< 1 Hamuera 15 >
1 Na ka mea a Hamuera ki a Haora, I tonoa mai ahau e Ihowa ki te whakawahi i a koe hei kingi mo tana iwi, mo Iharaira: na whakarongo mai ki te reo o nga kupu a Ihowa.
၁တဖန် ရှမွေလ က၊ ထာဝရဘုရား ၏လူ ဣသရေလ အမျိုးကို အုပ်စိုးစေခြင်းငှါသင့် ကို ဘိသိက် ပေးမည် အကြောင်း၊ ငါ့ ကို အထက်ကစေလွှတ် တော်မူသည်ဖြစ်၍ ၊ ယခု မှာ ထာဝရဘုရား ၏ စကား တော်ကို နားထောင် လော့။
2 Ko te kupu tenei a Ihowa o nga mano, E whakaaro ana ahau ki ta Amareke i mea ai ki a Iharaira, ki tana whanganga i a ia i te ara i tona haerenga mai i Ihipa.
၂ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ အဲဂုတ္တု ပြည်မှ ထွက် လာသောဣသရေလအမျိုး၌၊ အာမလက် အမျိုးပြု သော ဆီးတားခြင်းအမှုကို ငါမှတ်လျက်ရှိ၏။
3 Na tikina, patua a Amareke, whakangaromia rawatia a ratou mea katoa, kaua hoki ratou e tohungia; engari whakamatea ngatahitia te tane me te wahine, te potiki me te mea ngote u, te kau me te hipi, te kamera me te kaihe.
၃ယခု သွား ၍ ထိုအမျိုးကို လုပ်ကြံ လော့။ နှမြော ခြင်းမ ရှိဘဲ၊ ရှင်းရှင်း ဖျက်ဆီး ၍ ၊ ယောက်ျား ၊ မိန်းမ ၊ သူငယ် ၊ နို့စို့ မှစ၍ ၊ သိုး ၊ နွား ၊ ကုလားအုပ် ၊ မြည်း တို့ကိုသတ် လော့ဟု ရှောလု အား ဆင့်ဆို သည် အတိုင်း၊
4 Na ka huihuia te iwi e Haora, a taua ana e ia ki Teraimi, e rua rau mano, he hunga haere i raro, me nga tangata hoki o Hura, kotahi tekau mano.
၄ရှောလု သည် လူ တို့ကို စုဝေး စေ၍ တေလိမ် မြို့မှာ စာရင်း ယူသဖြင့် ၊ ခြေသည် သူရဲနှစ် သိန်း၊ ယုဒ စစ်သူရဲတသောင်း ရှိကြ၏။
5 Na ko te haerenga atu o Haora ki te pa o Amareke, a whakatakoto pehipehi ana i roto i te awaawa.
၅ရှောလု သည်လည်း အာမလက် မြို့ သို့ စစ်ချီ ၍ ချိုင့် ၌ တပ်ချ ပြီးမှ၊
6 I mea hoki a Haora ki nga Keni, Whakatika, mawehe atu, haere ki raro i roto i nga Amareki, kei huna tahitia koe e ahau me ratou; i puta hoki ta koutou atawhai ki nga tamariki katoa a Iharaira i to ratou haerenga mai i Ihipa. Heoi ka mawehe nga Ke ni i roto i a Amareki.
၆ကေနိ လူတို့ရှိရာသို့ စေလွှတ်လျက်၊ သင် တို့ကို အာမလက် လူတို့နှင့်အတူ ငါဖျက်ဆီး မည်ဟု စိုးရိမ်စရာရှိသောကြောင့်၊ သူတို့အထဲက ထွက် သွား၍ နေရာ ပြောင်းကြလော့။ ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု ပြည်မှ ထွက် လာသောအခါ ၊ သင်တို့သည် ကျေးဇူး ပြု ကြပြီဟု မှာ လိုက်သည် အတိုင်း ၊ ကေနိ လူတို့သည် အာမလက် လူတို့အထဲ က ထွက်သွား ကြ၏။
7 Na tukitukia ana e Haora nga Amareki i Hawira atu a tae noa koe ki Huru, ki te ritenga atu o Ihipa.
၇ရှောလု သည် ဟဝိလ မြို့မှစ၍ အဲဂုတ္တု ပြည် တစ်ဘက်တချက် ၌ နေသော ရှုရ မြို့တိုင်အောင်အာမလက် လူတို့ကို လုပ်ကြံ လေ၏။
8 Hopukia oratia ana hoki e ia a Akaka kingi o Amareke, ko te iwi katoa hoki i whakangaromia rawatia e ia ki te mata o te hoari.
