< Mpitsara 14 >
1 Nizotso mb’e Timnate t’i Simsone le nahaisake somondrara e Timnate ao, anak’ ampela’ o nte-Pilistio.
၁တစ်နေ့သ၌ရှံဆုန်သည်တိမနမြို့သို့ရောက် ရှိသွားရာ ထိုမြို့တွင်ဖိလိတ္တိအမျိုးသမီး ကလေးတစ်ဦးကိုတွေ့မြင်လေသည်။-
2 Nimb’ aman-drae’e mb’eo re nitalily ama’e naho aman-drene’e, ty hoe: Nahatrea ampela e Timnate iraho, anak’ ampela’ o nte-Pilistio; ehe alao ho valiko.
၂သူသည်အိမ်သို့ပြန်ပြီးလျှင်မိမိ၏မိဘတို့ အား``တိမနမြို့တွင်ကျွန်တော်သဘောကျ သောမိန်းကလေးတစ်ယောက်ရှိပါသည်။ သူ နှင့်ထိမ်းမြားလက်ထပ်လိုသဖြင့်သူ့အား တောင်းရမ်းပေးကြပါ'' ဟုပြော၏။
3 Le hoe ty rae’e naho i rene’e tama’e, Tsy mahatrea amo anak’ ampelan-dongo’oo ndra am’ ondatiko iabio hao, te o nte-Pilisty tsy nisavareñeo ty ipaia’o valy? Le hoe t’i Simsone aman-drae’e, Alao ho ahy re fa mahafale ty troko.
၃သို့ရာတွင်သူ၏မိဘတို့က``သင်သည်မိန်းမ တစ်ယောက်ရရှိနိုင်ရန် ထာဝရဘုရားကို မကိုးကွယ်သောဖိလိတ္တိအမျိုးသားတို့ထံ သို့အဘယ်ကြောင့်သွားရပါမည်နည်း။ ငါ တို့အမျိုးသားအချင်းချင်းအထဲမှသော် လည်းကောင်း၊ ငါတို့သားချင်းစုထဲမှသော် လည်းကောင်းမိန်းကလေးတစ်ယောက်ကို ရှာ၍မရနိုင်ပါသလော'' ဟုပြန်၍မေး ကြ၏။ ရှံဆုန်ကလည်းမိမိ၏ဖခင်အား``ထိုအမျိုး သမီးကိုသာလျှင်ကျွန်တော်၏အတွက်တောင်း ရမ်းပေးစေလိုပါသည်။ သူ့အားကျွန်တော်နှစ် သက်ပါသည်'' ဟုဆို၏။
4 Tsy nifohin-drae’e ndra i rene’e te Iehovà ty nipay aze hiatreàtre amo nte-Pilistio, amy te nandily Israele o nte-Pilistio tañ’ andro izay.
၄သို့ရာတွင်ထာဝရဘုရားသည်ဖိလိတ္တိအမျိုး သားတို့အား တိုက်ခိုက်ရန်အခွင့်အခါကိုရှာ လျက်ရှိသဖြင့် ရှံဆုန်အားဤအမှုအရာကို ပြုစေတော်မူလျက်ရှိကြောင်းကိုမူသူ၏ မိဘတို့သည်မသိကြ။ ထိုကာလသည်ကား ဣသရေလအမျိုးသားတို့အပေါ်ဝယ် ဖိလိတ္တိအမျိုးသားတို့ကြီးစိုးလျက်နေ သောကာလတည်း။
5 Aa le nitrao-pizotso aman-drae’e naho i rene’e mb’e Timnate mb’eo t’i Simsone, ie avy an-tanem-bahe’ i Timnate eo, hehe ty anan-diona nitroñe mb’ ama’e mb’eo.
