< 1 Whakapapa 16 >
1 Heoi kawea ana e ratou te aaka a te Atua, whakaturia ana ki waenganui o te teneti i whakaarahia e Rawiri mona; a tapaea ana e ratou he tahunga tinana, he whakahere mo te pai ki te aroaro o te Atua.
၁သူတို့သည်ပဋိညာဉ်သေတ္တာတော်ကို ဒါဝိဒ် မင်းအသင့်ပြင်ဆင်ထားသည့်တဲတော်သို့ ပင့်ဆောင်ပြီးနောက် ထိုတဲတော်ထဲတွင်ထား ရှိကြ၏။ ထို့နောက်မီးရှို့ရာယဇ်နှင့်မိတ် သဟာယယဇ်တို့ကိုဘုရားသခင်အား ပူဇော်ကြ၏။-
2 A, ka mutu ta Rawiri whakaeke i nga tahunga tinana, i nga whakahere mo te pai, ka manaakitia e ia te iwi i runga i te ingoa o Ihowa.
၂ဒါဝိဒ်မင်းသည်ဤသို့ယဇ်များကိုပူဇော် ပြီးသောအခါ ထာဝရဘုရား၏နာမ တော်ကိုအမှီပြု၍လူတို့အားကောင်းချီး ပေးပြီးလျှင်၊-
3 I tuwhaina ano e ia ma nga tangata katoa o Iharaira, ma te tane, ma te wahine, kotahi rohi taro ma tenei, ma tenei, tetahi wahi kikokiko, me tetahi keke karepe whakamaroke.
၃အစားအစာများကိုဝေပေးတော်မူ၏။ မင်း ကြီးသည်ဣသရေလနိုင်ငံရှိအမျိုးသား အမျိုးသမီးအပေါင်းတို့အားမုန့်တစ်လုံး၊ အမဲသားတစ်တုံးနှင့် စပျစ်သီးခြောက် အနည်းငယ်စီပေးတော်မူ၏။
4 I whakaritea ano e ia etahi o nga Riwaiti hei minita ki mua i te aaka a Ihowa, hei whakamahara, hei whakawhetai, hei whakamoemiti ki a Ihowa, ki te Atua o Iharaira:
၄ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားအား ပဋိညာဉ်သေတ္တာတော်ရှေ့ တွင်ဝတ်ပြုကိုးကွယ်ရာ၌သီချင်းဆိုခြင်း၊ ဂုဏ်တော်ကိုချီးမွမ်းခြင်းတို့ဖြင့်ဦးဆောင်ရန် ဒါဝိဒ်မင်းသည်လေဝိအနွယ်ဝင်အချို့တို့ ကိုခန့်ထားတော်မူ၏။-
5 Ko Ahapa hei tuatahi; i muri i a ia ko Hakaraia, ko Teiere, ko Hemiramoto, ko Penaia, ko Opereeroma, ko Teiere hoki ki nga hatere, ki nga hapa, ko Ahapa hei whakatangi i nga himipora:
၅သူတို့၏ခေါင်းဆောင်မှာအာသပ်ဖြစ်၍သူ ၏လက်ထောက်မှာဇာခရိဖြစ်၏။ ယေလ၊ ရှေမိ၊ ရာမုတ်၊ ယေဟေလ၊ မတ္တိသိ၊ ဧလျာဘ၊ ဗေနာယ၊ သြဗဒေဒုံနှင့်ယေလတို့သည် စောင်းများကိုတီးရကြ၏။ အာသပ်ကား လင်းကွင်းကိုတီးရ၍၊-
6 Ko Penaia hoki raua ko Tahatiere, ko nga tohunga, kia tuturu tonu ta raua mau tetere ki mua i te aaka o te kawenata a te Atua.
၆ယဇ်ပုရောဟိတ်ဗေနာယနှင့်ယဟာဇေလ တို့ကတံပိုးခရာများကိုပဋိညာဉ်သေတ္တာ တော်၏ရှေ့တွင်အချိန်မှန်မှန်မှုတ်ရကြ၏။-
7 I reira ano i taua ra ka whakaritea tuatahitia e Rawiri he whakamoemiti mo Ihowa, na te ringa o Ahapa ratou ko ona teina.
