< Pāvilavēstulē Romiešiem 3 >
1 Kas tad nu Jūdam ir pārāki, jeb kāds ir tas apgraizīšanas labums?
၁ထိုသို့ဖြစ်လျှင်၊ ယုဒလူသည်အဘယ်သို့သာသနည်း။ အရေဖျား လှီးခြင်းအားဖြင့် အဘယ်အကျိုး ရှိသနည်း။
2 Visādi liels! Jo pirmā kārtā Dieva vārdi tiem ir uzticēti.
၂အထွေထွေသော အကျိုးများစွာရှိ၏။ ထူးမြတ်သော အကျိုးဟူမူကား၊ အရေဖျားလှီးခြင်းကို ခံသော ယုဒတို့သည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို ခံရကြ၏။
3 Jo kas par to, ja kādi nav ticējuši? Vai viņu neticība Dieva uzticību iznīcinās?
၃သူတို့တွင် အချို့မယုံသော်လည်း၊ အဘယ်ဆိုဘွယ်ရှိသနည်း။ သူတို့မယုံဘဲနေခြင်းအရာသည် ဘုရားသခင်၏သစ္စာတော်ကို ဖျက်နိုင်သလော။
4 Nemaz ne! Bet lai tā paliek, ka Dievs ir taisns un ikkatrs cilvēks melkulis, itin kā ir rakstīts: “Ka Tu palieci taisns Savos vārdos un uzvari, kad Tu topi tiesāts.”
၄မဖျက်နိုင်ရာ။ သို့ဖြစ်၍မိန့်တော်မူချက်သည် ဖြောင့်ပါ၏။ တရားစီရင်သောအခါ အောင်မြင်တော်မူ၏ ဟု ကျမ်းစာ၌လာသည်နှင့်အညီ၊ လူခပ်သိမ်းတို့သည် သစ္စာပျက်သော်လည်း၊ ဘုရားသခင်၏ သစ္စာတော်သည် တည်စေသတည်း။
5 Kad nu mūsu netaisnība Dieva taisnību apstiprina, ko lai sakām? Vai tad Dievs nav netaisns, kad Viņš soda? To runāju, kā cilvēki mēdz runāt.
၅ငါတို့၏ မတရားသောအမှုသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေလျှင်၊ အဘယ် သို့ဆိုရသနည်း။ ဘုရားသခင်သည် ဒဏ်ပေးတော်မူလျှင်၊ မတရားသောအမှုကို ပြုတော်မူသလော။ ထိုသို့ဆိုသော် လူသဘောအတိုင်း ငါဆိုသတည်း။
6 Nemaz ne! Jo kā tad Dievs pasauli tiesās?
၆ထိုသို့မဟုတ်ရာ။ ဟုတ်လျှင်လောကသားတို့ကို အဘယ်သို့ စစ်ကြောစီရင်တော်မူမည်နည်း။
7 Jo ja Dieva patiesība caur maniem meliem ir vairojusies Viņam par godu, ko tad es vēl kā grēcinieks topu tiesāts?
၇ထိုမှတပါးငါသည် သစ္စာပျက်သောအားဖြင့် ဘုရားသခင်၏ သစ္စာတော်သည် ဂုဏ်အသရေတော်ကို တိုးပွါးစေလျှင်၊ ငါ့ကို အပြစ်ရှိသောသူကဲ့သို့ အဘယ်ကြောင့် စီရင်သေးသနည်းဟူ၍ မေးပြန်လျှင်၊
8 Un kam mēs nesakām, itin kā topam zaimoti, un itin kā daži teic, mūs sakām: darīsim ļaunu, lai nāk labums? Tādiem sods pēc taisnības notiks.
၈ကောင်းသောအကျိုးရှိစေခြင်းငှါ မကောင်းသော အကျင့်ကို ကျင့်ကြကုန်အံ့ဟု လူအချို့တို့သည် ငါတို့ကို ကဲ့ရဲ့လျက်၊ ငါတို့စကား ကိုပြန်ပြောသည်အတိုင်း ဆိုဦးမည်လော။ ထိုသို့ဆိုသောသူတို့သည် ကိုယ်အပြစ် ဒဏ်ကို ခံထိုက်ကြ၏။
9 Ko tad nu? Vai mēs esam labāki? Nemaz ne. Jo mēs jau pirmāk esam rādījuši, gan Jūdus, gan Grieķus, visus esam apakš grēka.
