< 1 Hamuera 13 >

1 E toru tekau nga tau o Haora ka kingi ia; a e rua ona tau e kingi ana mo Iharaira.
ရှောလု သည် တနှစ်ကျော် နှစ် နှစ် ခန့်လောက် ဣသရေလ အမျိုး၌ မင်း ပြုပြီးမှ ၊ ဣသရေလ အမျိုးသားသုံး ထောင် တို့ကို ရွေးကောက် ပြီးလျှင် ၊
2 Na ka whiriwhiria e Haora etahi tangata o Iharaira mana, e toru mano. A o aua mano, e rua i a Haora i Mikimaha, i Maunga Peteere, kotahi mano i a Honatana i Kipea o Pineamine; ko te nuinga ia o te iwi i tonoa atu e ia ki tona teneti, ki tona tene ti.
ကိုယ်တိုင်နေသောမိတ်မတ် မြို့နှင့် ဗေသလ တောင် ပေါ် မှာ လူနှစ်ထောင် ၊ ဗင်္ယာမိန် ခရိုင်၊ ဂိဗာ မြို့၊ ယောနသန် ထံ မှာတထောင် ကိုထား၍၊ အခြား သောသူတို့ ကို မိမိ တို့ အသီးအသီး နေရာအရပ် သို့ လွှတ် လိုက်လေ၏။
3 Na ka patua e Honatana nga hoia pupuri a nga Pirihitini i Kepa, a rongo ana nga Pirihitini. Na ka whakatangihia te tetere e Haora puta noa i te whenua katoa, a ka mea, Kia rongo nga Hiperu.
ယောနသန် သည် ဂိဗာ မြို့၌ ရှိသော ဖိလိတ္တိ တပ် ကို လုပ်ကြံ သဖြင့် ဖိလိတ္တိ လူတို့သည် သိတင်းကြား ကြ ၏။ ရှောလု ကလည်း မြစ်တဘက်၌ နေသောသူတို့သည် ကြား သိစေဟု တပြည်လုံး တံပိုး မှုတ် စေ၏။
4 A ka rongo a Iharaira katoa i te korero kua patua e Haora nga hoia pupuri a nga Pirihitini, a kua whakahouhou hoki a Iharaira ki nga Pirihitini, na ka huihui te iwi ki te whai i a Haora ki Kirikara.
ရှောလု သည်ဖိလိတ္တိ တပ် ကို လုပ်ကြံ ကြောင်းနှင့် ဖိလိတ္တိ လူတို့သည် ဣသရေလ လူတို့ကို ရွံ့ရှာ ကြောင်း ကို ဣသရေလ အမျိုးသားအပေါင်း တို့သည် ကြားသိ ၍၊ လူ များတို့သည် ရှောလု နောက် ဂိလဂါလ မြို့၌ စည်းဝေး ကြ၏။
5 Me nga Pirihitini hoki, i huihui ki te whawhai ki a Iharaira, e toru tekau mano nga hariata, e ono mano nga hoia eke hoiho, me nga tangata e rite ana ki te onepu i te taha o te moana te tini. Na ka haere ratou, ka noho ki Mikimaha, whaka te rawhi ti o Peteawene.
ဖိလိတ္တိ လူတို့သည်လည်း ၊ ဣသရေလ အမျိုးသားတို့ကို စစ်တိုက် ခြင်းငှါ ၊ ရထား သုံးထောင် နှင့် မြင်း ခြောက် ထောင် ကို၎င်း၊ သမုဒ္ဒရာ သဲလုံး နှင့်အမျှ ရှိသောလူ များကို၎င်းစုဝေးစေပြီးလျှင် ၊ စစ်ချီ ဗေသဝင် မြို့အရှေ့ ၊ မိတ်မတ် မြို့၌ တပ်ချ ကြ၏။
6 I te kitenga o nga tangata o Iharaira kei roto ratou i te raru, kua pawera hoki te iwi, na piri ana te iwi i roto i nga ana, i nga wahi ururua, i runga i nga kamaka, i nga taumaihi, i roto i nga rua.
ဣသရေလ အမျိုးသား တို့သည် အလွန် ဆင်းရဲ ခံရသဖြင့် ၊ မိမိတို့ ကျဉ်းမြောင်းလျက်ရှိသည်ကို သိမြင် သောအခါ ၊ ဥမင် ၊ တောအုံ ၊ ကျောက် ကြား ၊ တောင်ထိပ် ၊ မြေတွင်း တို့၌ ပုန်းရှောင် ၍ နေကြ၏။
7 Na tera etahi o nga Hiperu i whiti atu i Horano ki te whenua o Kara, o Kireara, Ko Haora ia, i Kirikara ano ia; a aru wehi ana te iwi katoa i a ia.
