< Mpitsara 13 >
1 Nanao haratiañe indraik’ am-pivazohoa’ Iehovà eo o ana’ Israeleo vaho natolo’ Iehovà am-pità’ o nte-Pilistio efa-polo taoñe.
၁တဖန် ဣသရေလအမျိုးသားတို့သည်၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုသောကြောင့်၊ ထာဝရဘုရားသည် သူတို့ကို ဖိလိတ္တိလူတို့လက်သို့ အနှစ်လေးဆယ်ပတ်လုံးအပ်တော်မူ၏။
2 Teo t’indaty boake Tsorà, fifokoa’ i Dane, natao Manoàke, beitsiterake ty tañanjomba’e, mbe tsy nisamake.
၂ဒန်အမျိုး၊ ဇောရာမြို့သား မာနော်အမည်ရှိသော သူတယောက်ရှိ၏။ သူ၏မယားသည် မြုံသော ကြောင့် သားမဘွား။
3 Nisodehañe amy rakembay ty anjeli’ Iehovày nanao ty hoe: Toe beitsiterake irehe, mbe tsy nahatoly, f’ie hiareñe hisamak’ ana-dahy.
၃ထာဝရဘုရား၏ကောင်းကင်တမန်သည် ထိုမိန်းမအား ကိုယ်ထင်ရှား၍၊ သင်သည် မြုံသောကြောင့် သားမဘွားသော်လည်း၊ ယခု ပဋိသန္ဓေယူ၍ သားယောက်ျားကို ဘွားမြင်လိမ့်မည်။
4 Ie amy zao mitaòa, asoao tsy hikama divay ndra toake, naho ko mikama raha faly.
၄သို့ဖြစ်၍ သတိပြုလော့။ စပျစ်ရည်ကို မသောက်နှင့်။ သေရည်သေရက်ကို မသောက်နှင့်။ မစင်ကြယ်သော အစာကို မစားနှင့်။
5 Inao, hiaren-drehe naho hisamak’ ana-dahy; le tsy hozàm-pihàratse ty loha’e amy te ho nte-Nazire aman’ Añahare boak’ an-koviñe ao i ajajay; vaho ie ty hiorotse handrombake Israele hiavotse am-pità’ o nte-Pilistio.
၅အကြောင်းမူကား၊ ပဋိသန္ဓေယူ၍ ဘွားမြင်လတံ့သော သားယောက်ျားသည် ဆံပင်ရိတ်ခြင်းကို မခံဘဲ၊ အမိဝမ်းထဲမှစ၍ ဘုရားသခင်၏ နာဇရိလူဖြစ်ရလိမ့်မည်။ သူသည်လည်း ဣသရေလအမျိုးကို ဖိလိတ္တိလူတို့လက်မှ ကယ်နှုတ်စပြုလိမ့်မည်ဟု ဆို၏။
6 Nimb’ amy vali’ey amy zao i rakembay nitalily ty hoe: Nivotrak’ amako ty ondatin’ Añahare, le nanahake ty vintan’ anjelin’ Añahare ty vinta’e, toe nampañeveñe; fa tsy nañontaneako ty nihirifa’e, vaho tsy nitaroñe’e amako ty tahina’e;
၆ထိုမိန်းမသည်လည်း မိမိခင်ပွန်းထံသို့ သွား၍ ဘုရားသခင်၏ ကောင်းကင်တမန်မျက်နှာကဲ့သို့ ကြောက်မက်ဘွယ်သော မျက်နှာရှိသော ဘုရားသခင်၏ လူတယောက်သည် အကျွန်ုပ်ဆီသို့ လာ၏။ အဘယ်ကလာသနည်းဟု အကျွန်ုပ်လည်း မမေး။ သူသည်လည်း မိမိအမည်ကို မပြော။
7 fe hoe re tamako, Inao! hiareñe vaho hisamak’ ana-dahy irehe le ko minon-divay ndra toake henane zao, ndra hihinan-draha faly; fa ho nte-Nazire aman’ Añahare boak’ an-koviñe ao pak’ añ’ andro hihomaha’e i ajajay.
၇သူကလည်း၊ သင်သည် ပဋိသန္ဓေယူ၍ သားယောက်ျားကို ဘွားမြင်လိမ့်မည်။ စပျစ်ရည်ကို မသောက်နှင့်။ သေရည်သေရက်ကို မသောက်နှင့်။ မစင်ကြယ်သော အစာကို မစားနှင့်။ အကြောင်းမူကား၊ ထိုသူငယ်သည် အမိဝမ်းထဲမှစ၍ သေသောနေ့တိုင်အောင် ဘုရားသခင်၏ နာဇရိလူဖြစ်ရလိမ့်မည်ဟု အကျွန်ုပ်အား မိန့်မြွက်ကြောင်းကို ပြောဆိုလေ၏။
8 Aa le nihalaly am’ Iehovà t’i Manoàke, nanao ty hoe: Ry Talè, Ampombao mb’ ama’ay mb’ etoa indraike indatin’ Añahare nirahe’oy, hañòha’e ze hanoa’ay amy ajaja hasamakey.
