< Nomery 11 >
1 Ie añe, le niñeoñeoñe hoe mpitoreo an-kasotriañe, an-dravembia’ Iehovà ondatio, aa ie jinanji’ Iehovà, le niviañe ty haviñera’e, naho nisolebotse am’ iareo ty afo’ Iehovà, namorototo ty añ’ olo’ i tobey.
၁တဖန်လူများတို့သည် အလိုတော်မရှိသော မြည်တမ်းခြင်းကို ပြုကြသဖြင့်၊ ထာဝရဘုရားတို့သည် သူတို့ စကားကိုကြား၍ အမျက်ထွက်တော်မူ၏။ ရှို့တော်မူသောမီးသည် သူတို့တွင်လောင်၍ တပ်အစွန်အနား၌ ရှိသော သူအချို့တို့ကို သေစေလေ၏။
2 Aa le nikaikaik’ amy Mosè ondatio naho nihalaly am’ Iehovà t’i Mosè vaho nakipeke i afoy.
၂လူများတို့သည် မောရှေအား အော်ဟစ်၍၊ မောရှေသည် ထာဝရဘုရားကို ဆုတောင်းသဖြင့် မီးငြိမ်း လေ၏။
3 Aa le natao’e ty hoe Taberà i taney amy te niforehetse am’iareo ty afo’ Iehovà.
၃ထာဝရဘုရား၏ မီးသည် သူတို့တွင် လောင် သောကြောင့် ထိုအရပ်ကို တဗေရဟုသောအမည်ဖြင့် မှည့်လေ၏။
4 Teo te nivariñe an-kasijý o piaroteñe am’iareoo; mbore nibabababa ka o ana’ Israeleo ami’ty hoe: Ia ty hanjotso hena ama’ay?
၄ဣသရေလအမျိုးသားတို့နှင့် ရောနှောလျက် ပါသော တပါးအမျိုးသားတို့သည် တောင့်တသော စိတ်စွဲ လမ်းကြ၏။ ဣသရေလအမျိုးသားတို့သည်လည်း တဖန်ငိုကြွေးလျက် ငါတို့စားစရာဘို့ အမဲသားကို အဘယ်သူပေးလိမ့်မည်နည်း။
5 Tiahi’ay o fiañe nikamae’ay tsy amam-bili’e e Mitsraime añeo naho ty kiseny, ty vazavo, ty foti-voly, ty tangolo vaho o tangolo-laio;
၅အဲဂုတ္တုပြည်၌ အလိုအလျောက်စားရသော ငါးသား၊ သခွါးသီး၊ ဖရဲသီး၊ ကြက်သွန်၊ အနီ၊ အဖြူ၊ အရိုင်းအမျိုးမျိုးတို့ကို အောက်မေ့၏။
6 fe mifoezapoezake henaneo; tsy ino ty aolom-pihaino’ay, naho tsy ty màne tiañ’ avao!
၆ယခုမှာ ငါတို့အသက်သည် အားလျော့ပြီ။ ဤမန္နမှတပါး တစုံတခုကိုမျှ မမြင်ရဟုဆိုကြ၏။
7 Nanahake voan’ ahepoty i maney fe nimena hoe vañemba.
၇မန္နသည် နံနံစေ့နှင့်တူ၍ ဗဓေလသစ်စေ့ကဲ့သို့ အဆင်းဖြစ်၏။
8 Namory aze mbeo’ mbeo ondatio, le ke dinemodemo’e am-bato fandisañañe, he nilisane’e an-deoñe, naho nahandroeñe am-balàñe vaho namboareñe mofo-vonga’e; ty hafiri’e le hoe mofo natoñak’ ami’ty menake.
၈လူများတို့သည်လှည့်လည်လျက် မန္နကိုစုသိမ်း၍ ဆုံ၌ကြိတ်ခြင်း၊ ထောင်းခြင်းကိုပြုပြီးမှ အိုးနှင့် ပြုတ်ကြ၏။ မုန့်ပြားကိုလည်း လုပ်ကြ၏။ အရသာသည် မုန့်ဆီကြော် အရသာနှင့်တူ၏။
9 Nivotrak’ amy tobey ty zono te haleñe le nindre nihintsañe ama’e i maney.
၉စားခန်းချရာအရပ်၌ ညဉ့်အခါနှင်းနှင့်အတူ မနက်ကျတတ်၏။
10 Ie jinanji’ i Mosè ty fangoihoi’ ondatio, nanitsike o hasavereña’eo, songa lahilahy an-dalan-kiboho’e eo, le nisolebotse ty haviñera’ Iehovà; toe niboseke ka t’i Mosè.
