< 2 Tantara 9 >
1 Ie jinanji’ty mpanjaka-ampela’ i Sebà ty enge’ i Selomò, le nimb’e Ierosalaime mb’eo hitsoke i Selomò am’ ontane sarotse; valobohòke ra’elahy ty nikovovòke nindre ama’e mb’eo; ninday raha mafiry o rameva’eo naho volamena tsifotofoto naho vato soa; aa ie nandoak’ amy Selomò eo le hene nisaontsia’e ze añ’arofo’e ao.
၁ရှေဘပြည်ကိုအစိုးရသော မိဖုရားသည် ရှောလမုန်၏ သိတင်းကိုကြားလျှင်၊ နက်နဲခက်ခဲသော ပြဿသနာအားဖြင့် သူ့ကိုစုံစမ်းခြင်းငှါ၊ နံ့သာမျိုးနှင့် များစွာသောရွှေ၊ အဘိုးထိုက်သောကျောက်တို့ကို ဆောင် သောကုလားအုပ်များ၊ လိုက်သောသူများနှင့်တကွ ယေရု ရှလင်မြို့သို့ လာ၏။
2 Tinoi’ i Selomò aze iaby ontane’eo vaho tsy eo ty raha nietak’ amy Selomò ty tsy nampandrendreha’e.
၂ရှောလမုန်မင်းကြီးထံတော်သို့ ရောက်သော အခါ၊ မိမိအလိုဆန္ဒရှိသမျှကို ဆွေးနွှေးမေးမြန်းလေ၏။ သူမေးမြန်းသော ပြဿနာရှိသမျှတို့ကို ရှောလမုန်သည် ဖြေလေ၏။ နားမလည်၍မဖြေနိုင်သော အရာတစုံတခုမျှ မရှိ။
3 Ie nioni’ i mpanjaka-ampela’ i Sebày ty hihi’ i Selomò naho i anjomba’ niranjie’ey,
၃ရှေဘမိဖုရားသည် ရှောလမုန်၏ ပညာကို၎င်း၊ တည်ဆောက်သော အိမ်တော်ကို၎င်း၊
4 naho o mahakama am-pandambaña’eo naho o fiambesam-pitoro’eo naho ty fiatrafa’ o mpiatra’eo naho ty saro’ iareo; naho o mpitàm-pitovi’eo naho o siki’ iareoo; vaho ty fanongañe nionjona’e mb’añ’anjomba’ Iehovà mb’ eo, le tsy nahakofòke.
၄စားပွဲတော်တန်ဆာကို၎င်း၊ အမှုတော်စောင့်တို့နေရာ ထိုင်ရာကို၎င်း၊ လုလင်တို့ခစားသည် အခြင်းအရာကို၎င်း၊ သူတို့ဝတ်သော အဝတ်တန်ဆာကို၎င်း၊ ဝန်စာရေးများ နှင့် သူတို့ဝတ်သောအဝတ်တန်ဆာကို၎င်း၊ ထာဝရ ဘုရား၏ အိမ်တော်၌မီးရှို့ရာ ယဇ်ပူဇော်ခြင်းကို၎င်း မြင်သောအခါ မိန်းမောတွေဝေလျက်ရှိ၍၊
5 Le hoe re amy mpanjakay, Talily to ty nitsanoñeko an-taneko añe ty amo fitoloña’oo naho o hihi’oo,
၅ကိုယ်တော်၏ အခြင်းအရာနှင့် ကိုယ်တော်၏ ပညာကို အကျွန်ုပ်သည် ကိုယ်ပြည်၌ကြားရသော သိတင်းစကား မှန်ပါ၏။
6 le tsy niantofako heike o saontsi’eo naho tsy nivotrake etoan-draho vaho nitrea’ o masokoo; le hehe te tsy nisaontsieñ’ amako ty vakin-kaliforan-kihi’o; fa nilikoare’o ty enge nitsanoñeko.
၆သို့သော်လည်း ကိုယ်တိုင်ရောက်၍ မမြင်မှီ ထိုစကားကိုမယုံ။ ယခုမူကား၊ ကိုယ်တော်ပညာကျယ်ခြင်း အရာမှာ၊ အရင်ကြားရသော စကားသည် တဝက်ကိုမျှမမှီ။ အကျွန်ုပ် ကြားရသော သိတင်းကို ကိုယ်တော် လွန်ကဲပါ၏။
7 Haha ondati’oo naho fale o mpitoro’o mijohañe nainai’e añatrefa’oo, mijanjiñe o hihi’oo.
၇ရှေ့တော်၌အစဉ်နေ၍ ပညာတော်ကို ကြားရ သော ကိုယ်တော် ၏လူနှင့် ကိုယ်တော်၏ကျွန်တို့သည် မင်္ဂလာရှိကြပါ၏။
8 Andriañeñe t’Iehovà Andrianañahare’o nañisok’ azo, nampiambesatse azo am-piambesa’e eo, ho mpanjaka’ Iehovà Andrianañahare’o, ty amy fikokoan’ Añahare Israeley, ie najado’e ho nainai’e donia; izay ty nanoe’e azo mpanjaka’ iareo, hanoa’o ty hatò naho ty havantañañe.
