< Balam 21 >
1 Abasajja ba Isirayiri baali beerayiridde e Mizupa nti, “Tewabanga n’omu ku ffe awaayo muwala we okufumbirwa Benyamini.”
၁ဣသရေလအမျိုးသားတို့သည် အဘယ်သူမျှ မိမိသမီးကို ဗင်္ယာမိန်အမျိုးသား၌ မပေးစားရမည် အကြောင်း၊ မိဇပါမြို့မှာ ကျိန်ဆိုခြင်းကို ပြုနှင့်ကြပြီ။
2 Awo abantu ne bagenda e Beseri ne batuula eyo okutuusa akawungeezi nga bakaabira Katonda, nga bayimusa eddoboozi lyabwe, nga bakuba ebiwoobe,
၂လူများတို့သည် ဘုရားသခင့် အိမ်တော်သို့ လာ၍ ဘုရားသခင့် ရှေ့တော်၌ ညဦးတိုင်အောင် နေလျက်၊ အသံကို လွှင့်၍ ငိုကြွေးလျက်၊-
3 nga bakaaba nti, “Ayi Mukama Katonda wa Isirayiri, lwaki kino kituuse ku Isirayiri leero, ekika ekimu okubula ku Isirayiri?”
၃အိုဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၊ ဣသရေလအမျိုးအနွယ်တို့တွင် ယနေ့တမျိုး ချို့တဲ့ရသော အမှုသည် အဘယ်ကြောင့် ဖြစ်ရပါသနည်းဟု လျှောက်ဆိုကြ၏။
4 Awo ku lunaku olwaddirira, abantu ne bagolokoka ne bazimba ekyoto mu kifo ekyo, ne bawaayo ebiweebwayo ebyokebwa n’ebiweebwayo olw’emirembe.
၄နက်ဖြန်နံနက်စောစော လူများတို့သည် ထပြီးလျှင်၊ ယဇ်ပလ္လင်ကိုတည်၍ မီးရှို့ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော်ကြ၏။
5 Abaana ba Isirayiri ne beebuuza nti, “Ani ku bika byonna ebya Isirayiri atazze kukuŋŋaana mu maaso ga Mukama Katonda?” Kubanga baali beerayiridde, ng’omuntu yenna alemwa okukuŋŋaana mu maaso ga Mukama e Mizupa, ateekwa kuttibwa.
၅ဣသရေလအမျိုးသားတို့ကလည်း၊ ဣသရေလအမျိုးအနွယ်အပေါင်းတို့တွင် အဘယ်သူသည် ပရိ သတ်အပေါင်းနှင့်အတူ ထာဝရဘုရားထံတော်သို့ မလာဘဲနေသနည်းဟု မေးကြ၏။ အကြောင်း မူကား၊ မိဇပါမြို့ထာဝရဘုရားထံတော်သို့ မလာဘဲ နေသောသူသည် ဧကန်အမှန် အသေသတ်ခြင်းကို ခံစေဟု ကြီးစွာသော ကျိန်ဆိုခြင်းကို ပြုနှင့်ကြပြီ။
6 Abaana ba Isirayiri ne basaalirwa olwa Benyamini muganda waabwe nga bagamba nti, “Leero ekika ekimu ekya Isirayiri kisaliddwako.
၆ဣသရေလအမျိုးသားတို့သည်လည်း၊ ညီဗင်္ယာမိန်အတွက် နောင်တရလျက်၊ ဣသရေလ အမျိုးအနွယ် တို့တွင် ယနေ့တမျိုးဆုံးပြီ။
7 Tunaabakolera ki okubafunira abakazi, obanga ffe ffennyini twerayiridde eri Mukama obutabawa bawala baffe okubafumbirwa?”
၇ငါတို့သည် ကိုယ်သမီးကို သူတို့အား မပေးစားရမည်အကြောင်း၊ ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုသောကြောင့်၊ ကျန်ကြွင်းသော သူတို့အဘို့ မိန်းမတို့ကို အဘယ်သို့ ရနိုင်သနည်းဟူ၍၎င်း၊
8 Ne beebuuza nti, “Kika ki ku bika bya Isirayiri ekitaayambuka Mizupa mu maaso ga Mukama Katonda?” Ne bazuula nga mu Yabesugireyaadi tewaavaayo muntu eyajja mu lukuŋŋaana.
၈ဣသရေလအမျိုးအနွယ်တို့တွင် အဘယ်သူသည် မိဇပါမြို့ ထာဝရဘုရားထံတော်သို့ မလာဘဲ နေသနည်းဟူ၍၎င်း မေးမြန်းလျှင်၊ ဂိလဒ်ပြည်ယာ ဗက်မြို့သားတယောက်မျှ စုဝေးရာ တပ်သို့ မရောက်မလာကြောင်းကို သိကြ၏။
9 Bwe baalaba abantu, laba nga tewaliiwo mutuuze w’e Yabesugireyaadi.
၉လူများတို့ကို ရေတွက်သောအခါ၊ ဂိလဒ်ပြည်ယာဗက်မြို့သားတယောက်မျှမပါ။
10 Awo ekibiina ne kitumayo abasajja abalwanyi omutwalo gumu mu enkumi bbiri, ne babalagira nti, “Mugende muzikirize n’ekitala abo bonna ababeera mu Yabesugireyaadi, obutalekaawo bakazi wadde abaana.