၉ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း။ ငါတို့သည် မြတ်သလောဟု မေးပြန်သော်။ အလျှင်းမမြတ်။ အကြောင်းမူကား၊ ယုဒလူ၊ ဟေလသလူအပေါင်းတို့သည် အပြစ်ရှိကြောင်းကို အထက်ပြခဲ့ပြီ။
10 Itin kā stāv rakstīts: nav neviena taisna, it neviena,
၁၀ကျမ်းစာလာသည်ကား၊ ဖြောင့်မတ်သောသူမရှိ၊ တယောက်မျှမရှိ။
11 Nav neviena prātīga, nav neviena, kas Dievu meklē.
၁၁နားလည်သောသူမရှိ၊ ဘုရားသခင်ကို ရှာသော သူမရှိ။
12 Visi ir atkāpušies un kopā tapuši nelieši, nav neviena, kas labu dara, it neviena.
၁၂လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း အသုံးမရသောသူဖြစ်ကြပြီ။ ကောင်းသော အကျင့်ကို ကျင့်သောသူမရှိ၊ တယောက်မျှမရှိ။
13 Viņu rīkle ir atvērts kaps; ar savām mēlēm tie viltību dara: odžu dzelonis ir apakš viņu lūpām;
၁၃သူတို့၏လည်ချောင်းသည် ဖွင့်ထားသော သင်္ချိုင်းတွင်းဖြစ်၏။ သူတို့သည်လျှာနှင့် လှည့်စားတတ် ကြ၏။ သူတို့နှုတ်ခမ်းအထဲမှာ မြွေဆိုး အဆိပ် အတောက်ရှိ၏။
14 Viņu mute ir lāstu un rūgtuma pilna.
၁၄သူတို့နှုတ်သည် ကျိန်ဆဲသောစကား၊ ကြမ်းတမ်းသောစကားနှင့် ပြည့်ဝ၏။
15 Viņu kājas ir čaklas izliet asinis.
၁၅သူတို့ခြေသည်လူအသက်ကို သတ်ခြင်းငှါ လျင်မြန်၏။
16 Posts un sirdēsti ir pa viņu ceļiem,
၁၆သူတို့သွားရာလမ်း၌ ပျက်စီးခြင်း၊ ဒုက္ခ ဆင်းရဲခြင်းရှိ၏။
17 Un miera ceļu tie nezin.
၁၇ချမ်းသာလမ်းကိုသူတို့မသိကြ။
18 Dieva bijāšanas nav priekš viņu acīm.
၁၈ဘုရားသခင်ကို ကြောက်ရွံ့ရသော အကြောင်း သည် သူတို့မျက်စိ၌ မထင်ဟုကျမ်းစာလာသတည်း။
19 Bet mēs zinām, ka bauslība visu, ko tā saka, to tā runā uz tiem, kas ir apakš bauslības, lai ikviena mute top aizbāzta, un visa pasaule ir noziedzīga Dieva priekšā.
၁၉ပညတ်တရား၌ ပါသမျှသောစကားတို့သည် ပညတ်တရားကို ခံသောသူတို့နှင့် စပ်ဆိုင်သည်ကို ငါတို့ သိကြ၏။ ထိုသို့ဖြစ်၍၊ လောကီသားအပေါင်းတို့သည် စကားတခွန်းကိုမျှ မပြောနိုင်ဘဲ ဘုရားသခင့် ရှေ့တော်၌ အပြစ်တင်သောသူဖြစ်ကြ၏။
20 Tādēļ no bauslības darbiem neviena miesa netaps taisnota Viņa priekšā; jo caur bauslību nāk grēku atzīšana.
၂၀ထိုသို့ပညတ်တရားသည် ဒုစရိုက်အပြစ်ကို ထင်ရှားစေသည်ဖြစ်သောကြောင့်၊ ပညတ်တရား၏ အကျင့်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်ရာ။
21 Bet Dieva taisnība, kas no bauslības un no praviešiem ir apliecināta, tagad ir tapusi zināma bez bauslības,
၂၁ယခုမူကား၊ ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း တို့သည် သက်သေခံသည်နှင့်အညီ၊ ပညတ်တရားနှင့် မစပ်ဆိုင်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားတည်းဟူသော၊
