< 1 Whakapapa 21 >

1 Na ka tu a Hatana hei hoariri mo Iharaira, a ka whakakiki a Rawiri ki te tatau i a Iharaira.
စာ​တန်​သည်​ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို ဒုက္ခ​ပေး​လို​သ​ဖြင့် ဒါ​ဝိဒ်​အား​သန်း​ခေါင် စာ​ရင်း​ကောက်​ယူ​ရန်​ဆုံး​ဖြတ်​စေ​၏။-
2 Na ka ki a Rawiri ki a Ioapa ratou ko nga rangatira o te iwi, Tikina taua a Iharaira, o Peerehepa atu a tae noa ki Rana, ka kawe mai ai i to ratou tokomaha ki ahau, kia mohio ai ahau.
ဒါ​ဝိဒ်​သည်​ယွာ​ဘ​နှင့်​အ​ခြား​တပ်​မှူး​များ အား``သင်​တို့​သည်​တိုင်း​ပြည်​တစ်​စွန်း​မှ အ​ခြား​တစ်​စွန်း​သို့​တိုင်​အောင် ဣ​သ​ရေ​လ နိုင်ငံ​တစ်​လျှောက်​လုံး​ကို​သွား​ရောက်​၍​လူ​ဦး ရေ​စာ​ရင်း​ကောက်​ယူ​ကြ​လော့။ လူ​ဦး​ရေ မည်​မျှ​ရှိ​သည်​ကို​ငါ​သိ​လို​သည်'' ဟု မိန့်​တော်​မူ​၏။
3 Ano ra ko Ioapa, Ma Ihowa e mea tana iwi kia rau noa atu i a ratou e noho nei, otiia, e toku ariki, e te kingi, ehara ianei ratou katoa i te pononga na toku ariki? He aha ra tenei i whaia ai e toku ariki? he aha i waiho ai hei take he mo Iharaira?
ယွာ​ဘ​က``ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ ပြည်​သား​တို့​အား ယ​ခု​ထက်​အ​ဆ​တစ်​ရာ ပို​မို​တိုး​ပွား​အောင်​ပြု​တော်​မူ​ပါ​စေ​သော။ အ​ရှင်​မင်း​ကြီး၊ သူ​တို့​အ​ပေါင်း​သည်​ကိုယ် တော်​ရှင်​၏​အ​စေ​ခံ​များ​ဖြစ်​ကြ​ပါ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တစ်​ရပ်​လုံး​အ​ပြစ် ရ​ကြ​စေ​ရန် အ​ဘယ်​ကြောင့်​ဤ​အ​မှု​ကို ပြု​တော်​မူ​ပါ​သ​နည်း'' ဟု​လျှောက်​ထား​၏။-
4 Otiia kaha tonu ta te kingi kupu i ta Ioapa. Heoi ka turia atu e Ioapa, haereerea ana e ia a Iharaira katoa; kua tae ki Hiruharama.
သို့​ရာ​တွင်​မင်း​ကြီး​သည်​မိ​မိ​၏​အ​မိန့် အ​တိုင်း​လိုက်​နာ​စေ​တော်​မူ​၏။ ယွာ​ဘ​သည် ထွက်​ခွာ​သွား​ပြီး​လျှင် ဣ​သ​ရေ​လ​နိုင်​ငံ တစ်​ခု​လုံး​သို့​လှည့်​လည်​ကာ​ယေ​ရု​ရှ​လင် မြို့​သို့​ပြန်​လာ​၏။-
5 Na ka homai e Ioapa te tokomaha o te iwi i taua ki a Rawiri. Na a Iharaira katoa, he mano nga mano me nga mano kotahi rau, he hunga unu hoari; na a Hura, e wha rau e whitu tekau mano nga tangata unu hoari.
သူ​သည်​စစ်​မှု​ထမ်း​နိုင်​သူ​လူ​ပေါင်း​ဣ​သ ရေ​လ​ပြည်​မှ တစ်​သန်း​တစ်​သိန်း​နှင့်​ယု​ဒ ပြည်​မှ​လေး​သိန်း​ခု​နစ်​သောင်း​ရှိ​ကြောင်း ဒါ​ဝိဒ်​မင်း​အား​အ​စီ​ရင်​ခံ​လေ​သည်။-
6 Ko Riwai ia raua ko Pineamine, kihai i taua e ia i roto i a ratou; he mea whakarihariha hoki ki a Ioapa te kupu a te kingi.