၈ကိုယ်တော်ကိုနှစ်သက်၍ ကိုယ်တော်၏ ဘုရား သခင် ထာဝရဘုရား ကိုယ်စားတော်ရှင်ဘုရင်နှင့် ရာဇ ပလ္လင်တော်ပေါ်မှာ တင်တော်မူသော ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း။ ကိုယ်တော်၏ဘုရားသခင်သည် ဣသရေလ အမျိုးကို ချစ်၍ အစဉ်အမြဲတည်စေချင်သောကြောင့်၊ ဖြောင့်မတ်စွာ တရားစီရင်စေခြင်းငှါ ကိုယ်တော်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားတော်မူပြီဟု ရှင်ဘုရင်အား ပြောဆို၍၊
9 Le natolo’e amy mpanjakay ty volamena talenta zato-tsi-roapolo naho fampafiriañe tsifotofoto vaho vatosoa; kanao le lia’e tsy nioniñe ty fampafiriañe manahake i natolo’ i mpanjaka ampela’ i Sebày amy Selomò mpanjaka.
၉ရွှေအခွက်တရာနှစ်ဆယ်၊ နံ့သာမျိုးအများ၊ ကျောက်မြတ်တို့ကို ဆက်လေ၏။ ရှေဘမိဖုရားသည် ရှောလမုန်မင်းကြီးအားဆက်သော နံ့သာမျိုးနှင့် တူသော နံ့သာမျိုးသည် မရှိ။
10 Ninday hatae màñitse naho vatosoa ka o mpitoro’ i Korame naho mpitoro’ i Selomò mpinday volamena boake Ofireo.
၁၀ဩဖိရမြို့မှ ရွှေကိုဆောင်ခဲ့သော ဟိရံကျွန်နှင့် ရှောလမုန်ကျွန်တို့သည်၊ အာလဂုံသစ်သားများ၊ ကျောက် မြတ်များတို့ကိုလည်း ဆောင်ခဲ့ကြ၏။
11 Le namboara’ i mpanjakay fanongañe amy hatae màñitsey o lalañe mionjoñe mb’amy anjomba’ Iehovày naho mb’amy anjomba’ i mpanjakay mb’eoo mbore nanoa’e marovany naho jejobory o mpisaboo. Mbe lia’e tsy niisak’ an-tane Iehoda izay.
၁၁ထိုအာလဂုံသစ်သားဖြင့် ရှင်ဘုရင်သည် ဗိမာန် တော် ပွတ်လုံးတန်းနှင့် နန်းတော်ပွတ်လုံးတန်းကို၎င်း၊ သီချင်းဆိုသောသူဘို့ စောင်းနှင့်တယောတို့ကို၎င်း၊ လုပ်လေ၏။ ထိုသို့သော အာလဂုံသစ်သားသည် ယုဒပြည် ၌ တခါမျှ မပေါ်လာ။
12 Le natolo’ i Selomò mpanjaka amy mpanjaka-ampela’ i Sebày ze hene nirie’e, ze nihalalia’e naho tsy i natolo’e amy mpanjakay. Aa le nitolike re, nimpoly mb’an-tane’e añe, ie naho o mpitoro’eo.
၁၂ရှောလမုန်မင်းကြီးသည် ရှေဘမိဖုရား ဆက် သည်အတွက် ပြန်ပေးသာလက်ဆောင်မှတပါး၊ မိဖုရား၏ အလိုဆန္ဒပြည့်စုံစေခြင်းငှါ သူတောင်းသမျှကိုလည်း ပေးတော်မူ၏။ ထိုနောက်မှ မိဖုရားသည် မိမိကျွန်တို့နှင့် တကွ မိမိပြည်သို့ပြန်သွားလေ၏။
13 Ie amy zay, ty lanjam-bolamena niheo mb’amy Selomò ami’ty taoñe le talenta volamena enen-jato-tsi-enem-polo-eneñ’ amby,
၁၃ရှေလမုန်ထံသို့ တနှစ်တနှစ်လျှင် ရောက်သော ရွှေချိန်ကား အခွက်ခြောက်ရာ ခြောက်ဆယ်ခြောက် ပိဿာဖြစ်သတည်း။
14 ambone’ ty nendese’ o mpanao takinakeo naho o mpanao balibalikeo; vaho songa ninday volamena naho volafoty amy Selomò o mpanjaka’ Arabeo naho o mpifehe an-taneo.
