< Psalmi 16 >

1 Dāvida sirds dziesma. Pasargi mani, ak Dievs! jo es paļaujos uz Tevi.
အကျွန်ုပ်ကို စောင့်မတော်မူပါဘုရား။ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏။
2 Es saku uz To Kungu: Tu esi Tas Kungs, bez Tevis man labuma nav.
ကိုယ်တော်သည် အကျွန်ုပ်၏သခင်ဖြစ်တော်မူ သည်ဟု ထာဝရဘုရားကို အကျွန်ုပ်လျှောက်ဆိုပါပြီ။ ကျေးဇူးတော်မှတပါး အခြားသောမင်္ဂလာသည်အကျွန်ုပ် ၌ မရှိပါ။
3 Pie tiem svētiem, kas virs zemes, un tiem godīgiem ir viss mans labais prāts.
ပြည်တော်၌နေသော သန့်ရှင်းသူနှင့် ထူးဆန်း သောသူတို့ကိုသာ နှစ်သက်ပါ၏။
4 Tiem, kas pieņem citu dievu, būs lielas sāpes; es neupurēšu viņu asiņu dzeramos upurus, un neņemšu savā mutē viņu vārdu.
အခြားသောလမ်းသို့ လိုက်ပြေးသော သူတို့သည် များစွာသော ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ ငါသည် သူတို့သွန်းလောင်းရာ ပူဇော်သက္ကာအသွေးကို မလှူ မဆက်လို။ သူတို့ဘုရား၏နာမကို မမြွက်လို။
5 Tas Kungs ir mana tiesa un mana daļa, Tu glabā manu mantas tiesu.
ထာဝရဘုရားသည် ငါအမွေခံရာအဘို့၊ ငါ စားသောက်ရာအဘို့ ဖြစ်တော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်အမွေအနှစ်ကို စောင့်ရှောက်တော်မူ၏။
6 Man daļa tikusi jaukā vietā, tiešām, man ir nākusi skaista manta.
ငါပိုင်ထိုက်သောနယ်နိမိတ်သည် သာယာသော အရပ်တွင်ကျ၍၊ ကောင်းမွန်သော အမွေကို ငါခံရပြီ။
7 Es slavēšu To Kungu, kas man dod padomu, pat naktī mana sirds mani pamāca.
ငါ့ကို ပြုစုတော်မူသော ထာဝရဘုရားကို ကောင်းကြီးပေးမည်။ ညဉ့်အချိန်၌ပင် ငါ့နှလုံးသည် ငါ့ကို နှိုးဆော်တတ်၏။
8 Es turu To Kungu bez mitēšanās savā priekšā, jo Viņš man ir pa labai rokai, - es nešaubīšos.
ငါသည် ထာဝရဘုရားကို အစဉ်မပြတ် မျက် မှောက်ပြု၏။ အကြောင်းမူကား၊ ငါလက်ျာဘက်၌ တည်ရှိတော်မူသည်ဖြစ်၍၊ ငါသည်လှုပ်ရှားခြင်း မရှိရ။ ထိုကြောင့် ငါ့စိတ်နှလုံးသည် သာယာခြင်း၊
9 Tādēļ mana sirds priecājās, un mans gods līksmojās, un pat mana miesa dzīvos droši.
ငါ့ဝိညာဉ်သည်လည်း ရွှင်လန်းခြင်းရှိ၏။ ထိုမှ တပါး၊ ငါ့အသားသည် မြော်လင့်လျက် ကျိန်းဝပ်လိမ့်မည်။
10 Jo Tu manu dvēseli nepametīsi kapā, Savam Svētam Tu neliksi redzēt satrūdēšanu. (Sheol h7585)
၁၀အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဝိညာဉ်ကို မရဏာနိုင်ငံ၌ ပစ်ထားတော်မမူ။ ကိုယ်တော်၏ သန့်ရှင်းသော သူအားလည်း ပုပ်စပ်ခြင်းကို ရှိစေတော် မမူဘဲလျက်၊ (Sheol h7585)
11 Tu man dari zināmu dzīvības ceļu, priekš Tava vaiga ir līksmošanās pilnība, un prieks un jaukums pie Tavas labās rokas mūžīgi.
၁၁အသက်ရှင်ခြင်း လမ်းကို ပြညွှန်တော်မူလိမ့် မည်။ အထံတော်၌ စုံလင်သော ဝမ်းမြောက်ခြင်းအခွင့် နှင့် လက်ျာတော်နားမှာ အစဉ်အမြဲ ပျော်မွေ့ခြင်းအခွင့် ရှိပါ၏။

< Psalmi 16 >