< Levitikosy 25 >
1 Hoe ty nitsara’ Iehovà amy Mosè ambohi-Sinay añe:
၁ထာဝရဘုရားသည် သိနာတောင်ပေါ်တွင် မောရှေမှတစ်ဆင့် ဣသရေလအမျိုးသား တို့အားအောက်ပါပြဋ္ဌာန်းချက်များကိုချ မှတ်ပေးတော်မူ၏။ သင်တို့သည်ထာဝရ ဘုရားပေးသနားတော်မူမည့်ပြည်သို့ဝင် ရောက်ကြသောအခါ သတ္တမနှစ်ကျရောက် သည့်အခါတိုင်းလယ်များကိုမထွန်မ ယက်မစိုက်မပျိုးခြင်းအားဖြင့် ထာဝရ ဘုရား၏ဂုဏ်တော်ကိုချီးမြှောက်ရကြ မည်။-
2 Misaontsia amo ana’ Israeleo, le ano ty hoe: Ie mimoak’ an-tane hatoloko anahareo ao le hambena’ i taney ty fitofàñe am’ Iehovà.
၂
3 Enen-taoñe ty hitongisa’o ami’ty tete’o, naho enen-taoñe ty hañetefa’o o valobo’oo vaho ty hanontoña’o ty voka’e,
၃သင်တို့သည်ခြောက်နှစ်မျှလယ်များတွင် စိုက်ပျိုးခြင်း၊ စပျစ်ကိုင်းများကိုသုတ်သင် ရှင်းလင်းခြင်း၊ အသီးအနှံများကိုရိတ် သိမ်းခြင်းပြုရမည်။-
4 fe ho Sabata àñom-pitofà’ i taney i taom-pahafitoy, Sabata am’ Iehovà. Tsy hitongisa’o ty tete’o ndra hetefa’o o valobo’oo.
၄သို့ရာတွင်သတ္တမနှစ်သည်ထာဝရဘုရား အားဆက်ကပ်ထားသောနှစ်ဖြစ်၍ ထိုနှစ်တွင် မြေကိုလုံးဝမထွန်ယက်ဘဲချန်လှန်ထား ရမည်။ လယ်များတွင်မစိုက်မပျိုးရ။ စပျစ် ကိုင်းများကိုသုတ်သင်ရှင်းလင်းခြင်းမ ပြုရ။-
5 Tsy ho tataheñe o misonjoñeo naho fa afake ty fitataha’o, le tsy hatontoñe ze valoboke mitiry amo vahe tsy nañetefañeo, amy t’ie taom-pitofàñe heneke ho a i taney.
၅မစိုက်မပျိုးရဘဲနှင့်အလိုအလျောက် သီးသောအသီးအနှံများကိုပင်မရိတ် သိမ်းရ။ အကိုင်းအခက်ကိုမသုတ်သင် မရှင်းလင်းဘဲနှင့်သီးသောစပျစ်သီး များကိုလည်းမဆွတ်မခူးရ။ ထိုနှစ်တွင် မြေကိုလုံးဝမထွန်ယက်ဘဲချန်လှပ် ထားရမည်။-
6 Fe ho fikama’ areo ty voka’ i fitofà’ i taneiy, ihe naho ty mpitoro’o lahy naho ty mpitoro’o ampela, naho ty mpièke, naho ty renetane mañialo ama’o,
၆ထိုနှစ်အတွင်းမစိုက်မပျိုးဘဲမြေမှ ထွက်သောအသီးအနှံရှိသမျှကို သင် တို့နှင့်တကွသင်တို့၏ကျေးကျွန်၊ လူငှား၊ သင်တို့နှင့်အတူနေထိုင်သောလူမျိုးခြား၊-
7 vaho hihinana’ o hare’oo naho ze biby lý an-tane’o ao ze hene voka’e.
၇တိရစ္ဆာန်အယဉ်နှင့်အရိုင်းတို့သည်စား သုံးနိုင်ကြသည်။
8 Mañiaha taom-pitofàñe fito ho azo, fito taoñe atombo fito; le ty fitontoña’ i taom-pitofàñe fito rey ro mañomey efa-polo siv’amby taoñe.
