< Kobima 40 >

1 Yawe alobaki na Moyize:
ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊
2 — Na mokolo ya liboso ya sanza ya liboso, okotelemisa Mongombo, Ndako ya kapo ya Bokutani;
``ပ​ထ​မ​လ၊ ပ​ထ​မ​နေ့​ရက်​တွင်​ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​ကို​စိုက်​ထူ​လော့။-
3 okotia kati na yango Sanduku ya Litatoli mpe okozipa yango na rido.
တဲ​တော်​တွင်​ပ​ညတ်​တော်​ဆယ်​ပါး​ပါ​ရှိ သော​သေတ္တာ​တော်​ကို​သွင်း​ထား​၍၊ သေတ္တာ အ​ရှေ့​တွင်​ကန့်​လန့်​ကာ​ကို၊ ကာ​ထား​လော့။-
4 Okokotisa mesa mpe okotia biloko oyo esengeli kozala likolo na yango; okokotisa etelemiselo ya minda mpe okopelisa minda na yango.
တဲ​တော်​ထဲ​သို့​စား​ပွဲ​တော်​ကို​သွင်း​၍၊ ဆိုင် ရာ​ပစ္စည်း​များ​ကို စား​ပွဲ​ပေါ်​တွင်​တင်​ထား လော့။ ဆီ​မီး​တိုင်​ကို​လည်း​သွင်း​၍ မီး​ခွက် များ​ကို​တင်​ထွန်း​ရ​မည်။-
5 Okotia etumbelo ya malasi, oyo basala na wolo liboso ya Sanduku ya Litatoli mpe okotia rido, na ekotelo ya Mongombo.
နံ့​သာ​ပေါင်း​မီး​ရှို့​ရာ​ရွှေ​ပလ္လင်​ကို၊ ပ​ညတ် တော်​ဆယ်​ပါး​ပါ​ရှိ​သော ပ​ဋိ​ညာဉ်​သေတ္တာ​ရှေ့ တွင်​ထား​၍၊ တဲ​တော်​တံ​ခါး​ဝ​တွင်​ကန့်​လန့် ကာ​ကို​တပ်​ဆင်​လော့။-
6 Okotia etumbelo ya mbeka ya kotumba liboso ya ekotelo ya Mongombo, Ndako ya kapo ya Bokutani,
ယဇ်​ကောင်​မီး​ရှို့​ရာ​ပလ္လင်​ကို​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ တဲ​တော်​တံ​ခါး​ဝ​ရှေ့​တွင်​ထား လော့။-
7 mpe okotia sani mpo na komipetola na kati-kati ya Ndako ya kapo ya Bokutani mpe etumbelo, mpe okotia mayi kati na yango.
အင်​တုံ​ကို​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​နှင့် ယဇ်​ပလ္လင်​စပ်​ကြား​တွင်​ထား​၍၊ အင်​တုံ ၌​ရေ​ဖြည့်​လော့။-
8 Okotonga lopango zingazinga na yango mpe okotia rido na ekotelo ya lopango.
တဲ​တော်​ပတ်​လည်​တွင်​ဝင်း​ကာ​၍၊ ဝင်း တံ​ခါး​ဝ​၌ ကန့်​လန့်​ကာ​ကို​တပ်​ဆင်​လော့။
9 Okozwa mafuta ya epakolami, okopakola Mongombo mpe nyonso oyo ezali kati na yango, mpe okobulisa yango elongo na bisalelo na yango nyonso mpe yango ekozala bule.
``တဲ​တော်​နှင့်​တဲ​တော်​အ​တွင်း​၌​ရှိ​သ​မျှ သော​အ​ရာ​တို့​ကို ဘိ​သိက်​ဆီ​သွန်း​လောင်း ၍၊ ထာ​ဝ​ရ​ဘု​ရား​ထံ​ဆက်​ကပ်​လော့။-
10 Okopakola mafuta na etumbelo ya mbeka ya kotumba mpe bisalelo na yango nyonso; okobulisa etumbelo mpe yango ekozala bule koleka.