၅သို့ဖြစ်၍ရှံဆုန်သည်မိမိ၏မိဘတို့နှင့် အတူတိမနမြို့သို့သွားလေသည်။ သူတို့ သည်စပျစ်ဥယျာဉ်များကိုဖြတ်သန်းသွား ကြစဉ် ခြင်္သေ့ငယ်တစ်ကောင်ဟောက်လျက်နေ သံကိုရှံဆုန်ကြားရ၏။-
6 Nitotsak’ ama’e t’i Arofo’ Iehovà, le rinia’e manahake ty fandriatañe vik’ose, leo raha raike tsy tam-pità’e; fe tsy natalili’e aman-drae’e ndra an-drene’e i nanoe’ey.
၆ထာဝရဘုရား၏တန်ခိုးတော်သည်သူ့အား ရုတ်တရက်သန်စွမ်း၍လာစေတော်မူ၏။ သို့ ဖြစ်၍ရှံဆုန်သည်မိမိ၏လက်နှစ်ဘက်တည်း ဖြင့် ထိုခြင်္သေ့အားဆိတ်ငယ်ကလေးကိုဆွဲဖဲ့ သကဲ့သို့ဆွဲဖဲ့ပစ်လိုက်လေသည်။ သို့ရာတွင် သူသည်မိမိပြုခဲ့သည့်အမှုကိုမိဘတို့ အားမပြောဘဲနေ၏။
7 Le nizotso mb’eo re nifanaontsy amy somondraray naho vata’e nitea’ i Simsone.
၇ထိုနောက်သူသည်သူငယ်မထံသို့သွား၍ တွေ့ဆုံစကားပြောကြည့်ရာသူငယ်မကို နှစ်သက်သဘောကျလေသည်။-
8 Ie añe, nibalike hangalak’ aze fe nitsile hey hahaisake ty fate’ i lionay, naho naheo’e te nisamborien-drene-tantele i faten-dionay vaho aman-tantele.
၈ထိုနောက်ရက်အနည်းငယ်ကြာသောအခါ ရှံဆုန်သည် ထိုသူငယ်မနှင့်လက်ထပ်ထိမ်းမြား ရန်ပြန်လာ၏။ ထိုခရီးတွင်သူသည်လမ်းမ မှလွှဲရှောင်ကာ မိမိယခင်ကသတ်ခဲ့သည့် ခြင်္သေ့ကိုကြည့်ရှုရန်သွားရာခြင်္သေ့အသေ ကောင်ထဲ၌ပျားအုံနှင့်ပျားများကိုတွေ့ ရှိရသဖြင့်အံ့သြ၍သွားလေသည်။-
9 Kinaro’e am-pità’e le nikama t’ie nañavelo; aa ie nifanampe aman-drae’e naho i rene’e le nanjotsoa’e, f’ie tsy nitalily am’iareo te nakare’e an-karankan-diona ao.
၉သူသည်ပျားရည်အနည်းငယ်ကိုလက်ထဲ သို့ခြစ်ယူကာခရီးပြုရင်းစား၏။ မိဘ တို့ထံသို့ရောက်သောအခါ၌သူတို့အား လည်းအနည်းငယ်ပေး၍စားစေ၏။ သို့ရာ တွင်ပျားရည်ကိုခြင်္သေ့အသေကောင်၏ အထဲမှရရှိကြောင်းကိုမူရှံဆုန်သည် သူတို့အားမပြောချေ။
10 Aa le nizotso mb’amy somondraray ty rae’e vaho nanao sabadidak’ ao t’i Simsone, amy t’ie nilili’ o ajalahio.
၁၀သူ၏ဖခင်သည်ချွေးမ၏အိမ်သို့တစ်ဖန် သွားရောက်၏။ ရှံဆုန်သည်လူပျိုလူရွယ်တို့ ဋ္ဌလေ့ထုံးစံရှိသည့်အတိုင်းစားသောက် ပွဲကိုကျင်းပ၏။-
11 Ie naharendrek’ aze iereo le mbe nandesañe rañetse telo-polo ila’e hitraok’ ama’e;
၁၁အရပ်သားတို့သည်သူ့ကိုမြင်လျှင်လူပျို လူရွယ်သုံးဆယ်ကိုသူနှင့်အတူပွဲခံစေ ခြင်းငှာစေလွှတ်လိုက်ကြ၏။-
12 le hoe t’i Simsone am’ iereo, ho taroñeko tafatoño nahareo henaneo, aa naho eo ty mahatoiñe naho mahafandrendrek’ aze amako añate’ ty fito andro’ i sabadidakey, le hatoloko anahareo ty lamba leny telopolo, miharo sarimbo telopolo.
