< 1 Whakapapa 19 >
1 Na i muri i tenei ka mate a Nahaha kingi o nga tama a Amona, a ko tana tama te kingi i muri i a ia.
၁ထိုနောက်ကာလအနည်းငယ်ကြာသော အခါ အမ္မုန်ဘုရင်နာဟတ်ကွယ်လွန်၍ သူ၏သားဟာနုန်မင်းဖြစ်လေ၏။-
2 Na ka mea a Rawiri, Ka puta toku aroha ki a Hanunu tama a Nahaha; i puta hoki te aroha o tona papa ki ahau. Na ka unga e Rawiri etahi tangata ki te whakamarie i a ia mo tona papa. Na kua tae nga tangata a Rawiri ki te whenua o nga tama a Amona ki a Hanunu, ki te whakamarie i a ia.
၂ဒါဝိဒ်က``ဟာနုန်၏အဖနာဟတ်သည်သစ္စာ ရှိသောမိတ်ဆွေဖြစ်ကြောင်း ငါ့အားပြသခဲ့ သည့်နည်းတူငါသည်လည်းဟာနုန်အားပြသ ရပေမည်'' ဟုဆိုလျက်သူ၏ထံသို့ဝမ်းနည်း ကြေကွဲကြောင်းသဝဏ်လွှာကိုစေတမန်များ နှင့်ပေးပို့တော်မူလိုက်၏။ ထိုသူတို့အမ္မုန်ပြည်သို့ရောက်ရှိကြသော အခါ ဟာနုန်မင်း၏ရှေ့သို့ဝင်ကြ၏။-
3 Otiia ka mea nga rangatira o nga tama a Amona ki a Hanunu, Ki tou whakaaro he whakahonore na Rawiri i tou papa i tonoa mai ai e ia nga kaiwhakamarie ki a koe? he teka ianei he titiro, he whakangaro, he tutei i te whenua te mea i haere mai ai ana tangata ki a koe?
၃အမ္မုန်အမျိုးသားခေါင်းဆောင်များက``ဒါဝိဒ် သည်အရှင်မင်းကြီး၏ခမည်းတော်ကိုဂုဏ်ပြု သည့်အနေဖြင့် ဤစေတမန်များကိုစေလွှတ် ၍ဝမ်းနည်းကြေကွဲကြောင်းသဝဏ်လွှာကို ပေးပို့ခြင်းဖြစ်သည်ဟုမှတ်တော်မူပါ သလော။ အဘယ်နည်းနှင့်မျှမဟုတ်ပါ။ ဤ နိုင်ငံကိုချင်းနင်းဝင်ရောက်သိမ်းပိုက်နိုင်ရန် အခြေအနေကိုလေ့လာစုံစမ်းရန် ထိုသူ တို့အားသူလျှိုများအဖြစ်ဖြင့်စေလွှတ် လိုက်ခြင်းသာလျှင်ဖြစ်ပါသည်'' ဟု လျှောက်ထားကြ၏။
4 Heoi ka mau a Hanunu ki nga tangata a Rawiri, heua ana e ia, tapahia ana o ratou kakahu ki waenga, i te ritenga iho o o ratou papa, a tonoa atu ana ratou.
၄ဟာနုန်သည်ဒါဝိဒ်၏ စေတမန်တို့ကိုဖမ်း ဆီးကာမုတ်ဆိတ်များကိုရိတ်၍ အဝတ်များ ကိုတင်ပါးအထိဖြတ်ပြီးလျှင်သူတို့ အားပြန်၍လွှတ်လိုက်၏။-
5 Katahi ka haere etahi, ka korero ki a Rawiri i te meatanga ki aua tangata. Na ka tono tangata ia ki te whakatau i a ratou; he nui hoki te whakama o aua tangata. A ka mea te kingi, Hei Heriko koutou noho ai, kia tupu ra ano o koutou pahau, ko reir a hoki mai ai.
၅သူတို့သည်အလွန်ပင်ရှက်သဖြင့်မိမိတို့ တိုင်းပြည်သို့မပြန်ဘဲနေကြ၏။ ဤအဖြစ် အပျက်ကိုဒါဝိဒ်ကြားသိသောအခါသူ တို့အား``သင်တို့သည်ယေရိခေါမြို့တွင်နေ ကြလော့။ မုတ်ဆိတ်များပြန်၍မရှည်မချင်း မိမိတို့ပြည်သို့မပြန်ခဲ့ကြနှင့်'' ဟု အကြောင်းကြားတော်မူ၏။
6 A, no te kitenga o nga tama a Amona e piro ana ratou ki a Rawiri, ka hoatu e Hanunu ratou ko nga tama a Amona etahi taranata hiriwa kotahi mano kia kawea hei utu hariata, kaieke hoiho, i Mehopotamia, i Aramamaaka, i Topa.
