< 2 Samoela 17 >
1 Tinovo’ i Ahitofele amy Absalome ty hoe: Angao ho joboñeko ty lahilahy rai-ale-tsi-ro’arivo henaneo, le anito haleñe
၁တဖန်အဟိသောဖေလက၊ ကျွန်တော်သည် လူတသောင်းနှစ်ထောင်တို့ကို ရွေကောက်ပါရစေ။ ယနေ့ ညဉ့်ပင် ကျွန်တော်ထ၍ ဒါဝိဒ်ကိုလိုက်ပါမည်။
2 ty hivotrahako ama’e, ie mokotse naho am-pitàñe maleme, hampangebakebak’ aze; le hitriban-day ondaty iaby mindre ama’eo vaho i mpanjakay avao ty ho lafaeko;
၂သူသည်မောလျက် လက်အားနည်းလျက် နေစဉ်အခါ ကျွန်တော်တိုက်၍ သူ့ကိုထိတ်လန့်စေမည်။ သူ၌ ပါသော လူအပေါင်းတို့သည် ပြေးကြ၍၊ ရှင်ဘုရင်ကိုသာ ကျွန်တော်လုပ်ကြံပါမည်။
3 le hampoliko ama’o ondaty iabio; aa ie fonga nitampoly ondatio naho tsy i paia’oy avao, le hene hanintsiñe ondatio.
၃လူအပေါင်းတို့ကို ကိုယ်တော်ထံသို့ ဆောင်ခဲ့ပါမည်။ ကိုယ်တော်ရှာသောသူတယောက်တည်းကိုရလျှင်၊ လူအပေါင်းတို့သည် ပြန်လာ၍ ငြိမ်ဝပ်ကြပါလိမ့်မည်ဟု လျှောက်လျှင်၊
4 Nitea’ i Absalome naho ze hene mpiaolo’ Israele i saontsy zay.
၄ထိုစကားကိုအဗရှလံနှင့် ဣသရေလအမျိုး အသက်ကြီးသူတို့သည် နှစ်သက်ကြ၏။
5 Le hoe t’i Absalome: Kanjio henaneo t’i Khosaý nte-Ereke le ho janjiñen-tika ka ty ho saontsie’e.
၅ထိုအခါ အဗရှလုံက၊ အာခိလူရှဲကိုလည်းခေါခဲ့။ ငါတို့သည် သူ၏စကားကိုနာကြားကြကုန်အံ့ဟုဆိုသည် အတိုင်း၊
6 Aa ie nipok’ amy Absalome eo t’i Khosaý, le hoe t’i Absalome ama’e: Nanao hoe zao ty Ahitofele; Horihen-tika hao i nisaontsie’ey? fa naho tsie le mitaroña.
၆ဟုရှဲသည်လာ၍ အဗရှလုံက၊ အဟိသောဖေလသည် ဤမည်သောအကြံကိုပေးပြီ။ သူ၏စကားကို နားထောင် သင့်သလော။ သို့မဟုတ် သင်ပြောလော့ဟုဆိုလျှင်၊
7 Le hoe t’i Khosaý amy Absalome: Tsy soa ty toro-hevetse natolo’ i Ahitofele henaneo.
၇ဟုရှဲက အဟိသောဖေလပေးသော အကြံသည် ယခုကာလ၌ မလျော်ပါ။
8 Tinovo’ i Khosaý ty hoe: Fohi’o ty rae’o naho ondati’eo, t’ie fanalolahy, naho manahake ty dobe tinavañ’ anak’ an-kivok’ ao ty hafain’ afero añ’arofo’ iareo; toe mpañotakotake ty rae’o, vaho tsy hitoetse am’ ondati’eo.
၈ခမည်းတော်နှင့် သူ၏လူတို့သည် ခွန်အားကြီးသောသူဖြစ်ကြောင်းကို၎င်း၊ ယခုမူကား တော၌ သားငယ်ပျောက်သော ဝံမကဲ့သို့ ပြင်းထန်သောစိတ်ရှိကြောင်းကို၎င်း၊ ကိုယ်တော်သိတော်မူ၏။ ခမည်းတော် သည်လည်း စစ်သူရဲဖြစ်၍ လူများတို့နှင့်အတူ မအိပ်တတ်။
9 Oniño t’ie mietak’ an-kadaha ndra an-toets’ ila’e henaneo; aa ie vaho miambotrak’ am’iereo am-baloha’e, le hanao ty hoe ze mahajanjiñe izay: Fizamanañe ty zoeñe am’ondaty mañorike i Absalomeo;
၉ယခုမှာသူသည် မြေတွင်းတစုံတခု၌ ပုန်းလျက်နေပါလိမ့်မည်။ သို့မဟုတ်အခြားသောအရပ်၌ ပုန်းလျက် နေပါလိမ့်မည်။ လူအချို့တို့သည် အဦးလဲ၍သေလျှင် ထိုသိတင်းကိုကြားသောသူက၊ အဗရှလုံနောက်သို့ လိုက်သောသူသည် ဆုံးရှုံးကြပြီဟု ကြားပြောကြပါလိမ့်မည်။
10 le akore amy zao i fanalolahiy, i aman-tron-dionay, kanao hitranake; fa songa fohi’ Israele te ondaty maozatse ty rae’o naho sindre fanalolahy o mpiama’eo.
