< Banzembo 140 >

1 Wuta na buku ya mokambi ya bayembi. Nzembo ya Davidi. Yawe, kangola ngai wuta na maboko ya bato ya misala mabe! Kokutanisa ngai te na bato na kanza.
အို ထာ​ဝ​ရ​ဘု​ရား၊ ဆိုး​ညစ်​သူ​တို့​လက်​မှ​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။ အ​ကြမ်း​ဖက်​သ​မား​တို့​၏​ဘေး​မှ လုံ​ခြုံ​စွာ​ထား​တော်​မူ​ပါ။
2 Basalaka mabongisi mabe kati na mitema na bango mpe balukaka bitumba mikolo nyonso.
သူ​တို့​သည်​အ​စဉ်​ပင်​မ​ကောင်း​မှု​ပြု​ရန် ကြံ​စည်​လျက်​အ​စဉ်​ပင်​ခိုက်​ရန်​ဖြစ်​ပွား စေ​ရန် လှုံ့​ဆော်​ပေး​ကြ​ပါ​၏။
3 Bapelisaka lolemo na bango lokola nyoka, bibebu na bango ezali na ngenge ya etupa.
သူ​တို့​၏​လျှာ​သည်​အ​ဆိပ်​ပြင်း​သော​မြွေ​နှင့်​တူ​၍ သူ​တို့​၏​စ​ကား​သည်​မြွေ​ဟောက်​၏ အ​ဆိပ်​နှင့်​တူ​ပါ​၏။
4 Yawe, batela ngai mosika ya maboko ya moto mabe; kokutanisa ngai te na bato na kanza oyo bazali kosala mabongisi ya kokweyisa ngai!
အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​သူ​ယုတ်​မာ​တို့​၏​ဘေး​မှ ကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ပြို​လဲ​ပျက်​စီး​စေ​ရန်​ကြံ​စည်​သူ အ​ကြမ်း​ဖက်​သ​မား​တို့​၏​ဘေး​မှ​လုံ​ခြုံ​စွာ ထား​တော်​မူ​ပါ။
5 Bato ya lofundu batieli ngai mitambo, batandi basinga ya minyama na nzela mpe batimoli mabulu mpo na kokanga ngai.
မာန်​မာ​န​ကြီး​သူ​တို့​သည်​ကျွန်​တော်​မျိုး​အ​တွက် ထောင်​ချောက်​ကို​ထောင်​ထား​ကြ​ပါ​ပြီ။ သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​ဖမ်း​ရန် လမ်း​တွင်​ပိုက်​ကွန်​ကို​ဖြန့်​၍​ကျော့​ကွင်း​ကို ထောင်​ထား​ကြ​ပါ​ပြီ။
6 Nalobaka na Yawe: « Ozali Nzambe na ngai! » Yawe, yoka mabondeli na ngai.
``ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု​ထာ​ဝ​ရ​ဘု​ရား​အား လျှောက်​ထား​၏။ အို ထာ​ဝ​ရ​ဘု​ရား ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို ကြား​တော်​မူ​ပါ​၏။
7 Oh Yawe, Nkolo na ngai, ozali makasi ya lobiko na ngai, obatelaka moto na ngai kati na mokolo ya etumba.
အို ဘု​ရား​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​စွမ်း​အား​ကြီး​သော​ကယ်​တင်​ရှင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​စစ်​ပွဲ​တွင် ကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​ပါ​ပြီ။
8 Yawe, kokokisa te posa ya moto mabe, kolongisa te mabongisi na ye, noki te akokoma lolendo.
အို ထာ​ဝ​ရ​ဘု​ရား၊ သူ​ယုတ်​မာ​၏​အ​လို​ဆန္ဒ​ကို ပြည့်​စုံ​စေ​တော်​မ​မူ​ပါ​နှင့်။ သူ​တို့​၏​ဆိုး​ယုတ်​သော​အ​ကြံ​အ​စည်​များ​ကို အောင်​မြင်​ခွင့်​ပေး​တော်​မ​မူ​ပါ​နှင့်။
9 Tika ete pasi oyo bibebu na bango esili kobongisa ekweyela bato oyo bazingeli ngai.
ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​အား​အောင်​ပွဲ​ခံ​ခွင့် ပေး​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​အား​ခြိမ်း​ခြောက်​ပြော​ဆို​သ​မျှ တို့​ကို သူ​တို့​ခံ​ကြ​ရ​ပါ​စေ​သော။
10 Tika ete makala ya moto esopanela bango! Tika ete Nzambe atindika bango kati na moto, kati na mabulu ya potopoto epai wapi bakokoka kotelema lisusu te!
၁၀မီး​ကျီး​ခဲ​များ​သည်​သူ​တို့​၏​ဦး​ခေါင်း​ပေါ်​သို့ ကျ​ကြ​ပါ​စေ​သော။ သူ​တို့​သည်​တွင်း​ထဲ​သို့​ကျ​ပြီး​လျှင် အ​ဘယ်​အ​ခါ​၌​မျှ​ပြန်​၍​မ​တက်​နိုင်​ပါ​စေ​နှင့်။
11 Batioli bakowumela te kati na mokili, pasi ekolanda bato na kanza na kolemba te.
၁၁သူ​တစ်​ပါး​တို့​အား​လိမ်​လည်​စွပ်​စွဲ​ကြ သူ​တို့​သည် မ​အောင်​မြင်​ပါ​စေ​နှင့်။ မ​ကောင်း​မှု​သည်​အ​ကြမ်း​ဖက်​သ​မား​တို့​အား အ​မီ​လိုက်​၍​သုတ်​သင်​ဖျက်​ဆီး​ပါ​စေ​သော။
12 Nayebi ete Yawe akotaka makambo ya babola mpe alongisaka bato oyo bakelela.
၁၂အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဆင်း​ရဲ​သူ​တို့​၏​အ​ကျိုး​နှင့် ချို့​တဲ့​နွမ်း​ပါး​သူ​တို့​၏​အ​ခွင့်​အ​ရေး​များ​ကို ကွယ်​ကာ​တော်​မူ​ကြောင်း​ကျွန်​တော်​မျိုး​သိ​ပါ​၏။
13 Solo, bato ya sembo bakosanzola Kombo na Yo, bato ya alima bakovanda liboso na Yo.
၁၃သူ​တော်​ကောင်း​တို့​သည်​ကိုယ်​တော်​ရှင်​အား အ​မှန်​ပင် ထော​မ​နာ​ပြု​ကြ​ပါ​လိမ့်​မည်။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​ရှေ့​တော်​မှောက်​တွင် နေ​ရ​ကြ​ပါ​လိမ့်​မည်။

< Banzembo 140 >