< 1 Kingi 17 >
1 Na ka mea a Iraia Tihipi, no nga tangata o Kireara, ki a Ahapa, E ora ana a Ihowa, te Atua o Iharaira, kei tona aroaro nei ahau e tu ana, e kore enei tau e whai tomairangi, e whai ua; engari ma taku kupu anake.
၁ဂိလဒ်ပြည် တိရှဘိမြို့သားဧလိယက၊ ငါကိုးကွယ်သော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရ ဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ငါ့အခွင့်မရှိဘဲ အင်တန်ကာလပတ်လုံးမိုဃ်းမရွာ၊ နှင်းမကျရဟု အာဟပ် မင်းအားမြွက်ဆို၏။
2 Na ka puta te kupu a Ihowa ki a ia, ka mea,
၂ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဧလိယသို့ ရောက်လာသည်ကား၊
3 Haere atu i konei, anga atu whaka te rawhiti, ka piri ki te awa ki Keriri, e aro nui atu na ki Horano.
၃သင်သည် ဤအရပ်မှ ထွက်သွားလော့။ အရှေ့သို့ပြောင်း၍ ယော်ဒန်မြစ်တဘက်၊ ခေရိတ်ချောင်းနားမှာ ပုန်းရှောင်၍နေလော့။
4 A kei te awa he wai mou; kua oti hoki nga raweni te whakahau e ahau hei whangai i a koe i reira.
၄ထိုချောင်းရေကို သောက်ရမည်။ ကျီးအတို့သည် သင့်ကို ကျွေးမွေးမည်အကြောင်း ငါမှာထားပြီဟု မိန့် တော်မူသည်အတိုင်း၊
5 Na haere ana ia, meatia ana ta Ihowa i korero ai; i haere hoki, a noho ana ki te taha o te awa, o Keriti, e aro nui nei ki Horano.
၅ဧလိယသည်သွား၍ ယော်ဒန်မြစ်တဘက်၊ ခေရိတ်ချောင်းနားမှာ နေလေ၏။
6 A na nga raweni i kawe mai he taro, he kikokiko mana i te ata, he taro, he kikokiko mana i te ahiahi; no te awa hoki tona wai.
၆ကျီးအတို့သည် နေ့တိုင်းနံနက်တခါ၊ ညဦးတခါ မုန့်နှင့်အမဲသားကို ဆောင်ခဲ့ကြ၏။ ချောင်းရေကိုလည်း သောက်ရ၏။
7 Nawai a kei etahi ra mai, ka maroke te awa, kahore hoki he ua o te whenua.
၇နောက်တဖန် မိုဃ်းမရွာသောကြောင့် ချောင်းရေခန်းခြောက်လေ၏။
8 Na ka puta mai te kupu a Ihowa ki a ia, ka mea,
၈ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ရောက်လာသည်ကား၊
9 Whakatika, haere ki Harepata o Hairona, ki reira noho ai; nana, kua oti tetahi wahine pouaru o reira te whakahau e ahau hei whangai i a koe ki reira.
၉သင်ထလော့။ ဇိဒုန်ပြည်၊ ဇရတ္တမြို့သို့ သွား၍ နေလော့။ ထိုမြို့၌ နေသောမုတ်ဆိုးမတယောက်သည် သင့်ကို ကျွေးမွေးမည်အကြောင်း ငါမှာထားပြီဟု မိန့်တော်မူသည်အတိုင်း၊
10 Na whakatika ana ia, haere ana ki Harepata. A, no tona taenga atu ki te kuwaha o te pa, na ko tetahi wahine i reira, he pouaru, e kohikohi rakau ana. A ka karanga atu ia ki a ia, ka mea, Mauria mai he wai moku i roto i te oko, hei inu maku.
