< Psalmi 77 >
1 Azava dziesma, dziedātāju vadonim Jedutunam. Es saucu ar savu balsi uz Dievu un brēcu, es saucu uz Dievu, un Viņš klausās uz mani.
၁ငါသည်ဘုရားသခင်ထံတော်သို့ကျယ်စွာ အော်ဟစ်၏။ ငါသည်ကျယ်စွာအော်ဟစ်သဖြင့် ကိုယ်တော်ကြားတော်မူ၏။
2 Bēdu laikā es meklēju To Kungu, mana roka izstiepjas naktī un nenogurst, mana dvēsele negribās būt iepriecināma.
၂ဒုက္ခရောက်ချိန်၌ငါသည်ထာဝရဘုရား ထံတော်သို့ ဆုတောင်းပတ္ထနာပြု၏။ တစ်ညလုံးလက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြု၏။ သို့ရာတွင်စိတ်သက်သာရာမရနိုင်ပါ။
3 Kad es Dievu pieminu, tad es nopūšos; kad es apdomāju, tad mana sirds bēdājās. (Sela)
၃ငါသည်ဘုရားသခင်အကြောင်းကိုအောက်မေ့ ဆင်ခြင်သောအခါသက်ပြင်းချရ၏။ လေးနက်စွာတွေးတောသောအခါငါသည် စိတ်ပျက်အားငယ်ရ၏။
4 Tu turi nomodā manas acis es esmu tā izmisis, ka nespēju runāt.
၄ကိုယ်တော်သည်ငါ့အားတစ်ညလုံးအိပ်ပျော်ခွင့်ကို ပေးတော်မမူပါ။ ငါသည်ပူပင်သောကရောက်ရလွန်းသဖြင့် စကားပင်မပြောနိုင်ပါ။
5 Es pieminu vecos laikus, senos gadus,
၅ငါသည်ကုန်လွန်သွားသည့်နေ့ရက်များအကြောင်း ကို စဉ်းစား၍လွန်လေပြီးသည့်နှစ်များကို အောက်မေ့သတိရပါ၏။
6 Es atminu savu dziesmu naktī, mana sirds ir domu pilna, mans gars meklē gaismu.
၆တစ်ညလုံးငါသည်ဆင်ခြင်စဉ်းစားလျက်နေစဉ်၊
7 Vai tad Tas Kungs atstums mūžīgi un vairs nebūs žēlīgs?
၇ဤသို့မိမိကိုယ်ကိုမေး၏။ ``ဘုရားရှင်သည်ငါတို့ကိုအစဉ်အမြဲ စွန့်ပစ်တော်မူမည်လော။ ကိုယ်တော်သည်ငါတို့အားအဘယ်အခါ၌မှ ပြန်၍နှစ်သက်တော်မမူတော့ပြီလော။
8 Vai tad Viņa žēlastība mitēsies mūžam? Vai tā solīšana pagalam uz bērnu bērniem?
၈ကိုယ်တော်သည်ငါတို့ကိုချစ်တော်မမူတော့ ပြီလော။ ကတိတော်သည်လည်းပျက်လေပြီလော။
9 Vai tad Dievs ir aizmirsis žēlot? Vai Viņš aizslēdzis dusmībā Savu sirds žēlastību? (Sela)
၉ဘုရားသခင်သည်သနားကြင်နာရန် မေ့လျော့တော်မူပြီလော။ ကရုဏာတော်အစားအမျက်တော်ကို ပြတော်မူပြီလော။''
10 Tad es saku: tās ir manas bēdas; tā Visuaugstākā labā roka to var nogriezt.
၁၀ထို့နောက်``ဘုရားသခင်၌တန်ခိုးမရှိတော့ သဖြင့် ငါ့အတွက်အနာကြည်းဆုံးဖြစ်သည်'' ဟု ငါပြောဆိုနေမိ၏။
11 Es pieminu Tā Kunga darbus, es tiešām pieminu Tavus brīnumus no veciem laikiem.
၁၁အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ပြုတော်မူသော ထူးမြတ်သည့်အမှုအရာတို့ကိုအောက်မေ့ သတိရပါမည်။ အတိတ်ကာလ၌ကိုယ်တော်ရှင်ပြုတော်မူခဲ့သော အံ့သြဖွယ်ရာတို့ကိုပြန်လည်သတိရပါမည်။