၁၀ထို​နောက်​ယဇ်​ကောင်​မီး​ရှို့​ရာ​ပလ္လင်​နှင့်​ဆိုင် ရာ​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​လည်း​ဘိ​သိက် ဆီ​သွန်း​လောင်း​၍၊ အ​လွန်​သန့်​ရှင်း​စေ​လော့။-
11 Okopakola mafuta na sani mpo na komipetola mpe evandelo na yango, mpe okobulisa yango.
၁၁ထို​နည်း​အ​တိုင်း​အင်​တုံ​နှင့်​အောက်​ခံ​ခုံ​များ ကို​ဆက်​ကပ်​လော့။
12 Okomema Aron mpe bana na ye ya mibali na ekotelo ya Ndako ya kapo ya Bokutani mpe okosukola bango na mayi.
၁၂``အာ​ရုန်​နှင့်​သား​များ​ကို​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး​ဝ​သို့​ခေါ်​ဆောင် ၍၊ ရေ​ဖြင့်​ဆေး​ကြော​သန့်​စင်​စေ​လော့။-
13 Sima na yango, okolatisa Aron bilamba ya bule, okopakola ye mafuta mpe okobulisa ye mpo ete asalela Ngai lokola Nganga-Nzambe.
၁၃အာ​ရုန်​အား​ယဇ်​ပု​ရော​ဟိတ်​အ​ဝတ်​တန်​ဆာ များ​ကို​ဝတ်​ဆင်​စေ​၍၊ ဘိ​သိက်​ဆီ​လောင်း လျက်​သူ့​အား​ဆက်​ကပ်​၍၊ ငါ့​အ​တွက်​ယဇ် ပု​ရော​ဟိတ်​အ​ဖြစ်​ဆောင်​ရွက်​စေ​လော့။-
14 Okomema mpe bana na ye ya mibali mpe okolatisa bango banzambala.
၁၄သူ​၏​သား​များ​ကို​လည်း​ခေါ်​၍​အင်္ကျီ​ဝတ် ပေး​လော့။-
15 Okopakola bango mafuta ndenge opakolaki tata na bango, mpo ete basalela Ngai lokola Banganga-Nzambe: epakolami na bango ekopesa bango nzela mpo na kosala mosala ya bonganga-Nzambe libela na libela kati na bakitani na bango.
၁၅ထို​နောက်​သူ​တို့​အား​ယဇ်​ပု​ရော​ဟိတ်​အ​မှု ကို​ဆောင်​ရွက်​စေ​ရန် သူ​တို့​၏​အ​ဖ​အား​ဘိ သိက်​ပေး​သ​ကဲ့​သို့၊ သူ​တို့​အား​ဘိ​သိက်​ဆီ လောင်း​၍​ဆက်​ကပ်​လော့။ သူ​တို့​အား​ဤ​ကဲ့ သို့​ဘိ​သိက်​ဆီ​လောင်း​ခြင်း​အား​ဖြင့်၊ သူ​တို့ ၏​သား​စဉ်​မြေး​ဆက်​တို့​သည် ယဇ်​ပု​ရော ဟိတ်​အ​ရာ​ကို​အ​မြဲ​ဆက်​ခံ​ရ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
16 Moyize asalaki nyonso oyo Yawe atindaki ye.
၁၆မော​ရှေ​သည်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ သ​မျှ​အ​တိုင်း​ဆောင်​ရွက်​လေ​၏။-
17 Boye, Mongombo etelemisamaki na mokolo ya liboso ya sanza ya liboso na mobu ya mibale.
၁၇သူ​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​ခဲ့​ပြီး နောက် ဒု​တိ​ယ​နှစ်​ပ​ထ​မ​လ၊ ပ​ထ​မ​နေ့ တွင်​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​ကို​စိုက်​ထူ​ကြ​၏။-
18 Tango Moyize atelemisaki Mongombo, atiaki bivandelo na esika na yango, atiaki bakadre, akotisaki mabaya mpe atelemisaki makonzi;
၁၈မော​ရှေ​သည်​တဲ​တော်​၏​အောက်​ခံ​ခုံ​များ​ကို နေ​ရာ​ချ​ထား​၏။ ထို​နောက်​ဘောင်​ခွေ​များ​ကို ထောင်​၍ ကန့်​လန့်​ကျင်​များ​ကို​လျှို​လျက်​တိုင် များ​ကို​ထူ​၏။-
19 atandaki ndako ya kapo na likolo ya Mongombo mpe atiaki ezipelo na likolo ya ndako ya kapo, ndenge kaka Yawe atindaki ye Moyize.
၁၉ထာ​ဝ​ရ​ဘု​ရား​က​သူ့​အား​မိန့်​တော်​မူ​သည့် အ​တိုင်း​တဲ​တော်​အ​မိုး​ကို​ဖြန့်​မိုး​လျက် ထို အ​မိုး​အ​ထက်​အ​ပေါ်​ထပ်​အ​မိုး​ကို​မိုး ပြန်​၏။-
20 Moyize azwaki bitando nyonso mibale ya mabanga ya Boyokani mpe atiaki yango kati na Sanduku, akangisaki mabaya na Sanduku mpe atiaki esika ya bolimbisi masumu na likolo na yango.
