< Ekyamateeka Olwokubiri 28 >

1 Bw’onoogonderanga Mukama Katonda wo n’okwatanga amateeka ge gonna ge nkuwa leero, Mukama Katonda wo alikugulumiza n’akuteeka waggulu w’amawanga gonna ag’oku nsi.
ယနေ့ ငါ ဆင့်ဆို သမျှ သော ပညတ် တော်တို့ကို သင်သည် ကျင့် စောင့် ခြင်းငှာ ၊ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို စေ့စေ့နားထောင် လျှင် ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် လူမျိုး တကာ တို့ ထက် သင့် ကို ချီးမြှောက် တော်မူမည်။
2 Emikisa gino gyonna onoogifunanga n’obeeranga nagyo, bw’onoowuliranga eddoboozi lya Mukama Katonda wo n’omugonderanga:
သင် ၏ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို နားထောင် လျှင် ၊ သင့် အပေါ် မှာ သက်ရောက် လတံ့သော ကောင်းကြီး မင်္ဂလာများ ဟူမူကား ။
3 Onooweebwanga omukisa bw’onoobeeranga mu kibuga ne bw’onoobeeranga mu kyalo.
သင် သည် မြို့ ၌ မင်္ဂလာ ရှိလိမ့်မည်၊ တော ၌ မင်္ဂလာ ရှိလိမ့်မည်။
4 Abaana ab’omu nda yo banaaweebwanga omukisa, n’ebisimbe eby’omu ttaka lyo, n’ebisibo byo ebinaazaalibwanga, Ennyana z’ente ez’amagana go, n’obwana bw’endiga ez’ebisibo byo.
သားသမီး အားဖြင့်၎င်း၊ မြေ အသီး အနှံအားဖြင့်၎င်း ၊ တိရစ္ဆာန် ဘွားသော သားငယ်အားဖြင့်၎င်း ၊ သိုး နွား အစီးအပွား အားဖြင့်၎င်း မင်္ဂလာ ရှိလိမ့်မည်။
5 Ekibbo kyo mw’onookuŋŋaanyizanga, n’olutiba lwo mw’onoogoyeranga nabyo binaabanga n’omukisa.
ခြင်တောင်း ၌၎င်း၊ မုန့် နယ်သော ခွက်၌၎င်း မင်္ဂလာ ရှိလိမ့်မည်။
6 Onoobanga n’omukisa ng’oyingira era onoobanga n’omukisa ng’ofuluma.
မိမိအိမ်ထဲသို့ ဝင် သောအခါ မင်္ဂလာ ရှိ လိမ့်မည်၊ ပြင်သို့ထွက် သောအခါ မင်္ဂလာ ရှိလိမ့်မည်။
7 Mukama anaakuwanga okuwangula abalabe bo abanaakulumbanga. Banajjiranga mu kkubo limu okukulumba, naye ne basaasaanira mu makubo musanvu mu maaso go nga bawanguddwa.
သင့် တဘက် ၌ ထ သော ရန်သူ တို့ကို သင့် မျက်မှောက် ၌ ထာဝရဘုရား သည် ဒဏ် ခံစေတော်မူမည်။ သူတို့သည် တ လမ်းတည်းဖြင့် သင် ရှိရာသို့ လာ သော်လည်း ၊ လမ်း ခုနှစ် သွယ်ဖြင့် သင့် ရှေ့ မှ ပြေး ကြလိမ့်မည်။
8 Mukama anaawanga amawanika go omukisa, ne buli ky’onookwatangako engalo zo okukikola anaakiwanga omukisa. Mukama Katonda wo anaakuwanga omukisa ng’oli mu nsi gy’akuwa.
သင် ၏ ဘဏ္ဍာ တိုက်၌ ၎င်း၊ သင် ပြု လေရာရာ ၌ ၎င်း ၊ ထာဝရဘုရား သည် သင့် အပေါ် မှာ မင်္ဂလာ ရောက် စေခြင်းငှာမိန့် တော်မူမည်။ သင် ၏ ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် ၌ သင့် ကို ကောင်းကြီး မင်္ဂလာပေးတော်မူမည်။
9 Mukama agenda kukufuula eggwanga lye ettukuvu nga bwe yakusuubiza n’ekirayiro, bw’onookwatanga amateeka ga Mukama Katonda wo n’otambuliranga mu makubo ge.
သင် သည် သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ပညတ် တော်တို့ကိုစောင့် ၍ လမ်း တော်သို့ လိုက် လျှင် ထာဝရဘုရား ကျိန်ဆို သည်အတိုင်း၊ သင့် ကို ကိုယ်တော် အဘို့ သန်ရှင်း သောအမျိုး အစဉ်အမြဲ ဖြစ်စေတော်မူမည်။
10 Kale nno abantu ab’omu mawanga gonna ag’ensi balitegeera nga bw’oyitibwa erinnya lya Mukama era banaakutyanga.
၁၀သင် သည် ထာဝရဘုရား ၏ နာမတော် ဖြင့် ခေါ်ဝေါ် သမုတ်ခြင်းကိုခံရသည်ဟု လူမျိုး ခပ်သိမ်း တို့ သည် သိမြင် ၍ သင့် ကို ကြောက်ရွံ့ ကြလိမ့်မည်။
11 Mukama anaakugaggawazanga nnyo mu byonna: mu zadde ery’enda yo, ne mu baana ab’ebisibo byo by’onoolundanga, ne mu bibala eby’omu ttaka lyo, ng’oli mu nsi Mukama gye yalayirira bajjajjaabo okugikuwa.
