< Psalmi 49 >
1 Koraha bērnu dziesma. Dziedātāju vadonim. Klausāties to, visi ļaudis, grieziet ausis šurp, visi pasaules iedzīvotāji,
၁လူများအပေါင်းတို့၊ ကြားကြလော့။ ခပ်သိမ်း သောလောကသား၊
2 Tā zemi kā augsti, bagāti kā nabagi kopā.
၂အယုတ်အမြတ်၊ ကြွယ်ဝသောသူ၊ ဆင်းရဲသော သူ၊ တညီတညွတ်တည်း နားထောင်ကြလော့။
3 Manas mutes runa ir gudrība, un manas sirds domas ir prātīgas.
၃ငါ့နှုတ်သည်ပညာကိုမြွတ်ဆိုမည်။ ငါ့နှလုံးသည် ဥာဏ်နှင့်ဆိုင်သောအရာကို ဆင်ခြင်မည်။
4 Es griezīšu savu ausi pie viena sakāma vārda, un izteikšu savu mīklu uz koklēm.
၄ပုံစကားသို့ ကိုယ်နားကိုလှည့်လျက် နက်နဲသော အရာကို စောင်းတီး၍ ဖွင့်ပြပေအံ့။
5 Kāpēc man bīties ļaunās dienās, kad manu vajātāju noziegums ap mani metās?
၅ခဲယဉ်းဆိုးယုတ်သော ကာလ၌ငါ၏အရာတို့ လုယူချင်သောသူတို့၏ ဒုစရိုက်အမှုသည် ငါ့ကို ဝိုင်းသော် လည်း၊ ငါသည် အဘယ်ကြောင့် ကြောက်ရမည်နည်း။
6 Tie paļaujas uz savu padomu un greznojās ar savu lielo bagātību.
၆ထိုသူတို့သည် ကိုယ်ဥစ္စာကို ကိုးစား၍၊ ကိုယ် စည်းစိမ်များသောကြောင့် ဝါကြွားသော်လည်း၊
7 Savu brāli neviens nevar atpestīt nedz Dievam par to dot atpirkšanas maksu,
၇မိမိညီအစ်ကိုကို အဘယ်သူမျှအလျှင်းမရွေးနိုင်။ ရွေးရန်အဘိုးကိုဘုရားသခင်၌ မပေးနိုင်။
8 (Jo visai dārga ir viņu dvēseles atpestīšana un no(tā) tam jāatstājas mūžīgi, )
၈သူတို့အသက်ဝိညာဉ်၏ ရွေးရန် အဘိုးကြီးလှ ပေ၏။ သို့ဖြစ်၍ အစဉ်ရှုံးလျက်နေရမည်။
9 Ka tas dzīvotu mūžam un kapu neredzētu.
၉ရွေးလျှင် အစဉ်အမြဲ အသက်ရှင်ရာ၏။ ပုပ်စပ် ခြင်းသို့ မရောက်ရာ။
10 Tiešām redzēs, ka gudri mirst, ka ģeķi un neprātīgi kopā iet bojā un savu mantu pamet citiem.
၁၀ထင်ရှားသောအရာဟူမူကား၊ ပညာရှိသော သူတို့သည် သေတတ်ကြ၏။ ထိုအတူမိုက်သောသူနှင့် တိရစ္ဆာန်သဘောရှိသော သူတို့သည် ပျက်စီးခြင်း သို့ရောက်၍၊ မိမိတို့ဥစ္စာကို သူတပါးတို့၌ ချန်ထားကြ၏။
11 Tās ir viņu sirdsdomas, ka viņu namiem būs stāvēt mūžīgi, viņu dzīvokļiem līdz radu radiem; tie nosauc valstis pēc saviem vārdiem.
