< 1 Whakapapa 10 >

1 Na kua whawhai nga Pirihitini ki a Iharaira; a ka whati nga tangata o Iharaira i te aroaro o nga Pirihitini, a hinga ana, mate rawa, i Maunga Kiripoa.
ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နှင့် ဂိ​လ​ဗော​တောင်​ပေါ်​တွင် တိုက်​ပွဲ​ဖြစ်​ကြ​ရာ၊ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​မြောက်​အ​မြား​ကျ​ဆုံး​ကြ လေ​သည်။ ရှော​လု​မင်း​နှင့်​သား​တော်​များ အ​ပါ​အ​ဝင်​ကျန်​ရှိ​သော​သူ​တို့​သည် ထွက်​ပြေး​ကြ​ကုန်​၏။-
2 Na ka whaia e nga Pirihitini a Haora ratou ko ana tama; a patua iho e nga Pirihitini a Honatana ratou ko Apinarapa, ko Marikihua, nga tama a Haora.
ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​လိုက်​၍​မီ​သော အ​ခါ ရှော​လု​၏​သား​များ​ဖြစ်​ကြ​သော ယော​န​သန်၊ အ​ဘိ​န​ဒပ်​နှင့်​မေ​လ​ခိ​ရွှ တို့​ကို​ကွပ်​မျက်​ပစ်​ကြ​၏။-
3 Na kua taikaha haere te whawhai ki a Haora, a kua mau ia i nga kaikopere; a kua he tona manawa i nga kaikopere.
တိုက်​ပွဲ​သည်​ရှော​လု​၏​ပတ်​လည်​တွင်​ပြင်း ထန်​လှ​သ​ဖြင့် ရှော​လု​သည်​ရန်​သူ​များ​၏ မြား​ချက်​ဖြင့်​ပြင်း​စွာ​ဒဏ်​ရာ​ရ​လေ​၏။-
4 Katahi a Haora ka mea ki tana kaimau patu, Unuhia tau hoari, werohia hoki ahau; kei haere mai tenei hunga kokotikore, kei whakatupu kino i ahau. Otiia kihai i pai tana kaimau patu; he nui hoki no tona hopohopo. Heoi ka mau a Haora ki tana hoari, hinga iho ana ki runga.
သူ​သည်​မိ​မိ​၏​လက်​နက်​များ​ကို​သယ် ဆောင်​ပေး​သူ​လု​လင်​ပျို​အား``ဘု​ရား​မဲ့ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​လာ​၍ ငါ့​အား သ​ရော်​မော်​ကား​မ​ပြု​လုပ်​နိုင်​ကြ​စေ​ရန် သင်​သည်​ဋ္ဌား​ကို​ဆွဲ​ထုတ်​ကာ​ငါ့​အား သတ်​လော့'' ဟု​ဆို​၏။ သို့​ရာ​တွင်​ထို​လု​လင် သည်​မင်း​ကြီး​ကို​သတ်​ရန်​ကြောက်​ရွံ့​လျက် နေ​သ​ဖြင့် ရှော​လု​သည်​မိ​မိ​၏​ဋ္ဌား​ကို​ဆွဲ ထုတ်​ပြီး​လျှင် ဋ္ဌား​ပေါ်​တွင်​လှဲ​ချ​ကာ မိ​မိ​ကိုယ်​ကို​အ​ဆုံး​စီ​ရင်​တော်​မူ​၏။-
5 A, no te kitenga o tana kaimau patu kua mate a Haora, ka hinga hoki ia ki runga ki tana hoari, a ka mate.
လု​လင်​ပျို​သည်​ရှော​လု​ကွယ်​လွန်​သွား ကြောင်း​တွေ့​မြင်​သော​အ​ခါ မိ​မိ​ကိုယ်​ကို ဋ္ဌား​ပေါ်​တွင်​လှဲ​ချ​ကာ​သေ​လေ​၏။-
6 Heoi ka mate a Haora me ana tama tokotoru; mate tahi ana tona whare katoa.
ဤ​သို့​လျှင်​ရှော​လု​နှင့်​သား​သုံး​ယောက် စ​လုံး​ပင်​ကွယ်​လွန်​ကြ​သ​ဖြင့် သူ​၏​မင်း ဆက်​ပြတ်​လေ​တော့​၏။-
7 A, no te kitenga o nga tangata katoa o Iharaira i te raorao kua whati ratou, kua mate hoki a Haora ratou ko ana tama, whakarerea ake e ratou o ratou pa, a rere ana; na ka haere mai nga Pirihitini, a nohoia iho e ratou.
ယေ​ဇ​ရေ​လ​ချိုင့်​ဝှမ်း​တွင်​နေ​ထိုင်​ကြ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​၏ စစ်​သည်​များ​တပ်​လန့်​၍​သွား​ကြောင်း​ကို​လည်း ကောင်း၊ ရှော​လု​မင်း​နှင့်​သား​တို့​ကွယ်​လွန်​သွား ကြောင်း​ကို​လည်း​ကောင်း​ကြား​သိ​လေ​သော် မိ​မိ တို့​၏​မြို့​များ​ကို​စွန့်​ပစ်​၍​ထွက်​ပြေး​ကြ​ကုန် ၏။ ထို​အ​ခါ​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည် လာ​၍​ထို​မြို့​များ​ကို​သိမ်း​ပိုက်​ကြ​၏။
8 A, i te aonga ake, i te haerenga mai o nga Pirihitini ki te muru i te hunga i patua, na ka kitea a Haora ratou ko ana tama e takoto ana i runga i Maunga Kiripoa.