ယွာ​ဘ​သည်​ဘု​ရင်​၏​အ​မိန့်​ကို​မ​နှစ်​သက် သ​ဖြင့် လေ​ဝိ​နှင့်​ဗင်္ယာ​မိန်​အ​နွယ်​တို့​တွင် သန်း​ခေါင်​စာ​ရင်း​မ​ကောက်​ယူ​ခဲ့​ပေ။
7 Na ka riri te Atua ki tenei mea; a patua ana a Iharaira e ia.
ဒါ​ဝိဒ်​ပြု​သော​အ​မှု​ကို​ဘု​ရား​သ​ခင်​သည် နှစ်​သက်​တော်​မ​မူ​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ဒဏ်​ခတ်​တော်​မူ​၏။-
8 Na ka mea a Rawiri ki te Atua, Nui atu toku hara i ahau i mea i tenei mea: na, tena, kia whakarerea noatia iho te he o tau pononga, nui atu hoki toku kuware.
ဒါ​ဝိဒ်​က``ကျွန်​တော်​မျိုး​သည် ဤ​ကြောက်​မက် ဖွယ်​ကောင်း​သော​အ​ပြစ်​ကို​ကူး​လွန်​မိ​ပါ​ပြီ။ ကျွန်​တော်​မျိုး​အား အ​ပြစ်​ဖြေ​လွှတ်​တော် မူ​ပါ။ ကျွန်​တော်​မျိုး​သည် မိုက်​မဲ​စွာ​ပြု​မိ ပါ​ပြီ'' ဟု​ဘု​ရား​သ​ခင်​အား​လျှောက် ထား​၏။
9 Na ka puta te kupu a Ihowa ki ta Rawiri matakite, ki a Kara; i ki ia,
ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​၏ ပ​ရော​ဖက်​ဖြစ်​သူ​ဂဒ်​အား၊-
10 Haere, ki atu ki a Rawiri, mea atu, Ko te kupu tenei a Ihowa, E toru enei mea ka whakaaria atu nei e ahau ki a koe, whiriwhiria tetahi o enei mau, a ka meatia e ahau ki a koe.
၁၀သင်​သည်​ဒါ​ဝိဒ်​ထံ​သို့​သွား​လော့။ ငါ​ပြု​ရန် ရှိ​သည့်​အ​မှု​သုံး​ခု​အ​နက် သူ​သည်​မိ​မိ ကြိုက်​နှစ်​သက်​ရာ​တစ်​ခု​ကို ရွေး​ချယ်​နိုင် ကြောင်း​ပြော​ကြား​လော့။ သူ​ရွေး​ချယ်​ရာ ကို​ငါ​ပြု​မည်'' ဟု​မိန့်​တော်​မူ​၏။
11 Heoi, ko te taenga o Kara ki a Rawiri, ka mea ki a ia, Ko te kupu tenei a Ihowa, Whiriwhiria mau,
၁၁ဂဒ်​သည်​ဒါ​ဝိဒ်​ထံ​သို့​သွား​၍ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း​တင်​ပြ​ပြီး​လျှင်၊-
12 Kia toru ranei nga tau matekai; kia toru ranei nga marama e whakangaromia ai koe i te aroaro o ou hoariri, me te hoari a ou hoa whawhai e hopu ana i a koe? kia toru ranei nga ra o te hoari a Ihowa, ara o te mate uruta ki te whenua, me te anahera a Ihowa e whakangaro ana, i nga rohe katoa o Iharaira. Na whakaaroa te kupu e whakahokia e ahau ki toku kaitono mai.
