< 1 Whakapapa 27 >
1 Na, ko nga tama a Iharaira, to ratou tokomaha, nga upoko o nga whare o nga matua, me nga rangatira o nga mano, o nga rau, me o ratou rangatira i mahi nei ki te kingi i nga mea katoa a nga wehenga i haere mai nei, i haere atu ranei, i tenei marama, i tenei marama, i nga marama katoa o te tau; e rua tekau ma wha mano o te wehenga kotahi.
၁ရှင်ဘုရင်အမှုတော်ကို စောင့်သောဣသရေလ အမျိုးသားတို့သည် အဆွေအမျိုးသူကြီး၊ လူတထောင် အုပ်၊ တရာအုပ်၊ အရာရှိတို့နှင့်တကွ၊ တနှစ်တွင်တဆယ် နှစ်လအစဉ်အတိုင်း တပ်ဖွဲ့၍၊ တလစီတလစီအလှည့် လှည့်စောင့်ရသော တပ်သားအမှုထမ်းနှစ်သောင်း လေးထောင်စီရှိကြ၏။
2 Ko te rangatira o te wehenga tuatahi o te marama tuatahi, ko Iahopeama tama a Tapariere. E rua tekau ma wha mano i tona wehenga.
၂ပဌမလတွင် ပဌမတပ်ကိုအုပ်သော ဗိုလ်မင်း ကား၊ ဇာဗဒေလသားယာရှောဗံနှင့် တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။
3 No nga tama ia a Perete, ko te rangatira o nga rangatira katoa o te ope mo te marama tuatahi.
၃ထိုမင်းသည် ဖါရက်အမျိုးသားဖြစ်၍၊ ပဌမလ တွင် အမှုစောင့်သော တပ်မှူးအပေါင်းတို့ကို အုပ်ရ၏။
4 Ko te rangatira o te wehenga mo te rua o nga marama, ko Rorai Ahohi, me tona wehenga; ko Mikiroto te rangatira. E rua tekau ma wha mano i tona wehenga.
၄ဒုတိယလတွင် အမှုစောင့်သောတပ်ကို အုပ် သောဗိုလ်မင်းကား၊ အဟောဟိအမျိုးသားဒေါဒနှင့် စစ်ကဲမိကလုပ်၊ တပ်သားပေါင်းနှစ်သောင်းလေးထောင် တည်း။
5 Ko te tuatoru o nga rangatira ope, mo te toru o nga marama, ko Penaia tama a Iehoiara, he tohunga nui. E rua tekau ma wha mano i tona wehenga.
၅တတိယလနှင့် ဆိုင်သောတတိယတပ်ဗိုလ်မင်း ကား၊ ယဇ်ပုရောဟိတ်ကြီးယောယဒသား ဗေနာယနှင့် တပ်သားပေါင်းနှစ်သောင်းလေးထောင်တည်း။
6 Ko taua Penaia tenei i nui nei i roto i te toru tekau, ko ia hoki te rangatira o te toru tekau. I roto tana tama a Amitapara i tona wehenga.
၆ထိုမင်းသည်ဗိုလ်စုတွင် ကျော်စောသောသူ၊ ဗိုလ်ချုပ်အရာရှိသောသူဖြစ်၏။ သူ၏သား အမိဇဗဒ် သည်လည်း တပ်မှူးအရာကိုရ၏။
7 Ko te tuawha, mo te wha o nga marama, ko Atahere teina o Ioapa, me tana tama, me Teparia, i muri i a ia. E rua tekau ma wha mano i tona wehenga.
၇စတုတ္ထလတွင် စတုတ္ထဗိုလ်မင်းကား၊ ယွာဘ ညီအာသဟေလ၊ စစ်ကဲကားအာသဟေလသားဇေဗဒိ၊ တပ်သားပေါင်းနှစ်သောင်းလေးထောင်တည်း။
8 Ko te tuarima o nga rangatira, mo te rima o nga marama, ko Hamahutu Itirahi. E rua tekau ma wha mano i tona wehenga.
၈ပဥ္စမလတွင် ပဥ္စမဗိုလ်မင်းကား ဣဇဟာအမျိုး ရှံဟုတ်၊ တပ်သားပေါင်းနှစ်သောင်းလေးထောင်တည်း။
9 Ko te tuaono o nga rangatira, mo te ono o nga marama, ko Ira tama a Ikehe Tekoi. E rua tekau ma wha mano i tona wehenga.
