< Josoa 10 >
1 Aa ie jinanji’ i Adoni-tsedeke mpanjaka’ Ierosalaime te rinambe’ i Iehosoa ty Ay naho nandrotsak’ aze; le manahake ty nanoe’e Ieriko rekets’ i mpanjaka’ey, ty nanoe’e i Ay rekets’ i mpanjaka’ey; naho nifampilongo amy Israele o mpimone’ i Giboneo vaho fa aivo’ iereo ao.
၁ယောရှုသည် ယေရိခေါမြို့နှင့် မင်းကြီးကို ပြုသ ကဲ့သို့၊ အာဣမြို့နှင့် မင်းကြီးကို တိုက်ယူ၍ ရှင်းရှင်းဖျက် ဆီးကြောင်းကို၎င်း၊ ဂိဗောင်မြို့သားတို့သည် ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယဖွဲ့၍ အတူနေကြောင်းကို ၎င်း၊ ယေရုရှလင်မင်းကြီးအဒေါနိဇေဒက်သည် ကြား သောအခါ၊
2 Le nangebahebake iereo kanao posetse jabajaba ty Gibone, rovam-panjaka mandikoats’ i Ay, vaho fanalolahy iaby o lahilahi’eo.
၂ဂိဗောင်မြို့သည် မြို့တော်ကဲ့သို့ ကြီးစွာသောမြို့၊ အာဣမြို့ထက်ကြီး၍ မြို့သားယောက်ျား အပေါင်းတို့ သည် ခွန်အားနှင့်ပြည့်စုံသောကြောင့် အလွန်ကြောက်ရွံ့ ကြ၏။
3 Aa le nahitri’ i Adoni-tsedeke mpanjaka’ Ierosalaime amy Hohame, mpanjaka’ i Kebrone naho amy Pirame, mpanjaka’ Iarmote naho am’ Iafia, mpanjaka’ i Lakise vaho amy Debire, mpanjaka’ i Eglone, ty hoe:
၃ထိုအခါ ယေရုရှလင်မင်းကြီးအဒေါနိဇေဒက် သည်၊ ဟေဗြုန်မင်းကြီး ဟောဟံ၊ ယာမုတ်မင်းကြီးပိရံ၊ လာခိရှမင်းကြီးယာဖျာ၊ ဧဂလုန်မင်းကြီး ဒေပိရတို့ထံသို့ စေလွှတ်၍၊
4 Mionjona mb’ amako mb’etoa; antao tika handafa i Gibone amy t’ie nifampilongo amy Iehosoa naho amo ana’ Israeleo.
၄ဂိဗောင်မြို့သည် ယောရှုမှစ၍ ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယဖွဲ့သောကြောင့်၊ ထိုမြို့ကို လုပ်ကြံခြင်းငှါ ငါ့ထံသို့လာ၍ ငါနှင့်အတူ ကူညီကြပါဟု နှိုးဆော်သည်အတိုင်း၊
5 Aa le nifañosoñe i mpanjaka lime’ o nte-Amoreo rey, ty mpanjaka’ Ierosalaime, ty mpanjaka’ i Kebrone, ty mpanjaka’ Iarmote, ty mpanjaka’ i Lakise vaho ty mpanjaka’ i Eglone rekets’ o valobohò’ iareo iabio, nitobe tandrife i Gibone ey vaho nialia’e.
၅ယေရုရှလင်မင်းကြီး၊ ဟေဗြုန်မင်းကြီး၊ ယာမုတ်မင်းကြီး၊ လာခိရှမင်းကြီး၊ ဧဂလုန်မင်းကြီးတည်း ဟူသော အာမောရိမင်းကြီး ငါးပါးတို့သည် စည်းဝေး၍ မိမိတို့ဗိုလ်ပါစစ်သည် အပေါင်းတို့နှင့်တကွ စစ်ချီ၍၊ ဂိဗောင်မြို့ရှေ့မှာ တပ်ချလျက် စစ်တိုက်ကြ၏။
6 Aa le nañitrik’ am’ Iehosoa e Gilgale añe ondati’ i Giboneo nanao ty hoe: Ko ageba’o amo mpitoro’oo o fità’oo; malisà! mionjona mb’ ama’ay mb’etoy, rombaho vaho oloro; amy te nifanontoñe haname anay ze hene mpanjaka nte-Amore mpimoneñe am-bohibohitse ao.