၁၀ထိုအခါ ရဲရင့်သောသူ၊ ခြင်္သေ့နှလုံးကဲ့သို့ နှလုံးရှိသောသူသည် စိတ်ပျက်ပါလိမ့်မည်။ ခမည်းတော်သည် ခွန်အားကြီးသောသူဖြစ်ကြောင်းကို၎င်း၊ သူ၌ပါသော သူတို့သည် ရဲရင့်ခြင်းသတ္တိရှိသောသူဖြစ်ကြောင်းကို၎င်း၊ ဣသရေလအမျိုးသားအပေါင်းတို့သည် သိကြပါ၏။
11 Aa le ty hoe ty fanoroako: te hifanontoñe ama’o t’Israele iaby boake Dane pake Beeresebà manahake ty faseñe añ’olon-driake ey ami’ty hatsifotofoto’e; le ihe ka ro ho mb’an-kotakotak’ ao.
၁၁သို့ဖြစ်၍ ကျွန်တော်သည် အကြံပေးပါမည်။ ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ဣသရေလ အမျိုးသားအပေါင်းတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ ကိုယ်တော်ထံ၌ စည်းဝေး၍ ကိုယ်တော်တိုင် စစ်ချီတော်မူရမည်။
12 Aa le hivotrak’ ama’e tika amy ze toetse haharendrehañe aze; hipetak’ ama’e manahake ty fipetahan-jono an-tane; leo raike tsy hapon-tika ndra ie ndra o mpiama’eo.
၁၂ထိုသို့ခမည်းတော်ကိုတွေ့သော အရပ်တစုံတခု၌ သူ့ထံသို့ရောက်လျှင်၊ မြေပေါ်မှာ နှင်းကျကဲ့သို့ သူ့ကိုလွှမ်းမိုး၍ သူနှင့်သူ၌ရှိသောသူတယောက်မျှ မကျန်ကြွင်းရ။
13 Tovo izay he ie mitolila mb’ an-drova ao, le hene hinday taly t’Israele vaho ho kozozoten-tika mb’ am-bavatane ao ampara’ te tsy hanjoàñe vato kede.
၁၃၎င်းနည်းခမည်းတော်သည် မြို့တမြို့ထဲသို့ ဝင်လျှင်၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ကြိုးများကို ယူခဲ့၍ ထိုမြို့၌ ကျောက်စရစ်တခုကိုမျှ မကျန်စေခြင်းငှါ ချိုင့်ထဲသို့ ဆွဲချရကြမည်ဟု လျှောက်လေသော်၊
14 Aa le hoe t’i Absalome naho o hene ondati’ Israeleo: Toe soa ty toro-heve’ i Khosaý nte-Ereke te amy tolo-keve’ i Akitofeley—amy te linili’ Iehovà ty handreketañe ty toro-hevetse soa’ i Akitofele, hametsaha’ Iehovà hankàñe amy Absalome.
၁၄အဗရှလုံနှင့် ဣသရေလအမျိုးသားအပေါင်းတို့က၊ အာခိလူဟုရှဲပေးသော အကြံထက်သာ၍ကောင်း သည်ဟု ပြောဆိုကြ၏။ အကြောင်းမူကား၊ ထာဝရဘုရားသည် အဗရှလုံ၌ ဘေးရောက်စေခြင်းငှါ၊ အဟိသော ဖေလပေးသော အကြံကောင်းကို ဖျက်စေမည်အကြောင်း စီရင်တော်မူ၏။
15 Aa le hoe t’i Khosaý amy Tsadoke naho i Abiatare mpisoroñe: Zao naho zao ty natoro’ i Akitofele amy Absalome naho amo roandria’ Israleo; vaho zao naho zao ka ty natoloko.
၁၅ထိုအခါ ဟုရှဲသည် ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် အဗျာသာတို့အား၊ အဟိသောဖေလသည် ဤမည်သော အကြံကို အဗရှလုံနှင့် ဣသရေလအမျိုးအသက်ကြီးသူတို့ အားပေးပြီ။ ကျွန်ုပ်သည်လည်း ဤမည်သောအကြံကို ပေးပြီ။
16 Aa le mañitrifa masìka, vaho ano ty hoe amy Davide: Ko mitoetse amo montom-patrambeio te anito haleñe, fa mitsàha ndra manao akore; tsy mone habotseke i mpanjakay naho ze hene ondaty mindre ama’e.
