< Banzembo 116 >
1 Nalingaka Yawe, pamba te ayokaka mongongo mpe mabondeli na ngai.
၁ထာဝရဘုရားသည်ငါ၏ပန်ကြား လျှောက်ထားချက်ကိုကြားတော်မူသည်ဖြစ်၍ ငါသည်ကိုယ်တော်ကိုချစ်မြတ်နိုး၏။ ကိုယ်တော်သည်ငါ၏ဆုတောင်းပတ္ထနာကို နားထောင်တော်မူ၏။
2 Ayokaki ngai; boye nakobelela Ye bomoi na ngai mobimba.
၂ငါလျှောက်ထားသည့်အခါတိုင်းကိုယ်တော် နားထောင်တော်မူ၏။
3 Minyololo ya kufa ezingelaki ngai, somo ya mboka ya bakufi ekangaki ngai; nakomaki moto ya pasi mpe ya mawa. (Sheol )
၃သေမင်း၏ကျော့ကွင်းသည်ငါ့ကိုဖမ်းမိလျက် နေ၏။ သေဘေးသည်ငါ့ကိုဝိုင်းရံလျက်နေ၏။ ငါသည်ကြောက်လန့်၍စိုးရိမ်ပူပန်ရ၏။ (Sheol )
4 Kasi nabelelaki Kombo ya Yawe: « Yawe, nabondeli Yo, bikisa ngai! »
၄ထိုအခါ``အို ထာဝရဘုရား၊ ကိုယ်တော်ရှင်အားကျွန်တော်မျိုးတောင်းပန် ပါ၏။ ကျွန်တော်မျိုးကိုကယ်တော်မူပါ'' ဟု ထာဝရဘုရား၏ထံတော်သို့ငါဆုတောင်း ပတ္ထနာပြု၏။
5 Yawe asalaka ngolu mpe azali sembo, Nzambe na biso ayokelaka bato mawa.
၅ထာဝရဘုရားသည်သနားကြင်နာတော်မူ၍ ကျေးဇူးပြုတော်မူတတ်၏။ ငါတို့၏ဘုရားသခင်သည်ကရုဏာတော်ရှင် ဖြစ်တော်မူ၏။
6 Yawe abatelaka bato oyo bazangi mayele. Nalembaki nzoto, kasi abikisi ngai.
၆ထာဝရဘုရားသည်ခိုကိုးရာမဲ့သူတို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။ ငါဘေးဥပဒ်ရောက်သောအခါငါ့ကို ကယ်တော်မူ၏။
7 Molimo na ngai, zongela kimia na yo, pamba te Yawe asaleli yo bolamu.
၇အို ငါ့စိတ်နှလုံး၊ထာဝရဘုရားသည် ငါ့အားကျေးဇူးပြုတော်မူပြီဖြစ်၍ ယုံကြည်စိတ်ချစွာနေလော့။
8 Solo, okangoli ngai na kufa, okawusi mpinzoli na ngai mpe obateli makolo na ngai ete ekweya te.
၈ထာဝရဘုရားသည်ငါ့အသက်ကို သေဘေးမှလည်းကောင်း၊ ငါ့မျက်စိကိုမျက်ရည်ကျခြင်းမှလည်း ကောင်း၊ ငါ၏ခြေကိုချော်လဲခြင်းမှလည်းကောင်း ကယ်တော်မူပြီ။
9 Nakotambola liboso ya Yawe kati na mokili ya bato ya bomoi.
၉သို့ဖြစ်၍ငါသည်အသက်ရှင်သူ လူသားတို့၏ဘောင်တွင် ဘုရားသခင်၏မျက်မှောက်တော်၌ သက်ရှင်လှုပ်ရှားလျက်နေရ၏။
10 Solo, nazalaka na elikya, ezala soki nalobaka: « Nazali moto na pasi makasi. »
၁၀ငါသည်ကြောက်လန့်သဖြင့်``ငါ့မှာယုံကြည် နိုင်သူ တစ်ယောက်မျှမရှိ'' ဟူ၍လည်းကောင်း ``ငါသည်စိတ်ဒုက္ခကြီးစွာရောက်ပါပြီ'' ဟူ၍လည်းကောင်းဆိုစဉ်၌ပင်လျှင် ထာဝရဘုရားကိုယုံကြည်မြဲယုံကြည် လျက်နေပါ၏။
11 Kati na mitungisi na ngai, nazalaki komilobela: « Bato nyonso bazali bakosi. »
၁၁
12 Nini nakoki kozongisela Yawe mpo na bolamu na Ye nyonso epai na ngai?
၁၂ထာဝရဘုရားငါ့အားပြုတော်မူသော ကျေးဇူးများအတွက်ငါသည်ကိုယ်တော်အား အဘယ်အရာကိုပူဇော်ရပါမည်နည်း။
13 Nakotombola kopo ya elonga mpe nakobelela Kombo ya Yawe.
၁၃ငါ့ကိုကယ်တော်မူသည့်အတွက် ကျေးဇူးတော်ကိုချီးမွမ်းရန်ငါသည် ထာဝရဘုရားအားစပျစ်ရည်ကို ပူဇော်မည်။
14 Nakokokisa bandayi na ngai epai na Yawe na miso ya bato na Ye nyonso.
၁၄ငါသည်ကိုယ်တော်အားသစ္စာကတိပြုခဲ့ သည့်အတိုင်း ကိုယ်တော်၏လူစုတော်စုဝေးရာတွင် မိမိ၏သစ္စာဝတ်ကိုဖြေပါမည်။
15 Kufa ya bayengebene ya Yawe ezali na motuya makasi na miso na Ye.
၁၅ထာဝရဘုရား၏လူစုတော်အနက်တစ်စုံ တစ်ယောက် သေဆုံးသွားလျှင် ကိုယ်တော်အတွက်ကြီးမားသောဆုံးရှုံးမှု ဖြစ်ပါသည်တကား။
16 Yawe, yoka ngai, nazali mosali na Yo. Nazali mosali na Yo, mwana mobali ya mwasi mosali na Yo. Ofungoli minyololo oyo ekangaki ngai.
၁၆အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အစေခံ ဖြစ်ပါ၏။ ကျွန်တော်မျိုး၏မိခင်နည်းတူကျွန်တော်မျိုး သည် ကိုယ်တော်ရှင်၏အစေကိုခံပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားသေ ဘေးမှ ကယ်တော်မူပါပြီ။
17 Nakobonzela Yo mbeka mpo na kozongisa matondi, mpe nakobelela Kombo ya Yawe.
၁၇ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ကျေးဇူးတော်ကိုချီးမွမ်းရာယဇ်ကိုပူဇော် ပါမည်။ အထံတော်သို့ဆုတောင်းပတ္ထနာပြုပါမည်။
18 Nakokokisa bandayi na ngai epai na Yawe na miso ya bato na Ye nyonso,
၁၈ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား သစ္စာကတိပြုခဲ့သည့်အတိုင်း ကိုယ်တော်ရှင်၏လူစုတော်ဝင်တို့ စုဝေးရာ ယေရုရှလင်မြို့ရှိကိုယ်တော်ရှင်၏ဗိမာန် တော်၌ သစ္စာဝတ်ကိုဖြေပါမည်။ ထာဝရဘုရားကိုထောမနာပြုကြလော့။
19 kati na lopango ya Tempelo ya Yawe; kati na yo, Yelusalemi. Bokumisa Yawe!
၁၉