၁၂ရှံဆုန်ကသူတို့အား``သင်တို့အားစကား ထာကိုငါဝှက်မည်။ သင်တို့သည်မင်္ဂလာဆောင် ပွဲရက်ခုနစ်ရက်မလွန်မီဖော်နိုင်လျှင် ခြုံထည် သုံးဆယ်နှင့်အင်္ကျီသုံးဆယ်ကိုငါပေးမည်။-
13 Aa ie tsy mahafitaroñe aze amako, le inahareo ro hanolotse ahy lamba leny telopolo naho sarimbo telopolo. Le hoe ty asa’ iareo ama’e: Akaro i razan-dreha’oy hijanjiña’ay.
၁၃မဖော်နိုင်လျှင်ငါ့အားသင်တို့ကခြုံထည် သုံးဆယ်နှင့်အင်္ကျီသုံးဆယ်ပေးကြရမည်'' ဟုဆို၏။ ``သူတို့ကစကားထာကိုဝှက်သာဝှက်ပါ။ ငါတို့နားထောင်ပါရစေ'' ဟုဆိုကြ၏။
14 Hoe re tam’ iereo, Boak’ ami’ty mpihinañe ty niakaran-kaneñe naho boak’ ami’ty maozatse ty niakara’ ty mamy. Fe tsy nahabejañe i tafatoñoy iereo añate’ ty telo andro.
၁၄ရှံဆုန်က၊ ``စားသူ့အထဲမှစားစရာ၊သန်သူ့အထဲမှချို မြိန်ရာ၊ ထွက်ပေါ်လာခဲ့တာ'' ဟုဆိုလေသည်။ သုံးရက်ကြာသော်လည်းထို သူတို့သည်စကားထာကိုမဖော်နိုင်ကြ သေးပေ။
15 Ie amy andro faha-fitoy, le nanoe’ iereo ty hoe i vali’ i Simsoney: Sigiho ty vali’o hitaroña’e i tafatoñoy tsy mone ho forototoe’ay añ’ afo irehe naho ty anjomban-drae’o; handrarak’ anay hao ty nañambara’o anay? Ie izay.
၁၅လေးရက်မြောက်သောနေ့၌သူတို့က ရှံဆုန်၏ ဇနီးအား``သင်၏ခင်ပွန်းကိုလှည့်ဖြား၍ထို စကားထာကိုငါတို့သိရှိရအောင်ဖော်ပြ ခိုင်းပါလော့။ အကယ်၍ဤသို့သင်မပြုပါ မူသင်နှင့်တကွသင့်ဖခင်၏နေအိမ်ကိုပါ ငါတို့မီးရှို့ဖျက်ဆီးပစ်မည်။ သင်တို့ဇနီး မောင်နှံနှစ်ယောက်သည် ငါတို့၏ပစ္စည်းဥစ္စာ ကိုလုယူလို၍ငါတို့အားဖိတ်ခေါ်ခဲ့ သည်မဟုတ်လော'' ဟုကြိမ်းမောင်းကြ၏။
16 Aa le niharovetse amy Simsone ty vali’e, nanao ty hoe: Toe heje’o iraho naho tsy kokoa’o, amy te nitaron-drazan-drehak’ amo ana’ ondatikoo fe tsy natalili’o amako. Le hoe re tama’e, Inao, ie tsy vinolako aman-draeko ndra amy reneko, ho volañeko ama’o hao?