၇ဤကားထာဝရဘုရားအားထောမနာပြု ၍သီချင်းဆိုကြရန် အာသပ်နှင့်မိမိ၏အဖော် လေဝိအနွယ်ဝင်တို့ကို ဒါဝိဒ်မင်းပထမဆုံး အကြိမ်တာဝန်ပေးခြင်းပင်ဖြစ်သတည်း။
8 Whakawhetai atu ki a Ihowa, karanga ki tona ingoa; whakapuakina ana mahi ki waenganui o nga iwi.
၈ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း ကြလော့။ ကိုယ်တော်သည်ကြီးမြတ်တော်မူကြောင်းကို ထုတ်ဖော်ကြေညာကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုတော်တို့ကို လူမျိုးတကာတို့အားပြောကြားကြလော့။
9 Waiata ki a ia, himene ki a ia; korerotia ana mahi whakamiharo katoa.
၉ကိုယ်တော်ပြုတော်မူသောအံ့သြဘွယ်ရာတို့ ကို ပြောကြားလျက် ကိုယ်တော်၏ဂုဏ်တော်ကိုသီချင်းဆို၍ ချီးမွမ်းကြလော့။
10 Kia whakamanamana koutou ki tona ingoa tapu: kia hari nga ngakau o te hunga e rapu ana i a Ihowa.
၁၀ငါတို့အားကိုယ်တော်ပိုင်တော်မူသည်ဖြစ်၍ ဝမ်းမြောက်ကြလော့။ ကိုယ်တော်အားဝတ်ပြုကိုးကွယ်သူအပေါင်း တို့သည် ဝမ်းမြောက်ရွှင်မြူးကြစေ။
11 Rapua a Ihowa, me tona kaha; rapua tonutia tona mata.
၁၁ကူမတော်မူရန်ထာဝရဘုရား၏ထံတော်သို့ ချဉ်းကပ်ကြလော့။ ကိုယ်တော်အားအစဉ်အမြဲဝတ်ပြု ကိုးကွယ်ကြလော့။
12 Maharatia ana mahi whakamiharo i mahi ai ia; ana merekara, me nga whakaritenga a tona mangai;
၁၂ဘုရားသခင်၏အစေခံယာကုပ်၏သား မြေးတို့၊ ဘုရားသခင်ရွေးကောက်တော်မူသော ဣသရေလ၏သားမြေးတို့၊ ကိုယ်တော်ပြတော်မူသည့်ကြီးမြတ်အံ့သြဖွယ် ကောင်းသောနိမိတ်လက္ခဏာတို့ကိုလည်းကောင်း၊ ကိုယ်တော်ချမှတ်တော်မူသောတရား စီရင်ချက်တို့ကိုလည်းကောင်း အောက်မေ့သတိရကြလော့။
13 E nga uri o Iharaira, o tana pononga, e nga tama a Hakopa, e ana i whiriwhiri ai.
၁၃
14 Ko Ihowa ia, ko to tatou Atua: kei te whenua katoa ana whakaritenga.
၁၄ထာဝရဘုရားသည်ငါတို့၏ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်၏ပညတ်တော်တို့သည် ကမ္ဘာတစ်ဝန်းလုံးအတွက်ဖြစ်၏။
15 Maharatia tonutia tana kawenata, te kupu i kiia iho e ia ki te mano o nga whakatupuranga;
၁၅ထာဝစဉ်တည်မြဲစေရန်ကိုယ်တော်ပြုတော် မူသော ပဋိညာဉ်တော်တည်းဟူသော အာဗြဟံနှင့်ကိုယ်တော်ပြုတော်မူသော ပဋိညာဉ်တော်ကိုလည်းကောင်း၊ ဣဇာက်အားပေးတော်မူသောကတိတော် ကိုလည်းကောင်း၊ အဘယ်အခါ၌မျှမမေ့မလျော့ကြနှင့်။
16 Te kawenata i whakarite ai ia ki a Aperahama, tana oati hoki ki a Ihaka;
၁၆
17 A whakapumautia iho hei tikanga ki a Hakopa, hei kawenata mau tonu ki a Iharaira:
၁၇ထာဝရဘုရားသည်ထာဝစဉ်တည်မြဲမည့် ပဋိညာဉ်တော်ကိုယာကုပ်နှင့်ပြုတော်မူခဲ့၏။
18 I a ia i mea ra, Ka hoatu e ahau ki a koe te whenua o Kanaana hei wahi pumau mo koutou:
၁၈ကိုယ်တော်က``ခါနာန်ပြည်ကိုသင့်အားငါပေးမည်။ သင်သည်ထိုပြည်ကိုအပိုင်ရလိမ့်မည်'' ဟုမိန့်တော်မူ၏။
19 I te mea e torutoru ana ano koutou; ae, e tokoiti rawa ana, he manene hoki ki reira;
၁၉ဘုရားသခင်၏လူမျိုးတော်သည် အရေအတွက်အားဖြင့်နည်းပါး၍၊ ခါနာန်ပြည်တွင်သူစိမ်းတစ်ရံဆံများ အဖြစ်ဖြင့် နေရကြ၏။