၈အာမလက် ရှင်ဘုရင် အာဂတ် ကို အရှင် ဘမ်းမိ ၏။ လူ အပေါင်း တို့ကို ထား ဖြင့် ရှင်းရှင်းဖျက်ဆီး လေ၏။
9 Otiia i tohungia e Haora ratou ko te iwi a Akaka, me nga mea papai o nga hipi, o nga kau, o nga mea momona hoki, me nga reme, me nga mea pai katoa, kihai hoki i aro ki te whakangaro i a ratou: engari nga mea e whakaparahakotia ana, e rukea ana, k o ena a ratou i whakangaro ai.
၉သို့ရာတွင် ရှောလု နှင့် လူ များတို့သည် အာဂတ် မင်းနှင့်တကွ၊ သိုး နွား အမြတ် အလတ်၊ ဆူ သော သိုးသငယ် ၊ ကောင်း သော ဥစ္စာရှိသမျှ ကို နှမြော ၍ ရှင်းရှင်းမ ဖျက်ဆီး ကြ။ အသုံး မဝင် ယုတ်မာ သော ဥစ္စာ ရှိသမျှ ကိုသာ ရှင်းရှင်းဖျက်ဆီး ကြ၏။
10 Katahi ka puta te kupu a Ihowa ki a Hamuera, ka mea,
၁၀ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ရှမွေလ သို့ ရောက် လာ၍၊
11 Kua puta ke oku whakaaro i meinga ai e ahau a Haora hei kingi; kua hoki atu hoki ia i te whai i ahau, a kihai hoki i whakamana i aku kupu. Na ka oho te riri a Hamuera; a pau katoa taua po i a ia e tangi ana ki a Ihowa.
၁၁ငါသည် ရှောလု ကို ရှင်ဘုရင် အရာ ၌ ခန့်ထားသည်အမှုကြောင့် နောင်တရ ၏။ သူသည် ငါ ၏ ပညတ် တို့ကို မ ကျင့် ၊ ငါ့ နောက် သို့မ လိုက်၊ လမ်းလွှဲပြီဟု မိန့် တော်မူ၏။ ရှမွေလ သည် ဝမ်းနည်း ၍ တညဉ့်လုံး ထာဝရဘုရား အား ဟစ်ကြော် ပြီးလျှင်၊
12 Na ka maranga wawe a Hamuera i te ata ki te whakatau i a Haora; a ka korerotia ki a Hamuera, ka meatia, I te mai a Haora ki Karamere, na whakaturia ana e ia he tohu mana, a haere awhio atu ana, kua pahemo atu, kua riro ki raro, ki Kirikara.
၁၂နံနက် စောစောထ ၍ ရှောလု ကို ကြိုဆို ခြင်းငှါ သွားသောအခါ၊ ရှောလု သည် ကရမေလ မြို့သို့ ရောက် ၍ အောင်တိုင် ကို စိုက် ပြီးမှ ၊ လှည့်လည် သဖြင့် ဂိလဂါလ မြို့သို့ လွန် သွားကြောင်းကို ကြားသောကြောင့်၊ ရှောလုရှိရာသို့ သွား လေ၏။
13 Na ka tae atu a Hamuera ki a Haora, a ka mea a Haora ki a ia, Kia manaakitia koe e Ihowa, kua whakamana e ahau te kupu a Ihowa.
၁၃ရှောလု ကလည်း၊ ထာဝရဘုရား သည် ကိုယ်တော် ကို ကောင်းကြီး ပေးတော်မူပါစေသော။ အကျွန်ုပ် သည် ထာဝရဘုရား အမိန့် တော်အတိုင်း ပြု ပါပြီဟု ဆို ၏။
14 Na ka mea a Hamuera, He aha koia tenei tangi o nga hipi i roto nei i oku taringa, me te tangi o nga kau e rongo nei ahau?
၁၄ရှမွေလ ကလည်း ၊ သို့ဖြစ်လျှင် ငါ ကြား ရသော သိုး မြည် သံ၊ နွား မြည် သံကား အဘယ်သို့ နည်းဟုမေး သော်၊
15 Ano ra ko Haora, He mea mau mai e ratou i nga Amareki: i tohungia hoki e te iwi nga mea papai o nga hipi, o nga kau, hei mea patunga tapu ki a Ihowa, ki tou Atua; a ko te toenga, whakangaromia iho e matou.