၂၀ထို​နောက်​သူ​သည်​ကျောက်​ပြား​ကို​သေတ္တာ တော်​ထဲ​၌​ထည့်​ထား​၏။ သေတ္တာ​တော်​ကွင်း များ​တွင်​ထမ်း​ပိုး​များ​ကို​လျှို​၍၊ သေတ္တာ တော်​အ​ဖုံး​ကို​တင်​၏။-
21 Moyize akotisaki Sanduku kati na Mongombo mpe atiaki rido mpo na kokabola Esika ya bule mpe Esika-Oyo-Eleki-Bule, mpo ete bato bakoka komona Sanduku ya Litatoli te, ndenge kaka Yawe atindaki ye.
၂၁ထို​နောက်​သူ​သည်​သေတ္တာ​တော်​ကို​တဲ​တော် အ​တွင်း​၌​သွင်း​၍ ကန့်​လန့်​ကာ​ကို​ကာ​သ ဖြင့်၊ ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း သေတ္တာ​ကို​ကာ​ထား​လေ​၏။-
22 Moyize atiaki mesa kati na Ndako ya kapo ya Bokutani na ngambo ya nor ya Mongombo libanda ya rido;
၂၂သူ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း​စား​ပွဲ​ကို​ထာ​ဝ​ရ​ဘု​ရား​စံ​တော် မူ​ရာ​တဲ​တော်​အ​တွင်း မြောက်​ဘက်၊ ကန့်​လန့် ကာ​အ​ပြင်​ဘက်​တွင်​နေ​ရာ​ချ​ထား​၍၊-
23 mpe atiaki mapa na molongo, liboso ya Yawe, ndenge kaka Yawe atindaki ye Moyize.
၂၃ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌​ဆက်​သ​ရန် မုန့်​ကို​စား​ပွဲ​ပေါ်​၌​တင်​ထား​၏။-
24 Atiaki etelemiselo ya minda kati na Ndako ya kapo ya Bokutani, etalana na mesa, na ngambo ya sude ya Mongombo.
၂၄သူ​သည်​ဆီ​မီး​တိုင်​ကို​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​အ​တွင်း၊ တောင်​ဘက် စား​ပွဲ​၏​တစ်​ဘက်​တွင်​ထား​၏။-
25 Apelisaki minda liboso ya Yawe, ndenge kaka Yawe atindaki ye Moyize.
၂၅ထို​နောက်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင်​မီး ခွက်​များ​ကို​ထွန်း​ညှိ​လေ​၏။-
26 Atiaki etumbelo ya wolo kati na Ndako ya kapo ya Bokutani liboso ya rido,
၂၆ရွှေ​ပလ္လင်​ကို​လည်း​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ ရာ​တဲ​တော်​အ​တွင်း၊ ကန့်​လန့်​ကာ​အ​ရှေ့​တွင် နေ​ရာ​ချ​ထား​၏။-
27 mpe atumbaki likolo na yango ansa ya solo kitoko, ndenge kaka Yawe atindaki ye Moyize.
၂၇ထို​နောက်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း ပလ္လင်​ပေါ်​တွင်​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​လေ​၏။-
28 Bongo atiaki rido na ekotelo ya Mongombo.
၂၈သူ​သည်​တဲ​တော်​တံ​ခါး​ဝ​တွင်​ကန့်​လန့်​ကာ ကို​တပ်​ဆင်​ပြီး​နောက်-
29 Atiaki etumbelo ya mbeka ya kotumba pembeni ya ekuke ya Mongombo, Ndako ya kapo ya Bokutani, abonzaki likolo na yango bambeka ya kotumba mpe makabo ya mbuma, ndenge kaka Yawe atindaki ye Moyize.
၂၉ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး ဝ​ရှေ့​တွင် မီး​ရှို့​ရာ​ယဇ်​ပလ္လင်​ကို​နေ​ရာ​ချ​ထား ၏။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း သူ​သည်​မီး​ရှို့​ရာ​ယဇ်​ကို​လည်း​ကောင်း၊ ဘော​ဇဉ် ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း​ပလ္လင်​ပေါ်​တွင် ပူ​ဇော်​လေ​၏။-
30 Atiaki sani mpo na komipetola na kati-kati ya Ndako ya kapo ya Bokutani mpe etumbelo mpe atiaki kati na yango mayi ya kosukola.