ယော်ဒန် မြစ်တဘက်၌ နေသောသူအချို့တို့သည် ကူးပြန်၍ ၊ ဂဒ် ပြည် ၊ ဂိလဒ် ပြည်သို့ သွား ကြ၏။ ရှောလု သည် ဂိလဂါလ မြို့၌ နေသေး ၍ ၊ လူ အပေါင်း တို့သည် သူ့ နောက် ၌ တုန်လှုပ် လျက်ရှိကြ၏။
8 A e whitu nga ra i tatari ai ia; ko te wa hoki ia i whakaritea e Hamuera; kahore ia a Hamuera i tae ki Kirikara; a marara noa atu tona nuinga.
ရှမွေလ ချိန်းချက် သည်အတွင်း ရှောလုသည် ခုနစ် ရက် ငံ့လင့် ၍ ၊ ရှမွေလ သည် ဂိလဂါလ မြို့သို့ မ ရောက် ၊ လူ များတို့လည်း ထွက်ပြေး ကြ၏။
9 Na ka mea a Haora, Kawea mai te tahunga tinana ki ahau, me nga whakahere mo te pai. Na whakaekea ana e ia te tahunga tinana.
ရှောလု ကလည်း ၊ မီး ရှို့ရာယဇ်နှင့် မိဿဟာယ ပူဇော်သက္ကာတို့ကို ငါ့ ထံသို့ ယူ ခဲ့ကြဟုဆို သဖြင့် ၊ မီး ရှို့ရာယဇ်ကို ပူဇော် လေ၏။
10 A ka oti tana tahunga tinana te whakaeke, na kua puta a Hamuera; a haere ana a Haora ki te whakatau i a ia, ki te oha ki a ia.
၁၀မီး ရှို့ရာယဇ်ပူဇော် ခြင်းအမှု ပြီး သည်အဆုံး၌ ရှမွေလ သည် လာ ၏။ ရှောလု သည် ကောင်းကြီး ပေး၍ ခရီးဦးကြို ပြုခြင်းငှါ ထွက်သွား လျှင်၊
11 Na ka mea a Hamuera, He mahi aha tau? Ano ra ko Haora, I kite hoki ahau kua marara noa atu toku nuinga, a kahore koe i tae mai i nga ra i whakaritea, heoi e huihui ana nga Pirihitini ki Mikimaha:
၁၁ရှမွေလ က၊ သင်သည် အဘယ်သို့ ပြု သနည်းဟုမေး သော်၊ ရှောလု က၊ လူ များတို့သည် အကျွန်ုပ် ထံမှ ထွက်ပြေး ကြောင်း ၊ ကိုယ်တော် သည် ချိန်းချက် သော အချိန်၌ မ ရောက် ကြောင်း၊ ဖိလိတ္တိ လူတို့ သည် မိတ်မတ် မြို့၌ စုဝေး ကြောင်းများကို သိမြင် သောအခါ၊
12 Koia ka mea ahau, Akuanei nga Pirihitini haere mai ai ki ahau ki Kirikara, a kahore ano ahau kia inoi ki a Ihowa. Na pehia ana e ahau toku ngakau, a whakaekea ana te tahunga tinana.
၁၂ဖိလိတ္တိ လူတို့သည် ငါ ရှိရာ ဂိလဂါလ မြို့သို့ စစ်ချီ ကြလိမ့်မည်။ ထာဝရဘုရား ကို ငါမ တောင်းပန် သေး ဟု အကျွန်ုပ်အောက်မေ့ သဖြင့် ၊ ကိုယ်ကို အနိုင် ပြု၍ မီး ရှို့ရာယဇ်ကို ပူဇော် မိပြီဟု ပြန်ပြော ၏။
13 Na ko te kianga a Hamuera ki a Haora, He mahi kuware tau; kihai nei i pupuri i te whakahau a Ihowa, a tou Atua i whakahau ai ia ki a koe: penei kua whakapumautia e Ihowa aianei tou kingitanga ki a Iharaira a ake ake.
၁၃ရှမွေလ ကလည်း သင်သည် မှား ပြီ။ သင် ၏ ဘုရား သခင်ထာဝရဘုရား ထား တော်မူသော ပညတ် တရားကို မ စောင့် ပါတကား။ စောင့်မိလျှင်၊ ထာဝရဘုရား သည် ဣသရေလ အမျိုး၌ သင် ၏ အာဏာ ကို ယခု မှစ၍အစဉ် အမြဲတည် စေတော်မူပြီ။
14 Ko tenei, e kore e tu tou kingitanga: kua rapua e Ihowa tetahi tangata mana, ko ta tona ngakau i pai ai, kua oti ano ia te whakahau e Ihowa hei rangatira mo tana iwi; mou kihai i pupuri i ta Ihowa i whakahau ai ki a koe.