၁၁ထာဝရဘုရား သည် သင့် အား ပေး ခြင်းငှာ ဘိုးဘေး တို့အား ကျိန်ဆို တော်မူသော ပြည် ၌ ဥစ္စာ ပစ္စည်း၊ သားသမီး ၊ တိရစ္ဆာန် အတိုးအပွား၊ မြေ အသီးအနှံ များကို ကြွယ်ဝ စေတော်မူမည်။
12 Mukama alikuggulirawo eggwanika lye ery’obugagga bwe ery’eggulu, n’atonnyesanga enkuba mu ttaka lyo, mu biseera byayo, ne buli kintu kyonna ky’onookolanga anaakiwanga omukisa. Onoowolanga amawanga mangi, kyokka ggwe toogeewolengako n’akatono.
၁၂ထာဝရဘုရား သည် အချိန်တန် မှ သင် ၏ပြည် ၌ မိုဃ်း ရွာ စေခြင်းငှာ ၎င်း၊ သင် ပြု လေရာရာ ၌ ကောင်းကြီး ပေးခြင်းငှာ ၎င်း ၊ ဘဏ္ဍာ တော်တိုက် တည်းဟူသောမိုဃ်းကောင်းကင် ကို ဖွင့် တော်မူမည်။ သင်သည် လူမျိုး များတို့အား ချေးငှား ရသောအခွင့် ရှိလိမ့်မည်။ သူတို့သည် သင့် အား ချေးငှား ရသောအခွင့် မ ရှိရ။
13 Mukama anaakufuulanga mutwe so si mukira. Bw’onoogonderanga ebiragiro bya Mukama Katonda wo bye nkutegeeza leero, n’obigobereranga n’obwegendereza, onoobanga ku ntikko waggulu, so tookooberenga.
၁၃ထာဝရဘုရား သည် သင့်ကို အမြီး မ ဖြစ် စေဘဲ ခေါင်း ဖြစ် စေတော်မူသဖြင့် ၊ သင်သည် အောက် ၌ မ နေ ရ ဘဲ အပေါ် ၌ သာ နေရသောအခွင့် ရှိလိမ့်မည်။ ယနေ့ ငါ ဆင့်ဆို သော ၊ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ ပညတ် တော်တို့ကို ကျင့်စောင့်ခြင်းငှာ နားထောင် လျှင် ၎င်း၊
14 Tokyamanga kulaga ku ludda olwa ddyo oba olwa kkono, ng’oleka ebiragiro bino bye nkutegeeza leero, n’ogobereranga bakatonda abalala n’obaweerezanga.
၁၄ယနေ့ ငါ ဆင့်ဆို သော စကား တော်လမ်းမှ ထွက် ၍ လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့ မ လွှဲ ၊ အခြား တပါးသော ဘုရား နောက် သို့ လိုက် ၍ ဝတ် မပြုဘဲနေလျှင်၎င်း၊ ထိုသို့ သော ကျေးဇူးတော်ကိုခံရလိမ့်မည်။
15 Awo olunaatuukanga bw’otoogonderenga ddoboozi lya Mukama Katonda wo, n’otokwatanga mateeka ge na biragiro bye, bye nkulagira leero, kale ebikolimo bino byonna binaakutuukangako ne bibeera naawe:
၁၅ယနေ့ ငါ ဆင့်ဆို သော သင် ၏ဘုရားသခင် ထာဝရဘုရား စီရင် ထုံးဖွဲ့တော်မူချက် အလုံးစုံ တို့ ကို ကျင့် စောင့် ခြင်းငှာ စကား တော်ကို နား မ ထောင်လျှင် ၊ သင့် အပေါ် မှာ သက်ရောက် လတံ့သော ကျိန်ခြင်းအမင်္ဂလာ များ ဟူမူကား၊
16 Onookolimirwanga mu kibuga n’okolimirwanga ne mu kyalo.
၁၆သင် သည် မြို့ ၌ အမင်္ဂလာ ရှိလိမ့်မည်၊ တော ၌ အမင်္ဂလာ ရှိလိမ့်မည်။
17 Ekibbo kyo mw’onookuŋŋaanyirizanga n’olutiba lwo mw’onoogoyeranga binaakolimirwanga.
၁၇ခြင်တောင်း ၌၎င်း ၊ မုန့် နယ်သော ခွက်၌၎င်း အမင်္ဂလာ ရှိလိမ့်မည်။
18 Abaana b’enda yo banaakolimirwanga, n’ekibala ky’ettaka lyo, n’ennyana z’amagana go, n’obwana bw’ebisibo byo byonna binaakolimirwanga.
၁၈သားသမီး အားဖြင့်၎င်း၊ မြေ အသီး အနှံအားဖြင့်၎င်း၊ သိုး နွား အစီးအပွား အားဖြင့်၎င်း အမင်္ဂလာ ရှိလိမ့်မည်။
19 Onookolimirwanga ng’oyingira era onookolimirwanga ng’ofuluma.
၁၉မိမိ အိမ်ထဲသို့ ဝင် သောအခါ အမင်္ဂလာ ရှိလိမ့်မည်။ ပြင်သို့ ထွက် သောအခါ အမင်္ဂလာ ရှိလိမ့်မည်။
20 Mukama anaakusindikiranga ebikolimo, n’okutabukatabuka, n’okunenyezebwa mu buli kintu kyonna ky’onoogezangako okukola, okutuusa lw’olizikirizibwa n’osaanawo mangu nnyo olw’ebikolwa byo ebibi, olwokubanga onoobanga omusenguse.
