< Salamo 71 >
1 Ihe ry Iehovà, ro itsolohako; ko apo’o ho salareñe,
၁အို ထာဝရဘုရား၊ ကိုယ်တော့်ထံခိုလှုံရန်ကျွန်တော်မျိုးချဉ်းကပ် ပါ၏။ ကျွန်တော်မျိုးအားအဘယ်အခါ၌မျှ အရေးရှုံးနိမ့်စေတော်မမူပါနှင့်။
2 Votsoro ami’ty havantaña’o, naho hahao; atokilaño amako ty ravembia’o vaho rombaho.
၂ကိုယ်တော်ရှင်သည်တရားမျှတတော်မူသည် နှင့်အညီ၊ ကျွန်တော်မျိုးအားကူမတော်မူပါ။ ကယ်ဆယ်တော်မူပါ။ ကျွန်တော်မျိုး၏ပန်ကြားချက်ကိုနားညောင်း ၍ ကယ်တော်မူပါ။
3 Ehe t’ie ho vato fimoneñako, ho fimpoliako; fa nafanto’o ty handrombahañe ahiko; Ihe ro lamilamiko naho rova fiàroko.
၃ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးခိုလှုံရာ ကျောက်တောင်ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးအားကာကွယ်ရန်အတွက်ခိုင်ခံ့ သည့် ရဲတိုက်ဖြစ်တော်မူပါ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးခိုလှုံသော၊ ကျွန်တော်မျိုးကိုကာကွယ်သောအရှင် ဖြစ်တော်မူပါ၏။
4 Avotsoro an-tañan-do-tsereke iraho, ry Andrianañahareko ami’ty fivontitira’ ty mpandilatse naho i mpampisoañey.
၄ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုးအား သူယုတ်မာတို့၏ဘေးမှကယ်တော်မူပါ။ ရက်စက်ဆိုးညစ်သူတို့၏လက်မှကယ်တော် မူပါ။
5 Fa Ihe ro fitamàko, ry Iehovà Talè; ty natokisako boak’ami’te nahajalahy.
၅အို အရှင်ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကိုမျှော်ကိုး ပါ၏။ ငယ်ရွယ်စဉ်အခါမှစ၍ကိုယ်တော်ရှင်အား ကိုးစားခဲ့ပါ၏။
6 Ihe ty nirampiako boak’an-kovin-dreneko ao; Ihe ty nañakatse ahy an-tron-dreneko; Rengeko nainai’e irehe.
၆ကျွန်တော်မျိုးသည်တစ်သက်လုံးကိုယ်တော်ရှင် ကို မှီခိုခဲ့ပါ၏။ ကျွန်တော်မျိုးမွေးဖွားချိန်မှစ၍ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကာကွယ်စောင့်ရှောက်တော်မူခဲ့ပါပြီ။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကိုအစဉ် မပြတ် ထောမနာပြုပါမည်။
7 Filatsà’ i màroy iraho, f’Ihe ro fipalirako maozatse.
၇ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏အတွက် ခိုင်ခံ့သည့် ခိုလှုံရာဖြစ်တော်မူသဖြင့် ကျွန်တော်မျိုးသည်လူတို့ရှေ့တွင်စံနမူနာ ဖြစ်ပါ၏။
8 Pea’ ty fibangoañe naho ty fiasiañ’Azo lomoñandro ty vavako,
၈တစ်နေ့လုံးကျွန်တော်မျိုးသည်ကိုယ်တော်ရှင် အား ထောမနာပြု၍ ကိုယ်တော်ရှင်၏ဘုန်းအသရေတော်ကို ထုတ်ဖော်ကြေညာပါ၏။
9 Ko aitoa’o iraho naho fa bey; ko mamorintseñe ahy naho milesa ty haozarako.
၉ယခုအခါ၌ကျွန်တော်မျိုးသည်အိုမင်းသော ကြောင့် ကျွန်တော်မျိုးအားပစ်ပယ်တော်မမူပါနှင့်။ ယခုအခါမစွမ်းမသန်သောကြောင့် ကျွန်တော်မျိုးအားစွန့်ပစ်တော်မမူပါနှင့်။
10 Fa nikinia’ o rafelahikoo; vaho mitrao-pikilily ahy o mivoñoñe ty fiaikoo,
၁၀ကျွန်တော်မျိုး၏ရန်သူများသည်ကျွန်တော် မျိုးအား သတ်လိုကြသဖြင့်ဆွေးနွေးကြံစည်ကြ ပါ၏။
11 ami’ty hoe: naforintsen’ Añahare, horidaño arè vaho tsepaho amy t’ie po-pañolotse.