၈ခုနစ်နှစ်ခုနစ်လီဖြစ်သော လေးဆယ့်ကိုး နှစ်ကိုရေတွက်လော့။-
9 Ie amy zay, ampipopoeñe antsiva-paniahiañe ty andro faha-folo’ i volam-pahafitoy, i andro fijebañañey, le ho tsitsihe’ areo fipopòn’ antsiva ty tane’ areo.
၉ထိုနောက်သတ္တမလဆယ်ရက်နေ့သည်အပြစ် ဖြေရာနေ့ဖြစ်၍ လူတစ်ယောက်အားတစ်ပြည် လုံးသို့လှည့်လည်လျက်တံပိုးခရာမှုတ်စေ လော့။-
10 Le ampiambaho i taom-paha limampoloy naho tsitsiho koim-pidadàñe i taney, amo mpimoneñe ama’e iabio. Ho Jobily ama’ areo, sindre himpoly amo fanaña’eo, songa himpoly aman-dongo’e.
၁၀ဤနည်းအားဖြင့်ငါးဆယ်မြောက်နှစ်ကို သီးသန့်သတ်မှတ်လျက် တိုင်းပြည်တွင်နေ ထိုင်သူအပေါင်းတို့အားလွတ်ငြိမ်းချမ်းသာ ခွင့်ကိုကြေညာရမည်။ အရောင်းအဝယ်ပြု လုပ်ခဲ့သောပစ္စည်းရှိသမျှကို ဤနှစ်၌မူလ ပိုင်ရှင်သို့မဟုတ်သူ၏အဆက်အနွယ် များထံပြန်လည်ပေးအပ်ရမည်။ ငွေဝယ် ကျွန်များကိုသူတို့၏မိသားစုများထံ သို့ပြန်စေရမည်။-
11 Jobily ho anahareo i taom-paha-limampoloy: tsy hitongy ama’e, le tsy ho tatahe’ areo ze sonjo’e vaho tsy hatonto’o ze am-bahe tsy hineteke,
၁၁သင်တို့သည်လယ်များကိုမစိုက်မပျိုးရ။ အလိုအလျောက်သီးသောအသီးအနှံ များကိုလည်းမဆွတ်မခူးရ။-
12 amy te Jobily, le hiavake ho anahareo izay; ho kamae’ areo ze mipike an-tetek’ ao.
၁၂ထိုနှစ်တစ်နှစ်လုံးသည်သင်တို့အတွက်နှစ် ထူးနှစ်မြတ်ဖြစ်၏။ သင်တို့သည်လယ်မှ အလိုအလျောက်ထွက်သမျှကိုသာစား သုံးရကြမည်။
13 Songa hibalik’ amy lova’ey amy taon-Jobiliy nahareo.
၁၃အရောင်းအဝယ်ပြုလုပ်ခဲ့သောပစ္စည်းရှိသမျှ ကို ဤနှစ်၌မူလပိုင်ရှင်လက်သို့ပြန်လည်ပေး အပ်ရမည်။-
14 Aa ie mandetake inoñ’inoñe am’ ondatio ndra mikalo am-pità’ ondaty, le asoao tsy hifampikatramo.
၁၄သို့မှသာသင်သည်အမျိုးသားချင်းနှင့် အရောင်းအဝယ်ပြုလုပ်သည့်အခါ ထိုက် တန်သောတန်ဖိုးကိုဖြတ်ရမည်။-
15 Ty ami’ ty ia’ o taoñe manonjohy i Jobilio ty ho vilie’o am’ondatio le ty ami’ty ia’ o taom-pamokarañe sisao ty handetaha’e.
၁၅နောက်တစ်ကြိမ်ပြန်လည်ပေးအပ်ခြင်းဆိုင် ရာနှစ်မကျရောက်မီ မြေမှအသီးအနှံထွက် မည့်နှစ်အနည်းအများကိုတွက်ချက်၍ မြေ၏တန်ဖိုးကိုဖြတ်ရမည်။-
16 Ty ami’ty hamaro’ o taoñeo ty hañonjona’o ty vili’e vaho ami’ty hatsiampe’ o taoñeo ty hampiketraha’o ty vili’e; ty ia’ o fitatahañeo ro haleta’e ama’o.