၁၁မိမိတို့အိမ်သည် ထာဝရဖြစ်လိမ့်မည်။ မိမိတို့ နေရာလည်း လူမျိုးအစဉ်အဆက်တည်လိမ့်မည်။ မိမိတို့ နာမသည် မြေပေါ်မှာ ကျော်စောလိမ့်မည်ဟု သူတို့ စိတ်ထင်ရှိကြ၏။
12 Bet cilvēks greznībā nepastāv, viņš līdzinājās lopiem, ko nokauj.
၁၂သို့ရာတွင် လူသည်ဂုဏ်အသရေ၌ မတည်မနေ တတ်။ ပျက်စီးခြင်းသို့ ရောက်တတ်သော တိရစ္ဆာန်နှင့် တူ၏။
13 Šis ir tas ceļš ģeķiem un tiem, kas viņiem iet pakaļ un kam viņu vārdi patīk. (Sela)
၁၃ထိုသို့ပြုမူခြင်းအရာသည် သူတို့၏ကိုးစားရာ ဖြစ်၍၊ သူတို့သားမြေးတို့သည် သူတို့စကားကို နှစ်သက် တတ်ကြ၏။
14 Tie taps noguldīti ellē kā avis, nāve tos ganīs; bet tie taisnie par tiem valdīs rītam austot, un viņu augumu aprīs elle, ka nebūs, kur palikt. (Sheol )
၁၄ထိုသူတို့ကို သိုးများကဲ့သို့ မရဏာနိုင်ငံ၌ ချထား ၍ သေမင်းစားလိမ့်မည်။ ကာလမကြာမမြင့်မှီ ဖြောင့် မတ်သောသူတို့သည် အုပ်စိုးရကြလိမ့်မည်။ သူတို့၏ ကိုယ်ခန္ဓာသည် ဖောက်ပြန်ဘို့ရာဖြစ်၏။ မရဏာနိုင်ငံ သည် သူတို့၏နေရာဖြစ်၏။ (Sheol )
15 Bet Dievs atpestīs manu dvēseli no elles varas, jo Viņš mani pieņems. (Sela) (Sheol )
၁၅ငါ့ကိုမူကား၊ ဘုရားသခင်သိမ်းယူတော်မူသော ကြောင့်၊ ငါ၏ဝိညာဉ်ကို မရဏာနိုင်ငံ၏ တန်ခိုးမှ ရွေးတော်မူမည်။ (Sheol )
16 Nebēdājies par to, kad kāds top bagāts, kad viņa nama gods top liels.
၁၆သူတပါးသည် ဥစ္စာကြွယ်ဝ၍၊ အိမ်၏ဂုဏ် အသရေတိုးပွါးသောအခါ သင်သည် မစိုးရိမ်နှင့်။
17 Jo viņš mirdams neko neņems līdz, viņa godība tam neies pakaļ.
၁၇ထိုသူသည်သေသောအခါ၊ အဘယ်ဥစ္စာမျှ မပါရ။ သူ၏ဂုဏ်အသရေသည် သူ့နောက်သို့ မဆင်း သက်ရ။
18 Jebšu viņš savu dvēseli svētī, kamēr viņš dzīvo, un tevi teic, ka tu sev labas dienas sagādājis.
၁၈ထိုသူသည် အသက်ရှင်စဉ်အခါ၊ မိမိညာဉ်ကို ကောင်းကြီးပေး တတ်၏။ မိမိအကျိုးကို ပြုစုသော အခါ သူတပါးတို့သည်ချီးမွမ်းတတ်ကြ၏။
19 Tomēr tu noiesi pie viņa tēvu radiem, kas gaismu neredz ne mūžam.
၁၉သို့သော်လည်း၊ သူသည် သူ၏ဘိုးဘေးအမျိုး ရှိရာသို့ သွားရလိမ့်မည်။ ကာလအစဉ်အဆက် သူတို့သည်အလင်းကို မမြင်ရကြ။
20 Cilvēks, kas greznībā un nav prātīgs, tas līdzinājās lopiem, ko nokauj.
၂၀ဂုဏ်အသရေနှင့်ပြည့်စုံလျက် ပညာသတိမရှိ သောသူသည်ကား၊ ပျက်စီးခြင်းသို့ ရောက်တတ်သော တိရစ္ဆာန်နှင့်တူ၏။