< Isaia 20 >

1 Amy taoñe nanamea’ i Tartane i Asdodey, (ie nampañitrife’ ty mpanjaka’ i Asore), le nialia’e ty Asdode vaho tinava’e;
အာ​ရှု​ရိ​ဘု​ရင်​သာ​ဂုန်​၏​အ​မိန့်​တော်​အ​ရ အာ​ရှု​ရိ​တပ်​မ​တော်​ဦး​စီး​ချုပ်​သည်​ဖိ​လိတ္တိ ပြည်၊ အာ​ဇုတ်​မြို့​ကို​တိုက်​ခိုက်​လေ​သည်။-
2 ie amy taoñe zay, le nitsara am’ Iesaià ana’ i Amotse t’Iehovà nanao ty hoe: Akia, abalaho hiafake an-toha’o eo i lamban-goniy vaho apolitiro am-pandia’o o hana’oo. Nanoe’e zay, nañavelo nihalo tsy aman-kana.
လွန်​ခဲ့​သော​သုံး​နှစ်​က​ထာ​ဝ​ရ​ဘု​ရား​သည် အာ​မုတ်​၏​သား​ဟေ​ရှာ​ယ​အား မိ​မိ​ဝတ်​ဆင် ထား​သည့်​လျှော်​တေ​အ​ဝတ်​နှင့်​ဖိ​နပ်​ကို​ချွတ် ပစ်​ရန်​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း ဟေ​ရှာ​ယ သည်​အ​ဝတ်​မ​ဝတ်၊ ဖိ​နပ်​မ​စီး​ဘဲ​သွား​လာ လျက်​နေ​ခဲ့​၏။-
3 Le hoe t’Iehovà: Manahake te nañavelo tsy aman-tsaroñe, tsy aman-kana telo taoñe ty mpitoroko Iesaià, t’ie ho viloñe naho halatsañe amy Mitsraime naho amy Kose,
အာ​ဇုတ်​မြို့​ကျ​ဆုံး​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​က``ငါ​၏​အ​စေ​ခံ​ဟေ​ရှာ​ယ​သည် ဖိ​နပ်​မ​စီး​ဘဲ အ​ဝတ်​အ​ချည်း​စည်း​နှင့်​သုံး နှစ်​တိုင်​တိုင်​သွား​လာ​နေ​ခဲ့​သည်​မှာ အီ​ဂျစ် ပြည်​နှင့်​ဆူ​ဒန်​ပြည်​တို့​ကြုံ​တွေ့​ရ​မည့် အ​ဖြစ်​အ​ပျက်​နိ​မိတ်​လက္ခ​ဏာ​ပင်​ဖြစ်​၏။-
4 le ho kozozote’ ty mpanjaka’ i Asore o mpirohi’ i Mitsraimeo naho o hasese boake Koseo, hibongy vaho tsy ho aman-kana, ty kede naho ty bey, tsy ho aman-tsaro ty voli’e ho ami’ty hasalara’ i Mitsraime.
အာ​ရှု​ရိ​ဘု​ရင်​သည်​ဤ​နိုင်​ငံ​နှစ်​ခု​မှ​ဖမ်း​ဆီး ရ​မိ​သည့်​သုံ့​ပန်း​များ​ကို အ​ဝတ်​အ​ချည်း​စည်း နှင့်​ခေါ်​ဆောင်​သွား​လိမ့်​မည်။ သူ​တို့​သည်​လူ​ကြီး လူ​ငယ်​မ​ကျန်၊ ဖိ​နပ်​မ​ပါ၊ မိ​မိ​တို့​အ​ရှက်​ကို ပင်​မ​ဖုံး​နိုင်​ဘဲ​အ​ဝတ်​အ​ချည်း​စည်း​နှင့်​လိုက် ပါ​သွား​ကာ အီ​ဂျစ်​ပြည်​ကို​အ​သ​ရေ​ဖျက် ကြ​လိမ့်​မည်။-
5 Ho lonjetse naho meñatse iereo ty amy Kose, fitamà’ iareo, naho i Mitsraime fisengea’ iareo.
ဆူ​ဒန်​ပြည်​ကို​ယုံ​ကြည်​ကိုး​စား​ကာ အီ​ဂျစ်​ပြည် အ​ကြောင်း​ကို​ဝါ​ကြွား​ပြော​ဆို​ကြ​သူ​တို့​သည် မျှော်​လင့်​ခြင်း​ပျက်​ပြား​လျက် အ​မြင်​မှန်​ရ​ရှိ လာ​ကြ​လိမ့်​မည်။-
6 Le hanao ty hoe ty mpimoneñe añ’olo-tane atoy amy andro zay: Heheke o nitamaen-tikañeo, i nipitsihan-tika nipay olotse hivotsoran-tika amy mpanjaka’ i Asoreiy; tika ‘nio! aia ty hivoratsahan-tika?
ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ဖိ​လိတ္တိ​ကမ်း​ခြေ​တွင်​နေ​ထိုင်​ကြ​သူ​တို့​သည်``ငါ တို့​အား​အာ​ရှု​ရိ​ဘု​ရင်​၏​ဘေး​မှ​ကာ​ကွယ်​စောင့် ရှောက်​ရန် ငါ​တို့​မှီ​ခို​အား​ကိုး​ခဲ့​သည့်​လူ​တို့​၏ ဖြစ်​အင်​ကို​ကြည့်​ကြ​လော့။ ငါ​တို့​သည်​အ​ဘယ် သို့​လျှင်​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နိုင်​ကြ​ပါ မည်​နည်း'' ဟု​ဆို​ကြ​လိမ့်​မည်။

< Isaia 20 >