၁၅ရှောလု က၊ အာမလက် ပြည်မှ ဆောင် ခဲ့ပါပြီ။ လူ များတို့သည် ကိုယ်တော် ၏ဘုရား သခင်ထာဝရဘုရား အား ယဇ် ပူဇော်လိုသောငှါ အကောင်းဆုံး သော သိုး နွား တို့ကို နှမြော ၍၊ ကြွင်း သော အရာရှိသမျှတို့ကို ရှင်းရှင်းဖျက်ဆီး ပါပြီဟု ဆို ၏။
16 Katahi ka mea a Hamuera ki a Haora, Kati, kia korerotia e ahau ki a koe ta Ihowa i mea ai ki ahau i tenei po. Ano ra ko tera, Korero.
၁၆ရှမွေလ ကလည်း ၊ နေ ပါဦးလော့။ မနေ့ည မှာ ထာဝရဘုရား မိန့် တော်မူသော စကားကို ပြန်ပြော ပါ မည်ဟု ရှောလု အား ဆို လျှင် ၊ ရှောလုက ပြော ပါတော့ဟုဆို ၏။
17 A ka mea a Hamuera, I a koe e iti ana ki tou whakaaro, kihai ianei koe i meinga hei upoko mo nga iwi o Iharaira, i whakawahia e Ihowa hei kingi mo Iharaira?
၁၇ရှမွေလ ကလည်း ၊ သင် သည် ကိုယ်အထင်အတိုင်း ငယ် သောသူဖြစ်လျက်ပင်၊ ဣသရေလ အမျိုး တို့ ၏ အထွဋ် သို့ ရောက်၍၊ ဣသရေလ ရှင်ဘုရင် အရာနှင့် ထာဝရဘုရား ဘိသိက် ပေးတော်မူသည် မ ဟုတ်လော။
18 Na ka tono a Ihowa i a koe kia haere, ka mea, Tikina, whakangaromia te hunga hara, nga Amareki, whawhai hoki ki a ratou a poto noa ratou.
၁၈ထာဝရဘုရား က၊ သွား လော့။ အပြစ် များသော အာမလက် အမျိုးသားတို့ကို ရှင်းရှင်းဖျက်ဆီး လော့။ မဖျက်ဆီး မှီ တိုင်အောင် စစ်တိုက် လော့ဟု သင့် ကို ဝေး သော အရပ်သို့ စေလွှတ် တော်မူ၏။
19 He aha koe te whakarongo ai ki te reo o Ihowa, i aurara atu ai ki nga taonga parakete, i mahi ai i te kino i te tirohanga a Ihowa?
၁၉သို့ဖြစ်၍ သင်သည် ထာဝရဘုရား ၏အမိန့် တော်ကို နား မ ထောင်ဘဲ၊ ရန်သူ၏ ဥစ္စာ ကို လုယူ၍ ထာဝရဘုရား ရှေ့ တော်၌ ဤဒုစရိုက် ကို အဘယ်ကြောင့် ပြု ဘိသနည်းဟု ပြောဆိုသော်၊
20 Na ka mea a Haora ki a Hamuera, Ina, i whakarongo ano ahau ki te reo o Ihowa, i haere i te ara i tonoa ai ahau e Ihowa, kua kawea mai ano hoki e ahau a Akaka kingi o Amareke; ko nga Amareki ano hoki, whakangaromia iho e ahau.
၂၀ရှောလု က၊ အကျွန်ုပ်သည် ထာဝရဘုရား ၏ အမိန့် တော်ကို ဧကန်အမှန်နားထောင် ပါပြီ။ ထာဝရဘုရား စေခိုင်း တော်မူသော လမ်း သို့ လိုက် ပါပြီ။ အာမလက် ရှင်ဘုရင် အာဂတ် ကို ဆောင် ခဲ့၍ ၊ အာမလက် အမျိုးသားတို့ကို ရှင်းရှင်းဖျက်ဆီး ပါပြီ။
21 Na te iwi hoki i tango etahi o nga taonga, o nga hipi, o nga kau, nga mea tino papai o nga mea e whakangaromia ana hei mea patunga tapu ki a Ihowa, ki tou Atua, ki Kirikara.
၂၁သို့ရာတွင် လူ များတို့သည် ဂိလဂါလ မြို့၌ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား အား ယဇ် ပူဇော်လိုသောငှါ လုယူ သော သိုး နွား ၊ ရှင်းရှင်းဖျက်ဆီး အပ်သောအရာ အကောင်းဆုံး တို့ကို သိမ်းယူ ကြပါပြီဟု ပြောဆို ပြန်၏။
22 Ano ra ko Hamuera, Ki ta Ihowa, he pera ranei te ahuareka o nga tahunga tinana, o nga patunga tapu, me te whakarongo ki te reo o Ihowa? Nana, pai atu te whakarongo i te patunga tapu, te ngakau mahara i te ngako o nga hipi toa.