၈ထိုအခါ မာနော်က၊ အိုဘုရားရှင်၊ အကျွန်ုပ်တို့သည် ဘွားမြင်လတံ့သော သူငယ်၌ အဘယ်သို့ ပြုရမည်ကို ဘုရားသခင်၏ တမန်တော်သည် တဖန်လာ၍ သွန်သင်စေတော်မူပါဟု ထာဝရဘုရား အား တောင်းလျှောက်သော်၊
9 Hinaon’ Añahare ty fiarañanaña’ i Manoàke, vaho nivotrak’ amy rakembay indraike i anjelin’ Añaharey ie niambesatse an-teteke ey, fe tsy tama’e i vali’ey.
၉ထာဝရဘုရားသည် မာနော်စကားကို နားထောင်တော်မူ၍၊ ဘုရားသခင်၏ ကောင်းကင်တမန်သည် လယ်လုပ်ရာအရပ်၌ ထိုင်လျက်ရှိသော ထိုမိန်းမဆီသို့ လာပြန်၏။ ထိုအခါ ခင်ပွန်းမာနော်မရှိ။
10 Nihitrike ty lay mb’ amy vali’ey mb’eo amy zao i rakembay nanao ty hoe: Ingo fa niheo amako aniany indaty nisodehañe amakoy.
၁၀မိန်းမသည် မိမိခင်ပွန်းထံသို့ အလျင်အမြန်ပြေး၍၊ တနေ့ကလာသောသူသည် ယခုလာရောက်ပြီဟု ကြားပြောလျှင်၊
11 Aa le niongake t’i Manoàke nañorike i vali’ey naho niheo mb’ am’ indatiy mb’eo, le nanoa’ ty hoe: Ihe hao indaty nisaontsy amy rakembaiy? Le hoe re, Izaho.
၁၁မာနော်သည် ထ၍ မယားနှင့်အတူ ထိုသူထံသို့ သွားပြီးလျှင်၊ သင်သည် ဤမိန်းမအား ပြောသော သူမှန်သလောဟု မေးသော်၊ မှန်သည်ဟု ဆို၏။
12 Le hoe t’i Manoake, Ehe te ho tondroke i saontsi’oy. Akore ty andahara’ay i ajajay, vaho ino ty hanoe’ay ama’e?
၁၂မာနော်ကလည်း၊ ကိုယ်တော်၏စကားပြည့်စုံပါစေသော။ သူငယ်သည် အဘယ်သို့သောသူ ဖြစ်ပါလိမ့်မည်နည်း။ သူ၌ အဘယ်သို့ ပြုရပါမည်နည်းဟု မေးသော်၊
13 Le hoe ty natoi’ i anjeli’ Iehovà amy Manoake, Ee te hilie-batañe amy nitaroñeko iabiy o rakembao,
၁၃ထာဝရဘုရား၏ ကောင်းကင်တမန်က၊ ငါပြောသမျှကို မိန်းမရှောင်ရမည်။
14 t’ie tsy hikama ndra inoñ’ inoñe boak’ amy vahey, le ko mei’o hinon-divay ndra toake, ndra ty hikama raha faly; hene ampiambeneñe aze o nandiliakoo.
၁၄စပျစ်ပင်မှ ဖြစ်သမျှကို မစားရ။ စပျစ်ရည်မှစ၍ သေရည်သေရက်ကို မသောက်ရ။ မစင်ကြယ်သော အရာကို မစားရ။ ငါမှာထားသမျှအတိုင်း စောင့်ရှောက်ရမည်ဟု မာနော်အား ပြောဆို၏။
15 Le hoe t’i Manoak’ amy anjeli’ Iehovày, Ehe’e te hisebañ’ azo zahay hañalankañe vik’ose.
၁၅မာနော်ကလည်း၊ ကိုယ်တော်အဘို့ ဆိတ်သငယ်ကို မပြင်ဆင်မှီတိုင်အောင် ကိုယ်တော်ကို ဆီးတားပါရစေဟု ထာဝရဘုရား၏ကောင်းကင်တမန်အား ဆိုလျှင်၊
16 Aa le tinoi’ i anjeli’ Iehovày t’i Manoàke ami’ty hoe: Ndra te sebañe’o, tsy ho kamaeko o mahakama’oo, fe naho hañenga horoañe, le misoroña am’ Iehovà; amy te tsy napota’ i Manoàke t’ie anjeli’ Iehovà.