၁၄ယခု မူကား သင် ၏ အာဏာ မ တည် ရ။ ထာဝရဘုရား သည် စိတ် နှလုံးတော်နှင့် ညီညွတ်သောသူကို ရှာ တော်မူ၏။ ထိုသူသည် လူမျိုး တော်အပေါ် မှာ မင်း ဖြစ်စေခြင်းငှါထာဝရဘုရား မိန့် တော်မူပြီ။ အကြောင်း မူကား၊ သင် သည် ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း မ ကျင့် ဟု ရှောလု အား ဆို ပြီးလျှင်၊
15 Na whakatika ana a Hamuera, a haere atu ana i Kirikara ki Kipea o Pineamine. A taua ana e Haora nga tangata i piri ki a ia; tata tonu aua tangata ki te ono rau.
၁၅ထ ၍ ဂိလဂါလ မြို့မှ ဗင်္ယာမိန် ခရိုင်၊ ဂိဗာ မြို့သို့ သွား ၏။ ရှောလု သည် မိမိ ၌ ရှိသောလူ တို့ကို ရေတွက် ၍ ခြောက် ရာ ခန့် မျှ ရှိ ၏။
16 Na i Kepa o Pineamine a Haora raua ko tana tama, ko Honatana, me te hunga hoki i piri ki a raua: i Mikimaha ano nga Pirihitini e noho ana.
၁၆သူနှင့် သား တော်ယောနသန် ၊ သူ တို့၌ ရှိ သောလူ အပေါင်းတို့သည် ဗင်္ယာမိန် ခရိုင်၊ ဂိဗာ မြို့တွင် နေ ကြ၏။ ဖိလိတ္တိ လူတို့သည် မိတ်မတ် မြို့တွင် တပ်ချ ကြ၏။
17 Na ka puta nga kaipahua i te puni o nga Pirihitini, e toru nga ngohi: kotahi te ngohi i anga na te ara ki Opora, ki te whenua o Huara:
၁၇လုယူသော တပ်သုံး တပ်တို့သည်၊ ဖိလိတ္တိ တပ်မ ထဲက ထွက် ၍ တတပ်သည် ရွာလ ပြည် ဩဖရ မြို့ လမ်း သို့ လိုက် ၏။
18 Kotahi te ngohi i anga na te huarahi ki Petehorono: kotahi te ngohi i anga na te ara ki te rohe e aro nui ana ki te raorao o Tepoimi whaka te koraha.
၁၈တ တပ် သည် ဗေသောရုန် မြို့လမ်း သို့ လိုက် ၏။ တ တပ် သည် တော ဘက် မှာ ဇေဘိုင်ချိုင့် ကို မျက်နှာပြု သော ပြည် စွန်းလမ်း သို့ လိုက် ၏။
19 Na kahore he parakimete i kitea puta noa i te whenua katoa o Iharaira: i mea hoki nga Pirihitini, Kei hanga he hoari, he tao ranei, e nga Hiperu.
၁၉ဖိလိတ္တိ လူတို့က၊ ဟေဗြဲ လူတို့သည် ထား လှံ တို့ကို မလုပ်စေနှင့်ဟု စီရင်မြဲရှိသောကြောင့်၊ ဣသရေလ ပြည် တရှောက်လုံး တွင် ပန်းပဲ တယောက်မျှမ ရှိ။
20 Haere ai a Iharaira katoa ki raro, ki nga Pirihitini ki te whakakoi i te hea, i te maripi o tana parau, i tana toki, i tana ko.
၂၀ဣသရေလ လူအပေါင်း တို့သည် ထွန်သွား ၊ ပေါက်တူး ၊ ပုဆိန် ၊ တူးရွင်း ကို ထက် စေခြင်းငှါ ၊ ဖိလိတ္တိ လူတို့ရှိရာသို့ သွား ရကြ၏။
21 Otiia he whaiuru ano ta ratou mo nga hea, mo nga maripi o nga parau, mo nga marau, mo nga toki, hei oro ano hoki mo nga wero kau.
၂၁နောက် တဖန် ထွန်သွား ၊ ပေါက်တူး ၊ သုံးခွ ခက်ရင်း ၊ ပုဆိန် ၊ ထိုးတံချွန် တုံးလျက်ရှိကြ၏။
22 Heoi i te ra o te pakanga kahore i kitea he hoari, he tao i roto i te ringa o tetahi o nga tangata a Haora raua ko Honatana: otiia i kitea ano ki a Haora raua ko tana tama, ko Honatana.
၂၂သို့ဖြစ်၍ စစ်တိုက် ရာကာလ ရှောလု နှင့် သားတော် ယောနသန် မှတပါး အဘယ်သူ၌ မျှ ထား လှံ မ ရှိ။
23 Na ka haere nga hoia pupuri a nga Pirihitini ki te whakawhitinga atu o Mikimaha.
၂၃တဖန် ဖိလိတ္တိ တပ်သား တို့သည် မိတ်မတ် မြို့ လမ်းဝ သို့ ထွက် ၍ နေကြစဉ်တွင်၊

< 1 Hamuera 13 >