၁၆အရောင်းအဝယ်ပြုလုပ်ရာ၌မြေမှအသီး အနှံထွက်အကြိမ်ပေါင်းကိုတွက်ချက်၍ ရောင်း ဝယ်ရသည်ဖြစ်သောကြောင့် အသီးအနှံထွက် မည့်နှစ်အနည်းအများအလိုက်မြေတန်ဖိုး ကိုဖြတ်ရမည်။-
17 Aa le ko mifamorekeke, fa i Andrianañahare’o ro hañeveña’o; Izaho Iehovà Andrianañahare’ areo.
၁၇သင်တို့သည်အမျိုးသားချင်းကိုမလှည့်စား ရ။ သင်တို့၏ဘုရားသခင်ထာဝရဘုရား ကိုကြောက်ရွံ့ရိုသေရမည်။
18 Aa le ambeno o fañèkoo naho oriho aman-dili-po o fepèkoo, vaho hiaiñ’ añoleñañe amy taney nahareo,
၁၈သင်တို့ဘေးကင်းလုံခြုံစွာနေထိုင်နိုင်ရန် ထာဝရဘုရား၏ပညတ်တော်ရှိသမျှ ကိုစောင့်ထိန်းလော့။-
19 le ho toly ty sabo’ i taney naho ho anjam-pikamañe nahareo vaho himoneñe ao tsy aman’ ore.
၁၉မြေမှအသီးအနှံထွက်သဖြင့် သင်တို့သည် ဝလင်စွာစားရ၍ဘေးကင်းလုံခြုံစွာနေ ထိုင်ရလိမ့်မည်။-
20 Aa naho hanoa’areo ty hoe, Ino ty ho hane’ay amy taom-pahafitoy, zahay tsy hitongy, tsy hanontoñe an-driha?
၂၀လယ်များကိုမစိုက်မပျိုး၊ အသီးအနှံများ ကိုမစုမသိမ်းရသောသတ္တမနှစ်တွင်မည် ကဲ့သို့စားရပါမည်နည်းဟူ၍တစ်စုံတစ် ယောက်ကမေးကောင်းမေးလိမ့်မည်။-
21 Fa ho lilieko ho anahareo ty fanintsiñako amy taom-paha-eneñey, hanataha’ areo ty mahakama tsahatse telo taoñe.
၂၁ထာဝရဘုရားသည်ဆဋ္ဌမနှစ်တွင် မြေ ကိုကောင်းချီးပေးသဖြင့်နှစ်နှစ်စာ အတွက်အသီးအနှံထွက်လိမ့်မည်။-
22 Ie hitongy ami’ty taom-paha-valo, le ho kamae’ areo ty voka’e nivokats’ ela; pak’ amy taom-pahasivey, ampara’ i fitatahañe ama’ey, ty hikama’ areo i elay.
၂၂သင်တို့သည်အဋ္ဌမနှစ်တွင်လယ်များကိုစိုက် ပျိုးသောအခါ ဆဋ္ဌမနှစ်ကရိတ်သိမ်းခဲ့သော အသီးအနှံကိုစားနေရဦးမည်။ ထိုနှစ်၌ စိုက်ပျိုးသောအသီးအနှံများကိုမရိတ်သိမ်း မီတိုင်အောင် သင်တို့တွင်အစားအစာဖူလုံ လိမ့်မည်။
23 Tsy haletake ho nainai’e i taney amy te ahiko o taneo; mpañialo naho renetane amako nahareo.
၂၃မြေကိုသင်တို့မပိုင်။ ဘုရားသခင်သာပိုင် သဖြင့် ယင်းကိုအပြီးအပိုင်မရောင်းရ။ သင် တို့သည်ဧည့်သည်အာဂန္တုအဖြစ်နှင့်သာ ထို ပြည်သို့ဝင်ရောက်အခြေစိုက်နေထိုင်သူ များဖြစ်ကြမည်။
24 Aa ty amo hene tanem-panaña’ areoo, añajào ty hijebañañe aze.
၂၄မြေကိုရောင်းချသည့်အခါမူလပိုင်ရှင်က ထိုမြေကိုပြန်၍ဝယ်ယူခွင့်ရှိစေရမည်။-
25 Ie mifotsak’ an-kararahañe ty longo’o naho mandetake i hanaña’ey, le homb’eo ty longo’e marine aze, hijebañe i tane naletan-dongo’ey.
