< Ohabolana 2 >
1 O anake, naho iantofa’o o fivolakoo vaho akafi’o añ’ova’o ao o lilikoo,
၁ငါ့သား၊ သင်သည်ပညာစကားကို နားထောင်၍၊
2 naho añilaña’o sofiñe ty hihitse, naho anokilaña’o troke ty hilala,
၂စေတနာစိတ်နှင့်ဥာဏ်ကို ရှာဖွေသည်တိုင်အောင်၊ ငါ့စကားကို နားခံ၍၊ ငါ့ပညတ်တို့ကို ကိုယ်အထဲ၌ သွင်းမိလျှင်၎င်း၊
3 naho kaihe’o ty fitsikarahañe, naho pazahe’o ty faharendrehañe
၃သိပ္ပံအတတ်ကိုခေါ်၍၊ ဥာဏ်နောက်သို့ အသံ ကိုလွှင့်လျှင်၎င်း၊
4 naho itsoeha’o hoe volafoty ikodebea’o hoe vara mikafitse:
၄ငွေကိုရှာတတ်သကဲ့သို့ ပညာကိုရှာ၍၊ ဝှက်ထား သောဘဏ္ဍာကို စူးစမ်းတတ်သကဲ့သို့၊ ဥာဏ်ကို စူးစမ်း လျှင်၎င်း၊
5 Le ho rendre’o ty fañeveñañ’ am’ Iehovà vaho hitendreke ty fahafohinañe an’Andrianañahare.
၅ထာဝရဘုရားကို ကြောက်သောသဘော၌ ကျင်လည်၍၊ ဘုရားသခင်ကိုသိသော ဥာဏ်နှင့်ပြည့်စုံ လိမ့်မည်။
6 Fa manolo-kihitse t’Iehovà boak’am-palie’e ao ty hilala naho ty faharendrehañe.
၆အကြောင်းမူကား၊ ထာဝရဘုရားသည်ပညာကို ပေးတော်မူတတ်၏။ နားလည်နိုင်သော ဥာဏ်သည် နှုတ်ကပတ်တော်အားဖြင့်သာဖြစ်တတ်၏။
7 Añaja’e hihitse maharongatse amo vantañeo, fikalan-dRe amo mpañavelo an-kahitiañeo,
၇ဖြောင့်မတ်သောသူတို့အဘို့ ပညာရတနာကို သိုထားတော်မူ၏။ တရားသဖြင့်ကျင့်သောသူတို့ကို ကွယ်ကာတော်မူ၏။
8 arova’e o lalan-katòo, naho ambena’e ty lala’ o noro’eo.
၈မိမိသန့်ရှင်းသူတို့သည်တရားလမ်းကို စောင့် ရှောက်မည်အကြောင်း၊ သူတို့၏လမ်းခရီးကို လုံခြုံ စေတော်မူ၏။
9 Le ho fohi’o ty havantañañe naho ty hatò, naho ty hamiràñe, vaho ze lalañe soa;
၉ကျေးဇူးတော်ကြောင့် သင်သည် ဖြောင့်မတ်စွာ ကျင့်ခြင်း။ တရားသဖြင့်စီရင်ခြင်း၊ လျစ်လျူစွာ ဆုံးဖြတ် ခြင်းမှစ၍၊ ကောင်းသောလမ်းရှိသမျှတို့ကို သိနားလည် လိမ့်မည်။
10 Hizilik’ añ’ova’o ao ty hihitse, naho hahafale ty tro’o ty hilala;
၁၀ပညာသည်သင်၏နှလုံးထဲသို့ဝင်၍၊ သင်သည် သိကြားခြင်း၌ မွေ့လျော်သောအခါ၊
11 Hañambeñ’ azo ty filieram-batañe, hijilova’ ty faharendrehañe;