၁၀ထိုအခါ စုဝေးသော သူတို့သည် စစ်သူရဲတသောင်းနှစ်ထောင်တို့ကို စေလွှတ်လျက်၊ သင်တို့သည် သွား၍ ဂိလဒ်ပြည် ယာဗက်မြို့သားယောက်ျား မိန်းမသူငယ်တို့ကို ထားနှင့်လုပ်ကြံကြလော့။
11 Kino kye muba mukola. Mutte buli musajja na buli mukazi atali mbeerera.”
၁၁သို့ဆိုသော်၊ ယောက်ျားအပေါင်းကို၎င်း၊ ယောက်ျားနှင့်ဆက်ဆံသော မိန်းမအပေါင်းကို၎င်း၊ ရှင်းရှင်း ပယ်ရှားကြလော့ဟု မှာထားသည်အတိုင်း၊-
12 Mu bantu abaabeeranga mu Yabesugireyaadi ne basangamu abawala ebikumi bina abaali embeerera, ne babatwala mu nkambi e Siiro mu nsi ya Kanani.
၁၂စစ်သူရဲတို့သည် ဂိလဒ်ပြည် ယာဗက်မြို့သားတို့တွင်၊ ယောက်ျားနှင့် မဆက်ဆံသေးသော ကညာ မိန်းမပျိုလေးရာတို့ကို တွေ့၍ ခါနာန်ပြည်၌ တပ်ချရာ၊ ရှိလောမြို့သို့ ဆောင်ခဲ့ကြ၏။
13 Awo ekibiina kyonna ekyali kikuŋŋaanye ne kiweereza abaana ba Benyamini abaali ku lwazi lwa Limoni obubaka obw’emirembe.
၁၃တဖန်စုဝေးသော သူအပေါင်းတို့သည်၊ ရိမ္မုန်ကျောက်၌နေသော ဗင်္ယာမိန်လူတို့ကို နှုတ်ဆက်၍ အသင့်အတင့်ခေါ်ခြင်းငှါ လူတို့ကို စေလွှတ်ကြ၏။
14 Awo Ababenyamini ne bakomawo mu kiseera ekyo, era ne baweebwa abawala abaawonawo ku bawala ab’e Yabesugireyaadi, naye ne batabamala bonna.
၁၄ထိုအခါ ဗင်္ယာမိန်လူတို့သည် လာပြန်၍၊ ဣသရေလလူတို့သည် အရှင်ချန်ထားသော ဂိလဒ်ပြည် ယာဗက်မြို့သူ မိန်းမတို့နှင့် ပေးစားကြ၏။ သို့သော်လည်း မိန်းမတို့သည် မလောက်မကြေ။
15 Abantu ne basaalirwa olwa Benyamini kubanga Mukama Katonda yali abaawudde ku bika bya Isirayiri ebirala.
၁၅ထိုသို့ ထာဝရဘုရားသည် ဣသရေလအမျိုးအနွယ်တို့တွင် ပြိုပျက်ရာကို ပြုတော်မူသောကြောင့်၊ ဣသရေလလူတို့သည် ဗင်္ယာမိန်အတွက် နောင်တရကြ၏။
16 Awo abakadde b’olukuŋŋaana ne bagamba nti, “Abakazi b’Ababenyamini baazikirizibwa, kaakano abasajja abasigaddewo, tunabalabira wa abakazi?
၁၆စုဝေးရာ ပရိသတ် အသက်ကြီးသူတို့ကလည်း၊ ဗင်္ယာမိန် အမျိုးထဲက မိန်းမတို့ကို ပယ်ရှင်း သောကြောင့်၊ ကျန်ကြွင်းသော သူတို့အဘို့ မိန်းမတို့ကို အဘယ်သို့ ရနိုင်သနည်းဟူ၍၎င်း၊-
17 Ababenyamini abaasigalawo bateekwa okufuna abasika, ekika kireme okusangulibwawo mu Isirayiri.
၁၇ဣသရေလအမျိုးတို့တွင် တမျိုးကို မပျောက်စေခြင်းငှါ သေဘေးမှ လွှတ်သော ဗင်္ယာမိန်လူတို့ အမွေ ခံစရာမြေရှိရမည်။
18 Ate tetuyinza kubawa ku bawala baffe kubawasa, kubanga ffe abaana ba Isirayiri tweyama nga tugamba nti, ‘Akolimirwe aliwa Omubenyamini muwala we okumuwasa.’