၁၆ထို့ကြောင့်ရှံဆုန်၏ဇနီးသည်မျက်ရည်စက် လက်နှင့်သူ့ထံသို့သွား၍``သင်သည်ကျွန်မ ကိုချစ်သူမဟုတ်။ မုန်းသူသာဖြစ်သည်။ ကျွန်မ အားမဖော်ပြဘဲကျွန်မ၏မိတ်ဆွေများအား စကားထာဝှက်ထားလေပြီ'' ဟုဆိုလေသည်။ ရှံဆုန်ကလည်း``ငါသည်မိဘတို့ကိုပင်မ ဖော်ပြဘဲ သင့်အားဖော်ပြရမည်လော'' ဟု ပြန်ပြော၏။-
17 F’ie nirovetse añatrefa’e avao amy fito andro’ i sabadida’ iareoy, le amy fañembera’e aze, nampandrendrehe’e amy andro faha-fitoy, vaho nabora’e am’ondatio i razan-drehakey.
၁၇ထိုအမျိုးသမီးသည်ဤအမှုနှင့်ပတ်သက်၍ ပွဲရက်ခုနစ်ရက်စလုံးပင်ငိုကြွေးလျက်နေ၏။ သို့ရာတွင်ခုနစ်ရက်မြောက်သောနေ့၌သူ သည်အလွန်ပူဆာသဖြင့် ရှံဆုန်သည်သူ့အား စကားထာကိုဖော်ပြလိုက်တော့၏။ ထိုအခါ သူသည်လည်းဖိလိတ္တိအမျိုးသားတို့အား ပြောပြလိုက်လေသည်။-
18 Aa le hoe o roandria’ i rovaio ama’e amy andro fahafitoy aolo’ i tsofots’ àndroy: Ino ty mamy te amo tanteleo? vaho ino ty maozatse te amo lionao? Le hoe re am’ iereo. Naho tsy hinaotsao’ areo i kiloakoy, le tsy ho nioni’ areo i tafatoñokoy.
၁၈သို့ဖြစ်၍ခုနစ်ရက်မြောက်သောနေ့၌အိပ် ခန်းအတွင်းသို့ ရှံဆုန်မဝင်မီထိုမြို့သား တို့က၊ ``ပျားရည်ထက်ချိုမြိန်သောအရာ၊ ခြင်္သေ့ထက်သန်စွမ်းသောသူရှိနိုင်ပါသလော'' ဟုဆိုကြ၏။ ရှံဆုန်ကလည်း ``အကယ်၍သင်တို့သည်ငါ၏နွားမနှင့် မထွန်မယက်ရလျှင် ငါ့စကားထာကိုဖော်ပြနိုင်ကြလိမ့်မည်မဟုတ်'' ဟုပြန်ပြောလေသည်။
19 Nitotsak’ ama’e amy zao ty Arofo’Iehovà, le nizotso mb’e Askelone mb’eo nanjamañe ondaty telopolo naho nikopahe’e vaho natolo’e amo nahavale i tafatoñoio o saroñeo. Nisolebotse amy zao ty haviñera’e, le nionjomb’ añ’ anjomban-drae’e mb’eo.
၁၉ထာဝရဘုရား၏တန်ခိုးတော်သည်ရှံဆုန် အား ရုတ်တရက်သန်စွမ်း၍လာစေတော်မူ သဖြင့် သူသည်အာရှကေလုန်မြို့သို့သွား ပြီးလျှင်လူသုံးဆယ်ကိုသတ်၍ ဝတ်ကောင်း စားလှများကိုချွတ်ယူကာစကားထာ ကိုဖော်ပြသောသူတို့အားပေးအပ်လိုက်၏။ ထိုနောက်သူသည်အမျက်ထွက်၍မိမိအိမ် သို့ပြန်သွားလေသည်။-
20 Le natolotse amy mpiama’e nanoe’e mpandrorotsey i vali’ey.
၂၀သူ၏ဇနီးကိုမင်္ဂလာဆောင်ပွဲတွင်ရှံဆုန် ၏လူပျိုရံဖြစ်သူနှင့်ပေးစားလိုက်ကြ၏။