< 1 Hamuera 11 >

1 Na ka haere mai a Nahaha Amoni ki te whakapae i Iapehe Kireara. A ka mea nga tangata katoa o Iapehe ki a Nahaha, Whakaritea mai he kawenata ki a matou, a ka mahi matou ki a koe.
ထိုနောက်မှ အမ္မုန်အမျိုးသား နာဟတ်သည်လာ၍ ဂိလဒ်ပြည်ယာဗက်မြို့အနားမှာ တပ်ချလျှင်၊ မြို့သားအပေါင်းတို့က အကျွန်ုပ်တို့နှင့် မိဿဟာယဖွဲ့တော်မူပါ။ ကိုယ်တော်ထံ၌ ကျွန်ခံပါမည်ဟု နာဟတ်မင်းအားလျှောက်သော်လည်း၊
2 Na ka mea a Nahaha Amoni ki a ratou, Ko te mea tenei e whakarite kawenata ai ahau ki a koutou, kia pokaia o koutou kanohi matau katoa; a ka waiho e ahau hei tawai mo Iharaira katoa.
အမ္မုန်အမျိုးသား နာဟတ်က၊ သင်တို့၌ လက်ျာမျက်စိရှိသမျှကို ဖောက်၍ ဣသရေလအမျိုးတမျိုး လုံး၌ ငါကဲ့ရဲ့ရသော အခွင့်ကို ပေးမှသာ မိဿဟာယဖွဲ့မည်ဟု ပြန်ပြောသော်၊
3 Ano ra ko nga kaumatua o Iapehe ki a ia, Tukua mai koa ki a matou kia whitu nga ra, kia tono tangata ai matou puta noa i nga rohe o Iharaira; a, ki te kahore he kaiwhakaora mo matou, na ka puta atu matou ki a koe.
ယာဗက်မြို့သား အသက်ကြီးသူတို့က၊ အကျွန်ုပ်တို့သည် ဣသရေလပြည်တရှောက်လုံးသို့ တမန် တို့ကို စေလွှတ်ခြင်းငှါ ခုနှစ်ရက်မျှ ငံ့လင့်ပါ။ ထိုအခါ ကယ်တင်သောသူ မပေါ်မရှိလျှင် မင်းကြီးထံ သို့ ထွက်ပါမည်ဟု ဆိုကြ၏။
4 Katahi ka haere nga karere ki Kipea o Haora, a korerotia ana enei kupu ki nga taringa o te iwi: na nui atu te reo o te iwi katoa ki te tangi.
တမန်တို့သည် ရှောလုနေရာ ဂိဗာမြို့သို့လာ၍ လူများတို့အား သိတင်းကြားပြောသော်၊ လူအပေါင်းတို့သည် အသံကို လွှင့်၍ ငိုကြွေးကြ၏။
5 Na e haere mai ana tera a Haora i te mara, i muri i nga kau; na ka mea a Haora, Na te aha te iwi i tangi ai? Na ka korerotia ki a ia nga korero a nga tangata o Iapehe.
ရှောလုသည် နွားစုနောက်သို့ လိုက်လျက် လယ်လုပ်ရာမှ ရောက်လာသောအခါ၊ လူတို့သည် အဘယ်ကြောင့် ငိုကြွေးကြသနည်းဟု မေးလျှင်၊ ယာဗက်မြို့သားတို့၏ သိတင်းကို ပြောကြ၏။
6 I te rongonga o Haora i enei korero, na ko te tino putanga o te wairua o te Atua ki runga ki a ia, a mura whakarere tona riri ki taua rongo.
ထိုသိတင်းကို ရှောလုကြားသောအခါ၊ ဘုရားသခင်၏ ဝိညာဉ်တော် သက်ရောက်၍ ထိုသူသည် ပြင်းစွာ အမျက်ထွက်လျက်၊
7 Na ka mau ia ki etahi kau e rua, tapatapahia ana e ia; tukua ana ki nga rohe katoa o Iharaira, he mea kawe na nga karere, a ka mea, Ki te kahore tetahi e puta mai ki te aru i a Haora, ki te aru hoki i a Hamuera, ka peneitia ana kau. Na ka tau te wehi o Ihowa ki runga ki te iwi, a ka puta ratou ano he tangata kotahi.
နွားတရှဉ်းကို ယူ၍ ခုတ်ဖြတ်ပြီးမှ၊ သံတမန်တို့လက်တွင် ဣသရေလပြည် တရှောက်လုံးသို့ ပေးလိုက် ၍၊ ရှောလုနှင့်ရှမွေလနောက်သို့ ထွက်၍မလိုက်သောသူ၏ နွားတို့ကို ဤကဲ့သို့ပြုမည်ဟု ကြော်ငြာစေသ ဖြင့်၊ လူတို့သည် ထာဝရဘုရားကို ကြောက်၍ တညီတညွတ်တည်း ထွက်လာကြ၏။
8 Na ka taua ratou e ia ki Pehek; e toru rau mano nga tama a Iharaira, e toru tekau hoki mano nga tangata o Hura.
ဗေဇက်မြို့၌ တပ်စာရင်းယူသောအခါ၊ ဣသရေလအမျိုးသား သုံးသိန်း၊ ယုဒအမျိုးသား သုံးသောင်း ရှိကြ၏။
9 Na ka mea ratou ki nga karere i haere mai ra, Kia penei ta koutou ki atu ki nga tangata o Iapehe Kireara, Apopo, kia mahana te ra, ka puta he whakaoranga mo koutou. Na haere ana aua karere, a korerotia ana ki nga tangata o Iapehe; a koa ana ratou.