၂၀ထာဝရဘုရား ကို စွန့် ၍ ပြု မိသော ဒုစရိုက် အပြစ်ကြောင့် အလျင်အမြန် ပျက်စီး ဆုံးရှုံးခြင်းသို့ မ ရောက်မှီတိုင်အောင်၊ ပြု လေရာရာ ၌ ကျိန်ဆဲ ခြင်း၊ နှောင့်ရှက် ခြင်း၊ ကဲ့ရဲ့ ခြင်းတို့ကို သင့် အပေါ် မှာ သက်ရောက် စေတော်မူမည်။
21 Mukama alikulwaza olumbe olutawona olw’olukonvuba, okutuusa lwe lulikumalawo mu nsi gy’ogenda okuyingiramu ogirye.
၂၁သင် သွား ၍ ဝင်စား လတံ့သော ပြည် မှ သုတ်သင် ပယ်ရှင်းတော်မ မူမှီ တိုင်အောင်၊ ကာလနာ ကို သင် ၌ စွဲ စေတော်မူမည်။
22 Mukama alikulwaza akafuba, n’omusujja n’okubugujja. Era alikusindikira ebbugumu eryokya ennyo, n’ekyeya, n’ekitala, n’okugengewala; era binaakugobereranga okutuusa lw’olizikirira.
၂၂ထာဝရဘုရား သည် သင့် ကို တူလာ ၊ ဖျားနာ ၊ ဒလခက်နာ ၊ ခရခရနာ ဖြင့် ၎င်း ၊ ထား ဘေး၊ လေထိ ၍ အပင်သေဘေး၊ အရည် ယို၍ အပင်သေဘေးဖြင့် ၎င်း ဒဏ်ခတ် တော်မူ၍ ၊ သင် သည် မ ပျက်စီး မှီတိုင်အောင်ထိုဘေးတို့သည် လိုက် ကြလိမ့်မည်။
23 Eggulu waggulu w’omutwe gwo liribeera ng’ekikomo, n’ettaka wansi wo liriba ng’ekyuma.
၂၃သင့် ခေါင်း ပေါ် မှာ မိုဃ်းကောင်းကင် သည် ကြေးဝါ ကဲ့သို့၎င်း ၊ သင့် အောက် ၌ မြေ သည် သံ ကဲ့သို့၎င်း ဖြစ် လိမ့်မည်။
24 Mukama alifuula enkuba y’omu nsi yo olufufugge, n’enfuufu yokka y’eneekuyiikiranga okuva waggulu mu bire, okutuusa lw’olizikirizibwa.
၂၄ထာဝရဘုရား သည် သင့် နေရာပြည် ၌ ရွာသော မိုဃ်း ရေကို မြေမှုန့် ၊ ဖုံ ဖြစ် စေတော်မူသဖြင့် ၊ သင် သည် မ ပျက်စီး မှီတိုင်အောင်သင့် အပေါ် မှာ ကျ ရလိမ့်မည်။
25 Mukama anaakulekeranga abalabe bo ne bakuwangulanga. Onoobalumbiranga mu kkubo limu, kyokka n’obadduka ng’obunye emiwabo mu makubo musanvu. Olifuuka kyakikangabwa mu maaso g’amawanga gonna ag’oku nsi.
၂၅သင် ၏ရန်သူ ရှေ့ မှာ ထာဝရဘုရား သည် သင့် ကို ဒဏ် ပေးတော်မူမည်။ သင်သည် တလမ်း တည်းဖြင့် သူ တို့ ရှိရာသို့ သွား သော်လည်း ၊ လမ်း ခုနှစ် သွယ်ဖြင့် သူ တို့ရှေ့ မှ ပြေး၍ မြေ ပေါ်မှာရှိ သော အတိုင်းတိုင်း အပြည်ပြည်သို့ ပြောင်း သွားရလိမ့်မည်။
26 Omulambo gwo gulifuuka mmere ya nnyonyi zonna ez’omu bbanga, n’eri ensolo ez’oku nsi, era tewaabeerengawo n’omu anaazigugobangako.
၂၆သင် ၏အသေ ကောင်သည် မိုဃ်း ကောင်းကင်ငှက် ၊ တော သားရဲ စားစရာ့ ဘို့ ဖြစ် ရလိမ့်မည်။ ထိုတိရစ္ဆာန် တို့ကို အဘယ်သူ မျှမမောင်း ရ။
27 Mukama anaakulwazanga amayute g’e Misiri, n’ebizimba, n’amabwa, n’obuwere, by’otoowonyezebwenga.
၂၇ထာဝရဘုရား သည် သင့် ကို အဲဂုတ္တု အနာစိမ်း ၊ မြင်းသရိုက် နာ၊ ဝဲနာ ၊ မ ပျောက် နိုင် သော ယားနာ ဖြင့် ဒဏ်ခတ် တော်မူမည်။
28 Mukama anaakusuulanga eddalu, anaakuzibanga amaaso, n’okukutabulatabulanga mu ndowooza yo.
၂၈ရူး သောအနာ၊ မျက်စိ ကန်းသောအနာ၊ မိန်းမော တွေဝေသောအနာဖြင့် ဒဏ်ခတ် တော်မူ၍၊
29 Mu ttuntu onoowammantanga ng’omuzibe w’amaaso abeera mu kizikiza obudde bwe bwonna. Buli ky’onookolanga onoolemwanga okukituukiriza; onoovumibwanga era onoobbibwanga buli kakedde, naye nga tewaabengawo akudduukirira.