၁၀ထိုအခါလူများအသီးအသီးတို့သည် မိမိတဲတံခါး ဝ၌ မိမိအိမ်ထောင်နှင့်တကွ ငိုကြွေးကြသည်ကို မောရှေကြားရ၏။ ထာဝရဘုရားသည် ပြင်းစွာ အမျက် ထွက်တော်မူ၏။ အပြစ်ရှိသည်ကို မောရှေသိမြင်လျှင်၊
11 Aa le hoe t’i Mosè am’ Iehovà, Ino ty nanotria’o i mpitoro’oy? Le manao akore t’ie tsy nahaonim-pañisohañe am-pivazohoa’o, kanao nampijinia’o o kilanka’ ondaty iaby retiañe?
၁၁ဤလူအပေါင်းတို့ကို ထမ်းစေဟု သူတို့ကို ကိုယ်တော်ကျွန်အပေါ်မှာ တင်၍ အဘယ်ကြောင့် အကျွန်ုပ် ကို ညှဉ်းဆဲတော်မူပါသနည်း။ အဘယ်ကြောင့် ရှေ့တော်၌ မျက်နှာမရဘဲ နေရပါသနည်း။
12 Izaho hao ty nampitsonkèreñe ondatio? Izaho hao ty rae’ iareo, kanao anoa’o ty hoe: Otroño añ’araña’o ao manahake ty fiotroña’ ty mpiatrak’ ajaja, pak’an-tane nifanta’o aman-droae’ iareo?
၁၂သူတို့ဘိုးဘေးများ၌ ကျိန်ဆိုတော်မူသော ပြည်သို့သွား၍၊ အထိန်းသည် နို့စို့သူငယ်ကိုဆောင်သကဲ့သို့ ဤလူတို့ကို ပိုက်ချီလျက်ဆောင်လော့ဟု အကျွန်ုပ်အား မိန့်တော်မူမည်အကြောင်း၊ ဤလူအပေါင်းတို့ကို အကျွန်ုပ် သည် ကိုယ်ဝန်ဆောင်ပါသလော။ ဘွားမြင်ပါသလော။
13 Aia ty hahatreavako hena hazotsoko am’ ondatio? Ami’ty fitoreova’ iareo ty hoe, Meo hena ho kamae’ay!
၁၃ဤလူအပေါင်းတို့အား ကျွေးစရာဘို့ အမဲသားကို အကျွန်ုပ်သည် အဘယ်မှာရနိုင်ပါအံ့နည်း။ သူတို့က အကျွန်ုပ်တို့ စားစရာဘို့ အမဲသားကိုပေးပါဟု ငိုကြွေးလျက် အကျွန်ုပ်ကိုတောင်းကြပါ၏။
14 Tsy leoko vavèñe ondaty retia, izaho raike, fa loho mavesatse amako.
၁၄ဤလူအပေါင်းတို့ကို အကျွန်ုပ်တယောက်တည်းသာ မဆောင်ရွက်နိုင်ပါ။ ဆောင်ရွက်ရသော ဝန်လည်း လေးလွန်းပါ၏။
15 Aa naho zao ty anoa’o ahy le ehe avetraho am-pañohofan-doza, naho toe nahatrea fañisohañe am-pivazohoa’o, fa ko apo’o ho treako o faloviloviakoo!
၁၅ထိုသို့အကျွန်ုပ်၌ ပြုတော်မူလျှင်၎င်း၊ စိတ်တွေ့တော်မူလျှင်၎င်း၊ အကျွန်ုပ်ကိုအလျင်အမြန် သေစေတော် မူပါ။ ကိုယ်ဆင်းရဲကို ကိုယ်မသိမမြင်ပါစေနှင့်ဟု ဘုရားအား လျှောက်ဆို၏။
16 Aa le hoe t’Iehovà amy Mosè: Anontoño ondaty fitompolo amo roandria’ Israeleo, ze fohi’o te mpiaolo’ ondatio naho mpameleke iareo; le ampihovao mb’ an-kibohom-pamantañam-beo, hitrao-pijohañe ama’o.