၉ဆဋ္ဌမလတွင် ဆဋ္ဌမဗိုလ်မင်းကား တေကောမြို့ သား၊ ဣကေရှ၏သားဣရ၊ တပ်သားပေါင်းနှစ်သောင်း လေးထောင်တည်း။
10 Ko te tuawhitu, mo te whitu o nga marama, ko Herete Peroni, no nga tama a Eparaima. E rua tekau ma wha mano i tona wehenga.
၁၀သတ္တမလတွင် သတ္တမဗိုလ်မင်းကား ဧဖရိမ် အမျိုး၊ ပေလောနိအနွှယ်ဖြစ်သော ဟေလက်၊ တပ်သား ပေါင်းနှစ်သောင်းလေးထောင်တည်း။
11 Ko te tuawaru, mo te waru o nga marama, ko Hipekai Huhati, no nga Terahi. E rua tekau ma wha mano i tona wehenga.
၁၁အဋ္ဌမလတွင်အဋ္ဌမဗိုလ်မင်းကား ဇာရအမျိုး၊ ဟုရှသိအနွှယ်ဖြစ်သော သိဗေကဲ၊ တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။
12 Ko te tuaiwa, mo te iwa o nga marama, ko Apietere Anatoti, no nga Pineamine. E rua tekau ma wha mano i tona wehenga.
၁၂နဝမလတွင် နဝမဗိုလ်မင်းကား ဗင်္ယာမိန် အမျိုး၊ အနေသောသိအနွှယ်ဖြစ်သောအဗျေဇာ၊ တပ်သား ပေါင်းနှစ်သောင်းလေးထောင်တည်း။
13 Ko te tekau, mo te tekau o nga marama, ko Maharai Netopati, no nga Terahi. E rua tekau ma wha mano i tona wehenga.
၁၃ဒသမလတွင် ဒသမဗိုလ်မင်းကား ဇာရအမျိုး၊ နေတောဖာသိအနွှယ်ဖြစ်သော မဟာရဲ၊ တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။
14 Ko te tekau ma tahi, mo te tekau ma tahi o nga marama, ko Penaia Piratoni, no nga tama a Eparaima. E rua tekau ma wha mano i tona wehenga.
၁၄ဧကဒသမလတွင် ဧကဒသမဗိုလ်မင်းကား ဧဖရိမ်အမျိုး၊ ပိရသောနိအနွှယ်ဖြစ်သောဗေနာယ၊ တပ်သားပေါင်းနှစ်သောင်းလေးထောင်တည်း။
15 Ko te tekau ma rua, mo te tekau ma rua o nga marama, ko Hererai Netopati, no Otoniere. E rua tekau ma wha mano i tona wehenga.