၂၉မျက်စိ ကန်းသောသူသည် မှောင်မိုက် ၌ စမ်းသပ် ရသကဲ့သို့ ၊ သင်သည် မွန်းတည့် အချိန်၌ ပင် စမ်းသပ် ရ လိမ့်မည်။ သင် ပြု သောအမှု၌ မ အောင် ဘဲ ညှဉ်းဆဲ ခြင်း၊ လုယူ ခြင်းကိုသာ ခံ ရလိမ့်မည်။ အဘယ်သူ မျှမကယ်တင် ရ။
30 Onooyogerezanga omukazi, n’osembereranga n’okumuwasa, naye omusajja omulala anaakumutwalangako n’asulanga naye. Oneezimbiranga ennyumba naye toogisulengamu. Oneesimbiranga ennimiro z’emizabbibu, naye toolyenga ku bibala byamu.
၃၀မိန်းမ နှင့်လက်ထပ် ပြီးသော်လည်း အခြား သောသူသည် ပေါင်းဘော် ရလိမ့်မည်။ အိမ် ကို ဆောက် သော်လည်း ကိုယ်တိုင် မ နေ ရ။ စပျစ် ဥယျာဉ်ကို စိုက် သော်လည်း စပျစ်သီး ကို မ ဆွတ် မယူရ။
31 Sseddume zo zinattirwanga mu maaso go, naye toolyenga ku nnyama zaazo. Endogoyi zo zinabbirwanga mu maaso go, so tebaazikuddizenga. Endiga zo zinaaweebwanga abalabe bo, ne watabaawo adduukirira okuzikuddiza.
၃၁သင့် နွား ကို သင့် မျက်မှောက် ၌ သတ် ၍သေ သော်လည်း သင့်ကိုယ်တိုင်မ စား ရ။ သင့် မြည်း ကို သင့် ရှေ့မှောက် ၌ အနိုင်အထက် ယူသွားပြီးမှ ၊ နောက်တဖန်ပြန် ၍ မ ပေးရ။ သင့် သိုး တို့ကို သင့် ရန်သူ ၌ အပ် သောအခါ ကယ်နှုတ် သောသူမပေါ်မ ရှိရ။
32 Batabani bo ne bawala bo banaagabibwanga mu baamawanga amalala ng’olaba; onoobanoonyanga buli lunaku okutuusa n’amaaso lwe ganaakumyukanga, naye nga tolina maanyi kubaako na kya kukola.
၃၂သင့် သားသမီး တို့သည် သူတပါး လက်သို့ ရောက် ၍ ၊ သင့် မျက်စိ သည် တနေ့လုံး မြော်ကြည့် လျက် အားကုန် လိမ့်မည်။ သင့် လက် သည်လည်း ခွန်အား မ ရှိရ။
33 Ab’eggwanga ly’otomanyi banaalyanga ebibala by’ettaka lyo by’onoobanga weerimidde, toobengako na kya kukola wabula okutulugunyizibwanga buli kiseera.
၃၃သင် မ သိ မကျွမ်းသော လူမျိုး သည် သင့် နေရာ ပြည် ၏ အသီးအနှံ ကို၎င်း၊ သင် လုပ်ဆောင် ၍ရသောဥစ္စာကို၎င်း စား လိမ့်မည်။ သင်သည် ညှဉ်းဆဲ နှိပ်စက် ခြင်းကိုသာ အစဉ် မပြတ်ခံ ရလိမ့်မည်။
34 Amaaso go bye ganaalabanga binaakusuulanga eddalu.
၃၄ထိုသို့ ကိုယ်တိုင်တွေ့မြင် သော အမှုကြောင့် သင်သည် အရူး ဖြစ် ရလိမ့်မည်။
35 Mukama anaakulwazanga amayute ku maviivi ne ku magulu, agataayinzenga kuwonyezebwa, era ne gasaasaananga okuva mu bigere okutuuka ku kawumpo k’omutwe.
၃၅ထာဝရဘုရား သည် သင့် ဒူး နှင့် ခြေထောက် မက၊ ခြေဘဝါး မှစ၍ ဦးခေါင်း ထိပ်တိုင်အောင် မ ပျောက် နိုင် သော အနာစိမ်း ဖြင့် ဒဏ်ခတ် တော်မူမည်။
36 Mukama alikuleka, ggwe ne kabaka wo gw’onoobanga weerondedde n’otwalibwa mu ggwanga eddala ly’otowulirangako, ne bajjajjaabo lye bataamanya, n’oweererezanga eyo bakatonda abalala ab’emiti n’amayinja.