၁၆သို့ဖြစ်၍ ဒါဝိဒ်ထံသို့အလျင်အမြန်စေလွှတ်၍ ယနေ့ညမှာ တောလွင်ပြင်၌ မနေပါနှင့်။ အလျင်အမြန် ကူးသွားပါ။ သို့မဟုတ်လျှင် ရှင်ဘုရင်နှင့်လူအပေါင်းတို့ သည် ဆုံးရှုံးခြင်းသို့ ရောက်ကြလိမ့်မည်ဟု ကြားလျှောက် မည်အကြောင်း မှာလိုက်သဖြင့်၊
17 Ie amy zao, nitoboke e En-drogele t’Ionatane naho i Akimatse; naho nimpiheo am’ iereo ty mpitoroñe nitalily; le nimb’ amy Davide mpanjaka añe ka iereo nitalily, soa tsy ho oniñe mimoake amy rovay.
၁၇ယောနသန်နှင့် အဟိမတ်သည် မြို့ထဲသို့ဝင်လျှင် သူတပါးမြင်မည်စိုးသောကြောင့်၊ အင်္ရောဂေလရွာ နားမှာ နေရစဉ်တွင်၊ မိန်းမကလေးတယောက်သွား၍ ပြောသည်အတိုင်းသူတို့သည် ဒါဝိဒ်မင်းကြီးထံသို့ သွား၍ လျှောက်ကြ၏။
18 Fe nitrea’ ty ajalahy le natalili’e amy Absalome; aa le nivoratsake iereo naho nivotrak’ añ’anjomba’ ondaty e Bakorime ze amam-bovoñe an-toe’e vaho nizotso ao.
၁၈သို့ရာတွင် လူကလေးတယောက်သည် ထိုသူတို့ကိုမြင်၍ အဗရှလုံအား လျှောက်လေ၏။ သူတို့သည် အလျင်အမြန်သွား၍ ဗာဟုရိမ်မြို့တွင် အိမ်တအိမ်သို့ဝင်သဖြင့် ထိုအိမ်ဝင်းထဲမှာရှိသော ရေတွင်းသို့ ဆင်း၍၊
19 Rinambe’ ty rakemba ty tako’e naho nakape’e am-bava’ i vovoñey, vaho naparatsa’e ambone’e eo ty tsako lisañe; le tsy nifohiñe.
၁၉မိန်းမသည်ရေတွင်းဝကို ဖုံးပြီးမှ ဆန်ကိုလှန်း၍ ထားသောကြောင့် ထိုအမှုသည် မထင်ရှား။
20 Pok’ amy rakembay amy anjombay ty mpitoro’ i Absalome nanao ty hoe: Aia t’i Akimatse naho Ionatane? Le hoe i rakembay tam’ iereo: Fa nitsake i torahan-dranoy iereo. Aa le nitsoeke fe tsy nahaisake le nimpoly mb’e Ierosalaime mb’eo.
၂၀အဗရှလုံ၏ ကျွန်တို့သည်ထိုအိမ်သို့ရောက်၍ အဟိမတ်နှင့်ယောနသန်တို့သည် အဘယ်မှာရှိသနည်းဟု မိန်းမအားမေးလျှင်၊ မိန်းမက၊ ချောင်းတဘက်သို့ ကူးကြပြီဟု ပြောသဖြင့် သူတို့သည် ရှာ၍မတွေ့သောအခါ ယေရုရှလင်မြို့သို့ပြန်သွားကြ၏။
21 Aa ie nienga, le niakatse i vovoñey iereo vaho nionjomb’eo nitalily amy Davide; le nanao ty hoe amy Davide: Miongaha, masikà, itsaho i ranoy; fa inao ty toro-heve’ i Akitofele ty ama’o.
၂၁ပြန်သွားသောနောက် အဟိမတ်နှင့် ယောနသန်သည် ရေတွင်းထဲကတက်၍ ဒါဝိဒ်မင်းကြီးထံသို့ သွားပြီးလျှင်၊ မြစ်တဘက်သို့ အလျင်အမြန်ထ၍ ကြွတော်မူပါ။ အဟိသောဖေလသည် ကိုယ်တော်တဘက်၌ ဤမည်သော အကြံကိုပေးပါပြီဟု လျှောက်သော်၊
22 Aa le niongake t’i Davide, rekets’ o hene’ ondaty nindre ama’eo, vaho nitsake Iordaney; aa ie niporea’ ty maraindray leo raike tsy nipoke tsy tafatsake Iordaney.