၁၅ဒွါဒသမတွင် ဒွါဒသမဗိုလ်မင်းကား ဩသနေလ အမျိုး၊ နေတောဖာသိအနွယ်ဖြစ်သော ဟေလဒဲ၊ တပ် သားပေါင်းနှစ်သောင်းလေးထောင်တည်း။
16 Na, ko nga rangatira o nga iwi o Iharaira: o nga Reupeni, ko Erietere tama a Tikiri te rangatira: o nga Himioni, ko Hepatia tama a Maaka:
၁၆ဣသရေလအမျိုးအသီးအသီးတို့ကို အုပ်သော မင်းဟူမူကား၊ ရုဗင်အမျိုးတွင် ဇိခရိ၏သားဧလျေဇာ၊ ရှိမောင်အမျိုးတွင် မာခ၏သား ရှေဖတိ။
17 O nga Riwaiti, ko Hahapia tama a Kemuere: o nga Aroni, ko Haroko:
၁၇လေဝိအမျိုးတွင် ကေမွေလ၏သားဟာရှဘိ၊ အာရုန်အမျိုးတွင် ဇာဒုတ်၊
18 O Hura, ko Erihu, no nga tuakana o Rawiri: o Ihakara, ko Omori tama a Mikaera:
၁၈ယုဒအမျိုးတွင် ဒါဝိဒ်အစ်ကိုဧလိဟု၊ ဣသခါ အမျိုးတွင် မိက္ခေလ၏သားဩမရိ၊
19 O Hepurona, ko Ihimaia tama a Oparia; o Napatari ko Terimoto tama a Atariere:
၁၉ဇာဗုလုန်အမျိုးတွင် ဩဗဒိ၏သားဣရှမာယ၊ နဿလိအမျိုးတွင် အာဇရေလ၏သား ယေရိမုတ်၊
20 O nga tama a Eparaima, ko Hohea tama a Atatia: o tetahi tanga o te iwi o Manahi, ko Hoera tama a Peraia:
၂၀ဧဖရိမ်အမျိုးတွင် အာဇဇိ၏သား ဟောရှေ၊ မနာရှေအမျိုးတဝက် တွင်ပေဒါယ၏သား ယောလ၊
21 O tera tanga o te iwi o Manahi i Kireara, ko Iro tama a Hakaraia: o Pineamine, ko Taahiere tama a Apanere:
၂၁ဂိလဒ်ပြည်၌ မနာရှေအမျိုးတဝက်တွင် ဇာခရိ ၏သားဣဒ္ဒေါ၊ ဗင်္ယာမိန်အမျိုးတွင် အာဗနာ၏သား ယာသေလ၊
22 O Rana, ko Atareere tama a Ierohama. Ko nga rangatira enei o nga iwi o Iharaira.
၂၂ဒန်အမျိုးတွင် ယေရောဟံ၏ သားအာဇရေလ၊ ဤရွေ့ကား ဣသရေလအမျိုးတို့ကို အုပ်သောမင်းပေ တည်း။
23 Kihai ia i taua e Rawiri te hunga e rua tekau, he iti iho hoki nga tau; i mea hoki a Ihowa, ka whakanuia e ia a Iharaira kia rite ki nga whetu o te rangi.
၂၃ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို မိုဃ်းကောင်းကင်ကြယ်နှင့်အမျှ တိုးပွါးများပြားစေတော်မူ မည်ဟု ဂတိတော်ရှိသောကြောင့်၊ ဒါဝိဒ်သည် အသက် နှစ်ဆယ်မစေ့သော သူတို့ကို စာရင်းမယူဘဲ နေ၏။
24 Na Ioapa tama a Teruia i timata te tatau. Otiia kihai i oti i a ia; no te mea i pa he riri mo tenei mea ki a Iharaira; kihai hoki te tokomaha i uru ki roto ki te tauanga o nga meatanga o nga ra o Kingi Rawiri.
၂၄ဇေရုယာသားယွာဘသည် စာရင်းယူစပြု၍၊ ထိုအပြစ်ကြောင့် အမျက်တော်သည် ဣသရေလအမျိုး အပေါ်သို့ သက်ရောက်သောအခါ လက်စမသတ်။ ရေတွက်၍ရသော လူပေါင်းကို ဒါဝိဒ်မင်းကြီး၏ မှတ်စာ ၌ မသွင်းမမှတ်။
25 Na, ko te rangatira o nga taonga o te kingi, ko Atamawete tama a Ariere: ko te rangatira o nga whare taonga i nga mara, i nga pa, i nga pa koraha, i nga taumaihi, ko Honatana tama a Utia.