၁၈သို့သော်လည်း အကြင်သူသည် ဗင်္ယာမိန်လူ၌ သမီးကို ပေးစား၏။ ထိုသူသည် ကျိန်အပ်သောသူ ဖြစ်စေဟု ဣသရေလလူတို့သည် ကျိန်ဆိုခြင်းကို ပြုသောကြောင့် ငါတို့သည် ကိုယ်သမီးတို့ကို မပေး စားရဟူ၍၎င်း၊
19 Kyokka waliwo embaga ya Mukama Katonda eya buli mwaka e Siiro, ekiri mu bukiikakkono bwa Beseri, n’obuvanjuba bw’oluguudo oluva e Beseri okudda e Sekemu, n’obukiikaddyo bwa Lebona.”
၁၉ဗေသလမြို့ မြောက်ဘက်၊ ဗေသလမြို့မှ ရှေခင်မြို့သို့သွားသောလမ်း အရှေ့ဘက်၊ လေဗောနမြို့တောင် ဘက်၊ ရှိလောမြို့နယ်တွင် ထာဝရဘုရားအဘို့ နှစ်စဉ် ပွဲခံတတ်သည်ဟူ၍၎င်း၊ တိုင်ပင်ကြသည်နှင့် အညီ၊-
20 Awo ne bagamba abaana ba Benyamini nti, “Mugende mwekweke mu nnimiro z’emizabbibu,
၂၀ဗင်္ယာမိန်လူတို့ကို ခေါ်၍ သင်တို့သည် သွားကြလော့။ စပျစ်ဥယျာဉ်တို့၌ ချောင်းမြောင်းလျက်နေ ကြလော့။ ရှိလောမြို့သမီးတို့သည် ပွဲခံအံ့သောငှါ ကလျက်လာကြသောအခါ၊-
21 muteege. Laba abawala b’e Siiro bwe banaafuluma okwegatta ku mazina, mudduke okuva mu nnimiro z’emizabbibu, mwefunire buli muntu omukazi ku bawala b’e Siiro, muddeyo mu nsi ya Benyamini.
၂၁စပျစ်ဥယျာဉ်ထဲက ထွက်ပြီးလျှင်၊ ထိုမြို့သမီးတို့ကို အသီးအသီး ကိုယ်မယားဖြစ်စေဘို့ ဘမ်းဆီး၍ ဗင်္ယာမိန်ပြည်သို့ ဆောင်သွားကြလော့။
22 Awo bakitaabwe oba bannyinaabwe bwe balyemulugunya gye tuli, tulibagamba nti, ‘Mubatuwe lwa kisa, kubanga tetwabafunira bakazi mu lutalo, era olwokubanga temwababawa, temulina musango.’”
၂၂သူတို့အဘနှင့်မောင်တို့သည် ငါတို့ထံသို့လာ၍ အမှုလုပ်သောအခါ၊ ငါတို့က ငါတို့မျက်နှာကို ထောက်၍ သူတို့ကို သနားကြပါ။ စစ်တိုက်ရာတွင် သူတို့ အသီးအသီးဆိုင်သော မယားတို့ကို သူတို့ အဘို့ ငါတို့သည် မချန်မထားမိပါ။ သင်တို့၌ အပြစ်ရောက်စေခြင်းငှါ ယခုပေးစားကြသည် မဟုတ်ဟု သူတို့အား ပြန်ပြောမည်ဟု မှာထားကြသည်အတိုင်း၊-
23 Awo Ababenyamini ne bakola bwe batyo. Ne beewambira abawala ku abo abaali bazina, ne beddirayo mu busika bwabwe, ne baddamu okuzimba ebibuga byabwe ne babeera omwo.
၂၃ဗင်္ယာမိန်လူတို့သည်ပြု၍ ပွဲခံလျက်ကသော မိန်းမတို့ကို ကိုယ်အရေအတွက်အတိုင်း မယားဖြစ်ဘို့ ရာ ဘမ်းဆီး၍ ယူသွားကြ၏။ ကိုယ်အမွေခံရာမြေသို့ ပြန်ရောက်ပြီးလျှင်၊ မြို့တို့ကို အသစ်ပြင်ဆင်၍ နေကြ၏။
24 Mu kiseera ekyo n’abaana ba Isirayiri buli muntu mu kika kye ne yeddirayo mu busika bwe.
၂၄ထိုအခါ ဣသရေလလူအပေါင်းတို့သည်လည်း ကိုယ်အမျိုး၊ ကိုယ်အဆွေနေရာ ကိုယ်အမွေခံရာမြေ သို့ ပြန်သွားကြ၏။
25 Mu biro ebyo tewaali kabaka mu Isirayiri; buli muntu yakolanga nga bw’ayagala.
၂၅ထိုကာလ၌ ဣသရေလရှင်ဘုရင်မရှိ၊ လူတိုင်း မိမိစိတ်အလိုရှိသည်အတိုင်း ပြုသတည်း။