ဂိလဒ်ပြည်ယာဗက်မြို့မှ လာသော တမန်တို့အား နက်ဖြန်နေ့ နေပူချိန် ရောက်သောအခါ ချမ်းသာ ရမည် အကြောင်းကို၊ မြို့သားတို့အား ကြားပြောလော့ဟု မှာလိုက်သည်အတိုင်း၊ တမန်တို့သည် သွား၍ သိတင်းကြားပြောသဖြင့် ယာဗက်မြို့သားတို့သည် ဝမ်းမြောက်ကြ၏။
10 Na reira ka mea nga tangata o Iapehe, Apopo ka puta atu matou ki a koutou, a ma koutou e mea ki a matou nga mea e pai ana ki to koutou whakaaro.
၁၀အကျွန်ုပ်တို့သည် နက်ဖြန်နေ့၌ ကိုယ်တော်ထံသို့ ထွက်ပါမည်။ ကိုယ်တော်အလိုရှိသမျှအတိုင်း ပြုတော် မူပါဟု နာဟတ်မင်းအား လျှောက်ကြ၏။
11 Heoi i te aonga ake ka wehea e Haora te iwi kia toru nga ngohi. Na haere ana ratou ki waenganui o te puni i te whakaaraara o te ata, patua iho nga Amoni a mahana noa te ra; a, ko nga toenga, i marara noa atu, a kihai hoki i waiho kia tokorua o r atou e haere tahi ana.
၁၁နက်ဖြန်နေ့၌ ရှောလုသည် လူတို့ကို သုံးတပ်ခွဲပြီးမှ၊ နံနက်ယံအချိန်၌ ရန်သူအလုံးအရင်းထဲသို့ ဝင်၍ နေပူချိန်တိုင်အောင် အမ္မုန်အမျိုးသားတို့ကို လုပ်ကြံသဖြင့်၊ ကျန်ကြွင်းသောသူတယောက်နှင့် တယောက်ပေါင်း၍ မနေရသည်တိုင်အောင် လူအပေါင်းတို့သည် ကွဲပြားလျက် ရှိကြ၏။
12 Na ka mea te iwi ki a Hamuera, Ko wai tenei i mea nei, Hei kingi koia a Haora mo tatou? Homai aua tangata kia whakamatea e matou.
၁၂ဣသရေလလူတို့ကလည်း၊ ရှောလုသည် ငါတို့ကို အုပ်စိုးရမည်လောဟု ဆိုမိသောသူကား အဘယ် သူနည်း။ ထိုသို့ဆိုမိသောသူတို့ကိုခေါ်၍ သတ်ကြကုန်အံ့ဟု ရှမွေလအားဆိုကြသော်၊
13 Ano ra ko Haora, E kore tetahi e whakamatea aianei; ko te ra hoki tenei i puta ai ta Ihowa whakaora mo Iharaira.
၁၃ရှောလုက၊ လူတယောက်ကိုမျှ ယနေ့မသတ်ရ၊ ထာဝရဘုရားသည် ယနေ့ဣသရေလအမျိုးကို ကယ်တင်တော်မူပြီဟု ဆို၏။
14 Katahi ka mea a Hamuera ki te iwi, Haere mai, tatou ka haere ki Kirikara, ki reira whakahou ai i te kingitanga.
၁၄ရှမွေလကလည်း၊ ဂိလဂါလမြို့သို့သွား၍ နိုင်ငံတော်ကို ပြုပြင်ကြကုန်အံ့ဟု လူများတို့အား ပြောဆိုသည်အတိုင်း၊
15 Na haere ana te iwi katoa ki Kirikara, a whakakingitia ana a Haora ki reira ki te aroaro o Ihowa ki Kirikara. Na patua ana e ratou ki reira he patunga mo te pai ki te aroaro o Ihowa; a nui atu te koa o Haora, ratou ko nga tangata katoa o Iharair a i reira.
၁၅လူအပေါင်းတို့သည် ဂိလဂါလမြို့သို့ သွား၍၊ ထိုမြို့၌ ထာဝရဘုရားရှေ့တော်မှာ ရှောလုကို ရှင်ဘုရင် အရာ၌ ချီးမြှောက်ကြ၏။ ထိုမြို့၌လည်း၊ ထာဝရဘုရားရှေ့တော်မှာ မိဿဟာယယဇ်ကို ပူဇော်သဖြင့်၊ ရှောလုနှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် အလွန်ပျော်မွေ့ခြင်းကို ပြုကြ၏။

< 1 Hamuera 11 >