၁၀ဧလိယသည်ထ၍ ဇရတ္တမြို့သို့သွား၏။ မြို့တံခါး သို့ရောက်သောအခါ၊ မုတ်ဆိုးမသည် ထင်းခွေလျက်ရှိ၏။ ဧလိယက၊ ငါသောက်စရာ ရေအနည်းငယ်ကို ခွက်နှင့် ယူခဲ့ပါလော့ဟု ဟစ်၍ဆို၏။
11 Na haere ana tera ki te tiki, a ka karanga ano ia ki a ia, Tena tetahi wahi taro maua mai i tou ringa maku.
၁၁မိန်းမသည်ရေကိုယူခြင်းငှါ သွားစဉ်တွင်၊ တဖန်ဟစ်၍ မုန့်တဖဲ့ကိုလည်း သင့်လက်၌ ယူခဲ့ပါလော့ဟု ဆိုပြန်လျှင်၊
12 Na ka mea ia, E ora ana a Ihowa, tou Atua, kahore aku keke; engari he kutanga paraoa i roto i te oko, me tetahi hinu, he iti nei, i roto i te ipu, e kohikohi ana ano tenei ahau i nga rakau e rua, kia haere ai ahau ki te taka i taua mea ma maua k o taku tama, mo ta maua kai atu, ka mate ai.
၁၂မိန်းမက၊ သင်၏ဘုရားသခင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ မုန့်ပြားတပြားမျှမရှိ။ အိုးထဲမှာ မုန့်ညက်တလက်ဆုပ်၊ ဘူး၌ ဆီအနည်းငယ်သာရှိ၏။ ကျွန်မနှင့်သားငယ်အဘို့ဖုတ်၍ စားလိုသော ငှါ၎င်း၊ စားပြီးမှ သေလိုသောငှါ၎င်း၊ ထင်းစနှစ်ခုကို ယခုခွေပါ၏ဟု ပြန်ပြော၏။
13 Na ka mea a Iraia ki a ia, Kaua e wehi, tikina, meatia tau i ki mai na; Otiia matua hanga mai te tahi wahi hei keke maku, kia nohinohi, ka mau mai ai ki ahau; a muri iho ka hanga ma korua ko tau tama.
၁၃ဧလိယကလည်းမစိုးရိမ်နှင့်။ သင်ဆိုသည်အတိုင်းသွား၍ ပြုလော့။ သို့ရာတွင် ငါ့အဘို့ မုန့်ပြားငယ် တပြားကို အရင်လုပ်၍ ယူခဲ့လော့။ နောက်မှ သင်နှင့် သင်၏သားငယ်အဘို့လုပ်လော့။
14 Ko te kupu hoki tenei a Ihowa, a te Atua o Iharaira, E kore e pau te oko paraoa, e kore ano te ipu hinu e poto a taea noatia te ra e homai ai e Ihowa he ua ki te mata o te whenua.
၁၄ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထာဝရဘုရားသည် မြေပေါ်မှာ မိုဃ်းရွာစေတော်မမူမှီတိုင်အောင်၊ အိုး၌ရှိသောမုန့်ညက်မကုန်။ ဘူး၌ရှိသော ဆီမလျော့ရဟု မိန့်တော်မူကြောင်း ကို ဆင့်ဆို၏။
15 Na haere ana ia; meatia ana ta Iraia i ki ai, a kai ana raua, me tona whare ano, i nga ra maha.
၁၅ထိုမုတ်ဆိုးမသည်သွား၍ ဧလိယစကားအတိုင်း ပြုသဖြင့်၊ ဧလိယနှင့်တကွ ကိုယ်တိုင်မှစ၍၊ အိမ်သားတို့ သည် အင်တန်ကာလပတ်လုံး စားရကြ၏။
16 Kihai te oko paraoa i hemo, kihai hoki te ipu hinu i poto, rite tonu ki te kupu a Ihowa i korerotia ra e Iraia.
၁၆ထာဝရဘုရားသည် ဧလိယအားဖြင့် မိန့်တော် မူသောစကားအတိုင်း၊ အိုး၌ရှိသော မုန့်ညက်မကုန်၊ ဘူး၌ရှိသော ဆီမလျော့။
17 A i muri i enei mea ka takoto mate te tama a taua wahine nona nei te whare; nui atu te kaha o tona mate kahore noa iho he manawa i mahue i roto i a ia.