၆ဂိဗောင်မြို့သားတို့သည် ယောရှုရှိရာ ဂိလဂါလ မြို့သို့ စေလွှတ်၍၊ ကိုယ်တော်၏ ကျွန်တို့ကို ကြည့်ရှုလျက် နေတော်မမူပါနှင့်။ အလျင်အမြန်ကြွ၍ မစကယ်တင် တော်မူပါ။ တောင်ပေါ်မှာနေသော အာမောရိမင်းကြီး အပေါင်းတို့သည် ကျွန်တော်တို့ကို တိုက်ခြင်းငှါ စည်းဝေး ကြပါပြီဟု လျှောက်ကြ၏။
7 Aa le niavotse i Gilgale t’Iehosoa reketse ze hene lahindefo’e, toe o fanalolahi’e iabio.
၇ယောရှုသည်လည်း၊ စစ်မှု၌ ကျင်လည်သောသူ၊ ခွန်အားကြီးသော သူရဲအပေါင်းတို့နှင့်တကွ၊ ဂိလဂါလမြို့မှ တက်သွားလေ၏။
8 Le hoe t’Iehovà amy Iehosoa, Ko hembañe, ie fa natoloko am-pità’o; leo raik’ am’ondati’eo tsy hahafijohañe ama’o.
၈ထာဝရဘုရားကလည်း၊ သူတို့ကို မကြောက်နှင့်။ သင်၏လက်၌ ငါအပ်မည်။ သင့်ရှေ့မှာ လူတစုံတ ယောက်မျှ မခံမရပ်နိုင်ရာဟု ယောရှုအား မိန့်တော်မူ၏။
9 Aa le nivovo am’ iereo t’Iehosoa fa nikatsakatsake haleñe boake Gilgale añe,
၉ယောရှုသည် ဂိလဂါလမြို့မှ တညဉ့်လုံးချီသွား ၍၊ ရန်သူတို့ကို အမှတ်တမဲ့တိုက်လာသဖြင့်၊
10 vaho navalitsikota’ Iehovà añatrefa’ Israele eo, le binaibai’e e Gibone am-pizamanam-bey; naho hinorida’e mb’ amy fitroara’ i Bete-koroney mb’ eo, vaho finofo’e pak’ Azekà naho Makedà añe.
၁၀ထာဝရဘုရားသည် သူတို့ကို ဣသရေလအမျိုး သားရှေ့မှာ ရှုံးစေ၍၊ ဂိဗောင်မြို့အနားမှာ ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သတ်၍၊ ဗေသောရုံမြို့သို့ သွားသော လမ်း၌ လိုက်လျက်၊ အဇေကာမြို့၊ မက္ကဒါမြို့တိုင်အောင် လုပ်ကြံတော်မူ၏။
11 Aa ie nandripàke ty lay am’ Israele, amy fizotsoa’ i Bete-koroney le nahirirì’ Iehovà ama’ iereo ty vato gadaboñe boak’ an-dikerañey pak’ Azekà, vaho nikoromake; maro ty nampivetrahe’ i havandra gadaboñey te amo vinono’ o ana’ Israeleo am-pibarao.
၁၁ထိုသူတို့သည် ဣသရေလလူတို့ရှေ့မှာ ပြေး၍ ဗေသောရုန်မြို့သို့ ဆင်းသွားရာတွင်၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်မှ ကြီးစွာသော မိုဃ်းသီးကို အဇေကာ မြို့တိုင်အောင် သူတို့အပေါ်၌ ချတော်မူ၍၊ သူတို့သည် ဣသရေလလူတို့၏ ထားကြောင့် သေသည်ထက် မိုဃ်းသီး ကြောင့် သာ၍သေကြ၏။
12 Le hoe t’Iehosoa am’ Iehovà amy andro nanolora’ Iehovà o nte-Amoreo añatrefa’ o ana’ Israeleoy; hoe re ampahaisaha’ Israele, Ry andro, mijihera amy Gibone ey, naho ry volañe, am-bavatane’ i Aialone ey.
