< 1 Kingi 5 >
1 Na ka tonoa e Hirama kingi o Taira ana tangata ki a Horomona; i rongo hoki kua oti ia te whakawahi hei kingi i muri i tona papa: he aroha mau tonu hoki to Hirama ki a Rawiri.
၁တုရုဘုရင်ဟိရံသည် ဒါဝိဒ်မင်း၏အဆွေ တော်အဖြစ်နှင့်အစဉ်နေထိုင်ခဲ့သူဖြစ်၏။ ထို့ကြောင့်ခမည်းတော်ဒါဝိဒ်၏အရိုက်အရာ ကိုရှောလမုန်ဆက်ခံ၍ နန်းတက်သည့်အကြောင်း ကိုကြားသိသောအခါသံတမန်များကို ရှောလမုန်ထံသို့စေလွှတ်လေသည်။-
2 A ka tono tangata a Horomona ki a Hirama hei ki atu,
၂ရှောလမုန်သည်ဟိရံအား``ကျွန်ုပ်ခမည်း တော်ဒါဝိဒ်သည် မိမိပတ်လည်ရှိရန်သူ နိုင်ငံများကိုအမြဲတစေတိုက်ခိုက်လျက် နေရသဖြင့် သူ၏ဘုရားသခင်ထာဝရ ဘုရားကိုဝတ်ပြုရန်အတွက် ဗိမာန်တော် ကိုမတည်မဆောက်နိုင်ခဲ့ကြောင်းအဆွေ တော်သိပါ၏။ သူ၏ရန်သူအပေါင်းတို့ အား ထာဝရဘုရားမနှိမ်နင်းမချင်း သူသည်ဗိမာန်တော်ကိုမတည်မဆောက် နိုင်ပါ။-
3 E mohio ana koe kihai i taea e toku papa, e Rawiri, te hanga whare mo te ingoa o Ihowa, o tona Atua, i nga whawhai hoki i tetahi taha ona, i tetahi taha, a taea noatia te hoatutanga o ratou e Ihowa ki raro i nga kapu o ona waewae.
၃
4 Ko tenei, kua mea nei a Ihowa, toku Atua, kia okioki ahau i tetahi taha, i tetahi taha; kahore he hoari, kahore hoki he kino e pa mai ana.
၄သို့ရာတွင်ယခုအခါ၌ကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရားသည် ပတ်ဝန်းကျင် အရပ်ရပ်၌ငြိမ်းချမ်းသာယာမှုကိုပေး တော်မူပါပြီ။ ကျွန်ုပ်မှာရန်သူမရှိပါ။ ရန် သူတိုက်ခိုက်မည့်အန္တရာယ်လည်းမရှိပါ။-
5 Na, e mea ana tenei ahau kia hanga he whare mo te ingoa o Ihowa, o toku Atua, kia whakaritea te kupu a Ihowa ki toku papa, ki a Rawiri, tana i mea ai, Ko tau tama e hoatu e ahau i muri i a koe ki runga ki tou torona, mana e hanga te whare mo toku ingoa.
၅ထာဝရဘုရားကကျွန်ုပ်၏ခမည်းတော် အား`သင့်နောက်၌ငါမင်းမြှောက်မည့်သူသင် ၏သားသည် ငါ့အတွက်ဗိမာန်တော်ကို တည်ဆောက်လိမ့်မည်' ဟုကတိထားတော် မူခဲ့ပါ၏။ ကျွန်ုပ်၏ဘုရားသခင်ထာဝရ ဘုရားအားကိုးကွယ်ဝတ်ပြုရန်အတွက် ထိုဗိမာန်တော်ကိုတည်ဆောက်ရန်ယခု ကျွန်ုပ်စိတ်ပိုင်းဖြတ်လိုက်ပါပြီ။-
6 Tena ra, mau e whakahau kia tapahia mai he hita maku i Repanona; a ko aku tangata hei hoa mo au tangata; me hoatu ano e ahau ki a koe he utu mo au tangata, kia rite ki nga mea katoa e ki mai ai koe; e mohio ana hoki koe kahore o matou tangata hei rite mo nga Haironi te mohio ki te tapahi rakau.
