< സങ്കീർത്തനങ്ങൾ 26 >

1 ദാവീദിന്റെ ഒരു സങ്കീർത്തനം. യഹോവേ, എന്നെ കുറ്റവിമുക്തനാക്കണമേ, ഞാൻ നിഷ്കളങ്കജീവിതം നയിക്കുന്നു; യഹോവേ, ഞാൻ അങ്ങയിൽ വിശ്വാസം അർപ്പിച്ചിരിക്കുന്നു യാതൊരു ചാഞ്ചല്യവുമില്ല.
အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​မှန်​ရာ​ကို​ပြု​ကျင့်​၍ ကိုယ်​တော်​အား​အ​ကြွင်း​မဲ့​ကိုး​စား​သူ​ဖြစ် ပါ​၏။ ထို့​ကြောင့်​ကျွန်​တော်​မျိုး​မှာ​အ​ပြစ်​မ​ရှိ​ကြောင်း ထုတ်​ဖော်​ကြေ​ညာ​တော်​မူ​ပါ။
2 യഹോവേ, എന്നെ പരീക്ഷിക്കുകയും പരിശോധിക്കുകയും ചെയ്യണമേ, എന്റെ ഹൃദയവും എന്റെ അന്തരംഗവും പരിശോധിക്കണമേ;
အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​စမ်း​သပ်​စစ်​ဆေး​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​အ​လို​ဆန္ဒ​များ​နှင့်​စိတ်​နှ​လုံး အ​ကြံ​အ​စည်​များ​ကို​စစ်​ကြော​တော်​မူ​ပါ။
3 അവിടത്തെ അചഞ്ചലസ്നേഹം എപ്പോഴും എന്റെ മുമ്പിലുണ്ട് അവിടത്തെ സത്യാനുസാരം ഞാൻ ജീവിച്ചുമിരിക്കുന്നു.
ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​သည်​လမ်း​ပြ​ပါ​၏။ သစ္စာ​တော်​သည်​ကျွန်​တော်​မျိုး​အား အ​စဉ်​ပို့​ဆောင်​လျက်​ရှိ​ပါ​၏။
4 വഞ്ചകരോടുകൂടെ ഞാൻ ഇരിക്കുകയോ കപടഭക്തരോട് ഞാൻ സഹകരിക്കുകയോ ചെയ്യുന്നില്ല.
ကျွန်​တော်​မျိုး​သည်​လျှပ်​ပေါ်​သူ​တို့​နှင့် မ​ပေါင်း​မ​ဖော်​ပါ။ သူ​တော်​ယောင်​ဆောင်​သူ​တို့​နှင့်​လည်း​မည်​သို့​မျှ မ​ဆက်​ဆံ​ပါ။
5 അധർമം പ്രവർത്തിക്കുന്നവരുടെ സംഘത്തെ ഞാൻ വെറുക്കുന്നു ദുഷ്ടരോടൊപ്പം ഞാൻ ഇരിക്കുകയുമില്ല.
ဆိုး​ညစ်​သူ​တို့​၏​အ​ပေါင်း​အ​သင်း​တို့​ကို ရွံ​မုန်း​၍ သူ​ယုတ်​မာ​တို့​ကို​ရှောင်​ရှား​ပါ​၏။
6 നിഷ്കളങ്കതയിൽ ഞാൻ എന്റെ കൈകൾ കഴുകുന്നു, യഹോവേ, അങ്ങയുടെ യാഗപീഠത്തെ ഞാൻ വലയംവെക്കുന്നു,
အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​မှာ​အ​ပြစ်​မ​ရှိ​ကြောင်း​ပြ​သ​ရန် ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​လက်​ကို​ဆေး​ကြော​ပြီး နောက် ကိုယ်​တော်​ရှင်​၏​ယဇ်​ပလ္လင်​ကို​လှည့်​ပတ်​၍ ဝတ်​ပြု​ကိုး​ကွယ်​ပါ​၏။
7 അങ്ങയുടെ സ്തുതി ഞാൻ ഉച്ചത്തിൽ ഉദ്ഘോഷിക്കുകയും അവിടത്തെ അത്ഭുതപ്രവൃത്തികളെല്ലാം വർണിക്കുകയും ചെയ്യുന്നു.
ကျွန်​တော်​မျိုး​သည်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ သီ​ချင်း​ကို​ဆို​၍ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ် အ​မှု​အ​ရာ​အ​ပေါင်း​တို့​ကို​ပြော​ကြား​ပါ​၏။
8 യഹോവേ, അങ്ങ് അധിവസിക്കുന്ന ആലയവും അവിടത്തെ മഹത്ത്വത്തിന്റെ നിവാസസ്ഥാനവും ഞാൻ ഇഷ്ടപ്പെടുന്നു.
အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ဘုန်း​အ​သ​ရေ​တော်​တည်​ရာ တည်း​ဟူ​သော​ကိုယ်​တော်​ရှင်​ကိန်း​ဝပ်​တော်​မူ​ရာ အိမ်​တော်​ကို​နှစ်​သက်​မြတ်​နိုး​ပါ​၏။
9 പാപികളോടൊപ്പം എന്റെ പ്രാണനെയും രക്തദാഹികളോടൊപ്പം എന്റെ ജീവനെയും എടുത്തുകളയരുതേ,
ကျွန်​တော်​မျိုး​အား​အ​ပြစ်​ကူး​သူ​များ​နှင့်​တ​ကွ ဖျက်​ဆီး​ပစ်​တော်​မ​မူ​ပါ​နှင့်။ သူ​သတ်​သ​မား​တို့​၏​ကံ​ကြမ္မာ​ကို ခံ​စေ​တော်​မ​မူ​ပါ​နှင့်။
10 അവരുടെപക്കൽ കുതന്ത്രങ്ങളുണ്ട്, അവരുടെ വലതുകരം കോഴകൊണ്ട് നിറഞ്ഞിരിക്കുന്നു.
၁၀ထို​သူ​တို့​သည်​မ​ကောင်း​မှု​ကို​အ​ခါ​ခပ်​သိမ်း ပြု​ကျင့်​လျက် တံ​စိုး​လက်​ဆောင်​ယူ​ရန်​အ​စဉ်​အ​မြဲ အ​သင့်​ရှိ​သူ​များ​ဖြစ်​ကြ​ပါ​၏။
11 എന്നാൽ ഞാൻ സത്യസന്ധമായ ഒരു ജീവിതം പിൻതുടരുന്നു; എന്നെ വീണ്ടെടുക്കണമേ, എന്നോട് കരുണയുണ്ടാകണമേ.
၁၁ကျွန်​တော်​မျိုး​မူ​ကား​မှန်​ရာ​ကို​ပြု​ကျင့်​ပါ​၏။ ကျွန်​တော်​မျိုး​အား​က​ရု​ဏာ​ထား​တော်​မူ​၍ ကယ်​တော်​မူ​ပါ။
12 എന്റെ പാദങ്ങൾ സമനിലത്ത് ഉറച്ചുനിൽക്കുന്നു; മഹാസഭയിൽ ഞാൻ യഹോവയെ വാഴ്ത്തും.
၁၂ငါ​သည်​ဘေး​အန္တ​ရာယ်​အ​ပေါင်း​မှ​ကင်း​လွတ် လုံ​ခြုံ​လျက်​ရှိ​၏။ လူ​ပ​ရိတ်​သတ်​အ​လယ်​တွင်​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ပါ​မည်။

< സങ്കീർത്തനങ്ങൾ 26 >