20 I a ratou e haereere ana i tenei iwi ki tera atu iwi, i tetahi rangatiratanga ki tetahi iwi ke.
၂၀တစ်နိုင်ငံမှတစ်နိုင်ငံ၊လူမျိုးတစ်မျိုးမှ တစ်မျိုးသို့ လှည့်လည်သွားလာရကြ၏။
21 Kihai ratou i tukua e ia kia tukinotia e te tangata; ae ra, i riria e ia nga kingi, he whakaaro ki a ratou;
၂၁သို့ရာတွင်ဘုရားသခင်သည်သူတို့အားဖိစီး နှိပ်စက်ရန် အဘယ်သူကိုမျှခွင့်ပြုတော်မမူ။ သူတို့အားကာကွယ်စောင့်ရှောက်ရန် ရှင်ဘုရင်တို့အားသတိပေးတော်မူ၏။
22 I mea ia, Kei pa ki aku i whakawahi ai, kei kino hoki ki aku poropiti.
၂၂ကိုယ်တော်က``ငါရွေးချယ်ထားသည့်အစေခံ တို့ကို ဘေးဥပဒ်မရောက်စေကြနှင့်။ ငါ၏ပရောဖက်တို့ကိုမထိကြနှင့်'' ဟုမိန့် တော်မူ၏။
23 Waiata, e te whenua katoa ki a Ihowa; kauwhautia tana mahi whakaora i tena rangi, i tena rangi.
၂၃ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၊သီချင်းဆို၍ ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းကြ လော့။ ကိုယ်တော်သည်ငါတို့အားကယ်တော်မူကြောင်း သတင်းကောင်းကို နေ့စဉ်နေ့တိုင်းထုတ်ဖော်ကြေညာကြလော့။
24 Whakapuakina tona kororia i waenganui i nga tauiwi, ana mahi whakamiharo i waenganui i nga iwi katoa.
၂၄လူမျိုးတကာတို့အားကိုယ်တော်၏ ဘုန်းအသရေကိုလည်းကောင်း၊ လူအပေါင်းတို့အားကိုယ်တော်၏ အံ့သြဖွယ်သောအမှုတော်တို့ကိုလည်းကောင်း ထုတ်ဖော်ကြေညာကြလော့။
25 He nui hoki a Ihowa, kia nui te whakamoemiti ki a ia; kia wehingia nuitia atu hoki ia i nga atua katoa.
၂၅ထာဝရဘုရားသည်ကြီးမြတ်တော်မူ၍ ငါတို့သည်ကိုယ်တော်ကိုထောမနာပြုရကြ ပေမည်။ ငါတို့သည်ကိုယ်တော်အားအခြားဘုရားများ ထက် ပို၍ကြောက်ရွံ့ရိုသေရကြပေမည်။
26 He whakapakoko hoki nga atua katoa o nga iwi: na Ihowa ia i hanga nga rangi.
၂၆အခြားလူမျိုးတို့၏ဘုရားများသည် ရုပ်တုများသာဖြစ်ကြ၏။ ထာဝရဘုရားမူကားမိုးကောင်းကင်ကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်တော်မူ၏။
27 He honore, he kingitanga kei tona aroaro; kei tona wahi te kaha me te koa.
၂၇ဘုန်းအသရေတော်နှင့်တန်ခိုးအာနုဘော် တော်သည် ကိုယ်တော်အားဝိုင်းရံလျက်ရှိ၏။ ကိုယ်တော်၏ဗိမာန်တော်သည်ဝမ်းမြောက် ရွှင်မြူးသံနှင့်ပြည့်လျက်ရှိ၏။
28 Tukua ki a Ihowa, e nga hapu o nga iwi, tukua ki a Ihowa te kororia me te kaha.
၂၈ကမ္ဘာပေါ်ရှိလူအပေါင်းတို့၊ထာဝရဘုရားကို ထောမနာပြုကြလော့။ ကိုယ်တော်၏ဘုန်းအသရေတော်နှင့်တန်ခိုး အာနုဘော်တော်ကိုထောမနာပြုကြလော့။
29 Tukua atu ki a Ihowa te kororia e tika ana mo tona ingoa: maua mai he whakahere, haere mai ki tona aroaro: koropiko ki a Ihowa i roto i te ataahua o te tapu.
