< Psalmi 97 >
1 Tas Kungs ir ķēniņš, - lai priecājās zeme, un salas lai līksmojās lielā pulkā.
၁ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ အချင်းကမ္ဘာမြေကြီး၊ရွှင်လန်းဝမ်းမြောက်လော့။ ပင်လယ်များတွင်ရှိသည့်ကျွန်းအပေါင်းတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။
2 Padebesis un krēslība ir ap Viņu, taisnība un tiesa ir Viņa godības krēsla stiprums.
၂မိုးတိမ်များနှင့်မှောင်မိုက်တို့သည်ကိုယ်တော်ကို ဝိုင်းရံလျက်ရှိ၏။ ကိုယ်တော်၏အုပ်စိုးခြင်းသည်အမှန်တရားနှင့် တရားမျှတမှုအပေါ်တွင်အခြေခံ၏။
3 Uguns iet Viņa priekšā un iededzina visapkārt Viņa pretiniekus.
၃မီးလျှံသည်ရှေ့တော်မှသွား၍ကိုယ်တော်၏ ပတ်လည်ရှိရန်သူတို့ကိုကျွမ်းလောင်စေ၏။
4 Viņa zibeņi apgaismo pasauli; zemes virsas to redz un dreb.
၄ကိုယ်တော်၏လျှပ်စစ်လျှပ်နွယ်တို့သည် ကမ္ဘာလောကကိုလင်းစေကြ၏။ ထိုအချင်းအရာကိုမြင်သောအခါ ကမ္ဘာမြေကြီးသည်တုန်လှုပ်လေ၏။
5 Kalni izkūst kā vaski Tā Kunga priekšā, tā visas pasaules Kunga priekšā.
၅ကမ္ဘာမြေကြီးကိုအစိုးရသော အရှင်တည်းဟူသောထာဝရဘုရား ၏ရှေ့ တော်၌တောင်တို့သည်ဖယောင်းကဲ့သို့ အရည်ပျော်ကြကုန်၏။
6 Debesis izstāsta Viņa taisnību, un visi ļaudis redz Viņa godu.
၆မိုးကောင်းကင်သည်ကိုယ်တော် ဖြောင့်မှန်တော်မူကြောင်းကိုထုတ်ဖော်ကြေ ညာ၍ လူအပေါင်းတို့သည်ကိုယ်တော်၏ဘုန်း အသရေတော်ကိုမြင်ကြရ၏။
7 Kaunā top visi, kas bildēm kalpo un lielās ar elkiem; pielūdziet Viņu, visi dievi.
၇ရုပ်တုများကိုရှိခိုးဝတ်ပြုသူအပေါင်းတို့သည် အရှက်ရကြ၏။ ဘုရားရှိသမျှတို့သည်လည်းကိုယ်တော်၏ ရှေ့တော်၌ဦးညွှတ်ပျပ်ဝပ်ကြ၏။
8 Ciāna klausās un priecājās, Jūda meitas līksmojās, Kungs, kad Tu tiesā.
၈အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏တရားစီရင်တော်မူချက် များကြောင့် ဇိအုန်မြို့သူမြို့သားတို့သည်ရွှင်လန်း ဝမ်းမြောက်ကြပါ၏။ ယုဒမြို့တို့သည်လည်းအားရရွှင်မြူးကြပါ၏။
9 Jo Tu, Kungs, esi tas Visuaugstākais pār visu pasauli, ļoti paaugstināts pār visiem dieviem.
၉အနန္တတန်ခိုးရှင်ထာဝရဘုရား၊ကိုယ်တော် ရှင်သည် ကမ္ဘာမြေတစ်ပြင်လုံးကိုအစိုးရတော်မူသော အရှင်ဖြစ်တော်မူပါ၏။ ဘုရားရှိသမျှတို့ထက်အလွန်ကြီးမြတ်တော် မူပါ၏။
10 Ienīstiet ļaunu, jūs, kas To Kungu mīļojiet; Viņš pasargā Savu svēto dvēseles, no bezdievīgo rokas Viņš tos izglābs.
၁၀ထာဝရဘုရားသည်မကောင်းမှုကို မုန်းသောသူတို့အားချစ်တော်မူ၏။ မိမိလူစုတော်၏စည်းစိမ်ကိုကာကွယ် စောင့်ရှောက်တော်မူ၏။ ကိုယ်တော်သည်သူတို့အားသူယုတ်မာတို့ ၏လက်မှ ကယ်ဆယ်တော်မူ၏။
11 Taisnam aust gaišums, un prieks sirdsskaidriem.
၁၁သူတော်ကောင်းတို့အပေါ်သို့ရွှင်လန်း ဝမ်းမြောက်ခြင်းသည်လည်းကောင်း၊ သဘောဖြောင့်သူတို့အပေါ်သို့ ရွှင်လန်းဝမ်းမြောက်ခြင်းသည်လည်းကောင်း သက်ရောက်၏။
12 Priecājaties iekš Tā Kunga, jūs taisnie, un teiciet Viņa svēto vārdu.
၁၂အို သူတော်ကောင်းအပေါင်းတို့၊ ထာဝရဘုရားပြုတော်မူသောအမှုတော် ကြောင့် ရွှင်လန်းဝမ်းမြောက်ကြလော့။ သန့်ရှင်းမြင့်မြတ်တော်မူသောဘုရား ပြုတော်မူခဲ့သည့် အမှုတော်ကိုအောက်မေ့သတိရလျက် ကျေးဇူးတော်ကိုချီးမွမ်းကြလော့။