၁၂ထိုသို့ အာမောရိလူတို့ကို ဣသရေလအမျိုးသား တို့၌ အပ်တော်မူသောနေ့မှာ၊ ယောရှုသည် ထာဝရဘုရား ကို ဆုတောင်းပြီးလျှင်၊ အိုနေ သင်သည် ဂိဗောင်မြို့၌ ၎င်း၊ အိုလ သင်သည် အာယလုန်ချိုင့်၌၎င်း ငြိမ်ဝပ်စွာ နေလော့ဟု ဣသရေလအမျိုးသားများရှေ့တွင် မြွက်ဆို သည်အတိုင်း၊
13 Aa le nijihetse i àndroy vaho nitsangañe i volañey, ampara’ te niheneke ty fañondroha’ iareo amo rafelahi’ iareoo. Tsy fa sinokitse amy boke Iasarey hao? Nijohañe an-teñateñan-dikerañe ey i àndroy, va’e andro raike t’ie tsy nalisa niroñe.
၁၃ဣသရေလ လူတို့သည် ရန်သူတို့အားအပြစ် ဒဏ်မပေးမှီတိုင်အောင်နေသည် ငြိမ်ဝပ်စွာနေ၍ လသည် ရပ်လေ၏။ ယာရှာ၏စာ၌ ပါသည်ကား၊ မိုဃ်း ကောင်းကင်အလယ်၌နေသည် ရပ်နေ၏။ ဝင်မြဲဝင်အံ့ သောငှါ တနေ့လုံး အလျင်မပြုဟု ပါသည်မဟုတ်လော။
14 Mboe lia’e tsy teo ty andro taolo ndra nanonjohy ty nanahake aze, te nihaoñe’ Iehovà ty feo’ ondaty raike; amy te nialy ho a Israele t’Iehovà.
၁၄ထာဝရဘုရားသည် လူစကားကို နားထောင်၍၊ ထိုသို့သောနေ့တနေ့မျှ မဖြစ်စဖူး။ နောက်ဖန်လည်းဖြစ် မဖြစ်။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဣသရေ လအမျိုးဘက်မှာ စစ်တိုက်တော်မူ၏။
15 Nimpoly amy zao t’Iehosoa, naho Israele iaby nindre ama’e mb’an-tobe e Gilgale añe.
၁၅ထိုနောက်၊ ယောရှုသည်၊ ဣသရေလလူအပေါင်း တို့နှင့်တကွ၊ ဂိလဂါလတပ်သို့ ပြန်သွား၏။
16 Fe nipoliotse i mpanjaka lime rey nietak’ an-dakato’ i Makedà ao.
၁၆မင်းကြီးငါးပါးတို့သည် ပြေး၍ မက္ကဒါလိုင်ခေါင်း ၌ ပုန်းလျက်နေကြ၏။
17 Aa le nitaroñeñe am’ Iehosoa ty hoe: Nioniñe mietak’ an-dakato’ i Makedà ao i mpanjaka lime rey.
၁၇မက္ကဒါလိုင်ခေါင်း၌ ပုန်းလျက်နေသော မင်းကြီး ငါးပါးကို တွေ့ပါပြီဟု ယောရှုအား ကြားလျှောက်လျှင်၊
18 Le hoe t’Iehosoa: Amariño vato jabajaba am-bava’ i lakatoy le ajadoño eo t’indaty hañambeñe iareo
၁၈ယောရှုက၊ လိုင်ခေါင်းဝပေါ်မှာ ကြီးစွာသော ကျောက်တို့ကို လှိမ့်ပုံ၍ လူစောင့်တို့ကို ထားကြလော့။
19 le ko tambatse eo, fa horidaño o rafelahi’ areoo vaho lafao o amboli’eoo; ko engañe hizilik’ amo rova’eo; amy t’ie natolo’ Iehovà Andrianañahare’ areo am-pità’ areo.