၆ဟာနုန်မင်းနှင့်အမ္မုန်အမျိုးသားတို့သည် ဒါဝိဒ်မင်းအား မိမိတို့ရန်ဖက်ပြုမိကြ ကြောင်းသိရှိလာကြသောအခါမေသော ပေါတာမိပြည်အထက်ပိုင်းနှင့် ရှုရိပြည် ဖြစ်ကြသောမာခါပြည်၊ ဇောဘပြည်တို့ မှစစ်တပ်တစ်တပ်ကိုငွေတန်ချိန်လေး ဆယ်မျှပေး၍ငှားရမ်းကြ၏။-
7 Heoi e toru tekau ma rua mano hariata i utua e ratou, me te kingi ano o Maaka ratou ko ana tangata; a haere mai ana ratou, noho ana ki mua i Merepa. Na ka huihui nga tama a Amona i o ratou pa, haere ana mai ki te whawhai.
၇သူတို့သည်မိမိတို့ငှားရမ်းထားသည့်စစ် ရထားသုံးသောင်းနှစ်ထောင်နှင့် မာခါပြည် ဘုရင်၏တပ်မတော်ကိုခေါ်ဆောင်ကာ မေ ဒဘမြို့အနီးသို့လာ၍စခန်းချလေသည်။ အမ္မုန်အမျိုးသားတို့သည်လည်းမိမိတို့၏ မြို့အပေါင်းမှထွက်၍စစ်တိုက်ရန်အသင့် ပြင်ကြကုန်၏။
8 A, i te rongonga o Rawiri, ka tonoa e ia a Ioapa ratou ko te ope katoa, ara nga marohirohi.
၈ဒါဝိဒ်သည်ဤအကြောင်းအရာကိုကြား သောအခါ ယွာဘနှင့်တပ်မတော်ကြီး တစ်ခုလုံးကိုစေလွှတ်တော်မူ၏။-
9 Na ka puta nga tama a Amona ki waho, a whakatakotoria ana o ratou ngohi ki te kuwaha o te pa. Na, ko nga kingi i haere nei, he mea motu ke ratou i te parae.
၉အမ္မုန်အမျိုးသားတို့သည်လာရောက်၍ မိမိ တို့၏မြို့တော်ရဗ္ဗာမြို့အဝင်တွင်နေရာယူ ကြ၏။ စစ်ကူရောက်ရှိလာကြသောဘုရင် တို့သည်လည်းကွင်းပြင်တွင်နေရာယူ ကြကုန်၏။
10 A, no te kitenga o Ioapa e akina ana a mua, a muri ona e te hoariri, ka whiriwhiria e ia etahi i roto i te hunga whiriwhiri katoa o Iharaira, a whakaritea ana e ia hei tu i nga Hiriani:
၁၀ယွာဘသည်မိမိအားအရှေ့မှလည်းကောင်း၊ အနောက်မှလည်းကောင်း၊ ရန်သူတပ်သားတို့ တိုက်ခိုက်ကြလိမ့်မည်ကိုသိမြင်သောအခါ ဣသရေလအမျိုးသားတို့တွင်အတော် ဆုံးစစ်သူရဲတို့ကိုရွေးချယ်ကာရှုရိတပ် ကိုမျက်နှာမူ၍နေရာယူစေ၏။-
11 Ko te nuinga atu hoki o te iwi i tukua e ia ki te ringa o Apihai, o tona teina, a ka whakatikaia ratou e ratou hei tu i nga tama a Amona.
၁၁ကြွင်းသောသူတို့ကိုမူမိမိ၏ညီအဘိရှဲ အားကွပ်ကဲစေ၏။ အဘိရှဲသည်လည်းသူ တို့အားအမ္မုန်တပ်သားတို့ကိုမျက်နှာမူ ၍နေရာယူစေ၏။-
12 I mea ano ia, Ki te kaha nga Hiriani i ahau, me awhina mai ahau e koe; ki te kaha ia nga tama a Amona i a koe, na maku koe e awhina atu.
၁၂ယွာဘက``ရှုရိတပ်သားတို့သည်ငါတို့ အားအနိုင်ရလျက်နေပါမူ သင်သည်လာ ၍ငါ့အားကူညီလော့။ အကယ်၍အမ္မုန် တပ်သားတို့ကသင့်ကိုအနိုင်ရလျက် နေပါမူငါသည်လာ၍သင့်ကိုကူညီမည်။-
13 Kia maia, kia whakatane tatou; me whakaaro ki to tatou iwi, ki nga pa o to tatou Atua, a ma Ihowa e mea te mea e pai ana ki tana titiro.