၂၅ဣသရေလအမျိုးသားချင်းတစ်ဦးသည် ဆင်းရဲနွမ်းပါးသဖြင့် မိမိ၏မြေကိုရောင်း ချရလျှင် သူနှင့်အနီးစပ်ဆုံးဆွေမျိုးသား ချင်းကထိုမြေကိုပြန်၍ဝယ်ယူရမည်။-
26 Aa naho tsy amam-pijebañe t’indaty, fe am-pahimbañam-pità’e ro mahatontoñe ty hijebaña’e,
၂၆ထိုမြေကိုပြန်၍ဝယ်ယူမည့်ဆွေမျိုးသား ချင်းမရှိသော် ပိုင်ရှင်သည်နောင်အခါ၌ ငွေ ကြေးတတ်နိုင်သောအခါကိုယ်တိုင်မြေကို ပြန်၍ဝယ်ယူနိုင်စေရမည်။-
27 le hiahe’e o taoñe mifototse amy nandetaha’e azeio, le havaha’e amy nivily azey ty tsi’ri’e amo tao’eo vaho hibalik’ amy fanaña’ey re.
၂၇ထိုအခါ၌သူသည်ရှေ့လာမည့်ပြန်လည် ပေးအပ်ခြင်းဆိုင်ရာနှစ်အထိ ကျန်ရှိနေ သေးသောနှစ်များကိုတွက်ချက်၍ပေးသင့် ပေးထိုက်သောတန်ဖိုးကိုပေး၍ဝယ်ရမည်။ မည်သို့ပင်ဖြစ်စေသူသည်ပြန်လည်ပေး အပ်ခြင်းဆိုင်ရာနှစ်၌ မိမိပိုင်မြေကို ပြန်လည်ရရှိမည်။-
28 Aa naho tsy lefe’e ty hañitia’e fitàñe hahaeneñe ty hampibalihañe aze le hidok’ am-pità’ i nikalo azey i naletakey ampara’ ty Taon-Jobily; havotsotse amy Jobiliy izay le himpolia’e i fanaña’ey.
၂၈အကယ်၍သူသည်မြေကိုပြန်ဝယ်ယူရန် ငွေမရှိလျှင် ထိုမြေသည်ရှေ့လာမည့်ပြန် လည်ပေးအပ်ခြင်းဆိုင်ရာနှစ်အထိဝယ်သူ ၏လက်ဝယ်ရှိစေရမည်။ ထိုနှစ်၌ယင်းမြေ ကိုမူလပိုင်ရှင်အားပြန်ပေးရမည်။
29 Aa naho aleta’ t’indaty ty anjomba-pimoneñañe an-drova finahetse ao le azo’e jebañeñe i anjombay añate’ ty taoñe mifototse amy nandetahañe azey; taoñe raike do’e ty mete hijebañañe aze.
၂၉မြို့ရိုးအတွင်း၌ရှိသောအိမ်ကိုရောင်းလျှင် ပိုင်ရှင်သည်တစ်နှစ်အတွင်းအိမ်ကိုပြန်၍ ဝယ်ယူခွင့်ရှိသည်။-
30 F’ie tsy jebañe’e añate’ ty taoñe raike le mijadoñe ho fanaña’ i nikalo azey nainai’e pak’ añ’ afeafe’e i anjomba an-drova mifahetsey. Ie tsy havotsotse amo Jobilio.
၃၀သို့ရာတွင်တစ်နှစ်အတွင်းအိမ်ကိုပြန်၍မ ဝယ်ယူလျှင် နောက်တစ်ဖန်ပြန်လည်ဝယ်ယူ ခွင့်မရှိသည့်အပြင်ဝယ်ယူသူနှင့်သူ၏ အဆက်အနွယ်တို့သည်ထိုအိမ်ကိုအမြဲ ပိုင်စေရမည်။ ပြန်လည်ပေးအပ်ခြင်းဆိုင်ရာ နှစ်တွင်ထိုအိမ်ကိုမူလပိုင်ရှင်အားပြန် မပေးရ။-