၂၉ဘုန်းအသရေတော်ရှင်ထာဝရဘုရား၏နာမ တော်ကို ထောမနာပြုကြလော့။ ပူဇော်သကာကိုဆောင်ယူလျက်ကိုယ်တော်၏ ဗိမာန်တော်သို့ဝင်ကြလော့။ သန့်ရှင်းမြင့်မြတ်တော်မူသောအရှင် ကြွလာတော်မူသောအခါဦးညွှတ်ပျပ်ဝပ် ကြလော့။
30 Kia wehi ra ki tona aroaro, e te whenua katoa: e u ano te ano, te taea te whakanekeneke.
၃၀ကမ္ဘာမြေကြီးသားအပေါင်းတို့၊ကိုယ်တော်၏ ရှေ့တော်၌ ကြောက်လန့်တုန်လှုပ်ကြလော့။ ကမ္ဘာမြေကြီးသည်မရွှေ့မလျားနိုင်အောင် မိမိ၏နေရာတွင်ခိုင်မြဲစွာတည်နေ၏။
31 Kia hari nga rangi, kia koa te whenua; kia mea ratou i roto i nga iwi, Ko Ihowa te kingi.
၃၁အချင်းကုန်းမြေနှင့်မိုးကောင်းကင်တို့၊ ရွှင်လန်းဝမ်းမြောက်ကြလော့။ ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူကြောင်း လူမျိုးတကာတို့အားပြောကြားလော့။
32 Kia haruru te moana, me nga mea e hua ana i roto; kia koa te mara, me nga mea katoa i runga:
၃၂ပင်လယ်နှင့်ပင်လယ်ထဲတွင်ရှိသမျှသော သတ္တဝါတို့၊ မြည်ဟည်းသံကိုပြုကြလော့။ ပင်လယ်နှင့်လယ်ပြင်တွင်ရှိသမျှသောအရာတို့၊ ရွှင်လန်းဝမ်းမြောက်ကြလော့။
33 Ko reira nga rakau o te ngahere waiata ai i te hari i te aroaro o Ihowa, e haere mai ana hoki ia ki te whakarite i runga i te whenua.
၃၃ထာဝရဘုရားသည်ကမ္ဘာလောကကိုအုပ်စိုး ရန် ကြွလာတော်မူသောအခါ၊ တောများရှိသစ်ပင်တို့သည်ရွှင်လန်းစွာ ကြွေးကြော်ကြလိမ့်မည်။
34 Whakawhetai ki a Ihowa, he pai hoki ia, he pumau tonu hoki tana mahi tohu.
၃၄ထာဝရဘုရားသည်ကောင်းမြတ်တော်မူသည် ဖြစ်၍ ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူ၏။
35 Mea atu hoki, Whakaorangia matou, e te Atua o to matou whakaoranga, kohikohia matou, whakaorangia matou i nga tauiwi, kia whakawhetai ai matou ki tou ingoa tapu, kia whakamanamana ai ki tou whakamoemititanga.
၃၅``ကျွန်တော်မျိုးတို့သည်ကျေးဇူးတော်ကိုချီးမွမ်း၍ ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သော နာမတော်ကို ထောမနာပြုကြစေရန်ကျွန်တော်မျိုးတို့၏ ကယ်တင်ရှင်ဘုရားသခင် ကျွန်တော်မျိုးတို့ကိုကယ်တင်တော်မူပါ။ ကျွန်တော်မျိုးတို့ကိုစုရုံး၍ကျွန်တော်မျိုးတို့အား လူမျိုးတကာတို့၏လက်မှကယ်တော်မူပါ'' ဟု ကိုယ်တော်အားမြွက်ဆိုကြလော့။
36 Kia whakapaingia a Ihowa, te Atua o Iharaira ake nei, a ake nei. Na ka mea te iwi katoa, Amine; a whakamoemiti ano ratou ki a Ihowa.