၃၆ထာဝရဘုရား သည်၊ သင် ချီးမြှောက် သော ရှင် ဘုရင် ကို သင် နှင့် သင့် ဘိုးဘေး တို့ မ သိ မကျွမ်းဘူးသော လူမျိုး ရှိရာသို့ ဆောင်သွား တော်မူသဖြင့် ၊ သင် သည် အခြား တပါးသော ဘုရား၊ သစ်သား ဘုရား၊ ကျောက် ဘုရား တို့ကို ဝတ်ပြု ရလိမ့်မည်။
37 Olifuuka ekintu ekyesisiwaza, ekinaanyoomebwanga era ekinaasekererwanga mu mawanga gonna Mukama gy’anaabanga akulazizza.
၃၇ထာဝရဘုရား သည် သင့် ကို ဆောင်သွား တော်မူသော အပြည်ပြည် တို့၌ သင်သည် အံ့ဩ ရာ၊ ပုံခိုင်း ရာ၊ ကဲ့ရဲ့ ရာဖြစ် လိမ့်မည်။
38 Onoosiganga ensigo nnyingi mu nnimiro yo, kyokka onookungulangamu katono, kubanga enzige zinaalyanga ebibala byo byonna.
၃၈သင်သည် များစွာ သော မျိုးစေ့ ကို လယ် သို့ယူသွား ၍ ကျိုင်းကောင် တို့သည် ကိုက်စား သောကြောင့် ၊ နည်း သောစပါးကို သိမ်း ရလိမ့်မည်။
39 Onoosimbanga essamba z’emizabbibu n’ogisaliranga bulungi, naye toonywenga ku nvinnyo wadde okukuŋŋaanya ebibala bya zabbibu, kubanga ensiriŋŋanyi zinaabiryanga.
၃၉စပျစ် ဥယျာဉ်တို့ကို စိုက် ၍ ပြုစု သော်လည်း ၊ ပိုး များ ကိုက်စား သောကြောင့် ကိုယ်တိုင် စပျစ်သီး ကို မ ဆွတ်ရ၊ စပျစ်ရည် ကိုလည်း မ သောက် ရ။
40 Onoobeeranga n’emiti egy’emizeeyituuni mu nsi yo yonna, naye togenda kukozesanga ku mafuta gaagyo, kubanga emizeeyituuni gyo ginaakunkumukanga ne gigwa wansi.
၄၀သင့် နေရာ အရပ်ရပ် ၌ သံလွင် ပင်ရှိ သော်လည်း ၊ အသီးမမှည့်မှီ ကြွေ သောကြောင့် သင်သည် သံလွင်ဆီ နှင့် ကိုယ်ကိုမ လိမ်း ရ။
41 Olizaala abaana aboobulenzi n’aboobuwala, naye toosigalenga nabo, kubanga banaatwalibwanga mu busibe.
၄၁သား သမီးကို ဘွားမြင် သော်လည်း ၊ သူ တို့နှင့် မ ပျော်မမွေ့ရ။ ရန်သူတို့သည် သိမ်း သွား ကြလိမ့်မည်။
42 Enzige zineefuganga emiti gyo gyonna n’ebibala eby’omu ttaka lyo.
၄၂သင့် နေရာပြည် ၌ သစ်ပင် ရှိသမျှ ၊ မြေအသီးအနှံ ရှိသမျှကို ကျိုင်းကောင် တို့သည် ကိုက်စား ကြလိမ့်မည်။
43 Bannamawanga b’onoobeeranga nabo bagenda kukulaakulananga balinnye waggulu okukusinganga, nga ggwe weeyongeranga kukka bussi wansi.
၄၃သင် နှင့်အတူ နေသော တပါး အမျိုးသားသည် မြင့် လျက်၊ သင့် အပေါ် သို့ တက် လိမ့်မည်။ သင် မူကား ၊ အောက် သို့ဆင်း ၍ နေရလိမ့်မည်။
44 Banaakuwolanga, naye ggwe toobawolenga. Be banaabanga omutwe naye ggwe onoobanga mukira.
၄၄သူ သည် သင့် အား ချေးငှား သောအခွင့်ရှိ လိမ့်မည်။ သင် မူကား ၊ သူ့ အားချေးငှား သော အခွင့်မ ရှိရ။ သူ သည် ခေါင်း ဖြစ် ၍ ၊ သင် သည် အမြီး ဖြစ် လိမ့်မည်။
45 Ebikolimo ebyo byonna binaakujjiranga ne bikulondoolanga ne bikutuukako okutuusa lwe binaakuzikirizanga olw’obutagonderanga Mukama Katonda wo, n’otokwatanga mateeka ge na biragiro bye, bye yakulagiranga.
၄၅သင် ၏ဘုရားသခင် ထာဝရဘုရား ထား တော်မူသော စီရင် ထုံးဖွဲ့ချက်တရားကို စောင့်ရှောက် ခြင်းငှာ ၊ သင် သည် စကား တော်ကို နား မ ထောင်သောကြောင့် ၊ မ ပျက်စီး မှီတိုင်အောင်ဤ ကျိန်ခြင်းအမင်္ဂလာ ရှိသမျှ တို့ သည် သင့် အပေါ် မှာ သက်ရောက် လျက် ၊ သင့် ကိုလိုက် ၍ မှီ လျက် ရှိကြလိမ့်မည်။