၁၁``သူ၏ဘုရားသည်သူ့ကိုစွန့်ပစ်လေပြီ။ သူ့အားကယ်ဆယ်မည့်သူတစ်စုံတစ်ယောက်မျှ မရှိတော့သဖြင့် သူ့ကိုလိုက်ဖမ်းကြကုန်အံ့'' ဟုသူတို့ဆို ကြပါ၏။
12 Ry Andrianañahare, ko ihànkaña’o, ry Andrianañahareko, malisà hañolots’ ahy.
၁၂အို ဘုရားသခင်၊ ဝေးဝေးနေတော်မမူပါနှင့်။ ကျွန်တော်မျိုး၏ဘုရားသခင်၊ကျွန်တော်မျိုး အား ကူမရန်အလျင်အမြန်ကြွတော်မူပါ။
13 Ho salareñe naho mongoreñe o manisý ty fiaikoo; le hoboñañ’ inje naho hameñarañe o mipay hijoy ahikoo.
၁၃ကျွန်တော်မျိုးကိုတိုက်ခိုက်ကြသူတို့သည် အရေးရှုံးနိမ့်၍ပျက်စီးဆုံးပါးကြပါစေသော။ ကျွန်တော်မျိုးထိခိုက်ဒဏ်ရာရအောင် ကြိုးစားကြသူတို့သည် အရှက်ကွဲ၍အသရေပျက်ကြပါစေသော။
14 Fa naho izaho, hitama nainai’e vaho honjoneko avao ty fandrengeako Azo.
၁၄ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားအစဉ်ပင် စောင့်မျှော်ပါမည်။ ကိုယ်တော်ရှင်အားအဖန်ဖန်အခါခါ ထောမနာပြုပါမည်။
15 Ho talilie’ ty vavako o havantaña’oo, naho o fandrombaha’o lomoñandroo, fe nofiko ty hamaro’e.
၁၅ကျွန်တော်မျိုးသည်ကိုယ်တော်ရှင် ကောင်းမြတ်တော်မူပုံကိုပြောကြားပါမည်။ ကိုယ်တော်ရှင်၏ကယ်တင်ခြင်းကျေးဇူးသည် ကျွန်တော်မျိုးနားလည်နိုင်သည်ထက်ပို၍ နက်နဲပါ၏။ သို့ရာတွင်ထိုကျေးဇူးတော်အကြောင်းကို ကျွန်တော်မျိုးသည်တစ်နေ့လုံးပြော ကြားပါမည်။
16 Hindeseko o tolon-draha’o ra’elahio, ry Iehovà Talè; ho taroñeko ty havantaña’o, ty Azo avao.
၁၆အရှင်ထာဝရဘုရား၏တန်ခိုးတော်ကို အမှီပြု၍ ကျွန်တော်မျိုးသွားလာပါမည်။ ကိုယ်တော်ရှင်၊ကိုယ်တော်ရှင်သာလျှင် ကောင်းမြတ်တော်မူကြောင်းကို ကျွန်တော်မျိုးထုတ်ဖော်ကြေညာပါမည်။
17 Ry Andrianañahare, fa nanare’o ahy boak’ ami’ty nahajalahy ahy; pake henaneo, taroñeko avao o raha fanjaka fanoe’oo.
၁၇ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားငယ် ရွယ်စဉ် အခါမှစ၍သွန်သင်တော်မူခဲ့သည်ဖြစ်ရာ၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ပြုတော် မူသော အံ့သြဖွယ်ရာအမှုတို့ကိုယနေ့တိုင်အောင် ပြောကြားလျက်ရှိပါ၏။
18 Aa ndra t’ie bey naho fotivolo, ry Andrianañahare, ko farie’o ampara’ te ataliliko añ’afeafe ty haozara’o; ty hafatrara’o amy ze hene ho avy.