၁၂``အ​ရှင်​မင်း​ကြီး၊ သုံး​နှစ်​ပတ်​လုံး​အ​စာ ငတ်​မွတ်​ခေါင်း​ပါး​သည့်​ဘေး၊ သုံး​လ​ပတ် လုံး​သင့်​ကို​ရန်​သူ​လိုက်​မီ​၍​ထား​ဖြင့် လုပ်​ကြံ​သော​ဘေး၊ သုံး​ရက်​ပတ်​လုံး​ကပ် ရော​ဂါ​တည်း​ဟူ​သော​ထာ​ဝ​ရ​ဘု​ရား ၏​ဋ္ဌား​ဖြင့် ကောင်း​ကင်​တ​မန်​ကို​စေ​လွှတ် ကာ ဣ​သ​ရေ​လ​နိုင်​ငံ​တစ်​လျှောက်​လုံး တွင်​သတ်​ဖြတ်​မည့်​ဘေး​တို့​အ​နက် အ​ဘယ်​ကို​ရွေး​ချယ်​တော်​မူ​ပါ​မည်​နည်း။ ထာ​ဝ​ရ​ဘုရား​အား​အ​ကျွန်ုပ်​ပြန်​ကြား လျှောက်​ထား​ရ​ပါ​မည်'' ဟု​လျှောက်​လေ​၏။
13 Ano ra ko Rawiri ki a Kara, He noa iho oku whakaaro; na kia taka ahau ki te ringa o Ihowa, he nui hoki ana mahi aroha; kaua hoki ahau e taka ki te ringa tangata.
၁၃ဒါ​ဝိဒ်​သည်​ဂဒ်​အား``ငါ​သည်​အ​လွန်​ဆိုး​ဝါး သော​အ​ခြေ​အ​နေ​သို့​ရောက်​၍​နေ​လေ​ပြီ။ သို့​ရာ​တွင်​လူ​တို့​အပြစ်​ပေး​သည်​ကို​ငါ မ​ခံ​လို။ ထာ​ဝ​ရ​ဘု​ရား​အ​ပြစ်​ပေး​တော် မူ​ပါ​စေ။ ကိုယ်​တော်​သည်​က​ရု​ဏာ​ထား တော်​မူ​တတ်​သော​အ​ရှင်​ဖြစ်​ပါ​၏'' ဟု ဆို​၏။
14 Heoi whakapangia ana e Ihowa he mate uruta ki a Iharaira: a hinga iho o Iharaira e whitu tekau mano tangata.
၁၄သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ ပြည်​သား​တို့​အ​ပေါ်​သို့ ကပ်​ရော​ဂါ​သက် ရောက်​စေ​တော်​မူ​သ​ဖြင့်​လူ​ခု​နစ်​သောင်း သေ​လေ​၏။-
15 I tonoa ano e te Atua he anahera ki Hiruharama whakangaro ai; a ia a ia e mea ana ki te whakangaro, ka titiro a Ihowa, na ka puta ke to Ihowa whakaaro mo te kino, a ka mea ki te anahera whakangaro, Kua nui: kati tou ringa. Na tu ana te anahera a Ihowa i te patunga witi a Oronana Iepuhi.
၁၅ဘု​ရား​သ​ခင်​သည်​ယေ​ရု​ရှ​လင်​မြို့​ကို ဖျက်​ဆီး​တော်​မူ​ရန် ကောင်း​ကင်​တ​မန်​တစ် ပါး​စေ​လွှတ်​တော်​မူ​ပြီး​မှ​စိတ်​ပြောင်း​လဲ တော်​မူ​၍``ဤ​မျှ​နှင့်​တော်​လောက်​ပြီ။ ရပ် တန့်​လော့။ ဆက်​၍​မ​ဖျက်​ဆီး​နှင့်'' ဟု ထို ကောင်း​ကင်​တ​မန်​အား​မိန့်​တော်​မူ​၏။ ကောင်း​ကင်​တ​မန်​သည်​ယေ​ဗု​သိ​အ​မျိုး သား​အ​ရော​န​၏​ကောက်​နယ်​တ​လင်း အ​နီး​တွင်​ရပ်​လျက်​နေ​သ​တည်း။
16 Na ka ara nga kanohi o Rawiri, ka kite i te anahera a Ihowa e tu ana i te takiwa o te whenua, o te rangi, me tana hoari, unu rawa, i tona ringa, e totoro ana ki runga i Hiruharama. Katahi ka tapapa a Rawiri ratou ko nga kaumatua, he kakahu tarat ara te hipoki.