46 Binaabeeranga mu ggwe ng’akabonero era ekyewuunyisa gy’oli n’eri bazzukulu bo emirembe gyonna.
၄၆သင့် အပေါ် ၌၎င်း ၊ သင့် အမျိုးအနွယ် အပေါ် ၌ ၎င်း ၊ အစဉ်မပြတ် နိမိတ် လက္ခဏာ အံ့ဘွယ် သောအမှု ဖြစ် ကြလိမ့်မည်။
47 Kubanga bwe wabeeranga obulungi n’ebintu ebingi, tewaweerezanga Mukama Katonda wo n’omutima ogujjudde essanyu.
၄၇သင်သည် ဥစ္စာ ကြွယ်ဝသောအခါ ၊ ဝမ်းမြောက် ရွှင်လန်း သောစိတ် နှင့် သင် ၏ဘုရားသခင် ထာဝရဘုရား ၏ အမှု တော်ကို မ ဆောင်မရွက်သောကြောင့်၊
48 Noolwekyo ng’oli mu njala ne mu nnyonta, ng’oli bwereere, ng’oli mwavu lunkupe, ojjanga kuweerezanga balabe bo, Mukama b’anaakusindikiranga okulwana naawe! Anaakwambazanga mu bulago bwo ekikoligo eky’ekyuma okutuusa lw’alikuzikiririza ddala.
၄၈ထာဝရဘုရား စေလွှတ် တော်မူသော ရန်သူ ၏ အမှုကို သင် သည် မွတ်သိပ် ခြင်း၊ ရေ ငတ်ခြင်း၊ အဝတ် အချည်းစည်းရှိခြင်းနှင့်တကွ ၊ အရာရာ ၌ ဆင်းရဲ စွာ ဆောင်ရွက် ရလိမ့်မည်။ သင် သည် မ ပျက်စီး မှီတိုင်အောင်သင့် လည်ပင်း ၌ သံ ထမ်းဘိုး ကို တင် ထားတော်မူမည်။
49 Mukama alikuleetera eggwanga eririva ewala ennyo, ku nkomerero y’ensi, ne likulumba, nga likukkako ng’empungu bw’eva waggulu n’ekka n’amaanyi ku nsi; liriba eggwanga ng’olulimi lwalyo tolutegeera.
၄၉ရွှေလင်းတ ပျံ တတ်သကဲ့သို့ လျင်မြန်သောလူမျိုး၊ ကြမ်းတမ်း သောမျက်နှာ နှင့် ပြည့်စုံလျက်၊ အသက်ကြီး သူကို မ ရိုသေ ၊ အသက်ငယ် သူကိုမ သနား တတ်သောလူမျိုး ကို၊
50 Liribeera eggwanga erijjudde obukambwe mu maaso, eritassaamu kitiibwa bantu bakulu wadde okusaasira abato.
၅၀ဝေး သောအရပ်၊ မြေကြီး စွန်း မှ ထာဝရဘုရား သည်ခေါ် ၍ သင့်ကိုတိုက်စေတော်မူမည်။
51 Balirya abaana b’ebisolo by’omu malundiro go, n’ebibala eby’omu ttaka lyo okutuusa lw’olizikirizibwa. Tebalikulekerawo ku mmere ya mpeke, wadde ku nvinnyo oba ku mafuta, wadde ku nnyana ez’ebiraalo byo, oba ku baana b’endiga ab’ebisibo byo, okutuusa lw’olizikirira.
၅၁သင် သည် မ ပျက်စီး မှီတိုင်အောင်၊ ထိုရန်သူသည် သင် ၏ သိုးသငယ်၊ နွားသငယ်၊ မြေ အသီးအနှံ ကို စား ရလိမ့်မည်။ သင့် ကို မ ဖျက်ဆီး မှီတိုင်အောင်၊ ဆန် စပါး၊ စပျစ်ရည် ၊ ဆီ ၊ သိုး နွား အစီး အပွားကို သင့် အဘို့ မ ချန် မထားရ။
52 Banaazingizanga ebibuga byo byonna mu nsi yo yonna okutuusa ebisenge ebiwanvu eby’ebigo bye weesiga lwe birigwa wansi. Banaazingizanga ebibuga byonna mu nsi yonna Mukama Katonda wo gy’akuwa.
၅၂သင့် နေရာပြည် အရပ်ရပ် တို့၌ သင် ကိုးစား သော မြို့ရိုး၊ မြင့် ၍ ခိုင်ခံ့ သော မြို့ရိုး တို့သည် မပြို မ ကျမှီ တိုင်အောင်၊ သင့် နေရာ မြို့ ရှိသမျှ တို့ကို ဝိုင်း ထားလိမ့်မည်။ သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် အရပ်ရပ် တို့၌ ၊ မြို့ ရှိသမျှ တို့ကိုလည်း ဝိုင်း ထားလိမ့်မည်။
53 Olw’okubonaabona abalabe bo kwe banaakutuusangako nga bakuzingizza, onoolyanga ebibala by’olubuto lwo, ennyama ya batabani bo ne bawala bo Mukama Katonda wo b’anaabanga akuwadde.
၅၃ထိုသို့ ဝိုင်း ထား၍ ရန်သူ သည် ကျဉ်းကျပ် စေ သောအခါ ၊ ကိုယ် ရင်သွေး တည်းဟူသောသင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော သားသမီး တို့၏ အသား ကို သင်စား ရလိမ့်မည်။
54 Omusajja asingira ddala obuntubulamu era omuwombeefu mu mmwe, taasaasirenga na muganda we yennyini, oba mukyala we omwagalwa, oba abaana be abanaabanga bakyasigaddewo;
၅၄သင့် နေရာမြို့ တို့ကို ရန်သူ ဝိုင်းထား၍ ကျဉ်းကျပ် စေသောအခါ၊
55 taawengako n’omu ku nnyama y’abaana be b’anaabanga alya. Kubanga nga takyalina ky’asigazza kyonna mu kubonaabona okungi omulabe wo kw’anaabanga akutuusizzaako ng’akuzingirizza mu bibuga byo byonna.