၁၉သင်တို့မူကား မဆိုင်းမလင့်။ ရန်သူတို့ကို လိုက် ၍ မှီသမျှသောသူတို့ကို ကွပ်မျက်ကြ။ မြို့ထဲသို့ မဝင်စေ ကြနှင့်။ သင်တို့ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို သင်တို့လက်၌ အပ်တော်မူပြီဟု မှာထားလေ၏။
20 Naho nihenefe’ Iehosoa naho o ana’ Israeleo ty fanjamanañe iareo am-pañohofan-doza ra’elahy, ampara’ t’ie fonga nimongotse vaho fa nimoak’ amo rova fatratseo o sehanga’eo,
၂၀ယောရှုနှင့် ဣသရေလလူတို့သည် ရန်သူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သုတ်သင်ပယ်ရှင်းပြီးမှ၊ ကျန်ကြွင်းသောသူအချို့တို့သည် ခိုင်ခံ့သောမြို့သို့ ဝင်၍ နေကြ၏။
21 le nimpoly mb’an-tobe mb’eo am-panintsiñañe ondaty iabio mb’ amy Iehosoa e Makedà mb’eo; tsy teo ka ty naniom-pameleke hitreatre ndra iaia amo ana’ Israeleo.
၂၁လူအပေါင်းတို့သည် ယောရှုရှိရာ မက္ကဒါတပ်သို့ ငြိမ်ဝပ်စွာ ပြန်လာကြ၏။ ဣသရေလလူ တစုံတယောက် ကို အဘယ်သူမျှ အပြစ်မတင်ရ။
22 Le hoe t’Iehosoa, Sokafo ty vava’ i lakatoy vaho aseseo amako boak’ an-dakato ao i mpanjaka lime rey.
၂၂ယောရှုကလည်း၊ လိုင်ခေါင်းကို ဖွင့်ပြီးလျှင်၊ ထို မင်းကြီးငါးပါးတို့ကို လိုင်ခေါင်းထဲကထုတ်၍ ငါ့ထံသို့ ဆောင်ခဲ့ကြဟု မှာလိုက်သည်အတိုင်း၊
23 Aa le nanoe’ iereo; nakare’ iareo boak’ an-dakato ao i mpanjaka lime rey: ty mpanjaka’ Ierosalaime, ty mpanjaka’ i Kebrone, ty mpanjaka’ Iarmote, ty mpanjaka’ i Lakise, ty mpanjaka’ i Eglone.
၂၃သူတို့သည် ပြု၍၊ ယေရုရှလင်မင်းကြီး၊ ဟေဗြုန် မင်းကြီး၊ ယာမုတ်မင်းကြီး၊ လာခိရှမင်းကြီး၊ ဧဂလုန် မင်းကြီးငါးပါးတို့ကို လိုင်ခေါင်းထဲက ဆောင်ခဲ့၍၊
24 Le nakare’ iareo mb’ am’ Iehosoa i mpanjaka rey, naho kinanji’ Iehosoa o lahindefo’ Israele iabio, le nanao ty hoe amo mpifelen-dahin-defo mpindre ama’eo: Mañarinea; apetaho am-pititia’ o mpanjakao o fandia’ areoo. Nañarine amy zao iereo vaho nanoe’ iereo am-pititia’ i mpanjaka rey o fandia’ iereoo.
၂၄ယောရှုထံသို့ ရောက်ပြီးမှ၊ ယောရှုသည် မိမိနှင့် အတူ စစ်ချီသော ဗိုလ်မင်းတို့နှင့် ဣသရေလလူအပေါင်း တို့ကို ခေါ်လျှင်၊ ချဉ်းလာကြ။ ဤမင်းကြီးတို့၏ လည်ကုပ် အပေါ်၌ ခြေကို တင်ကြဟု ဗိုလ်မင်းတို့အား ဆိုသည် အတိုင်း၊ သူတို့သည် ချဉ်းလာ၍ ထိုမင်းကြီးတို့၏ လည် ကုပ်အပေါ်၌ ခြေကို တင်ကြ၏။
25 Le hoe t’Iehosoa am’ iereo: Ko hembañe, ko mihakahaka, mihaozara naho mahavania; fa zao ty hanoa’ Iehovà ze rafelahy iaby hialia’ areo.