၁၆ထာဝရဘုရားကလည်း၊ သင်ကျွမ်းကျင်သော ဣသရေလအမျိုးသား အသက်ကြီးခုနစ်ကျိပ်တို့ကို ငါ့ရှေ့မှာ စုဝေးစေပြီးလျှင်၊ ပရိသတ်စည်းဝေးရာ တဲတော် သို့ ခေါ်ခဲ့၍ သင်နှင့်အတူ ရပ်နေကြစေလော့။
17 Le hizotso mb’eo iraho hifanaontsy ama’o, le handivako am’ iereo i Arofo ama’oy vaho hitrao-pivave ama’o ondatio, soa te tsy ihe avao ty hivave.
၁၇ငါသည်လည်း ထိုအရပ်သို့ ဆင်းသက်၍ သင်နှင့်နှုတ်ဆက်မည်။ သင့်အပေါ်မှာ ကျိန်းဝပ်သော ဝိညာဉ်အချို့ကို ငါယူ၍ သူတို့အပေါ်မှာ တင်မည်။ ဤလူ တို့ကို သင်တယောက်တည်းသာ ဆောင်ရွက်ရမည် မဟုတ်၊ ထိုအသက်ကြီးသူတို့သည် ဝိုင်းညီ၍ ဆောင်ရွက် ရကြမည်။
18 Le ano ty hoe amy màroy, Miefera vatañe ho ami’ ty hamaray, fa hikama hena amy niroveta’ areo am-pijanjiña’ Iehovà ami’ty hoe, Ia ty hanjotso hena ama’ay? Ie nierañerañe’ e Mitsraime añe. Aa le hanjotsoa’ Iehovà hena, vaho hikama nahareo.
၁၈သင်သည်လည်း လူများတို့အားဆင့်ဆိုရမည်မှာ၊ နက်ဖြန်နေ့အဘို့ ကိုယ်ကိုသန့်ရှင်းစင်ကြယ်လော့။ အမဲ သားကိုစားရကြမည်။ သင်တို့က အဘယ်သူသည် ငါတို့ အား အမဲသားကို ပေးလိမ့်မည်နည်း။ အဲဂုတ္တုပြည်၌ နေစဉ်၊ ငါတို့သည် ချမ်းသာစွာနေကြ၏ဟု ငိုကြွေးလျက် ပြောဆိုသံကို ထာဝရဘုရားကြားသောကြောင့်၊ အမဲသား ကို ပေးတော်မူသဖြင့် သင်တို့သည် စားရကြမည်။
19 Tsy indraik’ andro ty hikama’areo, tsy roe andro, tsy lime andro, tsy folo andro, tsy roapolo andro,
၁၉တရက်၊ နှစ်ရက်၊ ငါးရက်၊ ဆယ်ရက်၊ အရက် နှစ်ဆယ်သာ စားရကြမည်မဟုတ်။
20 fa volañe raike, ampara’ te miakatse am-piantsona’ areo vaho hampangorý anahareo, amy te nisirikae’ areo t’Iehovà añivo’ areo ao, ie nangololoike añatrefa’e ami’ty hoe, Ino ty niavotan-tika amy Mitsraime?
၂၀သင်တို့နှာခေါင်းထဲက အမဲသားထွက်၍ ရွံစရာ ဖြစ်သည်တိုင်အောင် တလပတ်လုံး စားရကြမည်။ အကြောင်းမူကား၊ သင်တို့တွင်ရှိတော်မူသော ထာဝရ ဘုရားကို၊ သင်တို့သည် မထီမဲ့မြင်ပြုလျက်၊ ငါတို့သည် အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ထွက်လာရာကြသနည်းဟု ရှေ့တော်၌ ငိုကြွေးလျက် ပြောဆိုကြပြီ တကားဟု မောရှေအား မိန့်တော်မူ၏။
21 Aa hoe t’i Mosè, Lahin-defo enen-ketse o mañariseho ahio; Ihe manao amako ty hoe, Hanjotsoako hena hikama’ iareo volañe raike.
၂၁မောရှေကလည်း၊ အကျွန်ုပ်နှင့် ဆိုင်သော လူယောက်ျားအပေါင်း ခြောက်သိန်းရှိကြသည်ဖြစ်၍ ကိုယ်တော်က တလစားစရာဘို့ သူတို့အား အမဲသားကို ငါပေးမည်ဟု မိန့်တော်မူပါသည်တကား၊
22 Handentàñe añondry naho añombe hao, hahatsake iareo? Ke hanontonañe ze hene fiañe an-driak’ ao?
၂၂သူတို့ကို ဝစွာကျွေးခြင်းငှါ၊ သိုးဆိတ်နွားစုတို့ကို သတ်ရပါမည်လော။ သို့မဟုတ် ဝစွာကျွေးခြင်းငှါ၊ ပင်လယ်ငါးရှိသမျှ တို့ကိုစုဝေးရပါမည်လောဟု လျှောက် လျှင်၊
23 Le hoe t’Iehovà amy Mosè, Nitomoreñe hao ty fità’ Iehovà? Mbe ho oni’o aniany ke ho tafetetse i rehakoy ke tsie.
၂၃ထာဝရဘုရားက ထာဝရဘုရား လက်တို သလော။ ငါ့စကား တည်မည် မတည်မည်ကို သင်သိလိမ့် မည်ဟု မောရှေအား မိန့်တော်မူ၏။
24 Aa le niakatse añe t’i Mosè naho sinaontsi’e am’ iereo i tsara’ Iehovày, le natonto’e t’indaty fitompolo amo roandria’ ondatio vaho najado’e añariari’ i kivohoy.
၂၄မောရှေသည် ထွက်၍ ထာဝရဘုရား၏ စကား တော်ကို လူများတို့အား ဆင့်ဆိုပြီးလျှင် အမျိုးသား၊ အသက်ကြီးသူခုနစ်ကျိပ်တို့ကို စုဝေးစေ၍၊ ပရိသတ် စည်းဝေးရာ တဲတော်ပတ်လည်၌ ထားလေ၏။
25 Le nizotso amy rahoñey t’Iehovà nangalak’ amy Arofo ama’ey vaho natolo’e amy roandriañe fitompolo rey; ie nivotraha’ i Arofoy le nitoky, fe tsy ho nainai’e.
၂၅ထာဝရဘုရားသည် မိုဃ်းတိမ်ဖြင့် ဆင်းသက်၍ မောရှေနှင့် နှုတ်ဆက်တော်မူ၏။ မောရှေအပေါ်မှာ ကျိန်းဝပ်သော ဝိညာဉ်အချို့ကို ယူ၍ အသက်ကြီးသူ ခုနစ်ကျိပ်တို့အပေါ်မှာ တင်တော်မူသဖြင့်၊ထိုဝိညာဉ်သည် သူတို့အပေါ်မှာ ကျိန်းဝပ်သောအခါ၊ သူတို့သည် ပရောဖက်ပြု၍ မပြတ်မစဲဟောကြ၏။
26 Toe mbe nitambatse an-tobe ao t’indaty roe ama’e: i Eldade ty tahina ty raike naho i Medade ty tahina’ ty raike, vaho nivotrak’ am’iereo i Arofoy. Toe sinokitse iereo fe tsy nañavelo mb’ amy kivohoy mb’eo, fa nitoky an-tobe ao.
၂၆ထိုလူစု၌ ပါသောသူ ဧလဒဒ်နှင့် မေဒဒ်တို့သည် စာရင်းဝင်သော်လည်း၊ တဲတော်သို့မသွားဘဲ တပ်ထဲမှာ နေရစ်စဉ်တွင် သူတို့အပေါ်မှာ ထိုဝိညာဉ်ကျိန်းဝပ်သဖြင့် သူတို့သည်လည်း ပရောဖက်ပြု၍ တပ်ထဲမှာ ဟောကြ၏။
27 Le nihitrihitry mb’amy Mosè mb’eo ty ajalahy nitalily ama’e ty hoe: Mitoky an-tobe ao t’i Eldade naho i Medade.
၂၇လုလင်တယောက်သည်လည်း မောရှေထံသို့ ပြေး၍၊ ဧလဒဒ်နှင့် မေဒဒ်တို့သည် တပ်ထဲမှာ ပရောဖက် ပြု၍ဟောပါ၏ဟု လျှောက်လျှင်၊