၁၃စွမ်းရည်သတ္တိရှိစေကြလော့။ ငါတို့သည် မိမိတို့၏လူမျိုး၊ မိမိတို့ကိုးကွယ်သော ဘုရားသခင်၏မြို့များအတွက်ကြိုး စား၍တိုက်ခိုက်ကြကုန်အံ့။ ထာဝရ ဘုရားသည်မိမိအလိုတော်ရှိသည် အတိုင်းဖြစ်ပါစေသော'' ဟုအဘိရှဲ အားဆို၏။
14 Heoi, ko te whakatatanga o Ioapa ratou ko tona nuinga ki te whawhai ki nga Hiriani, na, rere ana ratou i tona aroaro.
၁၄ယွာဘနှင့်သူ၏တပ်သားတို့သည်ရှေ့သို့ ချီတက်တိုက်ခိုက်လျှင် ရှုရိတပ်သားတို့ သည်ထွက်ပြေးကြကုန်၏။-
15 A, no te kitenga o nga tama a Amona kua rere nga Hiriani, na, ka rere ano ratou i te aroaro o tona teina, o Apihai, a haere ana ki roto ki te pa. Katahi ka haere a Ioapa ki Hiruharama.
၁၅ယင်းသို့ထွက်ပြေးသည်ကိုအမ္မုန်တပ်သား တို့မြင်သောအခါ သူတို့သည်လည်းအဘိရှဲ ၏ရှေ့မှထွက်ပြေးကာမြို့တွင်းသို့ဆုတ် ခွာသွားကြကုန်၏။ ထိုအခါယွာဘသည် ယေရုရှလင်မြို့သို့ပြန်လေ၏။
16 A, no te kitenga o nga Hiriani kua patua ratou e Iharaira, ka tono tangata a ka tikina atu nga Hiriani i tawahi o te awa: a ko Topaka rangatira o te ope a Hararetere ki mua i a ratou.
၁၆ရှုရိအမျိုးသားတို့သည် ဣသရေလအမျိုး သားတို့အနိုင်ရသွားကြောင်းကိုသိရှိလာ ကြသဖြင့် သူတို့သည်ဥဖရတ်မြစ်အရှေ့ ဘက်ကမ်းရှိရှုရိပြည်နယ်မှစစ်သားတို့ကို ခေါ်ယူကာ ဇောဘပြည်မှဟာဒဒေဇာမင်း တပ်မတော်တပ်မှူးရှောဗက်၏လက်အောက် တွင်ထားရှိကြ၏။-
17 Na ka korerotia ki a Rawiri, a ka huihuia e ia a Iharaira katoa, a whiti ana ki tawahi o Horano, whakaekea ana e ia, whakatikaia ana e ia nga ngohi hei tu i a ratou. Na, ka oti nga ngohi te whakatika e Rawiri hei tu i nga Hiriani, ka whawhai rat ou ki a ia.
၁၇ဤအကြောင်းကိုဒါဝိဒ်ကြားလေသော် ဣသရေလတပ်သားများကိုစုရုံးစေလျက် ယော်ဒန်မြစ်ကိုဖြတ်ကူးပြီးလျှင် ရှုရိတပ် များကိုမျက်နှာမူ၍နေရာယူစေတော် မူ၏။ စစ်ပွဲကားအစပြုလေပြီ။-
18 Na ka rere nga Hiriani i te aroaro o Iharaira; a patua iho o nga Hiriani e Rawiri nga tangata o nga hariata e whitu mano, e wha tekau mano nga tangata haere i raro; i patua ano e ia a Topaka te rangatira ope.
၁၈ထိုနောက်ဣသရေလအမျိုးသားတို့သည် ရှုရိအမျိုးသားတို့အားတပ်လှန့်ထွက်ပြေး စေကြ၏။ ဒါဝိဒ်နှင့်သူ၏တပ်မတော်သည် ရထားစီးစစ်သူရဲခုနစ်ထောင်နှင့်ခြေလျင် တပ်သားလေးသောင်းတို့ကိုသုတ်သင်ပစ် လိုက်ကြသတည်း။ သူတို့သည်ရှုရိတပ်မှူး ရှောဗက်အားလည်းသုတ်သင်လိုက်ကြသည်။-
19 A, i te kitenga o nga tangata a Hararetere kua mate ratou i a Iharaira, ka houhia e ratou te rongo ki a Rawiri, a ka meinga ratou te rongo ki a Rawiri, a ka meinga ratou hei tangata mana: kihai hoki nga Hiriani i pai ki te awhina i nga tama a Am ona i muri atu.
၁၉ဟာဒဒေဇာ၏လက်အောက်ခံဘုရင်တို့ သည် မိမိတို့အရေးရှုံးနိမ့်ကြပြီဖြစ် ကြောင်းသိရှိလာသောအခါ ဒါဝိဒ်နှင့် စစ်ပြေငြိမ်းရန်ဆောင်ရွက်ကြလျက် ဒါဝိဒ်၏လက်အောက်ခံများဖြစ်လာ ကြ၏။ ရှုရိအမျိုးသားတို့သည်နောင် အဘယ်အခါ၌မျှ အမ္မုန်အမျိုးသား တို့အားစစ်ကူလိုစိတ်မရှိကြတော့ပေ။