားဝစွာ စားခွင့်ပြုပါသနည်း။ အဘယ်ကြောင့်သူ တို့အားငါ့ထက်ပင်ပို၍ဂုဏ်ပြုချီးမြှင့် ပါသနည်း။-
30 Na reira tenei kupu a Ihowa, a te Atua o Iharaira, He tika i mea ahau, ko tou whare me te whare o tou matua ka haere i toku aroaro a ake ake: na ko ta Ihowa kupu tenei inaianei, Kahore ra hoki; ka whakahonore hoki ahau i te hunga e whakahonore a na i ahau, ka whakaiti ano i te hunga e whakahawea ana ki ahau.
၃၀ဣသရေလအမျိုးသားတို့၏အရှင်ဖြစ် တော်မူသောငါထာဝရဘုရားသည် သင့် အိမ်ထောင်စုနှင့်သားချင်းစုတို့အားကာလ အစဉ်အဆက်ယဇ်ပုရောဟိတ်ဖြစ်စေမည် ဟု အတိတ်ကာလကကတိပြုခဲ့၏။ သို့ ရာတွင်ယခုထိုကတိကိုတည်စေတော့ မည်မဟုတ်ဟုငါဆို၏။ ငါ့အားဂုဏ်ပြု ချီးမြှင့်သူတို့ကိုငါဂုဏ်ပြုချီးမြှင့်မည်။ ငါ့အားမထီမဲ့မြင်ပြုသူတို့အားရွံရှာ စက်ဆုပ်မည်။-
31 Nana, meake puta nga ra e tapahia ai e ahau tou ringa, me te ringa o te whare o tou papa, a kore iho tetahi koroheke i roto i tou whare.
၃၁နားထောင်လော့။ သင့်အိမ်ထောင်စု၊ သင့်သား ချင်းစုထဲမှလူငယ်လူရွယ်ရှိသမျှကို ငါသုတ်သင်ပယ်ရှင်းပစ်မည့်အချိန်ရောက် ရှိလာလိမ့်မည်။ ဤနည်းအားဖြင့်သင်၏ အိမ်ထောင်စုတွင် အဘယ်သူမျှအသက် အရွယ်အိုမင်းသည်တိုင်အောင်နေရကြ လိမ့်မည်မဟုတ်။-
32 A ka kite koe i te tukinotanga i toku nohoanga, i nga pai katoa e hoatu e te Atua ki a Iharaira; e kore ano tou whare e whai koroheke a ake ake.
၃၂သင်သည်အခြားဣသရေလအမျိုးသား တို့အား ငါပေးသည့်ကောင်းချီးမင်္ဂလာများ ကိုမြင်၍ စိတ်ပျက်လျက်မနာလိုစိတ်ဖြစ် လိမ့်မည်။ သို့ရာတွင်သင်၏အိမ်ထောင်စုမှ အဘယ်သူမျှ အိုမင်းသည်တိုင်အောင်နေရ တော့မည်မဟုတ်။-
33 Na, ko te tangata au e kore e hautopea atu i taku aata, ka ai ia hei whakapaunga mo ou kanohi, hei whakamamae mo tou ngakau: whakakaumatua kau hoki nga whanau hou o tou whare, ka mate i to ratou taiohinga.
၃၃သို့သော်ငါသည်သင်၏အိမ်ထောင်စုသား တစ်ဦးကိုမူအသက်ရှင်စေမည်။ သူ သည်ယဇ်ပုရောဟိတ်အဖြစ်ဖြင့်ငါ၏အမှု တော်ကိုထမ်းဆောင်ရမည်ဖြစ်သော်လည်း မျက် စိကွယ်ပြီးမျှော်လင့်ရာမဲ့ဖြစ်လျက်နေလိမ့် မည်။ သင်၏အခြားသားမြေးမှန်သမျှတို့ သည်သေခြင်းဆိုးနှင့်သေရကြလိမ့်မည်။-
34 Ko te tohu hoki tenei ki a koe, ka puta ki au tama tokorua, ki a Hoponi raua ko Pinehaha, kotahi ano te ra e mate ai raua tokorua.
၃၄သင်၏သားများဖြစ်ကြသောဟောဖနိနှင့် ဖိနဟတ်တို့သည်တစ်နေ့တည်း၌သေရကြ သောအခါ ငါပြောသမျှသောအမှုအရာ တို့သည်ဖြစ်ပျက်လာလိမ့်မည်ဖြစ်ကြောင်း သင်သိရှိရလိမ့်မည်။-
35 A ka whakaarahia ake e ahau he tohunga pono maku, hei mahi i ta toku ngakau, i ta toku hinengaro i pai ai, maku ano e hanga he whare pumau mona; a ka haereere ia i nga ra katoa i te aroaro o taku e whakawahi ai.
၃၅ငါ့အားသစ္စာစောင့်၍ငါပြုစေလိုသည့်အတိုင်း ပြုမည့်ယဇ်ပုရောဟိတ်တစ်ဦးကိုငါရွေးချယ် မည်။ သူ့အားသားမြေးများထွန်းကားစေမည်။ ထိုသူတို့သည်ငါဘိသိက်ပေးသည့်ဘုရင် ရှေ့မှောက်တွင်အစဉ်အမြဲအမှုထမ်းရကြ လိမ့်မည်။-
36 A, ko te hunga katoa e mahue iho ki tou whare, ka haere mai, ka piko iho ki a ia mo tetahi pihi hiriwa, mo tetahi wahi taro, ka mea, Tena koe, kia uru atu ahau ki tetahi o nga mahi tohunga, kia kai ai ahau i tetahi kongakonga taro.
၃၆အသက်မသေဘဲကျန်ရစ်သည့်သင်၏သားမြေး မှန်သမျှသည် ထိုယဇ်ပုရောဟိတ်ထံသို့သွား ရောက်၍ ကြေးငွေနှင့်အစားအစာတို့ကိုအသ နားခံရကြလိမ့်မည်။ သူတို့သည်အစားအစာ ရရှိရေးအတွက် ယဇ်ပုရောဟိတ်များအမှု ဆောင်ရာ၌ပါဝင်ကူညီခွင့်ရရှိရန်တောင်း ပန်အသနားခံရကြလိမ့်မည်။