< Psalmi 47 >

1 Koraha bērnu dziesma. Dziedātāju vadonim. Plaukšķinājiet priecīgi, visi ļaudis, un gavilējiet Dievam ar priecīgu balsi.
လူများအပေါင်းတို့၊ လက်ခုပ်တီးကြလော့။ ဘုရား သခင်ထံသို့ အောင်သံကို လွှင့်၍ကြွေးကြော်ကြလော့။
2 Jo Tas Kungs, tas visuaugstais, ir bijājams, liels ķēniņš pa visu zemi.
အကြောင်းမူကား၊ အမြင့်ဆုံးသော ထာဝရ ဘုရားသည် ကြောက်မက်ဘွယ်သောဘုရား၊ မြေကြီး တပြင်လုံးကို အစိုးရသော မဟာမင်းကြီးဖြစ်တော်မူ၏။
3 Viņš sadzīs tautas apakš mums, un ļaudis apakš mūsu kājām.
လူစုတို့ကို ငါတို့အောက်၌၎င်း၊ လူမျိုးတို့ကို ငါတို့ခြေအောက်၌၎င်း နှိမ့်ချတော်မူ၏။
4 Viņš mums izrauga mūsu mantojumu, Jēkaba godību, ko Viņš mīļo. (Sela)
ချစ်တော်မူသောယာကုပ်၏ ဘုန်းဖြစ်သော ငါတို့အမွေကို ငါတို့အဘို့ ရွေးပေးတော်မူ၏။
5 Dievs uzkāpj ar gavilēšanu, Tas Kungs ar skaņu bazūni.
ကြွေးကြော်ခြင်းအသံနှင့် ဘုရားသခင် တက်တော်မူ၏။ တံပိုးမှုတ်ခြင်းအသံနှင့် ထာဝရဘုရား တက်တော်မူ၏။
6 Dziediet Dievam, dziedājiet; dziediet mūsu Ķēniņam, dziedājiet.
ဘုရားသခင်ကို ချီးမွမ်း၍ သီချင်းဆိုကြလော့။ သီချင်းဆိုကြလော့။ ငါတို့၏ရှင်ဘုရင်ကို ချီးမွမ်း၍ သီချင်းဆိုကြလော့။ သီချင်းဆိုကြလော့။
7 Jo Dievs ir Ķēniņš pār visu zemi, dziediet Viņam dziesmu.
အကြောင်းမူကား၊ ဘုရားသခင်သည် မြေကြီး တပြင်လုံးကိုအစိုးရသော မင်းဖြစ်တော်မူ၏။ ချီးမွမ်းခြင်း ထောမနာ သီချင်းကို ဆိုကြလော့။
8 Dievs valda pār pagāniem, Dievs sēž uz Sava svētā krēsla.
ဘုရားသခင်သည် လူမျိုးတို့တွင် စိုးစံတော်မူ၏။ ဘုရားသခင်သည် သန့်ရှင်းသော ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူ၏။
9 Tautu lielkungi sapulcējušies par tautu Ābrahāma Dievam, jo zemes varenie pieder Dievam; Viņš ir ļoti paaugstināts.
လူမျိုးတို့၏ အကြီးအကဲတို့သည် အာဗြဟံ ကိုးကွယ်သော ဘုရားသခင်၏လူမျိုးထံမှာ စုဝေးလျက် ရှိကြ၏။ အကြောင်းမူကား၊ မြေကြီးတန်ခိုးများကို ဘုရား သခင်ပိုင်တော်မူ၏။ အထူးသဖြင့် ချီးမြှောက်ခြင်း ရှိတော် မူ၏။

< Psalmi 47 >