၁၇ထိုနောက်မှ အိမ်ရှင်မ၏သားသည် ပြင်းပြစွာ သော အနာရောဂါစွဲသောကြောင့် အသက်ချုပ်၏။
18 Na ka mea ia ki a Iraia, He aha taku ki a koe, e te tangata a te Atua? i haere mai na koe ki ahau kia whakamaharatia mai oku he, ki te whakamate hoki i taku tama!
၁၈မိန်းမကလည်း၊ အို ဘုရားသခင်၏လူ၊ ကိုယ် တော်သည် ကျွန်မနှင့် အဘယ်သို့ဆိုင်သနည်း။ ကျွန်မ အပြစ်တို့ကို အောက်မေ့စေ၍၊ ကျွန်မသားကို သတ်အံ့ သောငှါ ကျွန်မဆီသို့ ကြွလာတော်မူသလောဟု ဧလိယ အားဆိုသော်၊
19 Na ka mea tera ki a ia, Homai tau tamaiti ki ahau. Na tangohia ana e ia i tona uma, a kawea ana ki te ruma i runga, ki te wahi i noho ai ia, whakatakotoria ana e ia ki tona moenga.
၁၉သင်၏သားကိုငါ့အားပေးလော့ဟုဆိုလျက်၊ မိန်းမရင်ခွင်ထဲက ယူ၍မိမိနေရာအထက်အခန်းသို့ ဆောင် သွားသဖြင့်၊ မိမိအိပ်ရာပေါ်မှာ ထားပြီးလျှင်၊
20 Na ka karanga ia ki a Ihowa, ka mea, E Ihowa, e toku Atua, kua meatia ano hoki e koe he kino ki tenei pouaru e noho nei ahau ki a ia, i tana tama ka whakamatea nei?
၂၀အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်တည်းခိုသော ဤမုတ်ဆိုးမ၌ ဘေးဥပဒ်ပြု၍၊ သူ၏သားကို သေစေတော်မူမည်လောဟု ထာဝရဘုရား ကို ကြွေးကြော်လေ၏။
21 Na wharoro ana ia, e toru nga wharorotanga ki runga ki te tamaiti, a ka karanga ki a Ihowa, ka mea, E Ihowa, e toku Atua, kia hoki mai te wairua o tenei tamaiti ki roto ki a ia.
၂၁တဖန်သူငယ်အပေါ်မှာ မိမိကိုယ်ကို သုံးကြိမ် လှန်လျက်၊ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ဤသူငယ်၏ဝိညာဉ်ကို တဖန် ဝင်စေတော်မူပါဟု ထာဝရ ဘုရားကို ကြွေးကြော်ပြန်၏။
22 Na rongo tonu a Ihowa ki te reo o Iraia; a hoki ana te wairua o te tamaiti ki roto ki a ia, na kua ora.
၂၂ဧလိယ စကားကို ထာဝရဘုရားကြားတော်မူ၍၊ သူငယ်၏ ဝိညာဉ်သည်ဝင်သဖြင့်၊ သူသည် အသက် ရှင်ပြန်၏။
23 Na ka mau a Iraia ki te tamaiti, a kawea atu ana i taua ruma ki raro, ki te whare, a hoatu ana ki tona whaea: a ka mea a Iraia, Titiro, kei te ora tau tama.
၂၃ဧလိယသည် သူငယ်ကိုအထက်အခန်းမှ အောက် သို့ယူသွား၍ ကြည့်လော့။ သင်၏သားအသက်ရှင်ပြီဟု ဆိုလျက်အမိ၌အပ်လေ၏။
24 Na ka mea te wahine ra ki a Iraia, Katahi rawa ahau ka mohio he tangata koe na te Atua, he pono ano te kupu a Ihowa i tou mangai.
၂၄မိန်းမကလည်း၊ ဤအမှုကိုထောက်၍ ကိုယ်တော်သည် ဘုရားသခင်၏ လူဖြစ်ကြောင်းကို၎င်း၊ ကိုယ်တော်ဆင့်ဆိုသော ထာဝရဘုရား၏ စကားတော် ဟုတ်မှန်ကြောင်းကို၎င်း၊ ကျွန်မသိပါသည်ဟု ဧလိယ အား ဆို၏။