22 Tā Dieva taisnība caur ticību uz Jēzu Kristu priekš visiem un pie visiem, kas tic; jo tur nav nekādas starpības.
၂၂ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့်၊ ယုံကြည်သောသူအပေါင်းတို့အဘို့ဖြစ်၍၊ ထိုသူအပေါင်းတို့ အပေါ်သို့ရောက်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်း တရားသည် ထင်ရှားခဲ့ပြီ။ ခြားနားခြင်းအလျှင်းမရှိ။
23 Jo visi ir grēkojuši, un tiem trūkst teikšanas Dieva priekšā,
၂၃အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကို ပြု၍ဘုရားသခင်ရှေ့တော်၌ အသရေ ပျက်ကြပြီ။
24 Un top taisnoti bez nopelna no Viņa žēlastības caur to atpirkšanu, kas notikusi caur Kristu Jēzu.
၂၄ယေရှုခရစ်ရွေးနှုတ်တော်မူသောအားဖြင့် အဘိုးကို မပေးဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။
25 To Dievs ir nolicis par salīdzināšanu, caur ticību iekš Viņa asinīm, ka tas Savu taisnību parādītu, pamezdams tos priekšlaikā darītos grēkus
၂၅ဘုရားသခင်သည် သည်းခံတော်မူ၍၊
26 Iekš dievišķas paciešanas, ka Tas Savu taisnību parādītu šinī laikā: Sevi esam taisnu, un taisnu darām to, kas ir no Jēzus ticības.
၂၆လွန်ခဲ့ပြီးသောဒုစရိုက်အပြစ်များကို မှတ်တော် မမူရာတွင်၊ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေ ခြင်းငှါ၎င်း၊ ယခုကာလ၌ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေ၍၊ ယေရှုကိုယုံကြည်သော သူတို့၏အပြစ်ကို လွှတ်တော်မူသော်လည်း၊ တရားသဖြင့် ပြုတော်မူခြင်းငှါ၎င်း၊ ယေရှုခရစ်၏အသွေးတော်ကို ယုံကြည်ခြင်း အားဖြင့်၊ ထိုခရစ်တော်ကို အပြစ်ဖြေစရာအကြောင်း ဖြစ်စေခြင်းငှါ ခန့်ထားတော်မူပြီ။
27 Kur nu ir tā lielīšanās? Tā ir zudusi. Caur kuru bauslību? Vai caur darbu bauslību? Nē! Bet caur ticības bauslību.
၂၇သို့ဖြစ်လျှင် ဝါကြွားစရာ အကြောင်းကား အဘယ်သို့နည်းဟု မေးသော်၊ ဝါကြွားစရာအကြောင်းကို ပယ်ပြီးအဘယ်တရားအားဖြင့် ပယ်သနည်း။ အကျင့် တရားအားဖြင့် ပယ်သလော။ အကျင့်တရားအားဖြင့် ပယ်သည်မဟုတ်။ ယုံကြည်ခြင်းတရားအားဖြင့် ပယ်ပြီ။
28 Tad nu mēs turam, ka cilvēks top taisnots caur ticību bez bauslības darbiem.
၂၈ထိုကြောင့်လူမည်သည်ကား၊ ပညတ်တရား၏ အကျင့်မရှိဘဲ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်တတ်သည်ဟုယူရ၏။
29 Jeb vai Dievs tikai Jūdu Dievs? Vai nav arī pagānu Dievs? Tiešām arī pagānu.
၂၉ဘုရားသခင်သည် ယုဒလူတို့၏ ဘုရားသာ ဖြစ်တော်မူသလော။ တပါးအမျိုးသားတို့၏ ဘုရားဖြစ် တော်မူသည်မဟုတ်လော။ ဟုတ်ပေ၏။ တပါးအမျိုးသား တို့၏ ဘုရားလည်း ဖြစ်တော်မူ၏။
30 Jo viens Dievs ir, kas taisno apgraizījumu no ticības un priekšādu caur ticību.
၃၀အကြောင်းမူကား၊ အရေဖျားလှီးခြင်းကို ခံသောသူနှင့် မခံသော သူနှစ်ဦးကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာ၌တည်စေတော်မူသော ဘုရားသခင်တဆူတည်း ရှိတော်မူ၏။
31 Vai tad nu mēs bauslību iznīcinām caur ticību? Nemaz! Bet mēs bauslību apstiprinām.
၃၁သို့ဖြစ်လျှင်၊ ယုံကြည်ခြင်းအားဖြင့်ငါတို့သည် ပညတ်တရားကို ပယ်ကြသလော။ အလျှင်းမပယ်၊ သာ၍ တည်စေကြ၏။