၁၆ထာဝရဘုရား၏ ကောင်းကင်တမန်က၊ ငါ့ကို ဆီးတားသော်လည်း သင်၏စားစရာကို ငါမစား။ မီးရှို့ရာယဇ်ကို ပူဇော်လိုလျှင် ထာဝရဘုရားအား ပူဇော်ရမည်ဟု မာနော်အား ဆိုပြန်၏။ သူသည် ထာဝရဘုရား၏ ကောင်းကင်တမန်ဖြစ်သည်ကို မာနော် မသိသေး။
17 Le hoe t’i Manoàke amy anjeli’ Iehovày, Ia’ ty tahina’o, hiasia’ay naho tondroke o saontsi’oo?
၁၇မာနော်ကလည်း ကိုယ်တော်စကား ပြည့်စုံသောအခါ၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုချီးမွမ်းရမည် အကြောင်း၊ ကိုယ်တော်၏အမည်ကား အဘယ်သို့နည်းဟု ထာဝရဘုရား၏ကောင်းကင်တမန် အား မေးသော်၊
18 Le hoe ty natoi’ i Anjeli’ Iehovày: Ino ty añontanea’o ty añarako, kanao tsikentañe?
၁၈ထာဝရဘုရား၏ ကောင်းကင်တမန်က၊ အံ့ဩဘွယ်ဖြစ်သော ငါ့အမည်ကို အဘယ်ကြောင့် မေးသနည်းဟု ဆို၏။
19 Aa le rinambe’ i Manoake ty vik’ ose rekets’ enga-mahakama naho nisoroña’e amy Iehovà am-bato eo, vaho nanoe’ i anjeliy halatsañe am-pisamba’ i Manoàke mirovaly,
၁၉မာနော်သည် ဆိတ်သငယ်နှင့် ဘောဇဉ်ပူဇော်သက္ကာကို ယူ၍ ကျောက်ပေါ်မှာ ထာဝရဘုရားအား ပူဇော်လေ၏။ ထိုအခါ မာနော်လင်မယားတို့သည် ကြည့်၍ မြင်ရသော အံ့ဩဘွယ်ဟူမူကား၊
20 amy te, ie nionjomb’ an-dikeram-beo i lel’ afo boak’ amy kitreliiy, le nionjoñe amy lel’ afo boak’ an-kitreliy i anjeli’ Iehovày. Aa ie niisa’ i Manoake mirovaly izay le nibabok’ an-daharañe an-tane.
၂၀မီးလျှံသည် ယဇ်ပလ္လင်ပေါ်က မိုဃ်းကောင်းကင်သို့ တက်စဉ်တွင်၊ ထာဝရဘုရား၏ ကောင်းကင်တမန် သည် ယဇ်ပလ္လင်မီးလျှံ၌ တက်လေ၏။ မာနော်လင်မယားတို့သည် ကြည့်၍မြင်လျှင် မြေပေါ်မှာ ပြပ်ဝပ်လျက်နေကြ၏။
21 Le tsy niboak’ amy Manoàke naho amy vali’ey ka i anjeli’ Iehovà, fe napota’ i Manoàke t’ie anjeli’ Iehovà.
၂၁ထာဝရဘုရား၏ကောင်းကင်တမန်သည်၊ မာနော်လင်မယားတို့အား တဖန်မပေါ်လာ။ ထိုအခါ မာနော်သည် ထာဝရဘုရား၏ ကောင်းကင်တမန်ဖြစ်သည်ကို သိ၏။
22 Le hoe t’i Manoàke amy tañanjomba’ey, Toe hivetrake tika kanao nahaisak’ an’ Andrianañahare.
၂၂မာနော်ကလည်း၊ ငါတို့သည် ဘုရားသခင်ကို မြင်သောကြောင့်၊ ဆက်ဆက်သေတော့မည်ဟု မယားအား ပြောသော်၊
23 Fa hoe ka ty asa’ i vali’ey ama’e: Naho nipay hañoho-doza aman-tika t’Iehovà, tsy ho rinambe’e am-pitàn-tika i soroñey naho i banabanay, naho tsy ho naboa’e amantika, vaho tsy ho tinaro’e aman-tika henaneo i hoe zay.
၂၃မယားက၊ ထာဝရဘုရားသည် ငါတို့ကို သတ်ခြင်းငှါ အလိုတော်ရှိလျှင်၊ မီးရှို့ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာကို ငါတို့လက်မှ ခံယူတော်မမူ။ ဤအခြင်းအရာအလုံးစုံတို့ကိုလည်း ပြတော်မမူ။ ယခုအခါ၌ ဤသို့သော စကားကိုလည်း မိန့်တော်မမူဟု ပြန်ပြော၏။
24 Nisamak’ ana-dahy i rakembay naho natao’e Simsone ty añara’e. Nitombo’ i ajajay vaho nitahie’ Iehovà.
၂၄ထိုမိန်းမသည် သားယောက်ျားကို ဘွားမြင်၍၊ ရှံဆုန်အမည်ဖြင့် မှည့်၏။ သူငယ်သည် ကြီးပွား၍ ထာဝရဘုရားကောင်းကြီးပေးတော်မူ၏။
25 Namototse nañetsek’ aze betek’ an-kialo’ i Dane añivo’ i Tsorà naho i Estaole ty Arofo’ Iehovà.
၂၅ထာဝရဘုရား၏ဝိညာဉ်တော်သည်၊ ဇောရာမြို့နှင့် ဧရှတောလမြို့စပ်ကြား၊ ဒန်အမျိုးတပ်၌ တခါတလေ နှိုးဆော်စပြုတော်မူ၏။