၂၅ယောရှုကလည်း သင်တို့တိုက်ရသော ရန်သူ အပေါင်းတို့ကို ထာဝရဘုရားသည် ဤကဲ့သို့ပြုတော်မူ မည်ဖြစ်၍ မကြောက်ကြနှင့်၊ စိတ်မပျက်ကြနှင့်။ အားယူ ၍ ရဲရင့်ခြင်းရှိကြလော့ဟု ဆိုပြီးမှ၊
26 Linafa’ Iehosoa amy zao iereo, vinono’e vaho nampandradoradoe’e an-katae lime; niradorado amy hatae rey am-para’ te haleñe.
၂၆ထိုမင်းကြီးတို့ကို ထားနှင့်ကွပ်မျက်၍ သစ်ပင် ငါးပင်တို့၌ ဆွဲထားလေ၏။ ညဦးတိုင်အောင် သစ်ပင်၌ ဆွဲထားပြီးမှ၊
27 Ie nitsofots’ andro, le nandily t’Iehosoa, naho nazotso amo hataeo, naho navokovoko amy lakato nietaha’ iareoy, vaho nampipohañe vato jabajaba maro am-bava’ i lakatoy—pak’ami’ty andro toy.
၂၇နေဝင်ချိန်ရောက်သောအခါ၊ ယောရှုစီရင်သည် အတိုင်း သစ်ပင်မှချပြီးလျှင်၊ သူတို့ပုန်းလျက်နေရာ လိုင် ခေါင်း၌ ပစ်ထား၍၊ လိုင်ခေါင်းဝပေါ်မှာ ကြီးစွာသော ကျောက်တို့ကို စုံပုံကြ၏။ ထိုကျောက်ပုံသည် ယနေ့တိုင် အောင်ရှိ၏။
28 Ie amy àndroy, rinambe’ Iehosoa ka t’i Makedà naho linafa’e an-dela-pibara naho nimongore’e i mpanjaka’ey, naho ze fonga ondaty ao; leo raike tsy nisisa; vaho nanoe’e amy mpanjaka’ i Makedày hambañe amy nanoa’e i mpanjaka’ Ierikoy.
၂၈ထိုနေ့၌ ယောရှုသည် မက္ကဒါမြို့ကို တိုက်ယူ၍ မြို့နှင့် မင်းကြီးကို ထားနှင့်လုပ်ကြံပြီးလျှင်၊ မင်းကြီးနှင့် တကွ မြို့သားအပေါင်းတို့ကို တယောက်မျှ မကျန်ကြွင်းရ ဘဲ ရှင်းရှင်းဖျက်ဆီးလေ၏။ ယေရိခေါမင်းကြီးကို ပြုသကဲ့ သို့ မက္ကဒါမင်းကြီးကို ပြုသတည်း။
29 Nienga’ i Makedà t’Iehosoa rekets’ Israele iaby naho nimb’e Libnà mb’eo vaho nialy amy Libnà;
၂၉ထိုနောက် ယောရှုသည်၊ ဣသရေလလူအပေါင်း တို့နှင့်တကွ၊ မက္ကဒါမြို့မှ လိဗနမြို့သို့ချီသွား၍ တိုက်သဖြင့်၊
30 natolo’ Iehovà am-pità’ Israele ka izay naho i mpanjaka’ey le linafa’e an-dela-pibara naho ze fonga ondaty ao; tsy nampipoke sengaha’e, le nanoe’e amy mpanjaka’ey hambañe amy nanoe’e amy mpanjaka’ Ierikoy.
