< യോനാ 2 >

1 യോനാ മത്സ്യത്തിന്റെ വയറ്റിൽ കിടന്നുകൊണ്ട് തന്റെ ദൈവമായ യഹോവയോട് പ്രാർത്ഥിച്ചു:
ထို​နောက်​ယော​န​သည်​ငါး​ကြီး​၏​ဝမ်း​ဗိုက် တွင်း​မှ​နေ​၍ မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား၊
2 “ഞാൻ എന്റെ കഷ്ടത നിമിത്തം യഹോവയോട് നിലവിളിച്ചു; അവൻ എനിക്ക് ഉത്തരം അരുളി; ഞാൻ പാതാളത്തിന്റെ ഉദരത്തിൽനിന്ന് കരഞ്ഞപേക്ഷിച്ചു; നീ എന്റെ നിലവിളി കേട്ടു. (Sheol h7585)
``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည်​ဘေး​နှင့်​ကြုံ​တွေ့​နေ​ရ​သည့်​အ​တွက် ကိုယ်​တော်​အား​ဟစ်​ခေါ်​ခဲ့​ပါ​သည်။ ကိုယ်​တော်​က​လည်း​ကြား​တော်​မူ​ပါ​၏။ အ​ကျွန်ုပ်​သည်​သေ​မင်း​၏​ခံ​တွင်း​မှ​နေ​၍ ကိုယ်​တော်​အား​ဟစ်​အော်​သံ​ကို​ကိုယ်​တော် ကြား​တော်​မူ​ပါ​၏။ (Sheol h7585)
3 നീ എന്നെ സമുദ്രത്തിന്റെ ആഴത്തിൽ ഇട്ടുകളഞ്ഞു; പ്രവാഹങ്ങൾ എന്നെ ചുറ്റി; നിന്റെ ഓളങ്ങളും തിരകളുമെല്ലാം എന്റെ മീതെ കടന്നുപോയി.
ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား​နက်​ရှိုင်း​သော ပင်​လယ်​ထဲ​သို့​လည်း​ကောင်း၊ ပင်​လယ်​အောက်​ဆုံး​ပိုင်း​တိုင်​အောင်​လည်း​ကောင်း ပစ်​ချ​လိုက်​သ​ဖြင့်၊ အ​ကျွန်ုပ်​မှာ​ပင်​လယ်​ရေ​ပတ်​လည် ဝိုင်း​ရံ​ခြင်း​ကို​ခံ​လျက် ကိုယ်​တော်​၏​လှိုင်း​လုံး​ကြီး​များ​သည် အ​ကျွန်ုပ်​ကို​လွှမ်း​မိုး​သွား​ပါ​သည်။
4 നിന്റെ ദൃഷ്ടി എന്നിൽ നിന്നു നീക്കിയിരിക്കുന്നു; എങ്കിലും ഞാൻ നിന്റെ വിശുദ്ധമന്ദിരത്തിങ്കലേക്കു നോക്കിക്കൊണ്ടിരിക്കും എന്നു ഞാൻ പറഞ്ഞു.
အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​မျက်​မှောက်​မှ နှင်​ထုတ်​ခြင်း​ကို​ခံ​ရ​သ​ဖြင့်၊ ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ်​သော​ဗိ​မာန် တော်​ကို အ​ဘယ်​အ​ခါ​၌​မျှ​တွေ့​မြင်​ရ​တော့​မည် မ​ဟုတ်​ဟု​ထင်​မှတ်​ခဲ့​ပါ​၏။
5 വെള്ളം എന്റെ പ്രാണനോളം എത്തി, ആഴി എന്നെ ചുറ്റി, കടൽപുല്ല് എന്റെ തലപ്പാവായിരുന്നു.