12 Es pārdomāju visus Tavus darbus un pieminu, ko Tu dari.
၁၂ကိုယ်တော်ရှင်ပြုတော်မူခဲ့သမျှသောအမှုတို့ကို စဉ်းစားပါမည်။ ကိုယ်တော်ရှင်၏ကြီးမြတ်သည့်အမှုတော်တို့ကို ဆင်ခြင်ပါမည်။
13 Ak Dievs, Tavs ceļš ir svēts; kur ir tāds liels Dievs, kā Tu, Dievs?
၁၃အို ဘုရားသခင်၊ ကိုယ်တော်ရှင်ပြုတော်မူသမျှတို့သည် မြင့်မြတ်ပါ၏။ ကိုယ်တော်ရှင်ကဲ့သို့အဘယ်ဘုရားမျှမကြီး မြတ်ပါ။
14 Tu esi tas stiprais Dievs, kas brīnumus dara; Savu spēku Tu esi darījis zināmu tautu starpā.
၁၄ကိုယ်တော်ရှင်သည်ထူးဆန်းသော နိမိတ်လက္ခဏာများကိုပြတော်မူသော ဘုရားဖြစ်ပါ၏။ ကိုယ်တော်ရှင်သည်မိမိ၏ဘုန်းတန်ခိုးတော် တို့ကို လူမျိုးတကာတို့အားပြတော်မူခဲ့ပါ၏။
15 Savus ļaudis Tu esi atpestījis ar stipru elkoni, Jēkaba un Jāzepa bērnus. (Sela)
၁၅ကိုယ်တော်ရှင်၏လူစုတော်တည်းဟူသော ယာကုပ်နှင့်ယောသပ်တို့၏အမျိုးအနွယ်များကို တန်ခိုးတော်အားဖြင့်ကယ်တော်မူပါ၏။
16 Ūdeņi Tevi redzēja, ak Dievs! ūdeņi Tevi redzēja un drebēja, pat dziļumi trīcēja.
၁၆အို ဘုရားသခင်၊ ရေတို့သည်ကိုယ်တော်ရှင်ကိုမြင်သောအခါ ကြောက်ရွံ့ကြပါ၏။ ပင်လယ်ရေနက်ရာအရပ်တို့သည်လည်း တုန်လှုပ်ကြပါ၏။
17 Biezie padebeši izgāza ūdeņus, augstie padebeši izlaida pērkonus, un Tavas bultas šaudījās.
၁၇မိုးတိမ်တို့သည်မိုးကိုရွာသွန်းပေးပါ၏။ ကောင်းကင်ပြင်တွင်မိုးကြိုးပစ်လျက် အရပ်လေးမျက်နှာတွင်လျှပ်စစ်များလက်ပါ၏။
18 Tavi pērkoni rūca viesulī, zibeņi apspulgoja zemi, zeme trīcēja un drebēja.
၁၈ကိုယ်တော်ရှင်၏မိုးကြိုးသံသည်မြည်ဟည်း ထွက်ပေါ်လာလျက် လျှပ်ပန်းလျှပ်နွယ်တို့သည်လည်းကမ္ဘာ တစ်ဝန်းလုံးကိုလင်းစေပါ၏။ မြေကြီးသည်ထိတ်လန့်တုန်လှုပ်ပါ၏။
19 Tavs ceļš bija jūrā un Tavs gājums dziļos ūdeņos, un Tavas pēdas nebija manāmas.
၁၉ကိုယ်တော်ရှင်သည်ပင်လယ်ပြင်တွင် လျှောက်သွားတော်မူ၍နက်ရှိုင်းသော သမုဒ္ဒရာကို ဖြတ်ကျော်တော်မူပါ၏။ သို့ရာတွင်ကိုယ်တော်ရှင်၏ခြေတော်ရာများ ကိုမူ မတွေ့မမြင်နိုင်ပါ။
20 Tu vadīji Savus ļaudis kā avju pulku caur Mozu un Āronu.
၂၀ကိုယ်တော်ရှင်သည်မောရှေနှင့်အာရုန်တို့၏ ကွပ်ကဲမှုဖြင့် မိမိ၏လူစုတော်အားသိုးထိန်းသဖွယ် ပို့ဆောင်တော်မူပါ၏။