၁၈ယခုအခါ၌ကျွန်တော်မျိုးသည်အသက် ကြီး၍ ဆံပင်ဖြူလျက်နေပါပြီ။ အို ကျွန်တော်မျိုး၏ဘုရား၊ ကျွန်တော်မျိုးကိုစွန့်ပစ်တော်မမူပါနှင့်။ ကျွန်တော်မျိုးသည်နောင်လာလတ္တံ့သော သားစဉ်မြေးဆက်အပေါင်းတို့အား ကိုယ်တော်ရှင်၏ဘုန်းတန်ခိုးအာနုဘော် တော် အကြောင်းကိုထုတ်ဖော်ကြေညာလျက်ရှိနေစဉ် ကျွန်တော်မျိုးနှင့်အတူရှိတော်မူပါ။
19 Pak’ andindiñe añe ty havantaña’o, ry Andrianañahare. Ihe namonitse o raha ra’elahio: ry Andrianañahare, ia ty mañirinkiriñe ama’o?
၁၉အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏တရားမျှတမှုသည် မိုးကောင်းကင်တိုင်အောင်ရောက်ရှိပါ၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကြီးမြတ်သည့်အမှုအရာများကိုပြုတော် မူပြီ ဖြစ်သောကြောင့်တည်း။ ကိုယ်တော်ရှင်နှင့်တူသူတစ်စုံတစ်ယောက်မျှ မရှိပါ။
20 Ihe nampahatrea ahiko haemberañe maro naho hasotriañe; ro hameloñ’ahy, hañakatse naho hampipoly ahy hirik’ an-kerakeran-tane ao.
၂၀ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား များပြားဆိုးရွားသောဘေးဒုက္ခများနှင့် တွေ့ကြုံစေတော်မူသော်လည်း ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားပြန်၍ အားအင်ပြည့်ဝစေတော်မူလျက်သေဘေးမှ ကယ်တော်မူပါလိမ့်မည်။
21 Ehe, onjono ty engeko, vaho mitoliha hañohò ahy.
၂၁ကျွန်တော်မျိုးအားယခင်အခါကထက် ပိုမိုကြီးမြင့်စေတော်မူ၍နှစ်သိမ့်မှုကို တစ်ဖန် ပေးတော်မူပါလိမ့်မည်။
22 Ho rengeko ami’ty mandalina ka, ty ami’ty hatò’o, ry Andrianañahareko; ho saboeko ami’ty marovany, ry Masi-Toka’ Israele.
၂၂ကျွန်တော်မျိုးသည်အမှန်ပင်ကိုယ်တော်ရှင်အား စောင်းတီး၍ထောမနာပြုပါမည်။ အို ကျွန်တော်မျိုး၏ဘုရားသခင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏သစ္စာတော် အကြောင်းကိုထောမနာပြုပါမည်။ ဣသရေလအမျိုးသားတို့၏သန့်ရှင်း မြင့်မြတ် တော်မူသောအရှင်ဖြစ်တော်မူသည့် ကိုယ်တော်ရှင်အားစောင်းတီး၍့ဋ္ဌမ္မသီချင်း များဖြင့် ချီးမွမ်းပါမည်။
23 Hipoñake an-drebeke o soñikoo, ie mandrenge Azo an-tsabo, naho i fiaiko jineba’oy.
၂၃ကိုယ်တော်ရှင်အတွက်စောင်းကိုတီးစဉ် ကျွန်တော်မျိုးသည်ဝမ်းမြောက်စွာ သီချင်းဆိုပါမည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကယ်တော်မူသည်ဖြစ်၍ ကျွန်တော်မျိုးသည်စိတ်ရောကိုယ်ပါ သီချင်းဆိုပါမည်။
24 Ho talilie’ ty lelako lomoñandro o havantaña’oo, fa salatse, toe meñatse o mipay hijoy ahikoo.
၂၄ကျွန်တော်မျိုးအားအကျိုးယုတ်စေရန် ရှာကြံသူတို့သည်အရေးရှုံးနိမ့်၍အသရေပျက် ရကြပြီဖြစ်သောကြောင့် ကိုယ်တော်ရှင်ဖြောင့်မတ်တော်မူခြင်း တရားအကြောင်းကိုတစ်နေ့လုံးပြောကြား ပါမည်။