၅၅အလွန် နူးညံ့ သိမ်မွေ့ သော ယောက်ျား သည် စားစရာအလျှင်း မကျန်ကြွင်းသောကြောင့်၊ မိမိ သားသမီး ၏ အသား ကို စား ရသော်လည်း၊ မိမိ ညီအစ်ကို ၊ မိမိ ရင်ခွင် ၌ ရှိသောမယား ၊ ကျန်ကြွင်း သေးသော သားသမီး တို့ကို မနာလိုသောစိတ်ရှိ၍၊ ထိုအသားကို သူတို့အား မဝေမပေးဘဲ စားလိမ့်မည်။
56 Omukazi asinga obuntubulamu n’eggonjebwa mu mmwe, nga mwenaanyi nnyo, ataŋŋanga na kulinnyisa kigere kye ku ttaka nga kyereere, taamanyisenga bba omwagalwa, wadde mutabani we, oba muwala we,
၅၆သင့် နေရာမြို့ တို့ကို ရန်သူ ဝိုင်းထား ၍ ကျဉ်းကျပ် စေသောအခါ၊ အလွန်နူးညံ့ သိမ်မွေ့ သဖြင့်မြေ ကို မနင်း ဝံ့သော မိန်းမသည်လည်း၊ စားစရာအလျှင်း မ ရှိသောကြောင့်၊
57 ku mwana gw’anaabanga y’akazaala ow’omu lubuto lwe, n’abaana b’anaazaalanga. Kubanga anaabanga ategese okubalyanga mu nkukutu olw’okubulwako ekyokulya ekirala mu biseera eby’okuzingizibwa era eby’ennaku enzibu ennyo, omulabe wo by’anaabanga akutuusizzaako mu bibuga byo.
၅၇မိမိ ရင်ခွင် ၌ရှိသောလင် ၊ မိမိ သား သမီး ၊ မိမိဝမ်း ထဲ က ထွက် သောအချင်း ၊ မိမိဘွားမြင် သော သူငယ် တို့ကိုမ နာလိုသောစိတ်ရှိ၍၊ မိမိသူငယ်ကိုတိတ်ဆိတ် စွာစား ရလိမ့်မည်။
58 Bw’otoogonderenga na bwegendereza ebigambo byonna ebiri mu mateeka gano, ebiwandiikiddwa mu kitabo kino, n’ototya era n’otossaamu kitiibwa erinnya lino ery’ettendo era ery’entiisa, eriyitibwa: Mukama Katonda wo,
၅၈သင် ၏ဘုရားသခင် ထာဝရဘုရား သည် ဘုန်းကြီး ၍ ကြောက်မက် ဘွယ်သော နာမ တော်ကို ကြောက် စေခြင်းငှာ ၊ ဤ ကျမ်းစာ ၌ ရေး ထားသော ဤ တရား တော်စကား အလုံးစုံ တို့ကို သင်သည် မ ကျင့် မစောင့်ဘဲ နေလျှင်၊
59 kale nno, Mukama anaakuweerezanga endwadde enkambwe ennyo, eri ggwe n’eri ezzadde lyo; endwadde ez’olutentezi era enkambwe ennyo ez’olukonvuba.
၅၉ထာဝရဘုရား သည် သင် ခံရသောဘေး ၊ သင့် အမျိုးအနွှယ် ခံရသောဘေး တို့ကို အံ့ဩ ဘွယ်သော ဘေး ၊ အလွန် ကြီး၍ မြဲမြံ သောဘေး၊ အလွန် ပြင်း၍ မြဲမြံ သောရောဂါ ဝေဒနာ ဖြစ်စေတော်မူမည်။
60 Anaakuleeteranga endwadde zonna ez’e Misiri, ezaakutiisa ennyo, ne zikwezingangako.
၆၀ထို မှတပါး၊ သင်ကြောက် တတ်သော အဲဂုတ္တု ပြည်၏ အနာ ရောဂါရှိသမျှ တို့ကို သင့် အပေါ် မှာ သက်ရောက် စေတော်မူသဖြင့် ၊ သင် ၌ ထို အနာရောဂါတို့သည် စွဲကပ် ကြလိမ့်မည်။
61 Era Mukama anaakuleeteranga endwadde eza buli ngeri, n’ebibonoobono ebitawandiikiddwa mu Kitabo eky’Amateeka gano, okutuusa lw’olizikirizibwa.
၆၁ထိုမှတပါး၊ ဤ ပညတ္တိ ကျမ်းစာ ၌ ရေး ၍မ ထား သော အနာ ရောဂါဘေးဥပဒ် ရှိသမျှ တို့ကို သင် သည် မ ပျက်စီး မှီတိုင်အောင်၊ သင့် အပေါ် မှာ ထာဝရဘုရား သက်ရောက် စေတော်မူမည်။
62 Era mulisigala ng’omuwendo gwammwe gusse nnyo wansi, songa mwali ng’emmunyeenye ez’oku ggulu olw’obungi bwammwe; lwa kubanga tewagonderanga ddoboozi lya Mukama Katonda wo.