၁၄ထိုမှတပါး၊ ကုန်သည်များ၊ လှည်းသမားများ၊ အာရပ်မင်းကြီးရှိသမျှ။ မြို့ဝန်များဆက်သော ရွှေရှိသေး ၏။
15 Nandranjy fikalan-defo roanjato am-bolamena pinepèke t’i Selomò; nanoeñe volamena pinepèke, le sekele enen-jato ty fikalandefo;
၁၅ရှေလမုန်မင်းကြီးသည် ရွှေခြောက်ပိဿာစီဖြင့် ဒိုင်းနှစ်ရာ၊
16 vaho nanoe’e fikalandefo volamena pinepèke telon-jato; sindre sekelem-bolamena telonjato ty nanoeñe i fikalandefoñe rey; le nampizilihe’ i mpanjakay añ’ anjomban’ Ala’ i Lebanone ao.
၁၆သုံးပိဿာစီဖြင့် ဒိုင်းငယ်သုံးရာတို့ကို ထုလုပ်၍၊ လေဗနုန်တောသစ်သားနှင့် တည်ဆောက်သော နန်း တော်၌ ထားတော်မူ၏။
17 Mbore namboare’ i mpanjakay ty fiambesatse jabajaba an-tsifa vaho nipakora’e volamena ki’e.
၁၇ရှင်ဘုရင်သည်လည်း ဆင်စွယ်ရာဇပလ္လင်ကြီး ကို လုပ်၍ ရွှေစင်နှင့်မွမ်းမံလေ၏။
18 Fanongañe eneñe ty nitroatse amy fiambesatsey, volamena ka ty fitimpahañe nirekets’ amy fiambesatsey, miharo fisampezam-pitàñe añ’ ila’e roe’ i fiambesatsey vaho liona roe ty nijohañe marine i fisampezam-pitàñe rey.
၁၈လှေကားခြောက်ထစ်နှင့် ရွှေဘိနပ်သည် ရာဇ ပလ္လင်တော်နှင့် တဆက်တည်းရှိ၏။ ထိုင်ရာတဘက် တချက်၌ မှီစရာလက်ရုံးတန်းနှင့် ပြည့်စုံ၍။ လက်ရုံးတန်း အနားမှာ ခြင်္သေ့နှစ်ကောင်ရပ်နေ၏။
19 Liona folo-ro’ amby ty nijohañe añ’ila roe’ i fanongañe eneñe rey, tsy eo ty nanahak’ aze ndra am-pifeheañe aia.
၁၉လှေကားခြောက်ထစ်အပေါ်တွင်၊ တဘက်တချက် ၌လည်း ခြင်္သေ့တဆယ်နှစ်ကောင်ရပ်နေ၏။ ထိုသို့သော ရာဇပလ္လင်သည် အဘယ်တိုင်းနိုင်ငံ၌မျှမရှိ။
20 Songa volamena o fitovim-pikamà’ i Selomò mpanjakao vaho hene volamena ki’e o fanake añ’ anjomban’ ala’ i Lebanoneo, ie tsy am-bolafoty, fa tsy natao ho vara tañ’ andro’ i Selomò ty volafoty.
၂၀ရှေလမုန်မင်းကြီးသောက်သော ဖလားတော် ရှိသမျှနှင့် လေဗနုန်နန်းတော်၌ သုံးသောဖလားတော် ရှိသမျှတို့သည် ငွေဖလားမဟုတ်၊ ရွှေဖလားသက်သက် ဖြစ်၏။ ရှောလမုန်လက်ထက်၌ ငွေကို အလျှင်းပမာဏ မပြုတတ်ကြ။
21 Nanan-tsambo nionjomb’e Tarsise mindre amo mpitoro’ i Korameo i mpanjakay; boa-telo-taoñe ty nimpolia’ o sambo’ i Tarsiseo ninday volamena naho volafoty naho tsifa naho kofe vaho toký.
၂၁ရှင်ဘုရင်၏သင်္ဘောသည် ဟိရံမင်းကျွန်တို့နှင့် တာရှုမြို့သို့သွားတတ်သဖြင့်၊ သုံးနှစ်တခါ တာရှုသင်္ဘော သည် ပြန်လာ၍ ရွှေ၊ ငွေ၊ ဆင်စွယ်မျောက်များ၊ ဒေါင်းများကို ဆောင်ခဲ့၏။
22 Aa le nilikoare’ i Selomò an-kihitse naho vara ze hene mpanjaka’ ty tane toy.
၂၂ထိုသို့ရှောလမုန်သည် မြေကြီးပေါ်မှာရှိသမျှ သော ရှင်ဘုရင်တို့ထက် ပညာနှင့် စည်းစိမ်အားဖြင့် လွန်ကဲ၏။
23 Vaho songa nipay hiatrek’ amy Selomò o mpanjaka’ ty tane toio, hijanjiñe ze hihi’e najon’ Añahare añ’arofo’e ao.
၂၃ရှောလမုန်၏ နှလုံး၌ဘုရားသခင်သွင်းပေး တော်မူသော ပညာကို အတိုင်းတိုင်းအပြည်ပြည် ရှင်ဘုရင်တို့သည် ကြားရအံ့သောငှါ၊ မျက်နှာတော်ကို ဖူးလာကြ၏။
24 Le fonga ninday ravoravo mañeva ondatio: fanake volafoty naho fanake volamena naho sikiñe naho sikim-pikalañe naho fampifiriañe naho soavala vaho borìke, boa-tao-boa-taoñe.