၂၂ရှမွေလ ကလည်း ၊ ထာဝရဘုရား ၏အမိန့် တော်ကို နားထောင် ခြင်း၌ အားရတော်မူသကဲ့သို့ ၊ မီး ရှို့ရာ ယဇ်အစရှိသော ယဇ် မျိုးတို့ကို ပူဇော်ခြင်း၌ အားရ တော်မူမည်လော။ အလို တော်သို့ လိုက်ခြင်းသည် ယဇ် မျိုးထက် သာ၍ကောင်း၏။ နားထောင် ခြင်းသည် သိုး ထီးဆီဥ ထက် သာ၍ကောင်း၏။
23 Rite tonu hoki te tutu ki te hara makutu; te whakatuturi ki te kino, ki te karakia whakapakoko. He whakaparahako nau ki te kupu a Ihowa, ka whakaparahako hoki ia ki a koe hei kingi.
၂၃ငြင်းဆန် သော သဘောသည် နတ်ဆိုး နှင့်ပေါင်းခြင်းကဲ့သို့၎င်း၊ ခိုင်မာ သော သဘောသည် ဗေဒင်တန်ဆာကို သုံးခြင်းကဲ့သို့၎င်း အပြစ် ကြီး၏။ သင်သည် ထာဝရဘုရား ၏ စကား တော်ကို ပယ် သောကြောင့် ၊ ထာဝရဘုရားသည် ရှင်ဘုရင် အရာကို နှုတ်၍ သင့် ကို ပယ် တော်မူပြီဟု ဆို ၏။
24 Na ka ki a Haora ki a Hamuera, Kua hara ahau, i ahau i takahi nei i te kupu a Ihowa, i au kupu ano hoki: i wehi hoki ahau i te iwi, i whakarongo ki to ratou reo.
၂၄ရှောလု ကလည်း ၊ အကျွန်ုပ်သည် ပြစ်မှား ပါပြီ။ လူ များကို ကြောက် ၍ သူ တို့စကား ကို နားထောင် သောကြောင့် ၊ ထာဝရဘုရား ၏ အမိန့် တော်ကို၎င်း ၊ ကိုယ်တော် ၏ စကား ကို၎င်းလွန်ကျူး ပါပြီ။
25 Tena ra, whakarerea noatia iho toku hara, kia hoki atu taua, kia koropiko ai ahau ki a Ihowa.
၂၅အကျွန်ုပ် အပြစ် ကို သည်းခံ တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရား ကို ကိုးကွယ် မည်အကြောင်း ၊ အကျွန်ုပ် နှင့်အတူ ပြန် လာပါဟု တောင်းပန် သော်လည်း၊
26 Ano ra ko Hamuera ki a Haora, E kore ahau e hoki tahi taua; he mea hoki kua whakaparahako koe ki te kupu a Ihowa, a kua whakaparahako a Ihowa ki a koe hei kingi mo Iharaira.
၂၆ရှမွေလ က၊ သင် နှင့်အတူ ငါမ ပြန်။ သင်သည် ထာဝရဘုရား ၏ အမိန့် တော်ကို ပယ် သောကြောင့် ၊ ထာဝရဘုရား သည် ဣသရေလ ရှင်ဘုရင် အရာကို နှုတ်၍ သင့် ကို ပယ် တော်မူပြီဟု ရှောလု အား ဆို ပြီးမှ၊
27 A, i te tahuritanga o Hamuera ki te haere, ka mau tera ki te pito o tona kakahu, a kua pakaru.
၂၇လှည့် သွား သောအခါ ရှောလုသည် ရှမွေလ ၏ ဝတ်လုံ စွန်း ကို ကိုင် ဆွဲ၍ ဝတ်လုံစုတ် လေ၏။
28 Na ka mea a Hamuera ki a ia, Kua haea mai e Ihowa inaianei tou kingitanga i roto i a Iharaira, kua hoatu ki tou hoa e pai atu ana i a koe.
၂၈ရှမွေလ ကလည်း ၊ ယနေ့ ထာဝရဘုရား သည် ဣသရေလ နိုင်ငံ ကို သင် မှ ဆုတ် ယူ၍ ၊ သင့် ထက် ကောင်း သောသင် ၏ အိမ်နီးချင်း အား ပေး တော်မူပြီ။
29 E kore ano hoki te Kaha o Iharaira e teka; e kore ano hoki e puta ke ona whakaaro; no te mea ehara ia i te tangata e puta ke ai ona whakaaro.