၁၆ကောင်း​ကင်​တ​မန်​သည်​ယေ​ရု​ရှ​လင်​မြို့​ကို ဖျက်​ဆီး​ပစ်​ရန် ဋ္ဌား​ကို​ကိုင်​ကာ​လေ​ထဲ​တွင် ရပ်​နေ​သည်​ကို​ဒါ​ဝိဒ်​မြင်​လေ​၏။ ထို​အ​ခါ သူ​သည်​ဣ​သ​ရေ​လ​ပြည်​သား​ခေါင်း​ဆောင် များ​နှင့်​အ​တူ မြေ​သို့​တိုင်​အောင်​ဦး​ညွှတ် ပျပ်​ဝပ်​လိုက်​၏။ သူ​တို့​အား​လုံး​ပင်​လျှင် လျှော်​တေ​အ​ဝတ်​ကို​ဝတ်​ဆင်​ထား​သ​တည်း။-
17 Ka mea a Rawiri ki te Atua, He teka ianei naku i ki kia taua te iwi? Ko ahau tenei te mea i hara, i mahi nei i te he; ko enei hipi ia, i aha ratou? E Ihowa, e toku Atua, kia pa ra tou ringa ki ahau, ki te whare ano o toku papa; kauaka ia ki tau iwi, hei whiu mo ratou.
၁၇ဒါ​ဝိဒ်​က``အို ဘု​ရား​သ​ခင်၊ အ​မှား​ကို​ပြု သူ​မှာ​ကျွန်​တော်​မျိုး​ဖြစ်​ပါ​၏။ သန်း​ခေါင် စာ​ရင်း​ကောက်​ယူ​ရန်​အ​မိန့်​ပေး​သူ​မှာ ကျွန်​တော်​မျိုး​ဖြစ်​ပါ​၏။ ဤ​သ​နား​စ​ရာ ကောင်း​သော​သူ​တို့​သည်​အ​ဘယ်​အ​မှု​ကို ပြု​မိ​ကြ​ပါ​သ​နည်း။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဘု​ရား၊ ကျွန်​တော်​မျိုး​နှင့် ကျွန်​တော်​မျိုး​၏​အိမ်​ထောင်​စု​ကို​ဒဏ်​ခတ် တော်​မူ​၍​ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား ချမ်း​သာ​ပေး​တော်​မူ​ပါ'' ဟု​ဆု​တောင်း ပတ္ထ​နာ​ပြု​၏။
18 Katahi ka korero te anahera a Ihowa ki a Kara kia mea ia ki a Rawiri, kia haere a Rawiri ki runga, ki te whakaara i tetahi aata ki a Ihowa ki te patunga witi a Oronana Iepuhi.
၁၈ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​က ဂဒ်​အား``သင်​သည်​ဒါ​ဝိဒ်​ထံ​သို့​သွား​၍​သူ့ အား​ယေ​ဗု​သိ​အ​မျိုး​သား​အ​ရော​န​ကောက် တ​လင်း​တွင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​ယဇ်​ပလ္လင် ကို​တည်​ရန်​ပြော​ကြား​လော့'' ဟု​ဆို​၏။-
19 Na haere ana a Rawiri i ta Kara korero i korero ai ia i runga i te ingoa o Ihowa.
၁၉ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် ကို​နာ​ခံ​လျက် ဂဒ်​စေ​ခိုင်း​သည်​အ​တိုင်း​သွား လေ​သည်။-
20 Na ka tahuri ake a Oronana, ka kite i te anahera; a piri ana ia, ratou ko ana tama tokowha. Na i te patu witi a Oronana.
၂၀အ​ရော​န​နှင့်​သူ​၏​သား​လေး​ယောက်​တို့​သည် ဂျုံ​စ​ပါး​များ​ကို​နယ်​၍​နေ​ကြ​၏။ သူ​တို့ သည်​ကောင်း​ကင်​တ​မန်​ကို​မြင်​သော​အ​ခါ အ​ရော​န​၏​သား​တို့​သည်​ထွက်​ပြေး​ပုန်း ရှောင်​ကြ​၏။-
21 Na, i a Rawiri e haere ana ki a Oronana, ka titiro a Oronana a ka kite i a Rawiri, na puta ana ia i te patunga witi, piko ana ki a Rawiri, tapapa ana ki te whenua.