31 Fe ty anjomba tsy mifahetse ro volilieñe manahake o tetekeo: azo jebañeñe izay vaho havotsotse ami’ty Jobily.
၃၁မြို့ရိုးမရှိသောကျေးရွာများ၌ရှိသည့် အိမ်များကိုရောင်းဝယ်ရာတွင်လယ်ယာ များကိုရောင်းဝယ်သည့်နည်းအတိုင်းလိုက် နာရမည်။ ပြန်လည်ပေးအပ်ခြင်းဆိုင်ရာ နှစ်တွင်ထိုအိမ်ကိုမူလပိုင်ရှင်အားပြန် ပေးရမည်။-
32 Fe ty amo rova’ o nte-Levio, toe manan-jo nainai’e o nte-Levio hijebañe o anjomba an-drovam-panaña’ iareoo.
၃၂လေဝိအနွယ်ဝင်တို့သည်မိမိတို့နေထိုင် ရာသတ်မှတ်ထားသောမြို့များတွင်မိမိ တို့ရောင်းပြီးသောအိမ်များကိုအချိန် မရွေးပြန်၍ဝယ်ယူခွင့်ရှိသည်။-
33 Aa naho mivily anjomba amo nte-Levio t’indaty, le i anjomba naletak’ an-drova ao ho vara’ey ro havotso’e amy Jobiliy; amy te fanaña’ i nte-Leviý añivo’ o ana’ Israeleo ze anjomba’e an-drova’ o nte-Levio.
၃၃လေဝိအနွယ်ဝင်တစ်ဦးသည်မိမိနေထိုင် ရာမြို့တွင် မိမိ၏အိမ်ကိုရောင်းပြီးနောက် ပြန်၍မဝယ်လျှင် ပြန်လည်ပေးအပ်ခြင်း ဆိုင်ရာနှစ်၌ထိုအိမ်ကိုသူ့အားပြန်ပေး ရမည်။ အဘယ်ကြောင့်ဆိုသော်ဣသရေလ နိုင်ငံတွင် လေဝိမြို့များကိုလေဝိအနွယ် ဝင်တို့အမြဲပိုင်သောကြောင့်ဖြစ်သည်။-
34 Fe tsy azo aletake o tanem-piandrazañe mañohoke o rova’ iareoo, amy t’ie fanaña’ iareo nainai’e.
၃၄သို့ရာတွင်လေဝိမြို့ပတ်ဝန်းကျင်ရှိစား ကျက်ကိုမူ မည်သည့်အခါမျှမရောင်းရ။ ထို စားကျက်ကိုလေဝိအနွယ်ဝင်တို့အစဉ် အမြဲပိုင်၏။
35 Aa naho mivariñ’ an-tsotry ty longo’o vaho moly ama’o, rambeso himoneñe ama’o manahake t’ie renetane ndra mpañialo.
၃၅သင်၏အိမ်နီးချင်းအမျိုးသားချင်းတစ်ဦး သည် ဆင်းရဲနွမ်းပါး၍အားကိုးရာမဲ့ဖြစ် နေလျှင် သင့်အိမ်နီးချင်းအဖြစ်ဆက်လက်၍ အသက်ရှင်နေထိုင်နိုင်စေရန် သူ့အားမိမိ ၏သူရင်းငှားကဲ့သို့ထောက်ပံ့ရမည်။-
36 Ko angala’o anan-tsongo ndra ampandivà’o, fe añeveño t’i Andrianañahare’o, le angao himoneña’e.
၃၆ထိုသူအားငွေချေးရာ၌အတိုးမယူရ။ ဘုရားသခင်ကိုကြောက်ရွံ့၍ သူ့အားသင် ၏အိမ်နီးချင်းအဖြစ်အသက်ရှင်နေထိုင် စေလော့။-
37 Ko ampisongoen-drala hangala’o ana’e vaho ko ampanovoñe’o aze ze hanton-karo’e.
၃၇သူ့အားချေးငွေအပေါ်တွင်အတိုးမယူရ။ အစားအစာကိုအမြတ်တင်၍သူ့အား မရောင်းရ။-
38 Izaho Iehovà Andrianañahare’ areo nañavotse anahareo an-tane Mitsraime añe hitolorako i tane Kanàney, vaho ho Andrianañahare’ areo.