၃၀သူ​သည်​အင်​တုံ​ကို​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ ရာ​တဲ​တော်​နှင့် ယဇ်​ပလ္လင်​အ​ကြား​တွင် နေ​ရာ​ချ ထား​၍​ရေ​ထည့်​ထား​၏။-
31 Moyize, Aron mpe bana mibali ya Aron basalelaki yango mpo na kosukola maboko mpe makolo na bango.
၃၁ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း​မော​ရှေ၊ အာ​ရုန်​နှင့်​သူ​၏​သား​များ​သည်​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​ထဲ​သို့​ဝင်​သော​အ​ခါ​၌ လည်း​ကောင်း၊ ယဇ်​ပလ္လင်​ရှိ​ရာ​သို့​ချဉ်း​ကပ်​သော အ​ခါ​၌​လည်း​ကောင်း သူ​တို့​၏​ခြေ​လက်​များ ကို​ထို​နေ​ရာ​တွင်​ဆေး​ကြော​ကြ​၏။-
32 Bazalaki komisukola tango nyonso bazalaki kokota na Ndako ya kapo ya Bokutani to kopusana pembeni ya etumbelo, ndenge kaka Yawe atindaki ye Moyize.
၃၂
33 Moyize atelemisaki lopango pembeni-pembeni ya Mongombo mpe ya etumbelo, mpe atiaki rido na ekuke ya lopango. Ezali boye nde Moyize asilisaki mosala.
၃၃ထို​နောက်​သူ​သည်​တဲ​တော်​နှင့်​ယဇ်​ပလ္လင်​ပတ် လည်​တွင်​ဝင်း​ကာ​၍ ဝင်း​တံ​ခါး​ဝ​၌​ကန့်​လန့် ကာ​ကို​တပ်​ဆင်​လေ​၏။ သို့​ဖြစ်​၍​မော​ရှေ​သည် လုပ်​ငန်း​ရှိ​သ​မျှ​ကို​လုပ်​ဆောင်​ပြီး​စီး​လေ သည်။
34 Lipata ezipaki Ndako ya kapo ya Bokutani mpe nkembo na Yawe etondaki kati na Mongombo.
၃၄ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​ကို မိုး​တိမ်​တိုက်​လွှမ်း​၍​ထာ​ဝ​ရ​ဘု​ရား ၏​တောက်​ပ​သော​ဘုန်း​အ​သ​ရေ​တော်​သည် တဲ​တော်​တွင်း​၌​ထွန်း​တောက်​လေ​၏။-
35 Moyize akokaki lisusu te kokota na Ndako ya kapo ya Bokutani, pamba te lipata evandaki likolo na yango mpe nkembo na Yawe etondaki kati na Mongombo.
၃၅ထို​အ​ခြင်း​အ​ရာ​ကြောင့်​မော​ရှေ​သည် ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တွင်း​သို့​မ​ဝင် နိုင်​ချေ။-
36 Tango nyonso lipata ezalaki kolongwa na likolo ya Ndako ya kapo ya Bokutani, bana ya Isalaele bazalaki kotelema mpo na kokende na mobembo na bango.
၃၆ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တဲ​တော်​မှ မိုး​တိမ်​တိုက်​အ​ထက်​သို့​တက်​ခွာ​သော​အ​ခါ မှ​သာ ရှေ့​စ​ခန်း​သို့​ခ​ရီး​ထွက်​ကြ​သည်။-
37 Kasi soki lipata elongwe te, bango mpe bazalaki kolongwa te, bazalaki kozela kino na mokolo oyo lipata ekolongwa.
၃၇တဲ​တော်​ကို​မိုး​တိမ်​တိုက်​လွှမ်း​လျက်​နေ​သည့် ကာ​လ​ပတ်​လုံး သူ​တို့​သည်​ခ​ရီး​မ​ထွက် ကြ​ချေ။-
38 Na moyi, lipata ya Yawe ezalaki na likolo ya Mongombo; bongo na butu, moto ezalaki kongala kati na lipata, mpe miso ya bana nyonso ya Isalaele ezalaki komona yango. Esalemaki bongo na mibembo na bango nyonso.
၃၈ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လှည့်​လည်​၍ ခ​ရီး​သွား​ရာ​လမ်း​တစ်​လျှောက်​လုံး​တွင်​တဲ တော်​ပေါ်​၌​နေ့​အ​ခါ​ထာ​ဝရ​ဘု​ရား​၏​မိုး တိမ်​တိုက်​လွှမ်း​လျက်​ရှိ​သည်​ကို​လည်း​ကောင်း၊ ည​အ​ခါ​မီး​တောက်​လျက်​ရှိ​သည်​ကို​လည်း ကောင်း​တွေ့​မြင်​ရ​ကြ​သ​တည်း။ ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော​ထွက်​မြောက်​ရာ ကျမ်း​ပြီး​၏။

< Kobima 40 >