၃၀ထာဝရဘုရားသည် ထိုမြို့နှင့် မင်းကြီးကို ဣသ ရေလလူတို့လက်၌ အပ်တော်မူ၍၊ မြို့နှင့် မြို့သားအ ပေါင်းတို့ကို တယောက်မျှမကျန်ကြွင်းရဘဲ ထားနှင့်လုပ် ကြံ၍၊ ယေရိခေါမင်းကြီးကို ပြုသကဲ့သို့ ထိုမင်းကြီးကို ပြုကြ၏။
31 Nienga i Libnà t’Iehosoa naho Israele iaby, nomb’e Lakise mb’eo naho nitobe marine aze vaho nialia’e;
၃၁ယောရှုသည် ဣသရေလလူအပေါင်းတို့နှင့် တကွ၊ လိဗနမြို့မှ လာခိရှမြို့သို့ ချီသွား၍ တပ်ချလျက် တိုက်ကြ၏။
32 le natolo’ Iehovà am-pità’ Israele t’i Lakise; rinambe’e amy andro faha roey vaho linafa’e an-dela-pibara naho ze fonga ondaty ao, hambañe amy nanoe’e i Libnày.
၃၂ထာဝရဘုရားသည် ထိုမြို့ကို ဣသရေလလူတို့ လက်၌ အပ်တော်မူသဖြင့်၊ ဒုတိယနေ့၌ရ၍ လိဗနမြို့ကို ပြုသကဲ့သို့ ထိုမြို့နှင့် မြို့သူမြို့သားအပေါင်းတို့ကို ထားနှင့် လုပ်ကြံကြ၏။
33 Aa le nionjoñe mb’e Lakise mb’eo t’i Korame mpanjaka’ i Gezere hañolots’ aze, le linafa’ Iehosoa ka naho ondati’eo am-para te tsy aman-tsehanga’e.
၃၃ထိုအခါ ဂေဇာမင်းကြီး ဟောရံသည်၊ လာခိရှမြို့ ကို ကူညီမည်ဟု လာသောကြောင့်၊ ယောရှုသည် ထိုမင်း ကြီးနှင့် သူ၏လူအပေါင်းတို့ကို တယောက်မျှမကျန်ကြွင်း ရဘဲ ရှင်းရှင်းလုပ်ကြံလေ၏။
34 Nienga i Lakise t’Iehosoa rekets’ Israele iaby le nimb’e Eglone mb’eo naho nitobe eo vaho nialia’e.
၃၄တဖန်ယောရှုသည် ဣသရေလလူအပေါင်းတို့ နှင့်တကွ၊ လာခိရှမြို့မှ ဧဂလုန်မြို့သို့ ချီသွား၍ တပ်ချ လျက် တိုက်ကြ၏။
35 Rinambe’ iereo amy àndroy avao, vaho linafa’e an-dela-pibara; ie naho o fonga ondati’eo ro zinama’e amy àndroy, hambañe amy nanoe’e i Lakisey.
၃၅ထိုနေ့ခြင်းတွင်ရ၍ လာခိရှမြို့ကို ပြုသကဲ့သို့၊ ထိုမြို့နှင့် မြို့သူမြို့သားအပေါင်းတို့ကို ထားနှင့်လုပ်ကြံ၍ တနေ့ခြင်းတွင် ရှင်းရှင်းဖျက်ဆီးကြ၏။
36 Nienga i Eglone t’Iehosoa naho nindre ama’e t’Israele iaby, nimb’e Kebrone mb’ eo le nialia’e.
၃၆တဖန် ယောရှုသည် ဣသရေလလူအပေါင်းတို့ နှင့်တကွ၊ ဧဂလုန်မြို့မှ ဟေဗြုန်မြို့သို့ ချီသွား၍ တိုက်ကြ ၏။
37 Rinambe izay naho linafa’e an-dela-pibara rekets’ i mpanjaka’ey naho ze hene rova’e naho ondati’e iabio; leo sehanga’e tsy napo’e, hambañe amy nanoe’e i Egloney, ie vata’e narotsa’e reketse ze fonga ondaty ama’e ao.