တိုက်​ပွဲ​ပြီး​ဆုံး​ပြီး​နောက်​တစ်​နေ့​၌ ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည်​အ​လောင်း​ကောင်​များ​မှ ပစ္စည်း​များ​ကို​လု​ယူ​ရန်​လာ​ကြ​သော​အ​ခါ ရှော​လု​နှင့်​သား​တို့​၏​အ​လောင်း​များ​ကို ဂိ​လ​ဗော​တောင်​ထိပ်​တွင်​တွေ့​ရှိ​ကြ​၏။-
9 Na huia ana ona e ratou, tangohia ana tona upoko me ana patu, tukua ana kia kawea puta noa i te whenua o nga Pirihitini a tawhio noa, kia kauwhautia ki a ratou whakapakoko, ki te iwi.
သူ​တို့​သည်​ရှော​လု​၏​ဦး​ခေါင်း​ကို​ဖြတ်​၍ အ​ဝတ်​တန်​ဆာ​များ​ကို​ချွတ်​ပစ်​ကြ​၏။ ထို နောက်​စေ​တ​မန်​တို့​အား​ရှော​လု​၏​ဦး​ခေါင်း နှင့်​လက်​နက်​များ​ကို​ယူ​ဆောင်​၍ ဖိ​လိတ္တိ ပြည်​ကို​လှည့်​လည်​ကာ​မိ​မိ​တို့​အ​မျိုး သား​များ​နှင့်​ရုပ်​တု​များ​ရှိ​ရာ​အ​ရပ် များ​တွင်​သ​တင်း​ကောင်း​ကို​ကြေ​ညာ စေ​ကြ​၏။-
10 I whakatakotoria hoki e ratou ana patu ki te whare o o ratou atua, a ko tona upoko titia ake e ratou ki te whare o Rakono.
၁၀သူ​တို့​သည်​ရှော​လု​၏​လက်​နက်​များ​ကို မိ​မိ​တို့​၏​ဘု​ရား​ကျောင်း​တွင်​ထား​၍ သူ ၏​ဦး​ခေါင်း​ကို​ဒါဂုန်​ဗိ​မာန်​တွင်​ချိတ်​ဆွဲ ထား​ကြ​၏။-
11 A, no te rongonga o Iapehe Kireara katoa ki nga mea katoa i mea ai nga Pirihitini ki a Haora,
၁၁ရှော​လု​အား​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အ​ဘယ် သို့​ပြု​ကျင့်​ကြ​သည်​ကို ဂိ​လဒ်​ပြည်​ယာဗက် မြို့​သား​တို့​ကြား​လျှင်။-
12 Ka whakatika nga marohirohi katoa, tangohia iho e ratou te tinana o Haora, me nga tinana o ana tama, kawea ana ki Iapehe, tanumia ana o ratou wheua ki raro i tetahi oki i Iapehe, a e whitu nga ra i nohopuku ai ratou.
၁၂သူ​ရဲ​ကောင်း​အ​ပေါင်း​တို့​သည်​သွား​၍ ရှော​လု မင်း​နှင့်​သား​တို့​၏​အ​လောင်း​များ​ကို​ယာ​ဗက် မြို့​သို့​ယူ​ဆောင်​ခဲ့​ကြ​၏။ ထို​နောက်​အရိုး​တို့​ကို ဝက်​သစ်​ချ​ပင်​အောက်​တွင်​သင်္ဂြိုဟ်​ကြ​ပြီး​လျှင် ခု​နစ်​ရက်​တိုင်​တိုင်​အ​စာ​ရှောင်​ကြ​ကုန်​၏။
13 Heoi kua mate a Haora mo tona he i he ai ia ki a Ihowa, mo te kupu a Ihowa kihai nei i puritia e ia; mona hoki i ui ki tetahi, i a ia nei te atua maori, he rapu whakaaro,
၁၃ရှော​လု​မင်း​ကွယ်​လွန်​တော်​မူ​ရ​ခြင်း​အ​ကြောင်း မှာ သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အ​ပေါ်​သစ္စာ​ဖောက် သော​ကြောင့်​ဖြစ်​၏။ သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​တို့​ကို​လွန်​ဆန်​ခဲ့​၏။-
14 A kihai i rapu whakaaro i a Ihowa: no reira i whakamatea ai ia e ia, a hurihia ketia ana te kingitanga ki a Rawiri tama a Hehe.
၁၄ထာ​ဝ​ရ​ဘု​ရား​နှင့်​တိုင်​ပင်​မည့်​အ​စား​လူ​သေ တို့​၏​ဝိ​ညာဉ်​များ​နှင့်​နှီး​နှော​တိုင်​ပင်​ခဲ့​လေ သည်။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ရှော​လု အား ကွပ်​မျက်​တော်​မူ​၍​သူ​၏​နိုင်​ငံ​ကို​ယေ​ရှဲ ၏​သား​ဒါ​ဝိဒ်​အား​အုပ်​စိုး​စေ​တော်​မူ သ​တည်း။

< 1 Whakapapa 10 >