၂၉ထိုမှတပါး ဣသရေလ အမျိုး၏ အစွမ်း သတ္တိဖြစ်သော ဘုရားသည် မုသာ သုံးခြင်း၊ နောင်တရ ခြင်း နှင့် ကင်းလွတ် တော်မူ၏။ နောင်တရ အံ့သောငှါ လူ ဖြစ်တော်မ မူဟုဆို သော်၊
30 Ano ra ko tera, Kua hara ahau: otiia whakahonoretia ahau aianei i te aroaro o nga kaumatua o toku iwi, i te aroaro o Iharaira, kia hoki tahi taua, kia koropiko ai ahau ki a Ihowa, ki tou Atua.
၃၀ရှောလုက အကျွန်ုပ်ပြစ်မှား ပါပြီ။ သို့သော်လည်း အကျွန်ုပ် အမျိုးသား ချင်း အသက်ကြီး သူတို့ ရှေ့ ၌၎င်း ၊ ဣသရေလ အမျိုးရှေ့ ၌၎င်း၊ အကျွန်ုပ် ၏ ဂုဏ်အသရေကို မဖျက်ပါနှင့်။ အကျွန်ုပ်သည် ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား ကို ကိုးကွယ် ရမည်အကြောင်း ၊ အကျွန်ုပ် နှင့်အတူ ပြန် လာပါဟု တောင်းပန် သည်အတိုင်း၊
31 Heoi hoki ana a Hamuera i muri i a Haora, a karakia ana a Haora ki a Ihowa.
၃၁ရှမွေလ သည် ရှောလု နောက် သို့ လိုက်၍ ၊ ရှောလု သည် ထာဝရဘုရား ကို ကိုးကွယ် လေ၏။
32 Katahi a Hamuera ka mea, Kawea mai ki ahau a Akaka kingi o Amareke. Na ka ata hikoi a Akaka ki a ia. A ka mea a Akaka, He pono kua pahemo ke te ngau kino a te mate.
၃၂ထိုအခါ ရှမွေလ က၊ အာမလက် ရှင်ဘုရင် အာဂတ် ကို ငါ့ ထံသို့ ခေါ် ခဲ့ကြဟု ဆို သည်အတိုင်း ၊ အာဂတ် က သေ ဘေးသည် စင်စစ် လွန် သွားပြီဟု ဆိုလျက် ရွှင်လန်း စွာလာ ၏။
33 Ano ra ko Hamuera, Na tau hoari i kore ai nga uri o nga wahine, ka pena ano tou whaea te urikore i roto i nga wahine. Na haua iho a Akaka e Hamuera i te aroaro o Ihowa i Kirikara.
၃၃ရှမွေလ က၊ မိန်းမ များတို့သည် သင် ၏ထား ကြောင့် သား ဆုံးသကဲ့သို့ ၊ သင် ၏ အမိ သည် သား ဆုံး သော မိန်းမ ဖြစ်ရမည်ဟုဆို လျက် ၊ ဂိလဂါလ မြို့မှာ ထာဝရဘုရား ရှေ့ တော်၌ အာဂတ် ကို အပိုင်းပိုင်း ဖြတ်စေ၏။
34 Katahi ka haere a Hamuera ki Rama; ko Haora ia i haere ki runga ki tona whare, ki Kipea o Haora.
၃၄ထိုနောက် ရှမွေလ သည် ရာမ မြို့သို့သွား ၍ ရှောလု သည် မိမိ နေရာ ဂိဗာ မြို့၊ နန်းတော် သို့ ပြန် သွား လေ၏။
35 Kihai hoki a Haora i tirotirohia e Hamuera i muri iho a taea noatia te ra i mate ai ia: heoi tangihia ana a Haora e Hamuera: i puta ke ano hoki nga whakaaro o Ihowa i meinga ai e ia a Haora hei kingi mo Iharaira.
၃၅ရှောလု အနိစ္စ မရောက်မှီတိုင်အောင် ၊ ရှမွေလ သည် နောက် တဖန် အကြည့် အရှုမ လာ။ သို့ရာတွင်ရှမွေလ သည် ရှောလု အတွက် စိတ် မသာညည်းတွားလျက်နေ၏။ ထာဝရဘုရား သည် ရှောလု ကို ဣသရေလ ရှင် ဘုရင်အရာ၌ ခန့်ထားသော အမှုကို နောင်တရ တော်မူ၏။