၃၈ဤကားသင်တို့အားခါနာန်ပြည်ကိုပေးရန် နှင့် သင်တို့၏ဘုရားဖြစ်ရန် သင်တို့ကိုအီဂျစ် ပြည်မှထုတ်ဆောင်လာသော သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ပညတ်ဖြစ်၏။
39 Aa naho mifotsak’ an-kasotriañe ty longo’o ama’o, hera havili’e ama’o ty fiai’e, ko ampitoroñe’o hoe ondevo.
၃၉သင်၏အိမ်နီးချင်းအမျိုးသားချင်းသည် အလွန်ဆင်းရဲနွမ်းပါး၍သင့်ထံတွင် မိမိ ကိုယ်ကိုကျွန်အဖြစ်ဖြင့်ရောင်းလျှင် သူ့ အားကျွန်ကဲ့သို့မစေခိုင်းရ။-
40 Hoe mpikarama naho mpañialo ty hitraofa’e, hitoroñe ampara’ ty taon-Jobily;
၄၀သူသည်ရှေ့လာမည့်ပြန်လည်ပေးအပ်ခြင်းဆိုင် ရာနှစ်ရောက်သည်အထိ သင့်ထံမှာသူရင်းငှား အဖြစ်သင်၏အမှုကိုထမ်းစေရမည်။-
41 ie amy zay ro hieng’ azo rekets’ o keleia’eo, himpoly mb’ aman-drolongo’e mb’eo, mb’am-panañan-droae’e añe.
၄၁ထိုအချိန်ရောက်သည့်အခါသူနှင့်သူ၏သား သမီးတို့သည် မိမိ၏ဆွေမျိုးသားချင်းများ ရှိရာဇာတိရပ်ရွာသို့ပြန်စေရမည်။-
42 Ahiko iereo, mpitoroko nampiavoteko an-tane Mitsraime añe; tsy haletake ho ondevo.
၄၂ဣသရေလအမျိုးသားအပေါင်းတို့သည် ထာဝရဘုရား၏ကျွန်များဖြစ်ကြ၏။ ထာဝရဘုရားသည်သူတို့အားအီဂျစ် ပြည်မှထုတ်ဆောင်တော်မူ၏။ သူတို့ကိုကျွန် ရောင်းကျွန်ဝယ်မပြုရ။-
43 Ko silofe’o ami’ty famehea’o aze, fe añeveño t’i Andrianañahare’o.
၄၃သူတို့အပေါ်ညှာတာထောက်ထားသော သဘောထားရှိရမည်။ သင်တို့သည် ဘုရားသခင်ကိုကြောက်ရွံ့ရိုသေရမည်။-
44 Aa ty am’ ondevo lahilahy ndra ampela fanaña’oo; le boak’ amo fifeheañe mañohokeo ty ivilia’ areo ondevo.
၄၄စေခိုင်းရန်ကျွန်လိုလျှင်သင်တို့၏ပတ်ဝန်း ကျင်နိုင်ငံများမှကျွန်များကိုဝယ်ယူလော့။-
45 Azo’ areo vilieñe ka ty anan-drenetane mañialo ama’ areo, naho amo hasavereña’ iareo nisamak’ an-tane’ areoo; mete ho fanaña’ areo ka iereo.
၄၅သင်တို့နှင့်အတူနေထိုင်သောလူမျိုးခြား တို့၏သားသမီးများကိုလည်းဝယ်ယူနိုင် သည်။ သင်တို့၏ပြည်တွင်မွေးဖွားသောယင်း ကလေးများကိုသင်တို့ဝယ်ယူနိုင်သည်။-
46 Azo’ areo ampandovaeñe amo ana’ areo mandimbeo ho fanaña’e, ho ondevo’ areo nainai’e. Fe o longo’ areo ana’ Israeleo, le tsy ho fehe’ ty raike ty raike am-pisengean-kery.
၄၆သင်တို့၏သားသမီးများသည်သူတို့ကို အမွေအဖြစ်ဆက်ခံနိုင်သည်။ သူတို့သည် သင်တို့သားများ၏အစေကိုတစ်သက်လုံး ခံစေရမည်။ သို့ရာတွင်ဣသရေလအမျိုး သားချင်းတို့ကိုမူကားထောက်ထားညှာတာ ရမည်။
47 Aa naho miraorao ty renetane ndra ty mpañialo ama’o, le ie mivariñ’ an-tsotry ty longo’o marine aze vaho mandeta vatañe ke amy renetaney he amy mpañialo ama’oy, hera ami’ty tarira’ i ambahiniy,
၄၇အကယ်၍ဆင်းရဲသောဣသရေလအမျိုး သားတစ်ဦးသည် သင်တို့နှင့်အတူနေထိုင် သည့်လူမျိုးခြားတစ်ဦးသို့မဟုတ်သူ၏ မိသားစုတစ်ဦးထံတွင် မိမိကိုယ်ကိုကျွန် အဖြစ်ရောင်းခဲ့သည်ရှိသော်၊-
48 ie naletake ro mete jebañeñe. Hijebañe aze ty raik’ amo rahalahi’eo;
၄၈သူ့ကိုပြန်၍ဝယ်ယူနိုင်ခွင့်ရှိသည်။ သူ၏ညီ အစ်ကိုတစ်ဦးကသော်လည်းကောင်း၊-
49 mete hijebañ’aze ka i rahalahin-drae’ey ndra i ana-drahalahin-drae’ey; ndra ze amy fifokoa’ey ty hijebañe aze; he ie miraorao ro hahaava-piaiñe.