28 Aa le hoe ty natoi’ Iehosoa ana’ i None, mpiamy Mosè ampara’ ty nahaajalahy aze: O talèko, rarao iereo!
၂၈မောရှေ၏ လက်ထောက်ဖြစ်သော လုလင်နုန် သား ယောရှုက၊ သခင်မောရှေ၊ သူတို့ကို ဆီးတားတော်မူ ပါဟုဆိုသော်၊
29 Le hoe t’i Mosè ama’e, Mamarahy ahy v-iheo? Ee te songa nimpitoky ondati’ Iehovào, naho sindre nampivotraha’ Iehovà i Arofo’ey!
၂၉မောရှေက၊ သင်သည် ငါ့အတွက် ငြူစူသော စိတ်ရှိသလော။ ထာဝရဘုရား၏ လူအပေါင်းတို့သည် ပရောဖက်ဖြစ်ကြပါစေသော။ ထာဝရဘုရားသည် ဝိညာဉ်တော်ကို သူတို့အပေါ်မှာ တင်တော်မူပါစေသောဟု ဆိုပြီးမှ၊
30 Aa le nimpoly mb’an-tobe mb’eo t’i Mosè naho o roandria’ Israeleo.
၃၀ဣသရေလ အမျိုးသားအသက်ကြီးသူတို့နှင့် အတူ တပ်ထဲသို့ ပြန်သွားလေ၏။
31 Aa le boak’ am’ Iehovà ty tioke ninday hatrakatrake hirik’ an-driak’ añe, le nampipoha’e marine i tobey ie nahatakatse lia’ andro raike mb’atia vaho lia’andro raike mb’eroa añariari’ i tobey; ni-roe kiho ambone’ i taney varañe ty fitoabo’e.
၃၁ထိုအခါ ထာဝရဘုရားသည် လေကိုစေလွှတ်၍၊ ငုံးများကို ပင်လယ်မှ ဆောင်ခဲ့သဖြင့်၊ တပ်ပတ်လည် တရက်ခရီးစီတိုင်တိုင်ကွာသော အရပ်တို့၌၊ မြေပေါ်မှာ ဒုနှစ်တောင်ခန့်မျှ ဆင်းစေတော်မူ၏။
32 Aa le nifanehak’ amy àndroy naho amy haleñey naho amy loakandroy ondatio nijohañe ey nanontoñe o hatrakatrakeo le ze nanontoñe tsy ampe mbe nahatsake folo homere; vaho songa nandafike ty aze marine i tobey.
၃၂လူများတို့သည် တနေ့လုံး၊ တညဉ့်လုံး၊ နက်ဖြန် လည်း တနေ့လုံးထ၍ ငုံးများကို စုသိမ်းကြ၏။ နည်းနည်း သိမ်းသော သူသည် ဆယ်ဟောမဲကို သိမ်းရ၏။ တပ်ပတ် လည်အရပ်ရပ်၌ ဖြန့်ထားကြ၏။
33 Fe mbe añivom-pamotsi’e ao i henay ie mbe tsy nitotoe’e, le nisolebotse am’ iereo ty haviñera’ Iehovà vaho pinao’ Iehovà ami’ty angorosy loza.
၃၃သို့ရာတွင် ငုံးသားကို ကိုက်၍ မဝါးမှီ၊ ထာဝရ ဘုရားသည် သူတို့ကို အမျက်တော်ထွက်၍ အလွန်ပြင်း သော ဘေးနှင့်ဒဏ်ခတ်တော်မူ၏။
34 Aa le natao’e Kibrate Hata’avà i taney amy te eo ty nandentehañe ondaty aman-kadrao.
၃၄တောင့်တသောသူတို့ကို သင်္ဂြိုဟ်ရာထိုအရပ်ကို ကိဗြုတ်သတ္တဝါဟူသော အမည်ဖြင့် မှည့်လေ၏။
35 Boake Kibrate Hata’avà ao ondatio ro nangovovòke imb’e Katserote mb’eo vaho nitobe e Katserote añe.
၃၅လူများတို့သည် ကိဗြုဟ်ဟတ္တဝါအရပ်မှ ထွက် ပြီးလျှင်၊ ဟာဇရုတ်အရပ်သို့ ရောက်၍နေကြ၏။