< Banzembo 92 >

1 Nzembo ya koyemba na mokolo ya Saba. Tala ndenge ezali malamu kosanzola Yawe mpe koyemba mpo na lokumu ya Kombo na Yo-Oyo-Oleki-Likolo!
ဥပုသ် နေ့ အဘို့ ဆာလံ သီချင်း။ ထာဝရဘုရား ၏ ကျေးဇူး တော်ကို ချီးမွမ်း ၍၊
2 Tala ndenge ezali malamu kosakola bolingo na Yo, na tongo, mpe boyengebene na Yo, na butu,
အမြင့်ဆုံး သောဘုရား၏ နာမ တော်ကို ထောမနာသီချင်း ဆိုခြင်းငှါ ၎င်း၊
3 na lindanda ya basinga zomi mpe na nzenze!
စောင်း နှင့်တကွ ကြိုး ဆယ်ပင်ရှိသောတူရိယာ၊ တယော ၊ မိကျောင်းတို့ကို တီး၍၊ ကရုဏာ တော်နှင့် သစ္စာ တော်ကို နံနက် အချိန်၊ ည အချိန်အစဉ်အတိုင်းပြ ခြင်းငှါ ၎င်း လျောက်ပတ်ပေ၏။
4 Yawe, misala na Yo esepelisaka ngai! Nagangaka na esengo liboso ya misala ya maboko na Yo.
အို ထာဝရဘုရား ၊ အမှု တော်များအားဖြင့် အကျွန်ုပ် ကို ဝမ်းမြောက် စေတော်မူသည်ဖြစ်၍ ၊ လက် တော်နှင့် ပြုပြင် တော်မူသမျှတို့ကြောင့် ရွှင်လန်းစွာ သီချင်း ဆိုပါမည်။
5 Yawe, misala na Yo ezali minene, mpe makanisi na Yo ezali mozindo!
အို ထာဝရဘုရား ၊ စီရင်တော်မူသောအမှု တို့သည်ကြီးမား ၍၊ အကြံ အစည်တော်လည်း အလွန် နက် လှပါ၏။
6 Moto ya kilikili ayebaka te, mpe zoba asosolaka eloko moko te.
တိရစ္ဆာန် သဘောရှိသော သူ မ သိ ၊ မိုက် သောသူ နား မ လည်သော အမှုအရာဟူမူကား၊
7 Tango bato mabe bakolaka lokola matiti, mpe bato nyonso ya misala mabe bafulukaka, ezalaka nde mpo ete babebisama libela.
မ တရားသောသူတို့ သည် မြက်ပင် ကဲ့သို့ ပေါက် ၍ ၊ အဓမ္မ အမှုကို ပြု သောသူတို့ သည် ပွင့်လန်း ကြသောအခါ ၊ ထာဝရ ပျက်စီး ခြင်းသို့ ရောက်ရသောအကြောင်းပေတည်း။
8 Kasi Yo, kuna na likolo, ozali Yawe mpo na libela.
ကိုယ်တော် မူကား ၊ အစဉ်အမြဲ ကြီးမြင့် တော်မူသော ထာဝရဘုရား ဖြစ်တော်မူ၏။
9 Yawe, banguna na Yo, banguna na Yo bakokufa penza; bato nyonso ya misala mabe bakolimwa.
အိုထာဝရဘုရား ၊ ကိုယ်တော် ၏ ရန်သူ တို့သည် ပျက်စီး ခြင်းသို့ ရောက်၍ ၊ အဓမ္မ အမှုကိုပြု သောသူ အပေါင်း တို့သည် အရပ်ရပ်ကွဲပြား ကြလိမ့်မည်။
10 Okomisi ngai makasi lokola mpakasa, opakoli ngai mafuta ya sika.
၁၀အကျွန်ုပ် ၏ ချို ကိုကား၊ ကြံ့ ချိုကဲ့သို့ ချီးမြှောက် ၍ ၊ အကျွန်ုပ်ကို အသစ် သောဆီ နှင့် လိမ်း တော်မူလိမ့်မည်။
11 Miso na ngai ekomi komona bayini na ngai, mpe matoyi na ngai ekomi koyoka banguna na ngai nyonso, oyo bamibongisa mpo na kosala ngai mabe.
၁၁အကျွန်ုပ် ၏ ရန်သူတို့ကို အကျွန်ုပ် မျက်စိ မြင် လျက် ၊ ရန်ဘက် ပြုသောလူဆိုးတို့အကြောင်းကို နား ကြား လျက်၊ အကျွန်ုပ်သည် အားရပါလိမ့်မည်။
12 Bato ya sembo bafulukaka lokola nzete ya mbila, bakolaka lokola nzete ya sedele ya Libani.
၁၂ဖြောင့်မတ် သောသူသည် စွန်ပလွံ ပင်ကဲ့သို့ ပွင့်လန်း ၍ လေဗနုန် တောင်ပေါ် မှာ အာရဇ် ပင်ကဲ့သို့ ကြီးပွား လိမ့်မည်။
13 Lokola bapikama ngwi kati na Tempelo ya Yawe, bamonaka bolamu kati na lopango ya Nzambe na biso.
၁၃ထာဝရဘုရား ၏ အိမ် တော်၌ စိုက်ပျိုး သောသူတို့ သည် ငါ တို့ဘုရား သခင်၏ တန်တိုင်း တော်တွင် ပွင့်လန်း ကြလိမ့်မည်။
14 Ata bakomi mibange, babotaka kaka, bazalaka kaka makasi mpe kitoko,
၁၄အသက်ကြီး သောကာလတွင် ပင် ၊ အသီး ကိုသီး၍ ကြွယ်ဝ စိမ်းလန်း ကြလိမ့်မည်။
15 basakolaka: « Yawe azali alima, azali Libanga na biso; kati na Ye, mabe ezali te! »
၁၅ထိုသို့သောအားဖြင့် ငါ ၏ကျောက် ၊ ထာဝရဘုရား သည် ဖြောင့်မတ် တော်မူ၍ ၊ မ တရားသော အမှုနှင့် ကင်းလွတ် တော်မူသည်ဟု ထင်ရှား လိမ့်သတည်း။

< Banzembo 92 >