၂၁အ​ရော​န​သည်​ချဉ်း​လာ​သော​ဒါ​ဝိဒ်​မင်း ကို​မြင်​လျှင် ကောက်​နယ်​ရာ​မှ​ထွက်​လာ​၍ မြေ​သို့​တိုင်​အောင်​ဦး​ညွှတ်​ပျပ်​ဝပ်​လေ​၏။-
22 Katahi ka mea a Rawiri ki a Oronana, Homai ki ahau te wahi i tenei patunga witi, kia hanga ai e ahau he aata ki a Ihowa; kia tino rite te utu ka homai ai e koe ki ahau, kia mutu ai te whiunga o te iwi.
၂၂ဒါ​ဝိဒ်​က``ကပ်​ရော​ဂါ​ဘေး​မှ​ငြိမ်း​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​ယဇ်​ပလ္လင်​ကို​တည် နိုင်​ရန်​သင်​၏​ကောက်​နယ်​တ​လင်း​ကို​ငါ့ အား​ရောင်း​လော့။ တန်​ဖိုး​အ​ပြည့်​အ​ဝ ငါ​ပေး​မည်'' ဟု​အ​ရော​န​အား​ဆို​၏။
23 Na ka mea a Oronana ki a Rawiri, Me tango mau, a ma toku ariki, ma te kingi e mea te mea e pai ana ki tana titiro; nana, ka hoatu e ahau ki a koe nga kau hei tahunga tinana, me nga patu witi hei wahie, me te witi ano hei whakahere totokore; ka h oatu katoa e ahau.
၂၃အ​ရော​န​က``အ​ရှင်​မင်း​ကြီး၊ ဤ​ကောက်​နယ် တ​လင်း​ကို​ယူ​တော်​မူ​ပါ။ အ​လို​ရှိ​သည် အ​တိုင်း​ပြု​တော်​မူ​ပါ။ ယဇ်​ပလ္လင်​ပေါ်​တွင် တင်​၍ မီး​ရှို့​ပူ​ဇော်​ရန်​နွား​များ​ဤ​တွင် ရှိ​ပါ​၏။ ထင်း​အ​ဖြစ်​အ​သုံး​ပြု​ရန်​ကောက် နယ်​တန်​ဆာ​များ​သည်​လည်း​ကောင်း၊ ပူ​ဇော် သ​ကာ​အ​ဖြစ်​ဆက်​သ​ရန်​ဂျုံ​စ​ပါး​များ သည်​လည်း​ကောင်း ဤ​တွင်​ရှိ​ပါ​၏။ ဤ​အ​ရာ အား​လုံး​ကို​အ​ရှင့်​အား ကျွန်​တော်​မျိုး ဆက်​သ​ပါ​၏'' ဟု​လျှောက်​လေ​၏။
24 Na ka mea a Kingi Rawiri ki a Oronana, Kahore; engari ka hokona e ahau kia rite ano nga utu: e kore hoki ahau e tango i tau ma Ihowa, e kore hoki e whakaeke i nga mea kihai i utua hei tahunga tinana.
၂၄သို့​ရာ​တွင်​မင်းကြီး​က``ဤ​သို့​မ​ယူ​လို။ တန်​ဖိုး​အ​ပြည့်​အ​ဝ​ငါ​ပေး​မည်။ သင်​ပိုင် သည့်​ပစ္စည်း​တစ်​စုံ​တစ်​ရာ​နှင့်၊ ငါ​တန်​ဖိုး မ​ပေး​ဘဲ​ရ​ရှိ​သည့်​အ​ရာ​တစ်​စုံ​တစ်​ခု ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သ​ကာ အ​ဖြစ်​ဖြင့်​ငါ​မ​ဆက်​လို'' ဟု​မိန့်​တော် မူ​၏။-