၆၂သင်သည် အရေအတွက် အားဖြင့် မိုဃ်း ကောင်းကင် ကြယ် ကဲ့သို့ များသော်လည်း၊ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်သောကြောင့် နည်းနည်း ဖြစ် ရလိမ့်မည်။
63 Nga bwe kyasanyusanga ennyo Mukama okubagaggawazanga n’okubaazanga mweyongerenga obungi, bwe kityo kinaamusanyusanga okubaavuwazanga n’okubazikirizanga. Olisimbulwa n’oggibwa mu nsi gy’ogenda okuyingira okugirya.
၆၃သင့် ကို ကျေးဇူး ပြု၍ များပြား စေသောအမှု၌ ထာဝရဘုရား ပျော်မွေ့ တော်မူသည်နည်းတူ ၊ တဖန် သင့် ကို ဖျက်ဆီး ၍ အကျိုး နည်းစရာအမှု၌ ပျော်မွေ့ တော်မူသဖြင့် ၊ သင်သွား၍ ဝင်စား လတံ့သော ပြည် ထဲက သင်သည် သုတ်သင် ပယ်ရှင်းခြင်းသို့ ရောက်ရလိမ့်မည်။
64 Mukama anaakusaasaanyanga mu mawanga gonna, okutandikira ku ludda olumu olw’ensi gy’etandikira, okutuuka ku ludda olulala gy’ekoma. Eyo gy’onoosinzizanga bakatonda abalala abakolebwa mu miti ne mu mayinja, ggwe ne bajjajjaabo be mutamanyangako.
၆၄ထာဝရဘုရား သည်လည်း၊ မြေကြီး စွန်း တဘက် မှ သည် တဘက် တိုင်အောင် ၊ လူမျိုး အပေါင်း တို့တွင် သင့် ကို အရပ်ရပ်ကွဲပြား စေတော်မူသဖြင့် ၊ သင် နှင့် သင့် ဘိုးဘေး တို့ မ သိ ဘူးသော အခြား တပါးသောဘုရား ၊ သစ်သား ဘုရား၊ ကျောက် ဘုရားတို့ကို ဝတ်ပြု ရလိမ့်မည်။
65 Mu mawanga ago togenda kuweereraweererangayo wadde ebigere byo okufunirangayo ekiwummulo. Eyo, Mukama anaakuweerangayo omutima ogujugumira, n’amaaso agaagala okuziba olw’okujulirira, n’emmeeme eweddemu essuubi.
၆၅ထို လူမျိုး တို့တွင် သင် သည် သက်သာ ခြင်းမ ရှိရာ၊ နေရာ မ ကျ ရာ။ နှလုံး တုန်လှုပ် ခြင်း၊ မျက်စိ မြော် ၍ အားကုန်ခြင်း၊ ဝမ်းနည်း ခြင်းအကြောင်း ကို ထာဝရဘုရား စီရင် တော်မူသဖြင့်၊
66 Onoobanga mu kubuusabuusa buli kaseera, ng’ojjudde okutya emisana n’ekiro, ng’obulamu bwo tobwekakasa.
၆၆သင်သည် အသက်ဆုံးလုသည်ဖြစ်၍၊ နေ့ ညဉ့် မပြတ်စိုးရိမ်လျက် သေဘေးနှင့် လွတ်မည်မလွတ်မည်ကို မသိဘဲလျက် နေ ရလိမ့်မည်။
67 Mu makya onoogambanga nti, “Singa nno bubadde kiro!” Ate ekiro ng’ogamba nti, “Singa nno bubadde makya!” olw’okutya okunajjulanga mu mutima gwo, n’ebyo amaaso go bye ganaalabanga.
၆၇သင် ၏စိတ် နှလုံးထဲမှာ ကြောက်ရွံ့ ရသောအကြောင်း ၊ သင့် မျက်စိ နှင့် မြင် ရသောအရာကြောင့် ၊ နံနက် အချိန်၌ သင်က၊ ညဉ့် ရောက် ပါစေဟူ၍၎င်း၊ ညဉ့် အချိန်၌ နံနက် ရောက် ပါစေဟူ၍၎င်း ဆုတောင်း ရလိမ့်မည်။
68 Mukama anaakuzzangayo mu Misiri mu kyombo, ku lugendo lwe nakugaana okuddayo okutambula. Ng’oli eyo oneewangayo weetunde ng’omuddu omusajja oba ng’omuddu omukazi, naye toofunengayo muntu n’omu akugula.
၆၈ထိုလမ်း ကို နောက် တဖန် သင် မ မြင် ရဟု မိန့် တော်မူသော လမ်းဖြင့် ထာဝရဘုရား သည် တဖန် သင့် ကို အဲဂုတ္တု ပြည်သို့ သင်္ဘော နှင့် ပို့ဆောင် တော်မူသဖြင့်၊ ထို ပြည်တွင် ကျွန် ယောက်ျား၊ ကျွန် မိန်းမဖြစ်စေ ခြင်းငှာရန်သူ တို့၌ ရောင်း ကြလိမ့်မည်။ သို့ရာတွင် အဘယ်သူမျှသင့်ကို မ ဝယ် လိုဟု ဣသရေလလူမျိုးတို့ကို ဟောပြောလေ၏။

< Ekyamateeka Olwokubiri 28 >