၃၆ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားကိုထောမနာပြုကြလော့။ ကိုယ်တော်အားယခုမှစ၍ကမ္ဘာအဆက်ဆက် ထောမနာပြုကြလော့။ ထိုအခါလူအပေါင်းတို့သည်``အာမင်'' ဟုဆို ၍ထာဝရဘုရားအားထောမနာပြုကြ ကုန်၏။
37 Heoi ka waiho e ia i reira, i mua i te aaka o te kawenata a Ihowa, a Ahapa ratou ko ona teina, hei minita tonu ki mua i te aaka, i nga meatanga o tenei ra, o tenei ra:
၃၇ဒါဝိဒ်မင်းသည်အာသပ်နှင့်သူ၏သားချင်း လေဝိအနွယ်တို့အား ပဋိညာဉ်သေတ္တာတော် တည်ရာဌာနတွင်ကိုးကွယ်ဝတ်ပြုမှုအတွက် အမြဲတမ်းတာဝန်ပေးအပ်တော်မူ၏။ သူတို့ သည်နေ့စဉ်နေ့တိုင်းမိမိတို့၏တာဝန်ဝတ္တရား များကိုဆောင်ရွက်ရကြ၏။-
38 A Opereeroma me o ratou teina, e ono tekau ma waru; a Opereeroma hoki tama a Ierutunu, raua ko Hoha hei kaitiaki tatau;
၃၈ယေဒုသုန်၏သားသြဗဒေဒုံနှင့်သူ၏သားချင်း စုမှလူခြောက်ဆယ့်ရှစ်ယောက်တို့သည် အာသပ် နှင့်လေဝိအနွယ်ဝင်တို့အားကူညီမစရ ကြ၏။ ဟောသံနှင့်သြဗဒေဒုံတို့ကား တံခါးမှူးများဖြစ်သတည်း။
39 Ko Haroko tohunga me ona teina, me nga tohunga, ki mua o te tapenakara o Ihowa i te wahi tiketike i Kipeono,
၃၉ယဇ်ပုရောဟိတ်ဇာဒုတ်နှင့်သူ၏အဖော်ယဇ် ပုရောဟိတ်များမူကား ဂိဗောင်၌ထာဝရ ဘုရားအားကိုးကွယ်ဝတ်ပြုရာဌာနတွင် တာဝန်ယူရကြလေသည်။-
40 Hei whakaeke tonu i nga tahunga tinana ma Ihowa ki runga ki te aata tahunga tinana i te ata, i te ahiahi, hei mea i nga mea katoa i tuhituhia ki te ture a Ihowa, i whakahaua e ia ki a Iharaira;
၄၀သူတို့သည်ဣသရေလအမျိုးသားတို့အား ထာဝရဘုရား ပေးအပ်တော်မူသောပညတ် ကျမ်းတွင်ရေးသားပါရှိသည့်အတိုင်းနေ့စဉ် နံနက်၌တစ်ကြိမ်၊ ညနေ၌တစ်ကြိမ်ယဇ်ပလ္လင် ပေါ်တွင် ယဇ်ကောင်များကိုအကောင်လိုက်တင် ၍မီးရှို့ပူဇော်ရကြ၏။-
41 A, hei hoa mo ratou a Hemana raua ko Ierutunu, me era atu i whiriwhiria, i whakahuatia nei nga ingoa, hei whakawhetai ki a Ihowa, no te mea he pumau tonu tana mahi tohu;
၄၁ထာဝရဘုရား၏မေတ္တာတော်သည်ထာဝရ တည်သည်ဖြစ်၍ ထောမနာသီချင်းများဖြင့် ကိုယ်တော်၏ဂုဏ်တော်ကိုချီးမွမ်းရန်သီးခြား သတ်မှတ်ရွေးချယ်ထားသူဟေမန်၊ ယေဒုသုန် နှင့်အခြားသူတို့သည်လည်း ထိုအရပ်တွင် ယဇ်ပုရောဟိတ်များနှင့်အတူရှိကြပေ သည်။-
42 Hei hoa hoki mo ratou a Hemana raua ko Ierutunu me nga tetere me nga himipora ma nga kaiwhakatangi kaha, me nga whakatangi mo nga waiata a te Atua: a ko nga tama a Ierutunu hei kaitiaki kuwaha.
၄၂ထောမနာသီချင်းများကိုသီဆိုချိန်၌ဟေမန် နှင့်ယေဒုသုန်တို့သည်တံပိုးခရာ၊ လင်းကွင်းနှင့် အခြားတူရိယာများကိုတီးမှုတ်ရာ၌လည်း တာဝန်ယူရကြ၏။ ယေဒုသုန်၏သားချင်းစု မှလူတို့သည် တံခါးများကိုတာဝန်ယူ၍ စောင့်ရသူများဖြစ်ကြ၏။
43 Na haere ana te iwi katoa ki tona whare, ki tona whare; a hoki ana a Rawiri ki te manaaki i tona whare.
၄၃ထို့နောက်လူအပေါင်းတို့သည် မိမိတို့၏အိမ် အသီးသီးသို့ပြန်သွားကြ၏။ ဒါဝိဒ်မင်း သည်လည်းမိမိ၏အိမ်ထောင်စုသားတို့ထံ သို့ပြန်သွားတော်မူ၏။