၁၁သမ္မာသတိသည် သင့်ကို ထိန်းသိမ်း၍၊ ဥာဏ်သည်လည်း စောင့်ရှောက်သဖြင့်၊
12 hasita’e ami’ty lalan-karatiañe, amy t’indaty mivolam-bìlañe,
၁၂ဆိုးသောလမ်းမှ ကယ်တင်လိမ့်မည်။ ကောက် သောစကားကို ပြောတတ်သောသူ၊
13 amo miveve boak’ amo lalan-kahitiañeoo, hijarabajaraba amo lalan-kaieñeo,
၁၃ဖြောင့်မတ်သောလမ်းကိုစွန့်၍၊ မိုက်မဲသော လမ်းသို့လိုက်သောသူ၊
14 amo mirebek’ ami’ty hatsivokarañeo, naho mifale ami’ty hamengohan- karatiañeo,
၁၄ဒုစရိုက်၌မွေ့လျော်၍ အဓမ္မလူ၏ ကောက်လိမ် ခြင်းကို အားရနှစ်သက်သောသူ၊
15 ie mikelokeloke an-dia, vaho miridrike an-dalañe;
၁၅ဖြောင့်သောလမ်းသို့မလိုက်၊ ကောက်သော လမ်းသို့သာ လိုက်သောသူတို့၏လက်မှ၎င်း၊
16 Hamotsots’azo ami’ty tsimirirañe, ami’ty karapilo mitsiriry an-drehake,
၁၆အမျိုးပျက်သောမိန်းမ၊ နှုတ်နှင့်ချော့မော့တတ် သော ပြည်တန်ဆာမိန်းမ၊
17 i namorintseñe ty valin-katorà’ey, vaho mandikoke i fañinan’ Añahare’ey.
၁၇အသက်ငယ်စဉ်ပဲ့ပြင်သော ကျေးဇူးရှင်ကိုစွန့်၍၊ မိမိဘုရားသခင်၏ ပဋိညာဉ်တရားကို မေ့လျော့သော မိန်းမလက်မှ၎င်း၊ သင့်ကို ကယ်တင်လိမ့်မည်။
18 Migodroñe mb’am-pihomahañe ao ty akiba’e, minday mb’an-kavilasy ao o lala’eo;
၁၈ထိုမိန်းမ၏အိမ်သည် သေခြင်းနှင့်၎င်း၊ သူလိုက်သော လမ်းတို့သည် သင်္ချိုင်းသားနေရာနှင့်၎င်း စပ်ဆိုင် သဖြင့်၊
19 Le lia’e tsy mimpoly ze miheo mb’ama’e ao, tsy ho taka’e ka o lalan-kaveloñeo.
၁၉သူ၏အိမ်သို့ဝင်သောသူ တစုံတယောက်မျှ မပြန်ရ။ အသက်လမ်းကို မမှီရ။
20 Aa le handenà’o ty lala’ o soao, naho hifahara’o o lala’ o vantañeoo.
၂၀သင်သည် သူတော်ကောင်းတို့၏ လမ်းသို့ရှောက်၍၊ ဖြောင့်မတ်သော သူတို့၏ လမ်းခရီးထဲက မထွက်ဘဲ အစဉ်တစိုက်လိုက်ရမည်အကြောင်းတည်း။
21 Fa hitoboke amy taney o vañoñeo, vaho himoneñe ao o malio-tahiñeo;
၂၁ဖြောင့်မတ်သောသူတို့သည်ပြည်တော်၌နေ၍၊ စုံလင်သော သူတို့သည် နေရာကျကြလိမ့်မည်။
22 Fe haitoañe amy taney o lo-tserekeo, vaho ho voroteñe o mpamañahio.
၂၂အဓမ္မလူတို့မူကား၊ ပြည်တော်မှပယ်ရှင်းခြင်း၊ လွန်ကျူးသော သူတို့သည် နှုတ်ပစ်ခြင်းကို ခံရကြလိမ့် မည်။