၂၄လာသောသူအသီးအသီးတို့သည် ရွှေဖလား၊ ငွေဖလား၊ အဝတ်တန်ဆာ၊ စစ်တိုက်လက်နက်၊ နံ့သာမျိုး၊ မြင်းလားတို့ကို နှစ်တိုင်းအခွန်ဆက်ရကြ၏။
25 Nanan-trañon-tsoavala efats’ arivo t’i Selomò naho sarete naho mpiningitse rai-ale-tsi-roarivo, ie nampimoneña’e amo rovan-tsareteo naho amy mpanjaka e Ierosalaimey.
၂၅ရှောလမုန်သည်လည်း၊ ရထားတော်များနှင့် ထိုင်သောမြင်းတင်းကုပ်လေးထောင်၊ မြင်းစီးသူရဲ တသောင်းနှစ်ထောင်ရှိ၏။ ရထားထိန်းမြို့တို့၌၎င်း၊ ယေရုရှလင်မြို့ အထံတော်၌၎င်း ထား၏။
26 Nifehe’e iaby o mpanjaka boak’amy Sakay pak’an-tane’ o nte-Pelistio ampara’ ty efe-tane’ i Mitsraime añe.
၂၆မြစ်ကြီးမှ စ၍ဖိလိတ္တိပြည်နှင့် အဲဂုတ္တုပြည်စွန်း တိုင်အောင် ရှိသောရှင်ဘုရင်အပေါင်းတို့ကို အစိုးရ၏။
27 Le nanoe’ i mpanjakay hoe vato ty volafoty e Ierosalaime naho hoe sakoañe am-bavatane ao o mendoraveñeo ami’ty hamaro’e.
၂၇ရှင်ဘုရင်သည် ယေရုရှလင်မြို့၌ငွေကို ကျောက် ခဲကဲ့သို့၎င်း၊ အာရဇ်ပင်တို့ကို လွင်ပြင်၌ပေါက်သော သဖန်းပင်ကဲ့သို့၎င်း များပြားစေ၏။
28 Le nendesa’ iareo soavala boake Mitsraime añe naho hirik’ amo tane iabio t’i Selomò mpanjaka.
၂၈ရှောလမုန်ထံသို့ မြင်းများကို အဲဂုတ္တပြည်အစ ရှိသော ခပ်သိမ်းသော ပြည်မှ ဆောင်ခဲ့ကြ၏။
29 Aa naho o fitoloña’ i Selomò ila’eo, ty valoha’e pak’ am-para’e, tsy fa sinokitse amo vinolili’ i Natane mpitokio hao naho amy fitokia’ i Akiià nte-Siloney vaho amo aroñaro’ Iedò mpitoky am’ Iarovame ana’ i Nebateo?
၂၉ရှောလမုန်ပြုမူသော အမှုအရာကြွင်းလေသမျှ အစဆုံးတို့သည်၊ ပရောဖက်နာသန်၏ကျမ်း၊ ရှိလောမြို့ သား အဟိယ၏အနာဂတ္တိကျမ်း၊ နေဗတ်သား ယေရော ဗောင်တဘက်၌ ပရောဖက်ဣဒ္ဒေါ၏ ဗျာဒိတ်ကျမ်း၌ ရေးထားလျက်ရှိ၏။
30 Nifehe Israele iaby e Ierosalaime ao efa-polo taoñe t’i Selomò
၃၀ရှောလမုန်သည် ယေရုရှလင်မြို့က၌ နေ၍ ဣသ ရေလနိုင်ငံလုံးကို အနှစ်လေးဆယ်စိုးစံပြီးမှ၊
31 le nitrao-piròtse aman-droae’e t’i Selomò naho nalentek’ an-drova’ i Davide rae’e ao vaho nandimbe aze nifehe t’i Rekoboame ana’e.
၃၁ဘိုးဘေးတို့နှင့် အိပ်ပျော်၍ခမည်းတော် ဒါဝိဒ် မြို့၌ သင်္ဂြိဟ်ခြင်းကို ခံလေ၏။ သားတော် ရောဗောင် သည် ခမည်းတော်အရာ၌ နန်းထိုင်၏။