< Isaia 39 >
1 Ie amy zay, nampañitrike taratasy naho ravoravo am’ Iekizkia t’i Merodak-baladane ana’ i Baladane, mpanjaka’ i Bavele; amy te jinanji’e t’ie natindry vaho nibodañe.
၁ထိုကာလအခါ ဗာလဒန်သား၊ ဗာဗုလုန်မင်းကြီး မေရောဒပ္ဗါလဒန်သည် ဟေဇကိမင်း နာ၍၊ အနာ ပျောက်သည်ကို ကြားသောကြောင့်၊ မေတ္တာစာနှင့် လက် ဆောင်ပါလျက်၊ တမန်တို့ကို စေလွှတ်လေ၏။
2 Nifale t’Iekizkia vaho natoro’e iareo ty trañom-bara’e, ty volafoty, ty volamena, naho o fampafiriañeo, i menake sarotsey naho i trañom-pikalaña’e iabiy naho ze hene nioniñe amo vara’eo; tsy añ’anjomba’e ao ndra am-pifehea’e iaby ty tsy natoro’e.
၂ဟေဇကိမင်းသည် သူတို့ရောက်သောကြောင့် ဝမ်းမြောက်၍၊ ရွှေတိုက်မှစသော ရွှေတိုက်မှစသော ရွှေ၊ ငွေ၊ နံ့သာမျိုး၊ အဘိုးထိုက်သော နံ့သာဆီ၊ လက်နက် တိုက်နှင့် ဘဏ္ဍာတော်အလုံးစုံတို့ကို ပြလေ၏။ နန်းတော်မှစ၍ နိုင်ငံတော်အရပ်ရပ်၌ မပြသောအရာ တစုံတခုမျှ မရှိ။
3 Aa le niheo mb’ am’ Iekizkia mb’eo t’Iesaià nanao ty hoe: Ino ty nisaontsia’ indaty rey? Le aia ty nihirifa’ iareo te nimb’ ama’o? Le hoe t’Iekizkia: Boak’ am-pifelehañe tsietoitane añe t’ie nimb’ amako mb’ etoy; hirike e Bavele añe.
၃ထိုအခါ ပရောဖက် ဟေရှာယသည် ဟေဇကိ မင်းကြီးထံတော်သို့သွား၍၊ ထိုသူတို့သည် အဘယ်သို့ ပြောကြပါသနည်း။ အဘယ်ပြည်မှ အထံတော်သို့ လာကြပါသနည်းဟု မေးလျှောက်သော်၊ ဟေဇကိမင်းက၊ ဝေးသောအရပ်၊ ဗာဗုလုန်ပြည်မှ ရောက်လာကြသည်ဟု ပြန်ပြော၏။
4 Le hoe re: Ino ty niisa’ iareo añ’anjomba’o ao? Nanoiñe ty hoe t’Iekizkia: Fonga niisa’ iereo ze añ’anjombako ao, tsy amo varakoo ty tsy nitoroako.
၄နန်းတော်၌ အဘယ်အရာကို မြင်ကြပြီနည်းဟု မေးပြန်လျှင်၊ ဟေဇကိမင်းက၊ နန်းတော်၌ ရှိသမျှကို မြင်ရကြပြီ။ ဘဏ္ဍာတော်တွင် ငါမပြသောအရာ တစုံတခု မျှ မရှိဟုပြန်ပြော၏။
5 Aa le hoe t’Iesaià am’ Iekizkia: Janjiño ty tsara’ Iehovà’ i Màroy:
၅ထိုအခါ ဟေရှာယက၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်လော့။
6 Toe ho avy ty andro, te hendeseñe mb’e Bavele mb’eo ze he’e añ’ anjomba’o ao naho o vara nahajan-droae’o ho ami’ty andro toio, leo raike tsy hapoke, hoe t’Iehovà.
၆နန်းတော်၌ ရှိသမျှကို၎င်း၊ ယနေ့တိုင်အောင် ဘိုးဘေးတို့သည် ဆည်းဖူးသမျှကို၎င်း၊ ဗာဗုလုန်မြို့သို့ ယူသွားရသော ကာလသည် ရောက်လိမ့်မည်။ တစုံတခုမျှ မကျန်ကြွင်းရဟု ထာဝရဘုရား မိန့်တော်မူ၏။
7 Le o anake hiboak’ ama’oo, o hasama’oo, ro hasese mb’eo ho vositse añ’ anjombam-panjaka’ i Bavele ao.
၇သင်နှင့်နွှယ်၍ရသော သင်၏ သားမြေးတို့ကို လည်း ယူသွား၍၊ သူတို့သည် ဗာဗုလုန်ရှင်ဘုရင်၏ နန်းတော်၌၊ လူပျိုတော်လုပ်ရကြလိမ့်မည်ဟု ဟေဇကိ မင်းအား ပြောဆိုလေ၏။
8 Le hoe ty natoi’ Iekizkia am’ Iesaià: Soa i tsara’ Iehovà nisaontsie’oy, ie nañereñere ty hoe; Amy te hanjo fierañerañañe naho havañonan-draho amo androkoo.
၈ဟေဇကိမင်းကလည်း၊ သင်ပြန်ရသော ထာဝရ ဘုရား၏ နှုတ်ကပတ်တော် ကောင်းပါ၏ဟူ၍၎င်း၊ အကယ်စင်စစ် ငါ့လက်ထက်၌ ငြိမ်သက်ခြင်းနှင့် သစ္စာ စောင့်ခြင်းရှိရလိမ့်မည် ဟူ၍၎င်း၊ ဟေရှာယအား ဆိုလေ ၏။