၆သို့ဖြစ်၍ကျွန်ုပ်အတွက်သစ်ကတိုးပင် များကိုခုတ်လှဲပေးရန် လေဗနုန်တောသို့ အဆွေတော်၏လူတို့ကိုစေလွှတ်ပေးစေ လိုပါသည်။ ကျွန်ုပ်အစေခံများသည်လည်း ကူညီစေပါမည်။ အဆွေတော်ဆုံးဖြတ် သည့်အခကြေးငွေကိုကျွန်ုပ်ပေးပါမည်။ အဆွေတော်သိသည့်အတိုင်း ကျွန်ုပ်၏လူ တို့သည်အဆွေတော်၏လူတို့ကဲ့သို့သစ် ခုတ်မှုတွင်မကျွမ်းကျင်ကြပါ'' ဟုမှာ ကြားလိုက်၏။
7 A, i te rongonga o Hirama i nga kupu a Horomona, nui atu tona koa, a ka mea, Kia whakapaingia a Ihowa i tenei ra, nana nei i homai ki a Rawiri he tama mohio hei rangatira mo tenei iwi nui.
၇ရှောလမုန်မင်းမှာကြားသောစကားကို ကြားရသောအခါ ဟိရံမင်းသည်လွန်စွာ အားရနှစ်သက်သဖြင့်``ဤသို့ကြီးမားသည့် နိုင်ငံတော်ကိုအုပ်စိုးရန်အတွက် ဒါဝိဒ် အားဤမျှပညာရှိသောသားကိုပေးတော် မူသောထာဝရဘုရားအား ယနေ့ထော မနာပြုကြလော့'' ဟုမြွက်ဆိုတော်မူ၏။-
8 Na ka tono tangata atu a Hirama ki a Horomona, hei mea, kua rongo atu ahau i te kupu i tukua mai nei e koe ki ahau: ka mahia katoatia e ahau tau e hiahia ana, ara nga rakau, te hita me te kauri.
၈ထိုနောက်ဟိရံသည် ရှောလမုန်ထံသို့``အဆွေ တော်ပေးပို့သောအမှာတော်စကားကိုကြား သိပါပြီ။ ကျွန်ုပ်သည်အဆွေတော်မှာကြား လိုက်သည့်အတိုင်းဆောင်ရွက်ရန်အသင့်ရှိ ပါ၏။ အဆွေတော်၏ထံသို့သစ်ကတိုး နှင့်ထင်းရှူးသစ်များကိုပေးပို့လိုက်ပါ မည်။-
9 Ma aku tangata e tari mai i Repanona ki te moana: a maku e whakatere atu i te moana ki te wahi e whakarite ai koe ki ahau, maku hoki e mea kia rukea ki uta ki reira, ka tiki mai ai e koe: a ka meatia e koe taku e hiahia ai, ki te homai he kai ma toku whare.
၉ကျွန်ုပ်၏လူတို့သည်သစ်လုံးများကိုလေ ဗနုန်တောင်မှပင်လယ်ကမ်းခြေအထိယူ ဆောင်ကာဖောင်ဖွဲ့၍ အဆွေတော်အလိုရှိ ရာဆိပ်ကမ်းသို့မျှောချပေးပါမည်။ သူ တို့သည်ထိုဆိပ်ကမ်းတွင်ဖောင်များကို ဖျက်၍ သစ်လုံးများကိုအဆွေတော်၏လူ တို့အားပေးအပ်ကြပါမည်။ အဆွေတော် အနေဖြင့်ကျွန်ုပ်၏လူများအတွက်စား နပ်ရိက္ခာကိုထောက်ပံ့စေလိုပါသည်'' ဟု ပြန်ကြားလိုက်၏။
10 Na ka homai e Hirama he hita, he kauri, ki a Horomona, ana rakau i hiahia ai.
၁၀ထို့ကြောင့်ဟိရံကရှောလမုန်လိုသမျှ သော သစ်ကတိုးနှင့်ထင်းရှူးသစ်ကိုပေးပို့၍၊-
11 A hoatu ana e Horomona ki a Hirama he mehua witi e rua tekau mano hei kai ma tona whare, he mehua hinu e rua tekau, he mea tuki; ko ta Horomona tenei i hoatu ai ki a Hirama i tenei tau, i tenei tau.