25 Heoi e ono rau nga hekere koura, he mea pauna, i hoatu e Rawiri ki a Oronana mo taua wahi.
၂၅ထို​နောက်​မင်း​ကြီး​သည်​အ​ရော​န​အား ရွှေ​ဒင်္ဂါး​ခြောက်​ရာ​ကို​ပေး​တော်​မူ​၍၊-
26 A hanga ana e Rawiri he aata ki reira ma Ihowa, whakaekea ana he tahunga tinana, he whakahere mo te pai, a karanga ana ki a Ihowa. Na ka whakahokia tana i te rangi, he ahi ki runga ki te aata tahunga tinana.
၂၆ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​ယဇ်​ပလ္လင်​ကို​တည် တော်​မူ​ပြီး​လျှင် မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ ယ​ယဇ်​တို့​ကို​ပူ​ဇော်​တော်​မူ​၏။ မင်းကြီး ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​သည်​ပလ္လင်​ပေါ်​ရှိ​ယဇ်​ကောင်​များ ကို​မီး​ရှို့​ရန်​အ​တွက် ကောင်း​ကင်​မှ​မီး​ကို ချ​ပေး​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​မင်း ကြီး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း တော်​မူ​သ​တည်း။
27 Na ka korero a Ihowa ki te anahera, a whakahokia ana e ia tana hoari ki tona takotoranga.
၂၇ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​တ​မန်​အား မိ​မိ​၏​ဋ္ဌား​ကို​ဖယ်​ရှား​လိုက်​ရန်​အ​မိန့်​ပေး တော်​မူ​သည်​အ​တိုင်း ကောင်း​ကင်​တ​မန်​သည် လည်း​ဖယ်​ရှား​လိုက်​၏။-
28 I taua wa ano, i te kitenga o Rawiri kua whakarongo a Ihowa ki a ia i te patunga witi a Oronana Iephui, ka mea patunga tapu ia ki reira.
၂၈ဤ​အ​ချင်း​အ​ရာ​ကို​ဒါ​ဝိဒ်​မင်း​မြင်​သော် မိ​မိ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို ထာ​ဝ​ရ​ဘု​ရား နား​ညောင်း​တော်​မူ​ပြီ​ဖြစ်​ကြောင်း​သိ​လေ​၏။ သို့​ဖြစ်​၍​သူ​သည်​အ​ရော​န​၏​ကောက်​နယ် တ​လင်း​ရှိ​ယဇ်​ပလ္လင်​ပေါ်​တွင်​ယဇ်​များ​ကို ပူ​ဇော်​ခြင်း​ဖြစ်​သ​တည်း။-
29 Ko te tapenakara hoki o Ihowa i hanga nei e Mohi ki te koraha, me te aata tahunga tinana, i te wahi tiketike i Kipeono i taua wa.
၂၉ထို​အ​ချိန်​ကာ​လ​၌​တော​ကန္တာ​ရ​တွင် မော​ရှေ​တည်​ဆောက်​ခဲ့​သော​ထာ​ဝ​ရ​ဘု​ရား ၏​တဲ​တော်​နှင့် ယဇ်​များ​ပူ​ဇော်​ရာ​ယဇ်​ပလ္လင် သည်​ဂိ​ဗောင်​မြို့​ကိုး​ကွယ်​ရာ​ဌာ​န​၌​တည် ရှိ​လျက်​နေ​သေး​၏။-
30 Kihai ia a Rawiri i ahei te haere ki mua o taua aata ki te rapu i ta te Atua; i wehi hoki ia i te hoari a te anahera a Ihowa.
၃၀သို့​ရာ​တွင်​ဒါ​ဝိဒ်​သည်​ဘု​ရား​သ​ခင်​အား ကိုး​ကွယ်​ဝတ်​ပြု​ရန် ထို​အ​ရပ်​သို့​မ​သွား​ဝံ့။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​သည်​ထာ​ဝ​ရ ဘု​ရား​၏​ကောင်း​ကင်​တ​မန်​ဋ္ဌား​ကို​ကြောက် သော​ကြောင့်​ဖြစ်​၏။

< 1 Whakapapa 21 >