၂၂ဒါဝိဒ်နှင့် လူအပေါင်းတို့သည် ထ၍ ယော်ဒန်မြစ်ကိုကူးကြ၏။ မိုယ်းလင်းသောအခါ မကူးသောသူတယောက် မျှမရှိ။
23 Aa naho nioni’ i Akitofele te tsy noriheñe i toro-heve’ey, nidiaña’e i borìke’ey naho nimpoly mb’ añ’ anjomba’e mb’ an-drova’e añe, le nambine’e i anjomba’ey, vaho nameo vatañe; nihomake, naho nalentek’ an-kiborin-drae’e ao.
၂၃အဟသောဖေလသည် မိမိပေးသောအကြံသို့ မလိုက်ကြသည်အကြောင်းကို သိမြင်သောအခါ၊ မြည်းကို ကုန်းနှီးတင်စေပြီးလျှင်ထ၍ မိမိနေရင်းမြို့ မိမိအိမ်သို့ သွားသဖြင့် အိမ်မှုအိမ်ရေးများကို စီရင်ပြီးမှ လည်ကြိုး တပ်၍ သေလေ၏။ ဘိုးဘေးတို့သင်္ချိုင်း၌ သဂြိုဟ်ကြ၏။
24 Ie pok’e Maknaime añe t’i Davide vaho nitsake Iordaney t’i Absalome, mindre amo fonga’ ondati’ Israeleo.
၂၄ဒါဝိဒ်သည် မဟာနိမ်မြို့သို့ ရောက်လေ၏။ အဗရှလုံသည်လည်း ဣသရေလလူအပေါင်းတို့နှင့်အတူ ယော်ဒန်မြစ်ကို ကူးလေ၏။
25 Nampifehè’ i Absalome i valobohòkey t’i Amasà hasolo Ioabe. Ana’ t’i ana’ Israele atao Iterà nimoak’ amy Abigale ana’ i Nakase, rahavave’ i Tseroià, rene’ Ioabey t’i Amasà.
၂၅အဗရှလုံသည် ဗိုလ်ချုပ်မင်းယွာဘ အရာ၌ အာမသကို ခန့်ထား၏။ အာမသကား၊ ယွာဘ အမိ ဇေရုယာ၏ ညီမနာဟတ်သမီးအဘိဂဲလနှင့် စုံဘက်သော ဣရှမေလအမျိုး ယေသာ၏သား ဖြစ်သတည်း။
26 Aa le nañoren-kibohotse an-tane Gilade ao t’Israele naho i Absalome.
၂၆ဣသရေလအမျိုးတို့နှင့် အဗရှလုံသည် ဂိလဒ်ပြည်၌ တပ်ချကြ၏။
27 Ie fa nivotrake e Maknaime t’i Davide le niheo mb’eo t’i Sobý ana’ i Nakase afo’ i Rabà, nte Amone naho i Makire, ana’ i Amiele nte-Lodebàre vaho i Barzilas nte-Gilade boake Rogelime
၂၇ဒါဝိဒ်သည် မဟာနိမ်မြို့သို့ ရောက်သောအခါ၊ အမ္မုန်ပြည် ရဗ္ဗာမြို့သားနာဟတ်၏သား ရှေဘိ၊ လော ဒေဗာမြို့သား အမျေလ၏သား မာခိရ၊ ဂိလဒ်အမျိုး ရောဂေလိမ်မြို့သား ဗာဇိလဲတို့က၊
28 ninday tihy naho sajoa naho valàñe tane naho vare-bolè naho vare hordea naho lilañe naho tsako-tono naho antake naho mahalay naho poataran’ ampemba
၂၈ထိုလူတို့သည် တော၌ရေစာ ငတ်မွတ်လျက် ပင်ပန်းလျက် နေရပါသည်တကားဟုဆို၍၊ ဒါဝိဒ်နှင့် သူ၏လူများ စားစရာဘို့ ဂျုံဆန်၊ မုယောဆန်၊ မုန့်ညက်၊ ပေါက်ပေါက်မျိုး၊ ပဲမျိုး၊
29 naho tantele naho ronono dero naho añondry vaho habobon’ añombe amy Davide naho ondaty nindre ama’e iabio, hikama, ami’ty asa’ iareo ty hoe: Fa saliko naho mifoezapoezake vaho taliñiereñe ondaty am-patrambeio.
၂၉ပျားရည်၊ နို့ဓမ်း၊ သိုး၊ ဒိန်ခဲနှင့်တကွ အိပ်ရာ၊ လင်ပန်း၊ မြေခွက်များကို ဆောင်ခဲ့ကြသည်။