၂၅အဒေလသား အာဇိမာဝက်သည် ဘဏ္ဍာတော် စိုးဖြစ်၏။ ဩဇိသားယောနသန်သည် လယ်ပြင်၊ မြို့ရွာ၊ ရဲတိုက်၌ရှိသော ဘဏ္ဍာတိုက်တို့ကို အုပ်ရ၏။
26 Ko te rangatira hoki o nga kaimahi o te mara, i mahia ai te oneone, ko Eteri tama a Kerupu.
၂၆ခေလုပ်သားဧဇရိသည် လယ်ယာလုပ်သော သူတို့ကို အုပ်ရ၏။
27 Na mo nga mara waina ko Himei Ramati. Ko te rangatira mo nga mea o nga mara waina e kawea ana ki nga toa waina, ko Tapari Hipini.
၂၇ရာမမြို့သားရှိမိသည် စပျစ်ဥယျာဉ်တော်ကို ၎င်း၊ ရှိဖမိမြို့သား ဇဗဒိသည်စပျစ်သီးနှင့် စပျစ်ရည် တိုက်တို့ကို၎င်း အုပ်ရ၏။
28 Mo nga oriwa, me nga hikamora i nga raorao, ko Paarahanana Kereri; mo nga toa hinu ko Ioaha.
၂၈ဂေဒရိလူ ဗာလဟာနန်သည် ချိုင့်တို့၌ရှိသော သံလွင်ပင်နှင့် သဖန်းပင်တို့ကို၎င်း၊ ယောရှသည် ဆီတိုက် တို့ကို၎င်း အုပ်ရ၏။
29 Mo nga kau e haereere ana i Harono ko Hitirai Haroni; mo nga kau i nga mania ko Hapata tama a Ararai.
၂၉ရှာရုန် အရပ်သားရှိ တရဲသည် ရှာရုန်အရပ်၌ ကျက်စားသော နွားစုကို၎င်း၊ အာဒလဲသား ရှာဖတ်သည် ချိုင့်တို့၌ ကျက်စားသော နွားစုကို၎င်း အုပ်ရ၏။
30 Mo nga kamera ko Opiri Ihimaeri. Mo nga kaihe ko Iehereia Meronoti.
၃၀ဣရှမေလအမျိုးသားဩဗိလသည် ကုလားအုပ် တို့ကို၎င်း၊ မေရောနသိလူယေဒေယသည် မြည်းတို့ကို၎င်း၊
31 Mo nga hipi, ko Iatiti Hakari. Ko enei katoa he rangatira no nga taonga o Kingi Rawiri.
၃၁ဟာဂရိအမျိုးသားခယာဇဇ်သည် သိုးတို့ကို၎င်း အုပ်ရ၏။ ဤသူတို့သည် ဒါဝိဒ်မင်းကြီး၏ ဥစ္စာဘဏ္ဍာ တော်ကိုအုပ်ရသော သူပေတည်း။
32 Ko Honatana hoki, ko te matua keke o Rawiri, he kaiwhakatakoto whakaaro ia, he tangata mohio, he karaipi. Ko Tehiere hoki tama a Hakamoni hei hoa mo nga tama a te kingi.
၃၂ဒါဝိဒ်၏ ဘထွေးတော်ယောနသန်သည်တိုင်ပင် မှူးမတ်ပညာရှိကျမ်းတတ်ဖြစ်၏။ ဟခမောနိသား ယေဟေလသည် ရှင်ဘုရင်၏သားတော်တို့ အပေါင်း အဘော် ဖြစ်၏။
33 Ko Ahitopere te kaiwhakatakoto whakaaro a te kingi. Ko Huhai Araki he hoa no te kingi.
၃၃အဟိသောဖေလသည် ရှင်ဘုရင်၏ တိုင်ပင် မှူးမတ်၊ အာခိမြို့သားဟုရှဲသည် ရှင်ဘုရင်၏ အဆွေ ခင်ပွန်းဖြစ်၏။
34 I muri i a Ahitopere, ko Iehoiara tama a Penaia, ko Apiatara hoki. A, ko te rangatira ope a te kingi, ko Ioapa.
၃၄အဟိသောဖေလ နောက်မှာအဗျာသာနှင့် ဗေနာယသား ယောယဒသည် နေရာကျ၏။ ယွာဘသည် တပ်တော်ဗိုလ်ချုပ်မင်းဖြစ်၏။