၁၁ရှောလမုန်ကလည်းဟိရံ၏လူများစားသုံး ရန်အတွက် တစ်နှစ်လျှင်ဂျုံဆန်တင်းတစ်သိန်း နှင့်သံလွင်ဆီအစစ်ဂါလံတစ်သိန်းတစ် သောင်းကိုပေးပို့လေသည်။
12 A homai ana e Ihowa ki a Horomona he mohio, he pera me tana i korero ai ki a ia: a mau tonu te rongo i waenganui o Hirama raua ko Horomona; a i whakarite kawenata raua tokorua.
၁၂ထာဝရဘုရားသည်ကတိတော်ရှိသည့်အတိုင်း ရှောလမုန်အားဉာဏ်ပညာကိုပေးတော်မူ၏။ ဟိရံနှင့်ရှောလမုန်တို့သည်ငြိမ်းချမ်းစွာ နေထိုင်လျက် မဟာမိတ်စာချုပ်ချုပ်ဆိုကြ လေသည်။
13 Na ka whakataka e Horomona etahi tangata i roto i a Iharaira katoa; e toru tekau mano tangata taua whakataka.
၁၃ရှောလမုန်သည်ဣသရေလပြည်တစ်ပြည်လုံး မှ လူသုံးသောင်းကိုချွေးတပ်သားအဖြစ်ဖြင့် ဆင့်ခေါ်တော်မူပြီးလျှင်၊-
14 A unga ana ratou e ia ki Repanona, tekau mano i te marama kotahi, he mea whakawhitiwhiti: kotahi to ratou marama i Repanona, e rua nga marama i te kainga: ko Aronirama hoki te rangatira o taua whakataka.
၁၄အဒေါနိရံအားသူတို့ကိုအုပ်ချုပ်စေတော် မူ၏။ မင်းကြီးသည်ထိုသူတို့အားလူတစ် သောင်းစီအဖွဲ့သုံးဖွဲ့ဖွဲ့တော်မူ၍ တစ်ဖွဲ့ကို တစ်လကျလေဗနုန်တောင်သို့စေလွှတ်ပြီး လျှင် နှစ်လမျှအိမ်သို့ပြန်၍နေထိုင်ခွင့်ပြု တော်မူ၏။-
15 Na e whitu tekau mano nga tangata a Horomona hei mau kawenga, e waru tekau mano hei tarai i runga i nga maunga;
၁၅ရှောလမုန်သည်ကျောက်ဆစ်ရန်လူရှစ်သောင်း ကိုလည်းကောင်း၊ ကျောက်သယ်မည့်သူလူခုနစ် သောင်းနှင့်အတူတောင်ပေါ်ဒေသသို့စေ လွှတ်တော်မူ၏။-
16 Haunga nga rangatira o nga kaitohutohu a Horomona i whakahau nei i te mahi, e toru mano e toru rau aua kaiwhakahau i nga kaimahi i te mahi.
၁၆ထို့နောက်မင်းကြီးသည်ထိုသူတို့၏အလုပ် ကိုကြီးကြပ်သူ လူသုံးထောင်သုံးရာကိုခန့် ထားတော်မူ၏။-
17 Na ka whakahau te kingi, a ka haua e ratou he kohatu nunui, he kohatu utu nui, hei kohatu hahau mo te turanga o te whare.
၁၇ရှောလမုန်မင်း၏အမိန့်တော်အရထို ချွေးတပ်သားတို့သည် ဗိမာန်တော်တိုက်မြစ် အတွက်ကျောက်တုံးကြီးများကိုဆစ်ရ ကြ၏။-
18 Na taraia ana e nga kaihanga a Horomona, e nga kaihanga a Hirama, e nga Kipiri, whakapaia ana e ratou nga rakau me nga kohatu hei hanga mo te whare.
၁၈ရှောလမုန်၏အလုပ်သမားများနှင့်ဟိရံ၏ အလုပ်သမားများသည်ဗိမာန်တော်ဆောက်လုပ် ရန်အတွက် ဂေဗာလမြို့သားများနှင့်အတူ ကျောက်များနှင့်သစ်များကိုပြင်ဆင်ကြ လေသည်။