၃၇ရသောအခါ၊ ဧဂလုန်မြို့ကို ပြုသကဲ့သို့ ထိုမြို့နှင့် မင်းကြီးကို၎င်း၊ ထိုမြို့နှင့်ဆိုင်သော မြို့ရှိသမျှတို့ကို၎င်း၊ မြို့သူမြို့သားအပေါင်းတို့ကို၎င်း၊ တယောက်မျှ မကျန် ကြွင်းရဘဲ ထားနှင့်လုပ်ကြံ၍ မြို့နှင့်မြို့သားအပေါင်းတို့ ကို ရှင်းရှင်းဖျက်ဆီးကြ၏။
38 Nibalike mb’e Debire mb’eo t’Iehosoa naho nindre ama’e t’Israele iaby vaho nialia’e;
၃၈တဖန် ယောရှုသည် ဣသရေလလူအပေါင်းတို့ နှင့်တကွ၊ ဒေဗိရမြို့သို့ ပြန်လာ၍ တိုက်ကြ၏။
39 rinambe’e rekets’ i mpanjaka’ey naho o rova’eo le linafa’ iareo an-dela-pibara naho namongotse ze fonga ondaty ao; leo sehanga’e tsy napo’e; manahake ty nanoe’e Amy Kebrone ty nanoa’e Amy Debire naho i mpanjaka’ey, hambañe amy nanoe’e amy Libnày naho i mpanjaka’eiy.
၃၉ထိုမြို့နှင့် မင်းကြီးကို၎င်း၊ ထိုမြို့နှင့်ဆိုင်သော မြို့ရှိသမျှတို့ကို၎င်း ရ၍၊ ထားနှင့်လုပ်ကြံသဖြင့် မြို့သား အပေါင်းတို့ကို တယောက်မျှမကျန်ကြွင်းရဘဲ ရှင်းရှင်း ဖျက်ဆီးလေ၏။ ဟေဗြုန်မြို့၊ လိဗနမြို့နှင့် မင်းကြီးကို ပြုသကဲ့သို့ ဒေဗိရမြို့နှင့် မင်းကြီးကို ပြုသတည်း။
40 Aa le hene finofo’ Iehosoa o am-bohibohitseo naho i Atimoy naho i vavatanen-drano manganahanay naho o mpanjaka’e iabio; tsy napo’e sehanga’e fa fonga nimongore’e ze raha nikofòke, ty amy linili’ Iehovà Andrianañahare’ Israeley.
၄၀ထိုသို့ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရ ဘုရား မှာထားတော်မူသည်အတိုင်း၊ ယောရှုသည် တောင် ပေါ်အရပ်၊ တောင်မျက်နှာအရပ်၊ ချိုင့်ထဲအရပ်၊ စမ်းရေ တွင်းအရပ်ရှိသမျှတို့နှင့်တကွ မင်းကြီးအပေါင်းတို့ကို လုပ်ကြံ၍၊ အသက်ရှင်သောသူတယောက်မျှ မကျန်ကြွင်း ရဘဲ ရှင်းရှင်းဖျက်ဆီးလေ၏။
41 Fonga linafa’ Iehosoa boake Kadese-barnea pak’ Aza naho an-tane Gosene iaby pake Gibone.
၄၁ကာဒေရှဗာနာမြို့မှစ၍ ဂါဇမြို့တိုင်အောင်၎င်း၊ ဂေါရှင်ပြည်တရှောက်လုံးနှင့်တကွ၊ ဂိဗောင်မြို့တိုင် အောင်၎င်း လုပ်ကြံ၍၊
42 Rinambe’ Iehosoa indrai-mipaoke i mpanjaka rey naho o tane’eo amy te nialy ho a Israele t’Iehovà Andrianañahare’ Israele.
၄၂ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား သည်၊ ဣသရေလအမျိုးဘက်မှာ စစ်တိုက်တော်မူသော ကြောင့်၊ ထိုပြည်သားများနှင့်တကွ မင်းကြီးအပေါင်းတို့ကို တခါတည်း အောင်လေ၏။
43 Aa le nimpoly mb’an-tobe’ i Gilgale mb’eo t’Iehosoa naho Israele iaby.
၄၃ထိုနောက် ယောရှုသည်၊ ဣသရေလလူအ ပေါင်းတို့နှင့်တကွ ဂိလဂါလတပ်သို့ ပြန်သွား၏။