ရေ​သည်​အ​ကျွန်ုပ်​ကို​ဝိုင်း​ရံ​သ​ဖြင့်​အ​ကျွန်ုပ် သည် အ​သက်​ရှူ​၍​ပင်​မ​ရ​တော့​ပါ။ ပင်​လယ်​ရေ​သည်​အ​ကျွန်ုပ်​အား​လွှမ်း​မိုး​လျက်၊ ပင်​လယ်​ဒိုက်​ပင်​တို့​သည်​လည်း အ​ကျွန်ုပ်​၏​ဦး​ခေါင်း​ကို​ရစ်​ပတ်​ကြ​ပါ​၏။
6 ഞാൻ പർവ്വതങ്ങളുടെ അടിവാരങ്ങളോളം ഇറങ്ങി, ഭൂമി തന്റെ ഓടാമ്പലുകളാൽ എന്നെ സദാകാലത്തേക്കും അടെച്ചു. എങ്കിലും എന്റെ ദൈവമായ യഹോവേ, നീ എന്റെ പ്രാണനെ പാതാളത്തിൽനിന്ന് കയറ്റിയിരിക്കുന്നു.
အ​ကျွန်ုပ်​သည်​တောင်​များ​၏​အောက်​ခြေ​သို့ တိုင်​အောင်​လည်း​ကောင်း၊ ပြန်​လမ်း​မ​ရှိ​သည့်​မ​ရ​ဏာ​နိုင်​ငံ​သို့ လည်း​ကောင်း နစ်​မြုပ်​သွား​ပါ​သည်။ သို့​ဖြစ်​လျက်​ပင်​အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏​အ​သက်​ကို နက်​ရာ​မှ ကယ်​ဆယ်​တော်​မူ​ခဲ့​ပါ​၏။
7 എന്റെ പ്രാണൻ ക്ഷീണിച്ചുപോയപ്പോൾ ഞാൻ യഹോവയെ ഓർത്തു. എന്റെ പ്രാർത്ഥന വിശുദ്ധമന്ദിരത്തിൽ നിന്റെ അടുക്കൽ എത്തി.
အ​ကျွန်ုပ်​သည်​သေ​အံ့​ဆဲ​ဆဲ​အ​ချိန်​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​ထံ​တော်​သို့​ဆု​တောင်း​ခဲ့​ပါ​၏။ ကိုယ်​တော်​သည်​လည်း​ကိုယ်​တော်​၏ သန့်​ရှင်း​မြင့်​မြတ်​သော​ဗိ​မာန်​တော်​မှ အ​ကျွန်ုပ်​၏ ဆု​တောင်း​ပတ္ထ​နာ​သံ​ကို​ကြား​တော်​မူ​ပါ​၏။
8 മിഥ്യാമൂർത്തികളെ ഭജിക്കുന്നവർ തങ്ങളോട് ദയാലുവായവനെ ഉപേക്ഷിക്കുന്നു.
အ​ချည်း​နှီး​ဖြစ်​သော​ရုပ်​တု​များ​ကို ကိုး​ကွယ်​သူ​တို့​သည်​ကိုယ်​တော်​၏​အ​ပေါ်​တွင် သစ္စာ​မဲ့​ကြ​ပါ​၏။
9 ഞാനോ സ്തോത്രനാദത്തോടെ നിനക്ക് യാഗം അർപ്പിക്കും; നേർന്നിരിക്കുന്നതു ഞാൻ നിറവേറ്റും. രക്ഷ യഹോവയിൽ നിന്നുതന്നെ വരുന്നു”.
သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့​သည်​အ​ရှင်​၏ ဂုဏ်​တော်​ကို​ချီး​ကူး​ပါ​မည်။ ကိုယ်​တော်​အား​ယဇ်​ပူ​ဇော်​ပါ​မည်။ ထို့​ပြင်​အ​ကျွန်ုပ်​ပြု​ခဲ့​သည့်​သစ္စာ​က​တိ အ​တိုင်း လိုက်​နာ​ပါ​မည်။ အ​ကြောင်း​မှာ​ကယ်​တင်​ခြင်း​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​လာ​ပါ​သည်'' ဟု ဆု​တောင်း​ပတ္ထ​နာ​ပြု​လေ​၏။
10 ൧൦ അപ്പോൾ യഹോവ മത്സ്യത്തോടു കല്പിച്ചു. അത് യോനയെ കരയ്ക്ക് ഛർദ്ദിച്ചു.
၁၀ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​ငါး​ကြီး အား​အ​မိန့်​ပေး​သ​ဖြင့် ငါး​ကြီး​သည်​ယော​န အား​ကုန်း​ပေါ်​သို့​အန်​ထုတ်​လေ​၏။

< യോനാ 2 >