၄၉ဦးကြီးဦးလေးကသော်လည်းကောင်း၊ ညီအစ် ကိုဝမ်းကွဲကသော်လည်းကောင်း၊ နီးစပ်သူဆွေမျိုး တစ်ဦးကသော်လည်းကောင်းသူ့အားပြန်၍ဝယ် ယူနိုင်သည်။ သို့တည်းမဟုတ်သူကိုယ်တိုင်ငွေ ကြေးတတ်နိုင်လျှင်မိမိကိုယ်ကိုဝယ်ယူနိုင် သည်။-
50 Ty hifamolilia’e amy nivily azey, le boak’ amy taoñe nandetaha’e vatañey pak’amy Jobiliy; ty amo taoñeo ty vilin’ aim-pijebañañe aze; ampiraeñe ami’ty taom-pikarama i nitraofa’ey.
၅၀မိမိအားဝယ်ယူသူနှင့်ညှိနှိုင်းပြီးလျှင် မိမိကိုယ်ကိုမိမိရောင်းသည့်နှစ်မှအစ ပြု၍ ရှေ့လာမည့်ပြန်လည်ပေးအပ်ခြင်း ဆိုင်ရာနှစ်အထိ မိမိရမည့်သူရင်းငှားခ အပေါ်မူတည်၍အဖိုးအခကိုသတ်မှတ် ရမည်။-
51 Ie mbe maro taoñe ty añe, le izay ty añavaha’e ty vilin’ ai’e amy drala nikaloañe azey;
၅၁မိမိအားတစ်နှစ်ပြီးတစ်နှစ်ခန့်သည့်အနေ ဖြင့် ကျန်သေးသောနှစ်များကိုတွက်၍ မိမိကိုယ် ကိုရောင်းသည့်တန်ဖိုး၏တစ်စိတ်တစ်ဒေသ ကိုပြန်အမ်းရမည်။ သူ့သခင်သည်သူ့အပေါ် ညှာတာသောသဘောထားရှိရမည်။-
52 ie tsy ampe ty taoñe pak’ amy taon-Jobiliy le inao ty hamoliliañe iareo roe: ty amo tao’eo ty añavahañe ty vilin’ai’e.
၅၂
53 Ho ama’e re manahake ty mpikarama mpitoloñe taoñ’ an-taoñe; tsy hisengean-kery am-pahaisaha’o.
၅၃
54 Aa naho tsy jebañeñe amy hoe zay, mbe hienga avao amy taon-Jobiliy, ie rekets’ o keleia’eo.
၅၄သူသည်နည်းတစ်နည်းနည်းဖြင့် ကျွန်ဘဝမှ မလွတ်မြောက်ခဲ့လျှင် ရှေ့လာမည့်ပြန်လည်ပေး အပ်ခြင်းဆိုင်ရာနှစ်၌ သူနှင့်သူ၏သားသမီး တို့လွတ်မြောက်ခွင့်ရရှိစေရမည်။-
55 Ahiko o ana’ Israeleo; mpitoroko nakareko an-tane Mitsraime añe: Izaho Iehovà Andrianañahare’ areo.
၅၅ဣသရေလအမျိုးသားတို့သည် ထာဝရ ဘုရား၏ကျွန်များဖြစ်ခြင်းကြောင့်ရာသက်ပန် လူ၏ကျွန်မဖြစ်စေရ။ ထာဝရဘုရားသည် သူတို့အားအီဂျစ်ပြည်မှထုတ်ဆောင်တော် မူခဲ့၏။ ကိုယ်တော်သည်သူတို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏။